သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

G7 အစည္းအေဝးတြင္း ကိုဗစ္ကပ္ေဘးနဲ႔ ဥတုရာသီေျပာင္းလဲမႈ ဦးစားေပးခဲ့


G7 စက္မႈထိပ္သီးႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီး ႏွစ္ဦး ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (ေမ ၅၊ ၂၀၂၁)

[Zawgyi/Unicode]

G7 စက္မႈထိပ္သီး ၇ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြအေနနဲ႔ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး၊ ဥတုရာသီေျပာင္းလဲမႈနဲ႔ မိန္းကေလးငယ္ေတြ ပညာေရးေတြအပါအဝင္ ကမာၻ႔ကိစၥရပ္ႀကီးေတြကို ဒီေန႔ အေလးထားေဆြးေႏြးခဲ့ၾကၿပီး အစည္းအေဝးကို အဆံုးသတ္လိုက္ပါတယ္။

COVAX ကိုဗစ္ကာကြယ္ေဆးဆိုင္ရာ ႏိုင္ငံတကာၫြန္႔ေပါင္းအဖဲြ႕ႀကီးကို ရန္ပံုေငြေတြထည့္၀င္ႏိုင္ျခင္းအားျဖင့္ ကိုဗစ္ဒဏ္ခုခံႏိုင္ဖို႔ အားနည္းတဲ့ႏိုင္ငံေတြကို ကာကြယ္ေဆးေတြ ေပးႏိုင္မယ္လို႔ ၿဗိတိသွ်ႏိုင္ငံျခားေရး၀န္ႀကီး Dominic Rabb ကေျပာပါတယ္။

အခု G7 အစည္းအေဝးမွာ အင္ဒိုပစိဖိတ္ေဒသတြင္းက မိတ္ဖက္ႏိုင္ငံေတြပါအတူ ရွိေနခဲ့တာမို႔ G7 ႏိုင္ငံႀကီးေတြမွာ ပိုေနတဲ့ ကာကြယ္ေဆးေတြကို ဘယ္လိုစီစဥ္သင့္တာနဲ႔ အျပဳသေဘာေဆာင္တဲ့အေျဖေတြထြက္ဖို႔ အားလံုးကို ၿခံဳေဆြးေႏြးႏိုင္ေရး တကယ့္အခြင့္အလမ္းေကာင္းျဖစ္ခဲ့တယ္လို႔လည္း ၿဗိတိသွ်ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာပါတယ္။

အခု အစည္းအေ၀းမွာ G7 အဖြဲ႔ဝင္ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီနဲ႔ ဂ်ပန္တို႔အျပင္၊ ေဒသတြင္းက ၾသစေၾတးလ်၊ အိႏၵိယ၊ ေတာင္ကိုရီးယား၊ ဘ႐ူႏိုင္းနဲ႔၊ ေနာက္ ေတာင္အာဖရိတို႔ပါတက္ခဲ့ၿပီး ၿဗိတိန္ကလက္ခံက်င္းပေပးတာပါ။ အစည္းအေ၀းလာတတ္တဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအေနနဲ႔လည္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ရာမွာ ကိုဗစ္-19 ကာကြယ္ေဆးကိစၥအေရးပါမႈကို ၿဗိတိန္ဘက္က မီးေမာင္းထိုးျပခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken တို႔ႏွစ္ဘက္လံုးက၊ ကိုဗစ္ကာကြယ္ေဆးတစ္ကမာၻလံုးမွာ ထိုးႏိုင္ေရးဟာ ဒီကမာၻ႔ကပ္ေရာဂါႀကီးတိုက္ဖ်က္ေရးအတြက္ အဓိကေသာ့ခ်က္ျဖစ္တယ္လို႔ သေဘာတူခဲ့ၾကေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ရံုး ေျပာခြင့္ရကဆိုပါတယ္။

ဒါ့အျပင္ ႏိုင္ငံတကာမွာပါ ကိုဗစ္ကာကြယ္ေဆးတိုးထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေပးေရးအတြက္၊ G7 ႏိုင္ငံေတြရဲ့ အေရးပါတဲ့ အခန္းက႑ကိုလည္း ႏွစ္ဘက္ အေလးထားေျပာခဲ့ၾကတယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ရံုး ေျပာခြင့္ရက ဆက္ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

G7 အစည်းအဝေးတွင်း ကိုဗစ်ကပ်ဘေးနဲ့ ဥတုရာသီပြောင်းလဲမှု ဦးစားပေးခဲ့

G7 စက်မှုထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၊ ဥတုရာသီပြောင်းလဲမှုနဲ့ မိန်းကလေးငယ်တွေ ပညာရေးတွေအပါအဝင် ကမ္ဘာ့ကိစ္စရပ်ကြီးတွေကို ဒီနေ့ အလေးထားဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အဆုံးသတ်လိုက်ပါတယ်။

COVAX ကိုဗစ်ကာကွယ်ဆေးဆိုင်ရာ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ကြီးကို ရန်ပုံငွေတွေထည့်ဝင်နိုင်ခြင်းအားဖြင့် ကိုဗစ်ဒဏ်ခုခံနိုင်ဖို့ အားနည်းတဲ့နိုင်ငံတွေကို ကာကွယ်ဆေးတွေ ပေးနိုင်မယ်လို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Dominic Rabb ကပြောပါတယ်။

အခု G7 အစည်းအဝေးမှာ အင်ဒိုပစိဖိတ်ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေပါအတူ ရှိနေခဲ့တာမို့ G7 နိုင်ငံကြီးတွေမှာ ပိုနေတဲ့ ကာကွယ်ဆေးတွေကို ဘယ်လိုစီစဉ်သင့်တာနဲ့ အပြုသဘောဆောင်တဲ့အဖြေတွေထွက်ဖို့ အားလုံးကို ခြုံဆွေးနွေးနိုင်ရေး တကယ့်အခွင့်အလမ်းကောင်းဖြစ်ခဲ့တယ်လို့လည်း ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အခု အစည်းအဝေးမှာ G7 အဖွဲ့ဝင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်တို့အပြင်၊ ဒေသတွင်းက သြစတြေးလျ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဘရူနိုင်းနဲ့၊ နောက် တောင်အာဖရိတို့ပါတက်ခဲ့ပြီး ဗြိတိန်ကလက်ခံကျင်းပပေးတာပါ။ အစည်းအဝေးလာတတ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း ဗြိတိန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ကိုဗစ်-19 ကာကွယ်ဆေးကိစ္စအရေးပါမှုကို ဗြိတိန်ဘက်က မီးမောင်းထိုးပြခဲ့ပါတယ်။

ဝန်ကြီးချုပ် Boris Johnson နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့နှစ်ဘက်လုံးက၊ ကိုဗစ်ကာကွယ်ဆေးတစ်ကမ္ဘာလုံးမှာ ထိုးနိုင်ရေးဟာ ဒီကမ္ဘာ့ကပ်ရောဂါကြီးတိုက်ဖျက်ရေးအတွက် အဓိကသော့ချက်ဖြစ်တယ်လို့ သဘောတူခဲ့ကြကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောခွင့်ရကဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှာပါ ကိုဗစ်ကာကွယ်ဆေးတိုးထုတ်နိုင်ဖို့ ကြိုးပမ်းပေးရေးအတွက်၊ G7 နိုင်ငံတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကိုလည်း နှစ်ဘက် အလေးထားပြောခဲ့ကြတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ဆက်ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG