သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းအက်ဥ္းေထာင္ေတြမွာ ကိုဗစ္ကူးစက္မႈ ျမင့္မား


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ အက်ဥ္းေထာင္ျမင္ကြင္း။ (ဇူလိုင္ ၁၂၊ ၂၀၁၆)

[Zawgyi/Unicode]

ကိုဗစ္တတိယလႈိႈင္း ကူးစက္မႈျဖစ္ေနတဲ့ ထိုင္းႏိုင္ငံမွာ အက်ဥ္းေထာင္တခ်ဳိ႕က အက်ဥ္းသားေတြမွာပါ ကူးစက္ေနၾကပါတယ္။ ခ်င္းမိုင္ၿမိဳ႕က အက်ဥ္းေထာင္တခုမွာတင္ အက်ဥ္းသား ၄,၀၀၀ ေလာက္ ကိုဗစ္ေရာဂါကူးစက္ေနပါတယ္။ လိပ္ကၽြန္းလူသတ္မႈနဲ႔ ျပစ္ဒဏ္က်ခံေနရတဲ့ ျမန္မာလူငယ္ ၂ ေယာက္ အက်ဥ္းက်ေနတဲ့ ဘန္ခြမ္အက်ဥ္းေထာင္မွာလည္း ေထာင္၀င္စာ ေတြ႔ခြင့္ပိတ္ထားတဲ့အေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ထိုင္းႏိုင္ငံမွာ ကူးစက္ျဖစ္ပြားေနတဲ့ ကိုဗစ္တတိယလႈိင္းမွာ ကူးစက္သူ ေန႔စဥ္ ေထာင္ခ်ီ ျမင့္တက္ေနတာမွာ ဒီေန႔ ေမလ ၁၇ ရက္ တနလၤာေန႔မွာ အတည္ျပဳလူနာသစ္ ၉၆,၀၀၀ ေက်ာ္ စံခ်ိန္တင္ေအာင္ မ်ားေနတယ္လို႔ ထိုင္းႏိုင္ငံကပ္ေရာဂါ ထိန္းခ်ဳပ္ေရးဗ်ဴရိုက ထုတ္ျပန္ပါတယ္။ အဲဒီ ၄ ပံု ၃ ပံုဟာ အက်ဥ္းသားေတြ ျဖစ္ၾကတယ္လို႔ေျပာပါတယ္။ အက်ဥ္းစခန္း ၈ ခုမွာ ဒီလအတြင္း ကိုဗစ္ စစ္ေဆးမႈအတြင္း အက်ဥ္းသား ၁၀,၀၀၀ ေက်ာ္ ကူးစက္ေနတာေတြ႔ရတယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။ ေနာက္ထပ္ အက်ဥ္းေထာင္ ၇ ခုမွာ လည္း စစ္ေဆးမႈေတြလုပ္ေနၿပီး အတည္ျပဳလူနာသစ္တုိးမယ္လို႔ ေမ ွ်ာ္လင့္ထားေၾကာင္း ထုိင္းအက်ဥ္းဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ Aryut Sinthoppan ကေျပာပါတယ္။ ထိုင္းႏိုင္ငံထဲမွာ စုစုေပါင္း အက်ဥ္းေထာင္ ၁၄၃ ခု ႐ွိၿပီး အက်ဥ္းသား ၃၁၀,၀၀၀ ထက္မနည္း႐ွိပါတယ္။ သူတုိ႔အေနနဲ႔ အက်ဥ္းေထာင္တိုင္းမွာ ကိုဗစ္စစ္ေဆးဖုိ႔ အစီအစဥ္႐ွိပါတယ္လို႔ေျပာပါတယ္။

"တႏိုင္ငံလံုးမွာ အက်ဥ္းသားဦးေရ ၃၁၁,၅၄၀ ႐ွိတဲ့အတြက္ သိပ္မ်ားတဲ့ အေရအတြက္ျဖစ္တယ္။ ႏိုင္ငံတဝန္း အက်ဥ္းဦးစီးဝန္ထမ္း ၁၃,၀၀၀ ေက်ာ္က ေဆးစစ္ႏိုင္ဖုိ႔ ေဆာင္႐ြက္ေနၾကတယ္။" လို႔ ေျပာသြားတာျဖစ္ပါတယ္။

အက်ဥ္းေထာင္ေတြထဲမွာ အက်ဥ္းသားေတြ ျပည့္ၾကပ္ေနတဲ့အတြက္ ခုလို ကူးစက္မႈ တိုးေနတာလို႔လည္း သူကဆိုပါတယ္။

ထိုင္းအက်ဥ္းေထာင္ေတြမွာ ခုလို ကိုဗစ္ေရာဂါ ကူးစက္ပ်ံ႕ႏွ႔ံေနတဲ့အတြက္ ထိုင္းအစိုးရက ကိုဗစ္ေရာဂါကူးစက္မႈ မပ်ံ႕ေအာင္ ထိန္းခ်ဳပ္တဲ့အေနနဲ႔ အက်ဥ္းေထာင္တခ်ဳိ႕ကို ေထာင္ဝင္စာပိတ္ေနပါတယ္။ ႏြံထဘူရီျပည္နယ္ထဲမွာ ႐ွိတဲ့ ဘန္ခြမ္အက်ဥ္းေထာင္မွာ အက်ဥ္းက်ေနတဲ့ လိပ္ကၽြန္းလူသတ္မႈနဲ႔ ျပစ္ဒဏ္က်ေနတဲ့ ျမန္မာလူငယ္ ၂ ဦးလည္း ေထာင္၀င္စာေတြ ့ခြင့္ပိ္တ္ခံထားရေၾကာင္း သူတုိ႔ကို ဥပေဒေၾကာင္းအရ အႀကံဥာဏ္ေပးကူညီခဲ့တဲ့ ျမန္မာေရွေန႔ ဦးေအာင္မ်ိဳးသန္႔က အခုလိုေျပာပါတယ္။

"၀င္းနဲ႔ ေဇာ္ေနတာက ဘန္ခြမ္အက်ဥ္းေထာင္။ ဒါေပမဲ့ သူတို႔က အက်ဥ္းေထာင္ထဲမွာ ေတြ႔တယ္ဆိုတာေျပာတယ္။ ဘန္ခြမ္အက်ဥ္းေထာင္ရယ္လို႔ေတာ့ မေျပာဘူး။ အက်ဥ္းစခန္းေတြမွာ ေတြ႔တယ္ေျပာတယ္။ ေထာင္၀င္စာပိတ္တာေတာ့ ဟုတ္တယ္။ ဘန္ခြမ္အက်ဥ္းေထာင္မွာ ရွိတယ္လို႔ေတာ့ မေျပာဘူး။ သတင္းမထုတ္ျပန္ဘူး။ ခဏေလး ေထာင္၀င္စာရပ္တာေတာ့ဟုတ္တယ္။ ေနာက္ပိုင္းမွာ ျပန္ေၾကျငာေပးမယ္ေျပာတယ္။ ခန္႔မွန္းေျခကေတာ့ တပတ္ေလာက္ရွိျပီ။"

ျမန္မာနိုင္ငံသားေတြ အမ်ားစု ေန ထိုင္ေနတဲ့ ခ်င္းမိုင္ၿမိဳ႕က အက်ဥ္းေထာင္မွာလည္း ပိုးေတြ ့လူနာ ၄,၀၀၀ နီးပါး ရွိေနေၾကာင္း ထုိင္းအာဏာပုိင္ေတြကို ကုိးကားျပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ျဖစ္တဲ့ တာခ်ီလိတ္ၿမိဳ႕ကို ထုိင္းႏို္င္ငံမယ္ဆိုင္ၿမိဳ႕ကေန လြတ္ရက္ေစ ့ျမန္မာအက်ဥ္းသား ၁၀၀ ေက်ာ္ကို ဒီေန႔ပဲ တာခ်ီလိတ္ အာဏာပုိင္ေတြကုိ ျပန္လည္ လဲႊေျပာင္းေပးခဲ့ပါတယ္။ တာခ်ီလိတ္အာဏာပုိင္ေတြဘက္က အက်ဥ္းသားေတြကုိ COVID 19 ကပ္ပုိး စစ္ေဆးၿပီး လက္ခံခဲ့ရာမွာ အမ်ိဳးသမီး ၂ ေယာက္၊ အမ်ိဳးသား ၂ ေယာက္မွာ ကိုဗစ္ကပ္ပိုး ေတြ႔ရွိခဲ့ရေၾကာင္း တာခ်ီလိတ္ ေဒသခံသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ ထိုင္းႏို္င္ငံမွာ လက္ရိွ ကိုဗစ္ကပ္ပုိး ကူးစက္တဲ့ အတည္ျပဳလူနာ ၁၁၀,၀၀၀ ေက်ာ္ ရွိေနျပီး ေသဆံုးသူ ၆၁၄ ဦးထိ ရိွေနေၾကာင္း ထုိင္းအစိုးရကေတာ့ တရား၀င္သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းအကျဉ်းထောင်တွေမှာ ကိုဗစ်ကူးစက်မှု မြင့်မား

ကိုဗစ်တတိယလှိုှုင်း ကူးစက်မှုဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ အကျဉ်းထောင်တချို့က အကျဉ်းသားတွေမှာပါ ကူးစက်နေကြပါတယ်။ ချင်းမိုင်မြို့က အကျဉ်းထောင်တခုမှာတင် အကျဉ်းသား ၄,၀၀၀ လောက် ကိုဗစ်ရောဂါကူးစက်နေပါတယ်။ လိပ်ကျွန်းလူသတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာလူငယ် ၂ ယောက် အကျဉ်းကျနေတဲ့ ဘန်ခွမ်အကျဉ်းထောင်မှာလည်း ထောင်ဝင်စာ တွေ့ခွင့်ပိတ်ထားတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းမှာ ကူးစက်သူ နေ့စဉ် ထောင်ချီ မြင့်တက်နေတာမှာ ဒီနေ့ မေလ ၁၇ ရက် တနင်္လာနေ့မှာ အတည်ပြုလူနာသစ် ၉၆,၀၀၀ ကျော် စံချိန်တင်အောင် များနေတယ်လို့ ထိုင်းနိုင်ငံကပ်ရောဂါ ထိန်းချုပ်ရေးဗျူရိုက ထုတ်ပြန်ပါတယ်။ အဲဒီ ၄ ပုံ ၃ ပုံဟာ အကျဉ်းသားတွေ ဖြစ်ကြတယ်လို့ပြောပါတယ်။ အကျဉ်းစခန်း ၈ ခုမှာ ဒီလအတွင်း ကိုဗစ် စစ်ဆေးမှုအတွင်း အကျဉ်းသား ၁၀,၀၀၀ ကျော် ကူးစက်နေတာတွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ နောက်ထပ် အကျဉ်းထောင် ၇ ခုမှာ လည်း စစ်ဆေးမှုတွေလုပ်နေပြီး အတည်ပြုလူနာသစ်တိုးမယ်လို့ မေ ျှာ်လင့်ထားကြောင်း ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Aryut Sinthoppan ကပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာ စုစုပေါင်း အကျဉ်းထောင် ၁၄၃ ခုရှိပြီး အကျဉ်းသား ၃၁၀,၀၀၀ ထက်မနည်းရှိပါတယ်။ သူတို့အနေနဲ့ အကျဉ်းထောင်တိုင်းမှာ ကိုဗစ်စစ်ဆေးဖို့ အစီအစဉ်ရှိပါတယ်လို့ပြောပါတယ်။

"တနိုင်ငံလုံးမှာ အကျဉ်းသားဦးရေ ၃၁၁,၅၄၀ ရှိတဲ့အတွက် သိပ်များတဲ့ အရေအတွက်ဖြစ်တယ်။ နိုင်ငံတဝန်း အကျဉ်းဦးစီးဝန်ထမ်း ၁၃,၀၀၀ ကျော်က ဆေးစစ်နိုင်ဖို့ ဆောင်ရွက်နေကြတယ်။" လို့ ပြောသွားတာဖြစ်ပါတယ်။

အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ ပြည့်ကြပ်နေတဲ့အတွက် ခုလို ကူးစက်မှု တိုးနေတာလို့လည်း သူကဆိုပါတယ်။

ထိုင်းအကျဉ်းထောင်တွေမှာ ခုလို ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့အတွက် ထိုင်းအစိုးရက ကိုဗစ်ရောဂါကူးစက်မှု မပျံ့အောင် ထိန်းချုပ်တဲ့အနေနဲ့ အကျဉ်းထောင်တချို့ကို ထောင်ဝင်စာပိတ်နေပါတယ်။ နွံထဘူရီပြည်နယ်ထဲမှာ ရှိတဲ့ ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ မြန်မာလူငယ် ၂ ဦးလည်း ထောင်ဝင်စာတွေ့ခွင့်ပိတ်ခံထားရကြောင်း သူတို့ကို ဥပဒေကြောင်းအရ အကြံဉာဏ်ပေးကူညီခဲ့တဲ့ မြန်မာရှေနေ့ ဦးအောင်မျိုးသန့်က အခုလိုပြောပါတယ်။

"ဝင်းနဲ့ ဇော်နေတာက ဘန်ခွမ်အကျဉ်းထောင်။ ဒါပေမဲ့ သူတို့က အကျဉ်းထောင်ထဲမှာ တွေ့တယ်ဆိုတာပြောတယ်။ ဘန်ခွမ်အကျဉ်းထောင်ရယ်လို့တော့ မပြောဘူး။ အကျဉ်းစခန်းတွေမှာ တွေ့တယ်ပြောတယ်။ ထောင်ဝင်စာပိတ်တာတော့ ဟုတ်တယ်။ ဘန်ခွမ်အကျဉ်းထောင်မှာ ရှိတယ်လို့တော့ မပြောဘူး။ သတင်းမထုတ်ပြန်ဘူး။ ခဏလေး ထောင်ဝင်စာရပ်တာတော့ဟုတ်တယ်။ နောက်ပိုင်းမှာ ပြန်ကြေငြာပေးမယ်ပြောတယ်။ ခန့်မှန်းခြေကတော့ တပတ်လောက်ရှိပြီ။"

မြန်မာနိုင်ငံသားတွေ အများစု နေ ထိုင်နေတဲ့ ချင်းမိုင်မြို့က အကျဉ်းထောင်မှာလည်း ပိုးတွေ့လူနာ ၄,၀၀၀ နီးပါး ရှိနေကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဖြစ်တဲ့ တာချီလိတ်မြို့ကို ထိုင်းနိုင်ငံမယ်ဆိုင်မြို့ကနေ လွတ်ရက်စေ့မြန်မာအကျဉ်းသား ၁၀၀ ကျော်ကို ဒီနေ့ပဲ တာချီလိတ် အာဏာပိုင်တွေကို ပြန်လည် လွဲှပြောင်းပေးခဲ့ပါတယ်။ တာချီလိတ်အာဏာပိုင်တွေဘက်က အကျဉ်းသားတွေကို COVID 19 ကပ်ပိုး စစ်ဆေးပြီး လက်ခံခဲ့ရာမှာ အမျိုးသမီး ၂ ယောက် အမျိသား ၂ ယောက်မှာ ကိုဗစ်ကပ်ပိုး တွေ့ရှိခဲ့ရကြောင်း တာချီလိတ် ဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိ ကိုဗစ်ကပ်ပိုး ကူးစက်တဲ့ အတည်ပြုလူနာ ၁၁၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၆၁၄ ဦးထိ ရှိနေကြောင်း ထိုင်းအစိုးရကတော့ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG