သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယမွာေတြ႔တဲ့ ဗီဇေျပာင္းကို႐ိုနာပိုး ႏိုင္ငံ ၅၀ နီးပါး ပ်ံ႕ႏွံ


အိႏိၵယႏိုင္ငံရွိ Ahmedabad ၿမိဳ႕က ကိုဗစ္ကူးစက္ခံရသူ တဦး ေအာက္စီဂ်င္နဲ႔ အသက္ရႈေနရတဲ့ ျမင္ကြင္း။ (ေမ ၀၃၊ ၂၀၂၁)

[Zawgyi/Unicode]

အိႏၵိယမွာ ပထမဆုံး ေတြ႔ရတဲ့ ကို႐ိုနာဗုိင္းရပ္စ္ကို တကမၻာလုံး စိုးရိမ္ရမယ့္ မ်ိဳးဗီဇေျပာင္းပိုးသစ္အျဖစ္ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က ေၾကျငာလုိက္ၿပီး ေနာက္တေန႔မွာပဲ B.1.617 ပိုးသစ္က ႏုိင္ငံေပါင္း ၄၉ ႏုိင္ငံကို ကူးစက္ေနၿပီလို႔ WHO ကဒီကေန႔ေၾကျငာပါတယ္။

အိႏၵိယမွာ ဒီကေန႔ပိုးကူးသူသစ္ ၃၄၀,၀၀၀ ေက်ာ္နဲ႔ေသဆုံးသူ ၄၂,၀၀၀ ေက်ာ္ရွိပါတယ္။ ေန႔စဥ္ပိုးကူးသူ ၃၀၀,၀၀၀ ေက်ာ္တာ ရက္ေပါင္း ၂၀ ေက်ာ္လာပါၿပီ။ ခုဆိုရင္အိႏၵိယမွာပိုးကူးသူ ၂၃ သန္းေက်ာ္နဲ႔ ေသဆုံးသူကလည္း ၂၅၀,၀၀၀ ေက်ာ္ပါတယ္။ ကမၻာမွာ ဒုတိယလူဦးေရအမ်ားဆုံး ရွိတဲ့အိႏၵိယမွာ ေဆးရုံကုတင္ေတြနဲ႔ ေအာက္ဆီဂ်င္ေတြ မလုံေလာက္တာ၊ မီးသၿဂၤိဳလ္စက္ေတြမွာလည္း မႏုိင္မနင္းျဖစ္ေနတာကို ေန႔စဥ္ျမင္ေနရပါတယ္။

ဒီအခိ်န္မွာပဲ ဂဂၤါျမစ္ထဲ ကိုဗစ္ေၾကာင့္ ေသဆုံးတယ္္လို႔ ယူဆေနၾကတဲ့ လူေသအေလာင္း ၁၀၀ ေက်ာ္ေမ ွ်ာလာတဲ့သတင္းေတြေၾကာင့္ ျပည္သူေတြ စိတ္ဆိုးေဒါသထြက္လာၾကတာပါ။ ေသဆုံးရတဲ့အေၾကာင္းရင္းကို မသိရေသးဘူးလို႔ တာ၀န္ရွိသူေတြကေျပာပါတယ္။ ေရကတဆင့္ ပိုးကူးစက္မွာကိုလည္း ကၽြမ္းက်င္သူေတြ စိုးရိမ္ေနပါတယ္။ ဒီျဖစ္ရပ္ေတြေၾကာင့္ ေ၀းလံတဲ့ ေက်းလက္ေဒသတခ်ိဳ ႔မွာ ပိုးကူးစက္မႈျမင့္တက္ေနမွာကို စိုးရိမ္မႈေတြရွိေနပါတယ္။

အိႏၵိယလူဦးေရ ၃ ပုံ ၂ ပုံက ေက်းလက္ေတြမွာေနၾကပါတယ္။ မီးသၿဂၤိဳလ္စက္ေတြမွာ မႏုိင္မနင္းျဖစ္ေနတာ ဒါမွမဟုတ္ ဟိႏၵဴထုံးတမ္း အစဥ္အလာအရ မီးသၿဂၤိဳလ္ဖို႔ စရိတ္မတတ္ႏုိင္တာေၾကာင့္ အေလာင္းေတြကို ေရထဲေမ ွ်ာလိုက္တာျဖစ္ႏုိင္တယ္လို႔ ေဒသခံေတြက ယူဆၾကပါတယ္။

အိႏၵိယနဲ႔ နယ္ခ်င္းစပ္ေနတဲ့ နီေပါလ္ႏုိင္ငံမွာလည္း ကပ္ေရာဂါဒဏ္နဲ႔ အလူးအလဲရင္ဆုိင္ေနရၿပီး ေဆးကုဖို႔ ေဆးရုံလိုက္ရွာရင္း လူေတြေသဆုံးေနရတယ္လို႔ နီေပါလ္တာ၀န္ရွိသူေတြကေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ပိုးကူးသူ ၁၀,၀၀၀ နီးပါးရွိၿပီး ေသဆုံးသူက ၂၅၀ေက်ာ္နဲ႔ စံခ်ိန္တင္ အျမင့္ဆုံးေရာက္လာပါတယ္။ လူဦးေရ ၂၈ သန္းေက်ာ္သာရွိတဲ့နီေပါလ္မွာ ပိုးကူူးသူ ၄၁၀,၀၀၀ ေက်ာ္နဲ႔ေသဆုံးသူ ၄,၀၀၀ ေက်ာ္ရွိတယ္လို႔ တာ၀န္ရွသူေတြကေျပာပါတယ္။ လူနာေတြအတြက္အေရးေပၚ လိုအပ္ေနတဲ့ေဆးဖက္ဆုိင္ရာအကူအညီေတြေပးၾကဖို႔ နုိင္ငံတကာအသိုင္းအ၀ုိင္းကို နီေပါလ္က်န္းမာေရး၀န္ႀကီးဌာနက ေတာင္းခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာတွေ့တဲ့ ဗီဇပြောင်းကိုရိုနာပိုး နိုင်ငံ ၅၀ နီးပါး ပျံ့နှံ

အိန္ဒိယမှာ ပထမဆုံး တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တကမ္ဘာလုံး စိုးရိမ်ရမယ့် မျိုးဗီဇပြောင်းပိုးသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေငြာလိုက်ပြီး နောက်တနေ့မှာပဲ B.1.617 ပိုးသစ်က နိုင်ငံပေါင်း ၄၉ နိုင်ငံကို ကူးစက်နေပြီလို့ WHO ကဒီကနေ့ကြေငြာပါတယ်။

အိန္ဒိယမှာ ဒီကနေ့ပိုးကူးသူသစ် ၃၄၀,၀၀၀ ကျော်နဲ့သေဆုံးသူ ၄၂,၀၀၀ ကျော်ရှိပါတယ်။ နေ့စဉ်ပိုးကူးသူ ၃၀၀,၀၀၀ ကျော်တာ ရက်ပေါင်း ၂၀ ကျော်လာပါပြီ။ ခုဆိုရင်အိန္ဒိယမှာပိုးကူးသူ ၂၃ သန်းကျော်နဲ့ သေဆုံးသူကလည်း ၂၅၀,၀၀၀ ကျော်ပါတယ်။ ကမ္ဘာမှာ ဒုတိယလူဦးရေအများဆုံး ရှိတဲ့အိန္ဒိယမှာ ဆေးရုံကုတင်တွေနဲ့ အောက်ဆီဂျင်တွေ မလုံလောက်တာ၊ မီးသင်္ဂြိုလ်စက်တွေမှာလည်း မနိုင်မနင်းဖြစ်နေတာကို နေ့စဉ်မြင်နေရပါတယ်။

ဒီအချိန်မှာပဲ ဂင်္ဂါမြစ်ထဲ ကိုဗစ်ကြောင့် သေဆုံးတယ်လို့ ယူဆနေကြတဲ့ လူသေအလောင်း ၁၀၀ ကျော်မေ ျှာလာတဲ့သတင်းတွေကြောင့် ပြည်သူတွေ စိတ်ဆိုးဒေါသထွက်လာကြတာပါ။ သေဆုံးရတဲ့အကြောင်းရင်းကို မသိရသေးဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ရေကတဆင့် ပိုးကူးစက်မှာကိုလည်း ကျွမ်းကျင်သူတွေ စိုးရိမ်နေပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ဝေးလံတဲ့ ကျေးလက်ဒေသတချို့မှာပိုးကူးစက်မှုမြင့်တက်နေမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။

အိန္ဒိယလူဦးရေ ၃ ပုံ ၂ ပုံက ကျေးလက်တွေမှာနေကြပါတယ်။ မီးသင်္ဂြိုလ်စက်တွေမှာ မနိုင်မနင်းဖြစ်နေတာ ဒါမှမဟုတ် ဟိန္ဒူထုံးတမ်း အစဉ်အလာအရ မီးသင်္ဂြိုလ်ဖို့ စရိတ်မတတ်နိုင်တာကြောင့် အလောင်းတွေကို ရေထဲမေ ျှာလိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

အိန္ဒိယနဲ့ နယ်ချင်းစပ်နေတဲ့ နီပေါလ်နိုင်ငံမှာလည်း ကပ်ရောဂါဒဏ်နဲ့ အလူးအလဲရင်ဆိုင်နေရပြီး ဆေးကုဖို့ ဆေးရုံလိုက်ရှာရင်း လူတွေသေဆုံးနေရတယ်လို့ နီပေါလ်တာဝန်ရှိသူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးကူးသူ ၁၀,၀၀၀ နီးပါးရှိပြီး သေဆုံးသူက ၂၅၀ကျော်နဲ့ စံချိန်တင် အမြင့်ဆုံးရောက်လာပါတယ်။ လူဦးရေ ၂၈ သန်းကျော်သာရှိတဲ့နီပေါလ်မှာ ပိုးကူူးသူ ၄၁၀,၀၀၀ ကျော်နဲ့သေဆုံးသူ ၄,၀၀၀ ကျော်ရှိတယ်လို့ တာဝန်ရှသူတွေကပြောပါတယ်။ လူနာတွေအတွက်အရေးပေါ် လိုအပ်နေတဲ့ဆေးဖက်ဆိုင်ရာအကူအညီတွေပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို နီပေါလ်ကျန်းမာရေးဝန်ကြီးဌာနက တောင်းခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG