သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နီေပါႏုိင္ငံ ကိုဗစ္ကူးစက္မႈ စံခ်ိန္ျမင့္လာ


နီေပါႏုိင္ငံ ခတၱမန္ဒူက အစုိးရေဆး႐ုံမွာ ေအာက္ဆီဂ်င္ေပးထားရတဲ့ ကုိဗစ္လူနာတဦး။ (ေမ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏိၵယအိမ္နီးခ်င္း နီေပါႏိုင္ငံမွာလည္း ကိုဗစ္ကူးစက္မႈႏႈန္း စံခ်ိန္တင္ ျပန္ျမင့္တက္လာေနၿပီး စီးပြားေရးလုပ္ငန္းေတြနဲ႔ ေန႔စဥ္ဘဝေတြကို အႀကီးအက်ယ္ ထိခိုက္လာေနပါၿပီ။

နီေပါႏုိင္ငံမွာ တေန႔တည္း COVID-19 ပိုးေတြ႔သူသစ္ ၈,၅၀၀ ေက်ာ္နဲ႔ ေသဆံုးသူလည္း ၂၀၀ ေက်ာ္ ျမင့္တက္လာၿပီလို႔ အစိုးရ မေန႔က ထုတ္ျပန္လိုက္ပါတယ္။ စက္႐ုံေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြလည္း ျပင္းျပင္းထန္ထန္ အထိနာေနၿပီး သာမန္ျပည္သူမ်ားစြာလည္း အရင္ထက္ပို အခက္ႀကံဳလာေနပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ အသြားအလာ ကန္႔သတ္မႈေတြ စလုပ္ကတည္းကဆိုရင္ ၿမိဳ႕ေတာ္ ခတၱမန္ဒူ လမ္းေတြေပၚမွာ လူနဲ႔ကား အနည္းငယ္သာ ေတြ႔ရပါေတာ့တယ္။

ဓာတ္ဆီဆိုင္ပိုင္ရွင္ Rajendra Adhikari က သူ႔လုပ္ငန္း အ႐ႈံးေပၚေနၿပီလို႔ ေျပာပါတယ္။

“အခု ဓာတ္ဆီေရာင္းရတဲ့ ပမာဏက အရင္ထက္ ေလးပံုတပုံေအာက္အထိေတာင္ က်ဆင္းသြားၿပီ။ ကမာၻ႔ကပ္ေရာဂါ မတိုင္ခင္တုန္းက ေရာင္းႏုိင္ခဲ့တာနဲ႔ အခုက အမ်ားႀကီးကို ကြာသြားၿပီ။ ဒါေၾကာင့္ က်ေနာ့္အေနနဲ႔ အခုရက္ပိုင္းေတြအတြင္း အႀကီးအက်ယ္ အ႐ႈံးေပၚေနပါတယ္” လို႔ ေျပာသြားတာပါ။

ဒီဓာတ္ဆီဆိုင္ေတြကိုေတာ့ ဆက္ဖြင့္ခြင့္ေပးထားေပမယ့္ ဓာတ္ဆီလာထည့္တဲ့ ကားနဲ႔ ေမာ္ေတာ္ဆိုင္ကယ္ အရင္တုန္းကလို တန္းစီရတာ မရွိေတာ့တဲ့အထိကို ေရာင္းအား အမ်ားႀကီး က်ဆင္းသြားခဲ့တာပါ။

နီေပါ ေရနံေကာ္ပိုေရးရွင္းဌာန စာရင္းအခ်က္အလက္ေတြအရ Lockdown ခ်အၿပီး ဓာတ္ဆီဆိုင္ေတြဝင္ေငြ ၆၀ ရာခုိင္ႏႈန္းအထိ က်ဆင္းသြားတယ္လို႔ သိရပါတယ္။ ႏိုင္ငံျခားခရီးသည္ေတြ ပ်ားပန္းခတ္ခဲ့တဲ့ ေနရာေတြမွာလည္း ေျခာက္ကပ္ေနၿပီး တကၠစီသမားေတြလည္း စီးမယ့္လူမရ ဒုကၡေရာက္ေနပါတယ္။

နီေပါႏုိင္ငံ ကိုဗစ္ကူးစက္မႈ စံခ်ိန္ျမင့္လာ
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

နီပေါနိုင်ငံ ကိုဗစ်ကူးစက်မှု စံချိန်မြင့်လာ

အိန္ဒိယအိမ်နီးချင်း နီပေါနိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုနှုန်း စံချိန်တင် ပြန်မြင့်တက်လာနေပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်ဘဝတွေကို အကြီးအကျယ် ထိခိုက်လာနေပါပြီ။

နီပေါနိုင်ငံမှာ တနေ့တည်း COVID-19 ပိုးတွေ့သူသစ် ၈,၅၀၀ ကျော်နဲ့ သေဆုံးသူလည်း ၂၀၀ ကျော် မြင့်တက်လာပြီလို့ အစိုးရ မနေ့က ထုတ်ပြန်လိုက်ပါတယ်။ စက်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပြင်းပြင်းထန်ထန် အထိနာနေပြီး သာမန်ပြည်သူများစွာလည်း အရင်ထက်ပို အခက်ကြုံလာနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အသွားအလာ ကန့်သတ်မှုတွေ စလုပ်ကတည်းကဆိုရင် မြို့တော် ခတ္တမန်ဒူ လမ်းတွေပေါ်မှာ လူနဲ့ကား အနည်းငယ်သာ တွေ့ရပါတော့တယ်။

ဓာတ်ဆီဆိုင်ပိုင်ရှင် Rajendra Adhikari က သူ့လုပ်ငန်း အရှုံးပေါ်နေပြီလို့ ပြောပါတယ်။

“အခု ဓာတ်ဆီရောင်းရတဲ့ ပမာဏက အရင်ထက် လေးပုံတပုံအောက်အထိတောင် ကျဆင်းသွားပြီ။ ကမ္ဘာ့ကပ်ရောဂါ မတိုင်ခင်တုန်းက ရောင်းနိုင်ခဲ့တာနဲ့ အခုက အများကြီးကို ကွာသွားပြီ။ ဒါကြောင့် ကျနော့်အနေနဲ့ အခုရက်ပိုင်းတွေအတွင်း အကြီးအကျယ် အရှုံးပေါ်နေပါတယ်” လို့ ပြောသွားတာပါ။

ဒီဓာတ်ဆီဆိုင်တွေကိုတော့ ဆက်ဖွင့်ခွင့်ပေးထားပေမယ့် ဓာတ်ဆီလာထည့်တဲ့ ကားနဲ့ မော်တော်ဆိုင်ကယ် အရင်တုန်းကလို တန်းစီရတာ မရှိတော့တဲ့အထိကို ရောင်းအား အများကြီး ကျဆင်းသွားခဲ့တာပါ။

နီပေါ ရေနံကော်ပိုရေးရှင်းဌာန စာရင်းအချက်အလက်တွေအရ Lockdown ချအပြီး ဓာတ်ဆီဆိုင်တွေဝင်ငွေ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ နိုင်ငံခြားခရီးသည်တွေ ပျားပန်းခတ်ခဲ့တဲ့ နေရာတွေမှာလည်း ခြောက်ကပ်နေပြီး တက္ကစီသမားတွေလည်း စီးမယ့်လူမရ ဒုက္ခရောက်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG