သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယကိုဗစ္ကူးစက္မႈတေန႔သံုးသိန္းေက်ာ္ ၁၂ ရက္ဆက္တိုက္ရွိလာ


အိႏၵိယႏုိင္ငံ Ahmedabad ၿမိဳ႕မွာ ဘူတာ႐ုံတခုမွာ COVID-19 စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)

{{Zawgyi/Unicode}}

ကိုရိုနာဗုိင္းရပ္ ကပ္ေရာဂါဒဏ္ကို အလူးအလဲ ရင္ဆုိင္ေနရတဲ့ အိႏၵိယႏိုင္ငံမွာေန႔စဥ္ ၃ သိန္းေက်ာ္လာတာ ၁၂ ရက္ဆက္တုိက္ရွိေနၿပီး တနလၤာေန႔တရက္ထဲ ပိုးကူးသူသစ္ ၃သိန္း၆ ေသာင္း ၈ ေထာင္ေက်ာ္ရွိပါတယ္။

ကမၻာမွာ ကိုဗစ္ကာကြယ္ေဆးအမ်ားဆုံးကို The Serum Institute အိႏၵိယကုမၸဏီက ထုတ္လုပ္ေနေပမယ့္အိႏၵိယ လူဦးေရ ၂ % ကိုပဲေဆးထိုးေပးရေသးတယ္လုိ႔ ျပည္တြင္းသတင္းေတြကေျပာပါတယ္။

ၿမိဳ႔ေတာ္နယူးေဒလီမွာေတာ့ စာသင္ေက်ာင္းေတြကို ေဆးထိုးဌာနအျဖစ္အသုံးခ်ၿပီး ကာကြယ္ေဆးထိုးေပးေနပါတယ္။

“ အသက္ ၁၈ ကေန ၄၄ ႏွစ္ၾကား ေဒလီၿမိဳ႔ခံအားလုံးကို ကာကြယ္ေဆး အႀကီးအက်ယ္ ထိုးေပးေနပါတယ္။ ဒီကေန႔ကစၿပီးထိုးေပးတာပါ။လက္ရွိ ေက်ာင္း ၁၀ ခုမွာထိုးေပးေနေပမယ့္ ေက်ာင္းေပါင္း ၃ ရာေလာက္မွာ ထိုးေပးႏုိင္ေအာင္ လုပ္သြားမွာပါ " လို႔ ေဒလီ လက္ေထာက္၀န္ႀကီးခ်ဳပ္ MANISH SISODIA ကေျပာသြားတာပါ။

အိႏၵိယအတြက္ အေရးေပၚလိုအပ္ေနတဲ့ ေဆး၀ါးအကူအညီေတြကို ကမၻာ့ႏုိင္ငံအေတာ္မ်ားမ်ားကေပးပို႔လႈဒါန္းေနသလို အေမရိကန္နုိင္ငံကလည္း အကူအညီေတြ အျမန္ဆုံးေပးပို႔ႏုိ္င္ေအာင္လုပ္ကိုင္ေနၿပိီလို႔ သမၼတ အိမ္ျဖဴေတာ္အရာ႐ွိခ်ဳပ္ Ron Klain က CBS ရုပ္သံရဲ ႔ “Face the Nation” အစီအစဥ္မွာေျပာဆိုခဲ့ပါတယ္။

ကပ္ေရာဂါျပန္႔ႏွံ႔မႈ ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္လည္း လာမယ့္ အဂၤါေန႔ကစၿပီး အိႏၵိိယႏုိင္ငံက ေလယာဥ္ေတြ အေမရိကန္မွာ ဆင္းသက္ခြင့္ ပိတ္ပင္မယ္လို႔ အေမရိကန္တာ၀န္ရွိသူေတြ ေသာၾကာေန႔ကေျပာဆိုထားပါတယ္။

