သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး မူပိုင္ခြင္႔ ဖယ္ရွားေရး အေမရိကန္ေထာက္ခံ


(WTO) ကမာၻ႔ကုန္သြယ္ေရးအဖဲြ႔ အစည္းအေ၀း

(Zawgyi/Unicode)

ကိုဗစ္ေရာဂါ ကာကြယ္ေဆး မူပိုင္ခြင့္ဖယ္ရွားေရး အစီအစဥ္ကို ေထာက္ခံေၾကာင္းနဲ႔ အေသးစိတ္ကို (WTO) ကမာၻ႔ကုန္သြယ္ေရးအဖဲြ႔နဲ႔ ညႇိႏႈိင္းသြားမွာျဖစ္ေၾကာင္း အေမရိကန္ အစိုးရက ေျပာလိုက္ပါတယ္။

ဉာဏဥစၥာပစၥည္း မူပိုင္ခြင့္ဟာ အေရးႀကီးေပမဲ့ ကိုဗစ္ကပ္ေရာဂါရဲ႕ အႏၲရာယ္ဟာ မၾကံဳစဖူး အေျခအေနမ်ဳိး ျဖစ္သလို၊ ကမာၻ႔က်န္းမာေရး ျပႆနာ ျဖစ္တာေၾကာင့္ အထူးတလည္ ကိုင္တြယ္ေျဖရွင္းရမွာ ျဖစ္ေၾကာင္းလည္း အေမရိကန္ ကုန္သြယ္ေရးကိုယ္စားလွယ္ Katherine Tai က ဗုဒၶဟူးေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုလိုက္တာပါ။

အေမရိကန္သမၼတ Joe Biden ကလည္း ဒီကိစၥနဲ႔ ပတ္သက္လို႔ အေသးစိတ္ ေဆြးေႏြးဖို႔ရွိေၾကာင္း သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။ အိမ္ျဖဴေတာ္ ေျပာခြင့္ရကေတာ့ အေမရိကန္ရဲ႕ ရပ္တည္ခ်က္ကို ဗုဒၶဟူးေန႔ကပဲ ရွင္းလင္းခဲ့တာပါ။

“အေမရိကန္ရဲ႕ သေဘာထားနဲ႔ ရည္မွန္းခ်က္ကေတာ့ ကမာၻတ၀န္းမွာ အကုန္အက် သက္သက္သာသာနဲ႔ ျဖန္႔ျဖဴးႏိုင္ေအာင္ ဘယ္လို ပံ့ပိုးႏိုင္မလဲ ဆိုတာကို စဥ္းစားသြားမွာပါ။” လို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က ေျပာသြားတာပါ။

ကာကြယ္ေဆး ထုတ္လုပ္တဲ့ ေဆးကုမၸဏီေတြရဲ႕ မူပိုင္ခြင့္ေတြကို ယာယီဖယ္ရွားေပးဖို႔ ေတာင္အာဖရိကနဲ႔ အိႏၵိယႏိုင္ငံတို႔က ၿပီးခဲ့တဲ့ေအာက္တိုဘာလမွာ တိုက္တြန္းခဲ့တဲ့ အဆိုကိုေတာ့ WTO အဖဲြ႕၀င္ ၁၆၄ ႏိုင္ငံက ကိုယ္စားလွယ္ေတြ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ ၂ ရက္ၾကာ ေဆြးေႏြးခဲ့ၾကတာပါ။

ေထာက္ခံသူေတြကေတာ့ မူပိုင္ခြင့္ ယာယီဖယ္ရွား လိုက္တဲ့အတြက္ ခ်မ္းသာထက္ႏိုင္ငံေတြေလာက္ ကာကြယ္ေဆးထိုးဖို႔ မတတ္ႏိုင္ၾကတဲ့ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြမွာ ေဆးထုတ္လုပ္မႈေတြ အရွိန္ျမႇင့္ႏိုင္လိမ့္မယ္လို႔ ယူဆၾကပါတယ္။ ေဆးကုမၸဏီေတြကေတာ့ မူပိုင္ခြင့္ေတြ ယာယီဖယ္ရွားလိုက္မယ္ဆိုရင္ အနာဂတ္မွာ တီထြင္ဖန္တီးမႈေတြကို ထိခိုက္ႏိုင္ၿပီး၊ ေဆးထုတ္လုပ္မႈေတြမွာလည္း ျမန္ဆန္မလာႏိုင္ဘူးလို႔ ေျပာၾကပါတယ္။

