(Zawgyi/Unicode)
ကိုဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြေၾကာင့္ က်န္းမာေရးစနစ္ ၿပိဳလဲတဲ့ အေျခအေနနဲ႔ ၾကံဳေနရတဲ့ အိႏၵိယႏိုင္ငံမွာ ေရာဂါကူးစက္သူ အတည္ျပဳလူနာ သန္း ၂၀ ေက်ာ္ သြားပါၿပီ။
ေရာဂါပိုး ကူးစက္သူ လူနာသစ္ ေန႔စဥ္ ၃ သိန္းေက်ာ္ေနတာ ၁၃ ရက္ေန႔ေျမာက္အျဖစ္ အဂၤါေန႔မွာလည္း ၃၅၇,၂၂၉ ေယာက္ကို က်န္းမာေရး ၀န္ႀကီးဌာနက အတည္ျပဳခဲ့ပါတယ္။ ၂၄ နာရီအတြင္း ေသဆုံးသူ အေရအတြက္ဟာလည္း ၃,၄၄၉ ေယာက္ ရွိခဲ့တာပါ။
အေမရိကန္ ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ရဲ႕ စာရင္းအရ၊ အိႏၵိယႏိုင္ငံမွာ ကိုဗစ္လူနာ ၂၀.၂ သန္းေက်ာ္ ရွိေနသလို၊ ေသဆုံးသူ ၂၂၂,၄၀၈ ေယာက္ ရွိေနပါတယ္။ ကူးစက္သူအေရအတြက္ဟာ ကမာၻမွာ အေမရိကန္ၿပီးရင္ အိႏၵိယႏိုင္ငံက ဒုတိယ အမ်ားဆုံး ျဖစ္ေနၿပီး၊ ေသဆုံးသူ အေရအတြက္ကေတာ့ အေမရိကန္နဲ႔ ဘရာဇီးႏိုင္ငံေတြၿပီးရင္ တတိယ အမ်ားဆုံး ျဖစ္ပါတယ္။
အိႏၵိယႏိုင္ငံမွာ ကူးစက္မႈေတြ တေက်ာ့ျပန္ မ်ားလာရတဲ့ အေၾကာင္းရင္းေတြထဲမွာ ဗိုင္းရပ္စ္ပိုး အမ်ဳိးအစားသစ္ ပ်ံ႕ႏွံ႔မႈနဲ႔ ဒီႏွစ္ဆန္းပိုင္းမွာ ကူးစက္မႈေတြ ေလ်ာ့က်လာရာက ကပ္ေရာဂါထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြကို ေလွ်ာ့ေပးလိုက္တာေတြ ပါ၀င္တယ္လို႔လည္း ယူဆၾကပါတယ္။
အတိုက္အခံ အိႏၵိယ အမ်ဳိးသားကြန္ဂရက္ပါတီ ေခါင္းေဆာင္ Rahul Gandhi ကေတာ့ ၀န္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ တုံ႔ျပန္ေဆာင္ရြက္မႈ အားနည္းခ်က္ေၾကာင့္ အျပစ္မဲ့ျပည္သူေတြ အသက္ဆုံး႐ႈံးေနရေၾကာင္း ေ၀ဖန္ေျပာဆိုလိုက္သလို၊ ေရာဂါကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ေအာင္ ႏိုင္ငံအ၀န္း သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ဖို႔လည္း Twitter လူမႈကြန္ရက္ကေန အဂၤါေန႔ကပဲ တိုက္တြန္းထားပါတယ္။
............
အိန္ဒိယ ကိုဗစ်ကူးစက်မှု သန်း ၂၀ ကျော်လာပြီ
(Unicode)
ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေကြောင့် ကျန်းမာရေးစနစ် ပြိုလဲတဲ့ အခြေအနေနဲ့ ကြုံနေရတဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်သူ အတည်ပြုလူနာ သန်း ၂၀ ကျော် သွားပါပြီ။
ရောဂါပိုး ကူးစက်သူ လူနာသစ် နေ့စဉ် ၃ သိန်းကျော်နေတာ ၁၃ ရက်နေ့မြောက်အဖြစ် အင်္ဂါနေ့မှာလည်း ၃၅၇,၂၂၉ ယောက်ကို ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ ၂၄ နာရီအတွင်း သေဆုံးသူ အရေအတွက်ဟာလည်း ၃,၄၄၉ ယောက် ရှိခဲ့တာပါ။
အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းအရ၊ အိန္ဒိယနိုင်ငံမှာ ကိုဗစ်လူနာ ၂၀.၂ သန်းကျော် ရှိနေသလို၊ သေဆုံးသူ ၂၂၂,၄၀၈ ယောက် ရှိနေပါတယ်။ ကူးစက်သူအရေအတွက်ဟာ ကမ္ဘာမှာ အမေရိကန်ပြီးရင် အိန္ဒိယနိုင်ငံက ဒုတိယ အများဆုံး ဖြစ်နေပြီး၊ သေဆုံးသူ အရေအတွက်ကတော့ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတွေပြီးရင် တတိယ အများဆုံး ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ တကျော့ပြန် များလာရတဲ့ အကြောင်းရင်းတွေထဲမှာ ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် ပျံ့နှံ့မှုနဲ့ ဒီနှစ်ဆန်းပိုင်းမှာ ကူးစက်မှုတွေ လျော့ကျလာရာက ကပ်ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို လျှော့ပေးလိုက်တာတွေ ပါဝင်တယ်လို့လည်း ယူဆကြပါတယ်။
အတိုက်အခံ အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ခေါင်းဆောင် Rahul Gandhi ကတော့ ဝန်ကြီးချုပ် Narendra Modi ရဲ့ တုံ့ပြန်ဆောင်ရွက်မှု အားနည်းချက်ကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးနေရကြောင်း ဝေဖန်ပြောဆိုလိုက်သလို၊ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်အောင် နိုင်ငံအဝန်း သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ဖို့လည်း Twitter လူမှုကွန်ရက်ကနေ အင်္ဂါနေ့ကပဲ တိုက်တွန်းထားပါတယ်။