အိႏၵိယအတြက္ အေမရိကန္ကေပးပို႔မယ့္ ေဆးဖက္ဆုိင္ရာအကူအညီအမ်ားအျပားရွိေနၿပီး ေအာက္ဆီဂ်င္ဗူးေတြ၊ N95ႏွာေခါင္းစည္းေတြ အပါအ၀င္ အကူအညီေတြပစၥည္းေတြကို ေလယာဥ္ႏွစ္စီးနဲ႔ ကနဦးပို႔ေဆာင္ထားပါတယ္။ ၾသစေတးလ်ႏုုိင္ငံကလည္း အိႏၵိယက ေလယာဥ္ဆင္းသက္မႈကို ကန္႔သတ္ထားတာပါ။ အိႏၵိယကိုခရီးသြားခဲ့သူေတြ ၾသစေတးလ်ႏုိင္ငံထဲ၀င္လာရင္ ေငြဒဏ္ ဒါမွမဟုတ္ ေထာင္ဒဏ္နဲ႔ ရင္ဆုိင္ရႏုိင္တယ္လိ႔ုေျပာပါတယ္။

အင္ဒိုနီးရွားႏုိ္င္ငံကလည္း သူ႔ႏုိင္ငံထဲမွာ အိႏၵိယနဲ႔ ေတာင္အာဖရိက မွာေတြ႔ရတဲ့ ဗီဇေျပာင္းပိုးေတြေတြ႔ရတယ္လို႔ေျပာပါတယ္။

အေမရိကန္က်န္းမာေရးတာ၀န္ရွိသူေတြကလည္း ကာကြယ္ေဆးထိုးထားေပမယ့္ ဗီဇေျပာင္းပိုးေတြ ကူးစက္ျပန္႔ႏွံ႔ႏိုင္တဲ့အတြက္ အင္ဒိုနီးရွားကုိ ခရီးမသြားဖို႔ ျပည္သူေတြကိုအႀကံျပဳထားပါတယ္။

အေမရိကန္ Johns Hopkins တကၠသိုလ္ ကိုဗစ္သုေတသနဌာန စစ္တမ္းအရ တနလၤာေန႔ထိ ကမၻာတ၀ွမ္းကိုဗစ္ကူးခံရသူ ၁၅၃ သန္းနီးပါးရွိၿပီး အေမရိကန္ကေတာ့ ၃၂.၄ သန္းနဲ ကမၻာမွာပုိးကူးသူအမ်ားဆုံးပါ။

သူ႔ေနာက္မွာေတာ့ အိႏၵိယက သန္း ၂၀ ၀န္းက်င္နဲ႔ ဘရာဇီးလ္း ၁၄.၇ သန္းစီ အသီးသီးရွိေနနပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကိုရိုနာဗိုင်းရပ် ကပ်ရောဂါဒဏ်ကို အလူးအလဲ ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမှာနေ့စဉ် ၃ သိန်းကျော်လာတာ ၁၂ ရက်ဆက်တိုက်ရှိနေပြီး တနင်္လာနေ့တရက်ထဲ ပိုးကူးသူသစ် ၃သိန်း၆ သောင်း ၈ ထောင်ကျော်ရှိပါတယ်။

ကမ္ဘာမှာ ကိုဗစ်ကာကွယ်ဆေးအများဆုံးကို The Serum Institute အိန္ဒိယကုမ္ပဏီက ထုတ်လုပ်နေပေမယ့်အိန္ဒိယ လူဦးရေ ၂ % ကိုပဲဆေးထိုးပေးရသေးတယ်လို့ ပြည်တွင်းသတင်းတွေကပြောပါတယ်။

မြို့တော်နယူးဒေလီမှာတော့ စာသင်ကျောင်းတွေကို ဆေးထိုးဌာနအဖြစ်အသုံးချပြီး ကာကွယ်ဆေးထိုးပေးနေပါတယ်။