ဒါဇင္နဲ႔ခ်ီတဲ့ အရပ္ဖက္ လူမႈအဖဲြ႕အစည္းေတြနဲ႔ ၿဗိတိန္၀န္ႀကီးခ်ဳပ္ေဟာင္း Gordon Brown တခ်ိန္က ဆိုဗီယက္ယူနီယံ ေခါင္းေဆာင္ Mikhail Gorbachev အပါအ၀င္ ႏိုင္ငံေခါင္းေဆာင္ေဟာင္းေတြကလည္း မူပိုင္ခြင့္ ယာယီဖယ္ရွားေရး အစီအစဥ္ကို အေမရိကန္သမၼတ Joe Biden ေထာက္ခံအားေပးဖို႔ တိုက္တြန္းထားပါတယ္။ ဒီမိုကရက္လႊတ္ေတာ္အမတ္ေတြ အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ အေမရိကန္ ေအာက္လႊတ္ေတာ္က ကိုယ္စားလွယ္ ၁၀၀ ေက်ာ္ကလည္း အဆိုကို ေထာက္ခံဖို႔ သမၼထံ စုေပါင္းလက္မွတ္ေရးထိုး တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........

ကိုဗစ်ကာကွယ်ဆေး မူပိုင်ခွင့် ဖယ်ရှားရေး အမေရိကန်ထောက်ခံ
(Unicode)

ကိုဗစ်ရောဂါ ကာကွယ်ဆေး မူပိုင်ခွင့်ဖယ်ရှားရေး အစီအစဉ်ကို ထောက်ခံကြောင်းနဲ့ အသေးစိတ်ကို (WTO) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ ညှိနှိုင်းသွားမှာဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။

ဉာဏဥစ္စာပစ္စည်း မူပိုင်ခွင့်ဟာ အရေးကြီးပေမဲ့ ကိုဗစ်ကပ်ရောဂါရဲ့ အန္တရာယ်ဟာ မကြုံစဖူး အခြေအနေမျိုး ဖြစ်သလို၊ ကမ္ဘာ့ကျန်းမာရေး ပြဿနာ ဖြစ်တာကြောင့် အထူးတလည် ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ကြောင်းလည်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

အမေရိကန်သမ္မတ Joe Biden ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးဖို့ရှိကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရကတော့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ဗုဒ္ဓဟူးနေ့ကပဲ ရှင်းလင်းခဲ့တာပါ။

“အမေရိကန်ရဲ့ သဘောထားနဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာတဝန်းမှာ အကုန်အကျ သက်သက်သာသာနဲ့ ဖြန့်ဖြူးနိုင်အောင် ဘယ်လို ပံ့ပိုးနိုင်မလဲ ဆိုတာကို စဉ်းစားသွားမှာပါ။” လို့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က ပြောသွားတာပါ။

ကာကွယ်ဆေး ထုတ်လုပ်တဲ့ ဆေးကုမ္ပဏီတွေရဲ့ မူပိုင်ခွင့်တွေကို ယာယီဖယ်ရှားပေးဖို့ တောင်အာဖရိကနဲ့ အိန္ဒိယနိုင်ငံတို့က ပြီးခဲ့တဲ့အောက်တိုဘာလမှာ တိုက်တွန်းခဲ့တဲ့ အဆိုကိုတော့ WTO အဖွဲ့ဝင် ၁၆၄ နိုင်ငံက ကိုယ်စားလှယ်တွေ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြတာပါ။

ထောက်ခံသူတွေကတော့ မူပိုင်ခွင့် ယာယီဖယ်ရှား လိုက်တဲ့အတွက် ချမ်းသာထက်နိုင်ငံတွေလောက် ကာကွယ်ဆေးထိုးဖို့ မတတ်နိုင်ကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆေးထုတ်လုပ်မှုတွေ အရှိန်မြှင့်နိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။ ဆေးကုမ္ပဏီတွေကတော့ မူပိုင်ခွင့်တွေ ယာယီဖယ်ရှားလိုက်မယ်ဆိုရင် အနာဂတ်မှာ တီထွင်ဖန်တီးမှုတွေကို ထိခိုက်နိုင်ပြီး၊ ဆေးထုတ်လုပ်မှုတွေမှာလည်း မြန်ဆန်မလာနိုင်ဘူးလို့ ပြောကြပါတယ်။

ဒါဇင်နဲ့ချီတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Gordon Brown တချိန်က ဆိုဗီယက်ယူနီယံ ခေါင်းဆောင် Mikhail Gorbachev အပါအဝင် နိုင်ငံခေါင်းဆောင်ဟောင်းတွေကလည်း မူပိုင်ခွင့် ယာယီဖယ်ရှားရေး အစီအစဉ်ကို အမေရိကန်သမ္မတ Joe Biden ထောက်ခံအားပေးဖို့ တိုက်တွန်းထားပါတယ်။ ဒီမိုကရက်လွှတ်တော်အမတ်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အမေရိကန် အောက်လွှတ်တော်က ကိုယ်စားလှယ် ၁၀၀ ကျော်ကလည်း အဆိုကို ထောက်ခံဖို့ သမ္မထံ စုပေါင်းလက်မှတ်ရေးထိုး တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG