သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ေန႔စဥ္ကိုဗစ္ကူးစက္မႈ လူသံုးသိန္းေက်ာ္ ၁၃ ရက္ေျမာက္ရွိလာ


ကိုဗစ္ကူူးစက္ခံရသူတဦးကို က်န္းမာေရးဝန္ထမ္းမ်ား ေဆးရံုသို႔ ပို႔ေဆာင္ေပးေနတဲ့ ျမင္ကြင္းကို အိႏၵိယႏိုင္ငံ Mumbai ၿမိဳ႕မွာ ေတြ႔ရ။ (ေမ ၄၊ ၂၀၂၁)

[Zawgyi/Unicode]

အိႏိၵယႏုိင္ငံမွာ က်န္းမာေရးစနစ္ႀကီး ၿပိဳလဲသြားေစတဲ့ ကိုဗစ္ဒုတိယလႈိင္းနဲ႔ ရင္ဆုိင္ေနရၿပီး ဒီကေန႔တရက္ထဲ ပိုးကူးသူသစ္ ၃၅၇,၀၀၀ ေက်ာ္ရွိၿပီး ေန႔စဥ္ပိုးကူးသူ ၃၀၀,၀၀၀ ေက်ာ္တဲ့ ၁၃ ရက္ေျမာက္ေန႔လည္းျဖစ္ပါတယ္။ ၂၄ နာရီအတြင္းေသဆုံးသူကလည္း ၃,၅၀၀ နီးပါးရွိေၾကာင္း အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနရဲ ႔ ကိန္းဂဏန္းေတြမွာ ေတြ႔ရပါတယ္။ နယူးေဒလီၿမိဳ ႔က ေဆးရုံေတြမွာလည္း အခက္္အခဲေပါင္းစံုနဲ႔ ရင္ဆုိင္ေနရပါတယ္။

“စိတ္ဓာတ္က်ေအာင္ေျပာေနတာ မဟုတ္ပါဘူး။ က်န္းမာေရးစနစ္ၿပိဳလဲသြားတာပါ။ က်မတို႔မွာ လူတေယာက္အတြက္ ၀မ္းနည္းဖို႔ေတာင္ အခ်ိန္မရွိပါဘူး။ ဒီမွာလူနာေတြ ေသဆုံးေနတာပါ။ ဒါဖုန္းကြယ္ထားတဲ့ အခ်က္ေတြ မဟုတ္ပါဘူး။ ဒီမွာ လူတုိင္းျမင္ေတြ႔ေနရတာပါ။ အုပ္ခ်ဳပ္ေရးမွဴးေရာ၊ အစိုးရေရာ လူတုိင္းသိတဲ့ကိစၥ ျဖစ္ပါတယ္။" လို႔ အေရးေပးလူနာဌာနဆရာ၀န္ ေဒါက္တာ Ruchi Gupta ကေျပာသြားတာပါ။

အေမရိကန္ Johns Hopkins တကၠသိုလ္ ကုိဗစ္သုေတသနစစ္တမ္းအရ အိႏၵိယမွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ ၂၂၀,၀၀၀ ေက်ာ္အပါအ၀င္ပိုးကူးသူ စုစုေပါင္း ၂၀.၂ သန္းရွိၿပီး အေမရိကန္ၿပိီးရင္းကမၻာမွာ ဒုတိယအမ်ားဆုံးပါ။ ဒီနွစ္အေစာပိုင္းကေတာ့ အိႏၵိယမွာ ပိုးကူးစက္မႈ ထိန္းခ်ဳပ္ထားႏုိင္ခဲ့ေပမဲ့ ကူးစက္ျမန္မ်ိဳး ဗီဇေျပာင္းပိုးေတြေၾကာင့္ေရာ ကန္႔သတ္ခ်က္ေျဖေလ်ာ့ၿပီး လူစုလူေ၀းလုပ္ခဲ့တဲ့အတြက္ေၾကာင့္ လက္ရွိအျခအေနေပၚေပါက္လာတာလို႔ေျပာၾကပါတယ္။

ကုလသမဂၢကလည္း အိႏၵိယအစိုးရနဲ႔ ပူးေပါင္းၿပီး ကိုဗစ္ကာကြယ္ေဆးဆုိင္ရာ သတင္းမွားေတြ တုိက္္ဖ်က္ဖို႔ လုပ္ကိုင္ေနပါတယ္။ ကာကြယ္ေဆးအေရးပါပုံနဲ႔ ပိုးကူးစက္မႈထိန္းခ်ဳပ္ေရးအတြက္ ႏိုင္ငံတ၀ွမ္းက ေက်းရြာေနျပည္သူ ၁၇ သန္းဆီ သတင္းစကား ေရာက္ဖို႔ ေရဒီယိုအသံလႊင့္ဌာနေတြနဲ႔ တြဲၿပီးလုပ္ကိုင္ေနတယ္လို႔ ကုလသမဂၢက တနလၤာေန႔မွာေျပာပါတယ္။ အိႏၵိယအတြက္ ေဆး၀ါးပစၥည္းကိရိယာေတြကို ႏုိင္ငံအေတာ္မ်ားမ်ားက ေပးပို႔လႈဒါန္းေနသလို ဗီဇေျပာင္းပိုးေတြ ၀င္မလာေအာင္ အိႏၵိယက လာတဲ့ ေလယာဥ္ေတြကိုလည္း တခိ်ဳ ႔ႏုိင္ငံေတြက ကန္႔သတ္ထားၾကပါတယ္။

ဒီအခိ်န္မွာပဲ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က ကမၻာတ၀ွမ္းျဖန္႔ျဖဴးမယ့္ ကိုဗစ္ကာကြယ္ေဆးအစီအစဥ္ COVAX တြက္ AstraZneca, Moderna နဲ႔ Johnson & Johnson တုိ႔က ကာကြယ္ေဆး သန္းနဲ႔ခ်ီ ေထာက္ပံ႔ေပးဖို႔ လတ္တေလာ ကတိျပဳခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာ နေ့စဉ်ကိုဗစ်ကူးစက်မှု လူသုံးသိန်းကျော် ၁၃ ရက်မြောက်ရှိလာ

အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးစနစ်ကြီး ပြိုလဲသွားစေတဲ့ ကိုဗစ်ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီး ဒီကနေ့တရက်ထဲ ပိုးကူးသူသစ် ၃၅၇,၀၀၀ ကျော်ရှိပြီး နေ့စဉ်ပိုးကူးသူ ၃၀၀,၀၀၀ ကျော်တဲ့ ၁၃ ရက်မြောက်နေ့လည်းဖြစ်ပါတယ်။ ၂၄ နာရီအတွင်းသေဆုံးသူကလည်း ၃,၅၀၀ နီးပါးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။ နယူးဒေလီမြို့က ဆေးရုံတွေမှာလည်း အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

“စိတ်ဓာတ်ကျအောင်ပြောနေတာ မဟုတ်ပါဘူး။ ကျန်းမာရေးစနစ်ပြိုလဲသွားတာပါ။ ကျမတို့မှာ လူတယောက်အတွက် ဝမ်းနည်းဖို့တောင် အချိန်မရှိပါဘူး။ ဒီမှာလူနာတွေ သေဆုံးနေတာပါ။ ဒါဖုန်းကွယ်ထားတဲ့ အချက်တွေ မဟုတ်ပါဘူး။ ဒီမှာ လူတိုင်းမြင်တွေ့နေရတာပါ။ အုပ်ချုပ်ရေးမှူးရော၊ အစိုးရရော လူတိုင်းသိတဲ့ကိစ္စ ဖြစ်ပါတယ်။" လို့ အရေးပေးလူနာဌာနဆရာဝန် ဒေါက်တာ Ruchi Gupta ကပြောသွားတာပါ။

အမေရိကန် Johns Hopkins တက္ကသိုလ် ကိုဗစ်သုတေသနစစ်တမ်းအရ အိန္ဒိယမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၂၂၀,၀၀၀ ကျော်အပါအဝင်ပိုးကူးသူ စုစုပေါင်း ၂၀.၂ သန်းရှိပြီး အမေရိကန်ပြီးရင်းကမ္ဘာမှာ ဒုတိယအများဆုံးပါ။ ဒီနှစ်အစောပိုင်းကတော့ အိန္ဒိယမှာ ပိုးကူးစက်မှု ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ကူးစက်မြန်မျိုး ဗီဇပြောင်းပိုးတွေကြောင့်ရော ကန့်သတ်ချက်ဖြေလျော့ပြီး လူစုလူဝေးလုပ်ခဲ့တဲ့အတွက်ကြောင့် လက်ရှိအခြအနေပေါ်ပေါက်လာတာလို့ပြောကြပါတယ်။

ကုလသမဂ္ဂကလည်း အိန္ဒိယအစိုးရနဲ့ ပူးပေါင်းပြိး ကိုဗစ်ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ တိုက်ဖျက်ဖို့ လုပ်ကိုင်နေပါတယ်။ ကာကွယ်ဆေးအရေးပါပုံနဲ့ ပိုးကူးစက်မှုထိန်းချုပ်ရေးအတွက် နိုင်ငံတဝှမ်းက ကျေးရွာနေပြည်သူ ၁၇ သန်းဆီ သတင်းစကား ရောက်ဖို့ ရေဒီယိုအသံလွှင့်ဌာနတွေနဲ့ တွဲပြီးလုပ်ကိုင်နေတယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာပြောပါတယ်။ အိန္ဒိယအတွက် ဆေးဝါးပစ္စည်းကိရိယာတွေကို နိုင်ငံအတော်များများက ပေးပို့လှုဒါန်းနေသလို ဗီဇပြောင်းပိုးတွေ ဝင်မလာအောင် အိန္ဒိယကလာတဲ့ လေယာဉ်တွေကိုလည်း တချို့နိုင်ငံတွေက ကန့်သတ်ထားကြပါတယ်။

ဒီအချိန်မှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာတဝှမ်းဖြန့်ဖြူးမယ့် ကိုဗစ်ကာကွယ်ဆေးအစီအစဉ် COVAX တွက် AstraZneca, Moderna နဲ့ Johnson & Johnson တို့က ကာကွယ်ဆေး သန်းနဲ့ချီ ထောက်ပံ့ပေးဖို့ လတ်တလော ကတိပြုခဲ့ကြပါတယ်။

XS
SM
MD
LG