“ အသက် ၁၈ ကနေ ၄၄ နှစ်ကြား ဒေလီမြို့ခံအားလုံးကို ကာကွယ်ဆေး အကြီးအကျယ် ထိုးပေးနေပါတယ်။ ဒီကနေ့ကစပြီးထိုးပေးတာပါ။လက်ရှိ ကျောင်း ၁၀ ခုမှာထိုးပေးနေပေမယ့် ကျောင်းပေါင်း ၃ ရာလောက်မှာ ထိုးပေးနိုင်အောင် လုပ်သွားမှာပါ " လို့ ဒေလီ လက်ထောက်ဝန်ကြီးချုပ် MANISH SISODIA ကပြောသွားတာပါ။

အိန္ဒိယအတွက် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးအကူအညီတွေကို ကမ္ဘာ့နိုင်ငံအတော်များများကပေးပို့လှုဒါန်းနေသလို အမေရိကန်နိုင်ငံကလည်း အကူအညီတွေ အမြန်ဆုံးပေးပို့နိုင်အောင်လုပ်ကိုင်နေပြီလို့ သမ္မတ အိမ်ဖြူတော်အရာရှိချုပ် Ron Klain က CBS ရုပ်သံရဲ့ “Face the Nation” အစီအစဉ်မှာပြောဆိုခဲ့ပါတယ်။

ကပ်ရောဂါပြန့်နှံ့မှု ထိန်းချုပ်နိုင်ဖို့အတွက်လည်း လာမယ့် အင်္ဂါနေ့ကစပြီး အိန္ဒိယနိုင်ငံက လေယာဉ်တွေ အမေရိကန်မှာ ဆင်းသက်ခွင့် ပိတ်ပင်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေ သောကြာနေ့ကပြောဆိုထားပါတယ်။

အိန္ဒိယအတွက် အမေရိကန်ကပေးပို့မယ့် ဆေးဖက်ဆိုင်ရာအကူအညီအများအပြားရှိနေပြီး အောက်ဆီဂျင်ဗူးတွေ၊ N95နှာခေါင်းစည်းတွေ အပါအဝင် အကူအညီတွေပစ္စည်းတွေကို လေယာဉ်နှစ်စီးနဲ့ ကနဦးပို့ဆောင်ထားပါတယ်။ သြစတေးလျနိုင်ငံကလည်း အိန္ဒိယက လေယာဉ်ဆင်းသက်မှုကို ကန့်သတ်ထားတာပါ။ အိန္ဒိယကိုခရီးသွားခဲ့သူတွေ သြစတေးလျနိုင်ငံထဲဝင်လာရင် ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ရင်ဆိုင်ရနိုင်တယ်လိ့ုပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံကလည်း သူ့နိုင်ငံထဲမှာ အိန္ဒိယနဲ့ တောင်အာဖရိက မှာတွေ့ရတဲ့ ဗီဇပြောင်းပိုးတွေတွေ့ရတယ်လို့ပြောပါတယ်။

အမေရိကန်ကျန်းမာရေးတာဝန်ရှိသူတွေကလည်း ကာကွယ်ဆေးထိုးထားပေမယ့် ဗီဇပြောင်းပိုးတွေ ကူးစက်ပြန့်နှံ့နိုင်တဲ့အတွက် အင်ဒိုနီးရှားကို ခရီးမသွားဖို့ ပြည်သူတွေကိုအကြံပြုထားပါတယ်။

အမေရိကန် Johns Hopkins တက္ကသိုလ် ကိုဗစ်သုတေသနဌာန စစ်တမ်းအရ တနင်္လာနေ့ထိ ကမ္ဘာတဝှမ်းကိုဗစ်ကူးခံရသူ ၁၅၃ သန်းနီးပါးရှိပြီး အမေရိကန်ကတော့ ၃၂.၄ သန်းနဲ ကမ္ဘာမှာပိုးကူးသူအများဆုံးပါ။

သူ့နောက်မှာတော့ အိန္ဒိယက သန်း ၂၀ ဝန်းကျင်နဲ့ ဘရာဇီးလ်း ၁၄.၇ သန်းစီ အသီးသီးရှိနေနပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG