သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဝတ်ပြုဆုတောင်း


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်။ (ဧပြီ ၄၊ ၂၀၂၁)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်။ (ဧပြီ ၄၊ ၂၀၂၁)

(Zawgyi / Unicode)

ခရစ်ယာန်ဘာသာဝင်တွေ ကိုးကွယ်တဲ့ မယ်တော်မာရီယာကို ပူဇော်တဲ့ မေလမှာ လက်ရှိ ပဋိပက္ခဖိစီးတဲ့ဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံအတွက် အထူးဆုတောင်းမေတ္တာ ပို့သပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ ပန်ကြားလိုက်ပါတယ်။

ဒီလထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တာဝန်ရှိသူအားလုံးရဲ့ နှလုံးသားတွေမှာ မယ်တော့်မေတ္တာ ကိန်းဝပ်စေဖို့ ကျွနု်ပ်တို့ အားလုံး ဆုပန်ကြပါစို့။ ဒါမှ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရနိုင်မယ့် လမ်းကြောင်းပေါ် လျှောက်ဖို့ သူတို့မှာ စွမ်းအားတွေ ရလာနိုင်မှာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့တာပါ။

ကမ္ဘာတလွှား ခံစားနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီး ကင်းသွားစေဖို့ မယ်တော်မာရီယာ ဘုရားကျောင်းတွေမှာ နေ့စဉ်လိုလို ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပနေတာဖြစ်ပြီး တနင်္ဂနွေ ဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီးက ခုလို ပန်ကြားလိုက်တာပါ။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးဖို့ မြန်မာခရစ်ယာန်ဘုရားကျောင်းက ပန်ကြားခဲ့တာကြောင့် အခုလို ဝိုင်းဝန်းဆုတောင်းပေးဖို့ မေတ္တာရပ်ခံရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲတွေရဲ့ ရက်စက်တဲ့ အကြမ်းဖက် ဖိနှိပ်မှုကြောင့် သူတို့နဲ့ ထိပ်တိုက်မတိုးအောင် ဆန္ဒပြမှုတွေ ရှောင်တိမ်းလုပ်နေရာကနေ အခု လူအင်အား အများအပြားနဲ့ ဆန္ဒပြမှုတွေ ပြန်တွေ့လာရပြီး လူသေဆုံးမှုတွေ ရှိလာချိန်မှာပဲ ပုပ်ရဟန်းမင်းကြီးက ခုလို ပန်ကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းချိန်ကစပြီး သက်ဆိုင်ရာအဖွဲ့အားလုံး ပြန်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ ပုပ်ရဟန်းမင်းကြီးက ထပ်တလဲလဲ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG