သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 ကာကြယ္ေဆး မူပိုင္ခြင့္ ေျဖေလွ်ာ့ေရး အေမရိကန္ ေထာက္ခံခ်က္ ပထမ ေျခလွမ္းသာျဖစ္


(Zawgyi/Unicode)

Covid-19 ကာကြယ္ေဆး မူပိုင္ခြင့္ ေျဖေလွ်ာ့ေပးေရး ေထာက္ခံေၾကာင္း အေမရိကန္ သမၼတ Joe Biden အစိုးရက ကမၻာ့ကုန္သြယ္ေရး အဖြဲ႔ WTO မွာ ေၾကညာလိုက္တာမွာ ကမၻာ့ ေခါင္းေဆာင္ေတြက ႀကိဳဆိုၾကပါတယ္။ အေမရိကန္ အစိုးရရဲ႕ အခုလို ေၾကညာခ်က္ဟာဆိုရင္ ကမၻာတ၀န္း ကပ္ေဘးေရာဂါ တိုက္ဖ်က္ေရးမွာ အေရးႀကီးတဲ႔ ေအာင္ျမင္မႈ တခု ျဖစ္လာႏုိင္ေပမယ့္လည္း ရႈပ္ေထြးလွတဲ႔ လုပ္ငန္းစဥ္ႀကီး တခုရဲ႕ အစပိုင္းသာ ျဖစ္တယ္လို႔ ဗီြအိုေအရဲ႕ အိမ္ျဖဴေတာ္ဆိုင္ရာ သတင္းတာ၀န္ခံ Patsy Widakuswara ရဲ႕ သတင္းေဆာင္းပါးမွာ ရွင္းျပထားပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပေပးမွာပါ။

Covid-19 ကာကြယ္ေဆး မူပိုင္ခြင့္ ေျဖေလွ်ာ့ေပးေရး ေထာက္ခံေၾကာင္း အေမရိကန္ သမၼတ Joe Biden အစိုးရက ကမၻာ့ကုန္သြယ္ေရး အဖြဲ႔ WTO မွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္ထဲမွာ ေၾကညာလိုက္ပါတယ္။ အေမရိကန္ အစိုးရရဲ႕ ကုန္သြယ္ေရး ကိုယ္စားလွယ္ေတာ္ Katherine Tai က ၿပီးခဲ႔တဲ႔ သီတင္းပတ္ ဗုဒၶဟူးေန႔မွာ ေၾကညာခ်က္ထုတ္ခဲ႔တာပါ။

ကမၻာတ၀န္း ရင္ဆုိင္ေနရတဲ႔ က်န္းမာေရးဆိုင္ရာ ပဋိပကၡႀကီး ျဖစ္ၿပီး Covid-19 ကပ္ေဘးေရာဂါရဲ႕ သမားရုိးက် မဟုတ္တဲ႔ အေျခအေနေၾကာင့္ အထူးတလည္ အေရးယူ ေဆာင္ရြက္ဖို႔ လိုအပ္ေနတယ္၊ အေမရိကန္ အစိုးရ အေနနဲ႔ ညဏပစၥည္း ပိုင္ဆိုင္ခြင့္ အကာအကြယ္ေပးေရးကို အခို္င္အမာ ယံုၾကည္ထားပါတယ္။ ဒါေပမယ့္လည္း ဒီ ကပ္ေဘးေရာဂါႀကီး အဆံုးသတ္ႏုိင္ေရး အတြက္ Covid-19 ကာကြယ္ေဆးေတြ အတြက္ မူပိုင္ခြင့္ေတြကို ေျဖေလွ်ာ့ေပးေရးကို ေထာက္ခံပါတယ္လို႔ အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္က ေၾကညာခ်က္မွာ ေျပာဆိုခဲ႔တာပါ။

ကမၻာတလႊားမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္သူေတြ တိုးလာေနတဲ႔ အခ်ိန္မွာဘဲ အေမရိကန္ အစိုးရက Covid-19 ကာကြယ္ေဆး မူပိုင္ခြင့္ကို ေျဖေလွ်ာ့ေပးေရး ေထာက္ခံမယ့္ ဆံုးျဖတ္ခ်က္ကို ကမၻာ့ကုန္သြယ္ေရး အဖြဲ႔ WTO မွာ ကမၻာတလႊား ႏုိင္ငံေပါင္း ၁၀၀ ေက်ာ္က ႀကိဳဆို ၾကပါတယ္။ ဒီလို ေျဖေလွ်ာ့ေပးေရး အတြက္ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တုိဘာလမွ အိႏၵိယနဲ႔ ေတာင္ အာဖရိက တို႔က ေလွ်ာက္ထားခဲ႔ၾကတာပါ။ ေတာင္အာဖရိက သမၼတ Cyril Ramaphosa က -

" တျခားသူေတြနဲ႔ တြဲဖက္ အလုပ္လုပ္ေနတဲ႔ ႏုိင္ငံ တခု အေနနဲ႔ ၾသဇာရွိတယ္ဆိုတာကို ဒီရလဒ္က ျပသလိုက္တာပါ။ က်ေနာ္တို႔ရဲ႕ ေျပာဆိုခ်က္နဲ႔ သတင္းစကားေတြက ၾသဇာသက္ေရာက္မႈ ရွိတယ္ဆိုတာကို ျပသတာပါ။"

ဥေရာပ သမဂၢ၊ ဂ်ပန္နဲ႔ ၿဗိိတိန္ အပါအ၀င္ Covid-19 ကာကြယ္ေဆး မူပိုင္ခြင့္ ေျဖေလွ်ာ့ေပးေရးကို ဆန္႔က်င္တဲ႔ ႏုိင္ငံေတြနဲ႔ အေပးအယူလုပ္ ညွိႏိႈင္းႏုိင္ေရး အတြက္ ကမၻာ့ ကုန္သြယ္ေရး အဖြဲ႔ WTO မွာ ညွိႏိႈင္းေရး စာတမ္း တခု စတင္ေဆာင္ရြက္ႏုိင္ေရး အေမရိကန္ အစိုးရက ေဆာင္ရြက္လိုက္တာ ျဖစ္ပါတယ္။ Shyam Balganesh ဟာ ကိုလံဘီယာ တကၠသုိလ္ ဥပေဒ ဌာနက ညဏပစၥည္း မူပိုင္ခြင့္ ဆိုင္ရာ ပါေမာကၡ ျဖစ္ပါတယ္။

အေမရိကန္ အစိုးရက ေထာက္ခံတယ္ဆိုတာကို ႏုိင္ငံစံုကို သတင္းစကားေပးလိုက္တာျဖစ္ပါတယ္။ ဒါ႔အျပင္ အေမရိကန္ဟာ ျပည္တြင္း အက်ိဳးစီးပြား တခုတည္း အတြက္ မဟုတ္ဘဲ ကမၻာတ၀န္း ဘက္ေပါင္းစံု အေရး အတြက္ပါ အေလးထားတယ္၊ ေခါင္းေဆာင္ၿပီး ေဆာင္ရြက္ဖို႔ အဆင္သင့္ ရွိတယ္ဆိုတာကို သတင္းစကားပါးလိုက္တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အေမရိကန္က ေထာက္ခံထားတဲ႔ အပိုင္းမွာလည္း မူလ အဆိုျပဳခ်က္ေလာက္ေတာ့ မပါပါဘူး။ ကာကြယ္ေဆးရဲ႕ မူပိုင္ခြင့္ တခုတည္းသာ ျဖစ္ၿပီး တျခား ညဏပစၥည္း ပိုင္ဆိုင္ခြင့္ ဆိုင္ရာ ကာကြယ္ထားရွိမႈေတြကိုေတာ့ ေျဖေလွ်ာ့ေပးမယ့္ အထဲ မပါသလို Covid-19 ေရာဂါ ရွာေဖြေရးနဲ႔ ကုသေရးဆိုင္ရာေတြ အပါအ၀င္ နည္းပညာေတြလည္း အခု ေျဖေလွ်ာ့ေပးေရး ေထာက္ခံထားတဲ႔ အထဲမွာ မပါ၀င္ပါဘူး။

Shyam Balganesh ဟာ ကိုလံဘီယာ တကၠသုိလ္ ဥပေဒ ဌာနက ညဏပစၥည္း မူပိုင္ခြင့္ ဆိုင္ရာ ပါေမာကၡ ျဖစ္ပါတယ္။

" ဒီ စာတမ္း ျပဳစုတဲ႔ လုပ္ငန္းစဥ္မွာ ဘာေတြ ျဖစ္လာမလဲ ဆိုတာကို မသိပါဘူး။ တျခား အဖြဲ႔၀င္ ႏုိင္ငံေတြ၊ ေနာက္ ႏုိင္ငံတြင္းမွာ၊ ႏိုင္ငံတကာ အဆင့္မွာ အတိုးအဆုတ္ အေပၚ မူတည္ၿပီး Biden အစိုးရဘက္က ဘယ္ အတိုင္းအတာထိ ညွိႏိႈင္းလိုစိတ္ ရွိမလဲ။ ျပည္တြင္းမွာဆိုရင္လည္း မူပိုင္ခြင့္ ေျဖေလွ်ာ့မယ့္ ကိစၥကို အႀကီးအက်ယ္ စိုးရိမ္ေနၾကတာပါ။ "

ဒါဟာဆုိရင္ ရွည္ၾကာမယ့္ လုပ္ငန္းစဥ္ႀကီးရဲ႕ အစပိုင္းသာ ျဖစ္ပါတယ္။ ကမၻာ့ ကုန္သြယ္ေရး အဖြဲ႔ WTO ဟာ ဘံုသေဘာတူညီခ်က္ကို အေျခခံထားတာ ျဖစ္ၿပီး အဖြဲ႔၀င္အားလံုး သေဘာတူညီခ်က္နဲ႔သာ ေဆာင္ရြက္ႏုိင္တာ ျဖစ္ပါတယ္။ ဥေရာပသမဂၢ EU အပါအ၀င္ Covid-19 ကာကြယ္ေဆး မူပိုင္ခြင့္ ေျဖေလွ်ာ့ေပးမယ့္ အေရးကို ဆန္႔က်င္သူေတြကေတာ့ ကိုရိုနာ ကပ္ေဘး ေရာဂါ အေရး ေျဖရွင္းေဆာင္ရြက္ေရး အတြက္ ေစ႔စပ္ညွိႏိႈင္းလိုပါတယ္ဆိုတဲ႔ သေဘာမ်ိဳး ေျပာဆိုထားပါတယ္။ ဥေရာပ ေကာ္မရွင္ ဥကၠဌ Ursula von der Leyen က အခုလို ေျပာပါတယ္။

" ကာကြယ္ေဆး အတြက္ ညဏပစၥည္း မူပိုင္ခြင့္ကို ေျဖေလွ်ာ့ေပးေရး အေမရိကန္ရဲ႕ အဆိုျပဳခ်က္က ရည္မွန္းခ်က္ ေပါက္ေျမာက္ ေအာင္ျမင္ေရး အတြက္ ဘယ္လို အေထာက္အကူ ျဖစ္ေစမလဲ ဆိုတာကို ေဆြးေႏြးဖို႔ အဆင္သင့္ ရွိပါတယ္။"

အဆိုျပဳခ်က္ စာတမ္းကို WTO ကမၻာ့ကုန္သြယ္ေရး အဖြဲ႔ အဖြဲ႔၀င္ေတြက သေဘာတူဖို႔ လုပ္ရမယ့္ လုပ္ငန္းစဥ္ကဘဲ လနဲ႔ခ်ီ ၾကာသြားႏုို္င္ပါတယ္။ တကယ္လို႔ သေဘာတူၿပီ ဆိုရင္ေတာ့ ႏုိင္ငံေတြ အေနနဲ႔ Generic Drug လို႔ ေခၚတဲ႔ အာနိသင္တူ ကာကြယ္ေဆးေတြ ထုတ္ၾကတဲ႔ အခါမွာ ဥပေဒနဲ႔ မညိစြန္းေစဖို႔ အတြက္ ဥပေဒေတြ ျပဌာန္း က်င့္သံုးၾကရမွာပါ။ ဒီလို လုပ္လိုရတဲ႔ ရည္ရြယ္ခ်က္ကေတာ့ ကမၻာတ၀န္းမွာ ကာကြယ္ေဆးထိုး လုပ္ငနး္ေတြ အရွိန္ျမွင့္ ေဆာင္ရြက္ဖို႔နဲ႔ ကာကြယ္ေဆး ျဖန္႔ေ၀မႈ မညီမွ်မႈေတြကို ေလွ်ာ့ခ်ႏုိင္ေရး ျဖစ္ပါတယ္။

အေမရိကန္လို ႏုိင္ငံေတြမွာေတာ့ ႏုိင္ငံ လူဦးေရရဲ႕ အမ်ားစုကို အနည္းဆံုး Covid-19 ကာကြယ္ေဆး တႀကိမ္ ထိုးထားၿပီး ျဖစ္ေပမယ္လို႔လည္း တခ်ိဳ႕ ႏုိင္ငံေတြမွာေတာ့ တႀကိမ္ေတာင္ မထုိးရေသးပါဘူး။ ဒါေပမယ့္လည္း Covid-19 ကာကြယ္ေဆး မူပိုင္ခြင့္ကို ေျဖေလွ်ာ့ေပးတာက ေမွ်ာ္လင့္သလို ျဖစ္မလာဘဲ ဆန္႔က်င္ဘက္ ရလဒ္ ထြက္လာႏုိင္တယ္လို႔ ေဆး၀ါး လုပ္ငနး္ က႑က သတိေပးေနပါတယ္။ ၿဗိတိန္ ေဆး၀ါးထုတ္လုပ္ငန္းမ်ား အဖြဲ႔က Richard Torbett က အခုလို ေျပာပါတယ္။

" အလြန္အမင္း လုိအပ္ေနၿပီး ေစ်းကြက္မွာလည္း ရွားပါးေနတဲ႔ အခါ အႏၱရာယ္ရွိတဲ႔ ထင္တိုင္းက်ဲ ပံုစံမ်ိဳး ျဖစ္သြားႏုိင္ပါတယ္။ ဒီလို ထုတ္လုပ္မႈမ်ိဳးေတြက မူလ ရည္မွန္းခ်က္ လမ္းေၾကာင္းကေန လြဲသြားၿပီး ကုမၸဏီေတြ အေနနဲ႔ သူတို႔ ဘာလုပ္ေနလဲ ဆိုတာ မသိေတာ့တဲ႔ အေျခအေနမ်ိဳး ျဖစ္သြားႏုိင္ပါတယ္။ ဒီလိုသာဆိုရင္ေတာ့ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားသြားပါလိမ့္မယ္။"

AstraZeneca နဲ႔ အိႏၵိယက Serum Institute ၾကား သေဘာတူညီခ်က္လိုမ်ိဳး လိုင္စင္ခ်ထားေပးတဲ႔ သေဘာတူညီခ်က္မ်ိဳးေတြကေန တဆင့္ ကမၻာတ၀န္း ကာကြယ္ေဆးထိုးေရးက ပိုၿပီး ေကာင္မြန္ သင့္ေတာ္မယ္လို႔လည္း သူတို႔က ေျပာပါတယ္။ လူသားခ်င္း စာနာ ေထာက္ကူမႈဆိုင္ရာ အဖြဲ႔အစည္းေတြဘက္ကေတာ့ အဆင့္မီတဲ႔ သေဘာတူညီခ်က္ေတြျဖစ္ေရး ေတာင္းဆိုေနၾကပါတယ္။ Yuan Qiong Hu က နယ္စည္းမျခား ဆရာ၀န္မ်ား အဖြဲ႔ရဲ႕ ဥပေဒေရးရာနဲ႔ မူ၀ါဒပိုင္းဆိုင္ရာ အႀကီးတန္း အႀကံေပး ျဖစ္ပါတယ္။

“သေဘာတူညီခ်က္ဟာ ပြင့္လင္းျမင္သာမႈရွိရပါမယ္။ ကမၻာတလႊားက ရရွိ အသံုးျပဳႏုိင္ရပါမယ္။ တာ၀န္ခံမႈ တာ၀န္ယူမႈ ရွိရပါမယ္။”

ကမၻာ့ကုန္သြယ္ေရး အဖြဲ႔ WTO မွာ ရႈပ္ေထြးလွတဲ႔ ညဏပစၥည္း မူပိုင္ခြင့္ အေရး ေဆြးေႏြးညွိႏိႈင္းေနၾကတဲ႔ တဖက္မွာ အိႏၵိယရဲ႕ Covid-19 ျဖစ္ပြားမႈ တိုးလာေနတာမ်ိဳး အျဖစ္အပ်က္ေတြက ကမၻာလံုး အတိုင္းအတာနဲ႔ အေရးေပၚ ကာကြယ္ေဆးထိုးဖို႔ လိုအပ္ေနၿပီ ဆိုတာကို ျပသေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)


Covid-19 ကာကွယ်ဆေး မူပိုင်ခွင့် ဖြေလျှော့ရေး အမေရိကန် ထောက်ခံချက် ပထမ ခြေလှမ်းသာဖြစ်

Covid-19 ကာကွယ်ဆေး မူပိုင်ခွင့် ဖြေလျှော့ပေးရေး ထောက်ခံကြောင်း အမေရိကန် သမ္မတ Joe Biden အစိုးရက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO မှာ ကြေညာလိုက်တာမှာ ကမ္ဘာ့ ခေါင်းဆောင်တွေက ကြိုဆိုကြပါတယ်။ အမေရိကန် အစိုးရရဲ့ အခုလို ကြေညာချက်ဟာဆိုရင် ကမ္ဘာတဝန်း ကပ်ဘေးရောဂါ တိုက်ဖျက်ရေးမှာ အရေးကြီးတဲ့ အောင်မြင်မှု တခု ဖြစ်လာနိုင်ပေမယ့်လည်း ရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်ကြီး တခုရဲ့ အစပိုင်းသာ ဖြစ်တယ်လို့ ဗွီအိုအေရဲ့ အိမ်ဖြူတော်ဆိုင်ရာ သတင်းတာဝန်ခံ Patsy Widakuswara ရဲ့ သတင်းဆောင်းပါးမှာ ရှင်းပြထားပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

Covid-19 ကာကွယ်ဆေး မူပိုင်ခွင့် ဖြေလျှော့ပေးရေး ထောက်ခံကြောင်း အမေရိကန် သမ္မတ Joe Biden အစိုးရက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြေညာလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ်တော် Katherine Tai က ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ခဲ့တာပါ။

ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဆိုင်ရာ ပဋိပက္ခကြီး ဖြစ်ပြီး Covid-19 ကပ်ဘေးရောဂါရဲ့ သမားရိုးကျ မဟုတ်တဲ့ အခြေအနေကြောင့် အထူးတလည် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်နေတယ်၊ အမေရိကန် အစိုးရ အနေနဲ့ ညဏပစ္စည်း ပိုင်ဆိုင်ခွင့် အကာအကွယ်ပေးရေးကို အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒါပေမယ့်လည်း ဒီ ကပ်ဘေးရောဂါကြီး အဆုံးသတ်နိုင်ရေး အတွက် Covid-19 ကာကွယ်ဆေးတွေ အတွက် မူပိုင်ခွင့်တွေကို ဖြေလျှော့ပေးရေးကို ထောက်ခံပါတယ်လို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ တိုးလာနေတဲ့ အချိန်မှာဘဲ အမေရိကန် အစိုးရက Covid-19 ကာကွယ်ဆေး မူပိုင်ခွင့်ကို ဖြေလျှော့ပေးရေး ထောက်ခံမယ့် ဆုံးဖြတ်ချက်ကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO မှာ ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၀၀ ကျော်က ကြိုဆို ကြပါတယ်။ ဒီလို ဖြေလျှော့ပေးရေး အတွက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ အိန္ဒိယနဲ့ တောင် အာဖရိက တို့က လျှောက်ထားခဲ့ကြတာပါ။ တောင်အာဖရိက သမ္မတ Cyril Ramaphosa က -

" တခြားသူတွေနဲ့ တွဲဖက် အလုပ်လုပ်နေတဲ့ နိုင်ငံ တခု အနေနဲ့ သြဇာရှိတယ်ဆိုတာကို ဒီရလဒ်က ပြသလိုက်တာပါ။ ကျနော်တို့ရဲ့ ပြောဆိုချက်နဲ့ သတင်းစကားတွေက သြဇာသက်ရောက်မှု ရှိတယ်ဆိုတာကို ပြသတာပါ။"

ဥရောပ သမဂ္ဂ၊ ဂျပန်နဲ့ ဗြိတိန် အပါအဝင် Covid-19 ကာကွယ်ဆေး မူပိုင်ခွင့် ဖြေလျှော့ပေးရေးကို ဆန့်ကျင်တဲ့ နိုင်ငံတွေနဲ့ အပေးအယူလုပ် ညှိနှိုင်းနိုင်ရေး အတွက် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ WTO မှာ ညှိနှိုင်းရေး စာတမ်း တခု စတင်ဆောင်ရွက်နိုင်ရေး အမေရိကန် အစိုးရက ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။ Shyam Balganesh ဟာ ကိုလံဘီယာ တက္ကသိုလ် ဥပဒေ ဌာနက ညဏပစ္စည်း မူပိုင်ခွင့် ဆိုင်ရာ ပါမောက္ခ ဖြစ်ပါတယ်။

အမေရိကန် အစိုးရက ထောက်ခံတယ်ဆိုတာကို နိုင်ငံစုံကို သတင်းစကားပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ ပြည်တွင်း အကျိုးစီးပွား တခုတည်း အတွက် မဟုတ်ဘဲ ကမ္ဘာတဝန်း ဘက်ပေါင်းစုံ အရေး အတွက်ပါ အလေးထားတယ်၊ ခေါင်းဆောင်ပြီး ဆောင်ရွက်ဖို့ အဆင်သင့် ရှိတယ်ဆိုတာကို သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမေရိကန်က ထောက်ခံထားတဲ့ အပိုင်းမှာလည်း မူလ အဆိုပြုချက်လောက်တော့ မပါပါဘူး။ ကာကွယ်ဆေးရဲ့ မူပိုင်ခွင့် တခုတည်းသာ ဖြစ်ပြီး တခြား ညဏပစ္စည်း ပိုင်ဆိုင်ခွင့် ဆိုင်ရာ ကာကွယ်ထားရှိမှုတွေကိုတော့ ဖြေလျှော့ပေးမယ့် အထဲ မပါသလို Covid-19 ရောဂါ ရှာဖွေရေးနဲ့ ကုသရေးဆိုင်ရာတွေ အပါအဝင် နည်းပညာတွေလည်း အခု ဖြေလျှော့ပေးရေး ထောက်ခံထားတဲ့ အထဲမှာ မပါဝင်ပါဘူး။

Shyam Balganesh ဟာ ကိုလံဘီယာ တက္ကသိုလ် ဥပဒေ ဌာနက ညဏပစ္စည်း မူပိုင်ခွင့် ဆိုင်ရာ ပါမောက္ခ ဖြစ်ပါတယ်။

" ဒီ စာတမ်း ပြုစုတဲ့ လုပ်ငန်းစဉ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို မသိပါဘူး။ တခြား အဖွဲ့ဝင် နိုင်ငံတွေ၊ နောက် နိုင်ငံတွင်းမှာ၊ နိုင်ငံတကာ အဆင့်မှာ အတိုးအဆုတ် အပေါ် မူတည်ပြီး Biden အစိုးရဘက်က ဘယ် အတိုင်းအတာထိ ညှိနှိုင်းလိုစိတ် ရှိမလဲ။ ပြည်တွင်းမှာဆိုရင်လည်း မူပိုင်ခွင့် ဖြေလျှော့မယ့် ကိစ္စကို အကြီးအကျယ် စိုးရိမ်နေကြတာပါ။ "

ဒါဟာဆိုရင် ရှည်ကြာမယ့် လုပ်ငန်းစဉ်ကြီးရဲ့ အစပိုင်းသာ ဖြစ်ပါတယ်။ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ WTO ဟာ ဘုံသဘောတူညီချက်ကို အခြေခံထားတာ ဖြစ်ပြီး အဖွဲ့ဝင်အားလုံး သဘောတူညီချက်နဲ့သာ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ EU အပါအဝင် Covid-19 ကာကွယ်ဆေး မူပိုင်ခွင့် ဖြေလျှော့ပေးမယ့် အရေးကို ဆန့်ကျင်သူတွေကတော့ ကိုရိုနာ ကပ်ဘေး ရောဂါ အရေး ဖြေရှင်းဆောင်ရွက်ရေး အတွက် စေ့စပ်ညှိနှိုင်းလိုပါတယ်ဆိုတဲ့ သဘောမျိုး ပြောဆိုထားပါတယ်။ ဥရောပ ကော်မရှင် ဥက္ကဌ Ursula von der Leyen က အခုလို ပြောပါတယ်။

" ကာကွယ်ဆေး အတွက် ညဏပစ္စည်း မူပိုင်ခွင့်ကို ဖြေလျှော့ပေးရေး အမေရိကန်ရဲ့ အဆိုပြုချက်က ရည်မှန်းချက် ပေါက်မြောက် အောင်မြင်ရေး အတွက် ဘယ်လို အထောက်အကူ ဖြစ်စေမလဲ ဆိုတာကို ဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်။"

အဆိုပြုချက် စာတမ်းကို WTO ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ အဖွဲ့ဝင်တွေက သဘောတူဖို့ လုပ်ရမယ့် လုပ်ငန်းစဉ်ကဘဲ လနဲ့ချီ ကြာသွားနိုင်ပါတယ်။ တကယ်လို့ သဘောတူပြီ ဆိုရင်တော့ နိုင်ငံတွေ အနေနဲ့ Generic Drug လို့ ခေါ်တဲ့ အာနိသင်တူ ကာကွယ်ဆေးတွေ ထုတ်ကြတဲ့ အခါမှာ ဥပဒေနဲ့ မညိစွန်းစေဖို့ အတွက် ဥပဒေတွေ ပြဌာန်း ကျင့်သုံးကြရမှာပါ။ ဒီလို လုပ်လိုရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတဝန်းမှာ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့နဲ့ ကာကွယ်ဆေး ဖြန့်ဝေမှု မညီမျှမှုတွေကို လျှော့ချနိုင်ရေး ဖြစ်ပါတယ်။

အမေရိကန်လို နိုင်ငံတွေမှာတော့ နိုင်ငံ လူဦးရေရဲ့ အများစုကို အနည်းဆုံး Covid-19 ကာကွယ်ဆေး တကြိမ် ထိုးထားပြီး ဖြစ်ပေမယ်လို့လည်း တချို့ နိုင်ငံတွေမှာတော့ တကြိမ်တောင် မထိုးရသေးပါဘူး။ ဒါပေမယ့်လည်း Covid-19 ကာကွယ်ဆေး မူပိုင်ခွင့်ကို ဖြေလျှော့ပေးတာက မျှော်လင့်သလို ဖြစ်မလာဘဲ ဆန့်ကျင်ဘက် ရလဒ် ထွက်လာနိုင်တယ်လို့ ဆေးဝါး လုပ်ငန်း ကဏ္ဍက သတိပေးနေပါတယ်။ ဗြိတိန် ဆေးဝါးထုတ်လုပ်ငန်းများ အဖွဲ့က Richard Torbett က အခုလို ပြောပါတယ်။

" အလွန်အမင်း လိုအပ်နေပြီး ဈေးကွက်မှာလည်း ရှားပါးနေတဲ့ အခါ အန္တရာယ်ရှိတဲ့ ထင်တိုင်းကျဲ ပုံစံမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီလို ထုတ်လုပ်မှုမျိုးတွေက မူလ ရည်မှန်းချက် လမ်းကြောင်းကနေ လွဲသွားပြီး ကုမ္ပဏီတွေ အနေနဲ့ သူတို့ ဘာလုပ်နေလဲ ဆိုတာ မသိတော့တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီလိုသာဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားပါလိမ့်မယ်။"

AstraZeneca နဲ့ အိန္ဒိယက Serum Institute ကြား သဘောတူညီချက်လိုမျိုး လိုင်စင်ချထားပေးတဲ့ သဘောတူညီချက်မျိုးတွေကနေ တဆင့် ကမ္ဘာတဝန်း ကာကွယ်ဆေးထိုးရေးက ပိုပြီး ကောင်မွန် သင့်တော်မယ်လို့လည်း သူတို့က ပြောပါတယ်။ လူသားချင်း စာနာ ထောက်ကူမှုဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကတော့ အဆင့်မီတဲ့ သဘောတူညီချက်တွေဖြစ်ရေး တောင်းဆိုနေကြပါတယ်။ Yuan Qiong Hu က နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ ဥပဒေရေးရာနဲ့ မူဝါဒပိုင်းဆိုင်ရာ အကြီးတန်း အကြံပေး ဖြစ်ပါတယ်။

“သဘောတူညီချက်ဟာ ပွင့်လင်းမြင်သာမှုရှိရပါမယ်။ ကမ္ဘာတလွှားက ရရှိ အသုံးပြုနိုင်ရပါမယ်။ တာဝန်ခံမှု တာဝန်ယူမှု ရှိရပါမယ်။”

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO မှာ ရှုပ်ထွေးလှတဲ့ ညဏပစ္စည်း မူပိုင်ခွင့် အရေး ဆွေးနွေးညှိနှိုင်းနေကြတဲ့ တဖက်မှာ အိန္ဒိယရဲ့ Covid-19 ဖြစ်ပွားမှု တိုးလာနေတာမျိုး အဖြစ်အပျက်တွေက ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပေါ် ကာကွယ်ဆေးထိုးဖို့ လိုအပ်နေပြီ ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG