သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယမွာေတြ႔တဲ့ ဗီဇေျပာင္းကို႐ိုနာပိုး ကမၻာ့စိုးရိမ္စရာျဖစ္လာ


ကိုဗစ္ကူးစက္ခံရသူ တဦးအား ေဆးကုသေပးေနသည့္ က်န္းမာေရးဝန္ထမ္းမ်ားကို အိႏိၵယႏိုင္ငံ New Delhi ၿမိဳ႕က ေဆးရံုတခုမွာ ေတြ႔ရ။ ။ (ဧၿပီ ၃၀၊ ၂၀၂၁)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ ပထမဆုံးေတြ႔ရတဲ့ မ်ိဳးဗီဇေျပာင္း ကို႐ိုနာဗုိင္းရပ္စ္ပိုးသစ္ကို တကမၻာလုံးစိုးရိမ္ရမယ့္ပိုး အမ်ိဳးအစားအျဖစ္ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က သတ္မွတ္လိုက္ပါတယ္။ ဒီပိုးဟာ ကူးစက္မႈျမန္ဆန္တာကို ကနဦးေလ့လာမႈေတြမွာ ေတြ႔ရတယ္လို႔လည္း WHO က တနလၤာေန႔မွာ ေျပာဆိုခဲ့ပါတယ္။

“WHO ရဲ ႔ ဗုိင္းရပ္စ္ပိုးေလ့လာေရးအဖြဲ႔၊ ေရာဂါခုခံႏုိင္စြမ္းေလ့လာတဲ့အဖြဲ႔ EPI နဲ႔ ဓာတ္ခြဲခန္းပညာရွင္တို႔ ေလ့လာ ေတြ႔ရွိထားတဲ့ အခ်က္အလက္တခ်ိဳ ႔အရ ဒါဟာ B.1.617 ကူးစက္ျမန္ပိုး အမ်ိဳးအစားျဖစ္တယ္ဆိုတာေတြ႔ရပါတယ္။ ဒီေတြ႔ရွိခ်က္ေတြကို ပုံႏွိပ္ထုတ္ျပန္ထားၿပီးပါၿပီ။ အေသအခ်ာ ေလ့လာဆန္းစစ္္တာေတာ့ မလုပ္ရေသးပါဘူး။ ကာကြယ္ေဆး သိပ္မတိုးတဲ့ လူတခိ်ဳ ႔ကိုလည္း ေတြ႔ေနရပါတယ္။ ဒါေၾကာင့္ ဒီဗိုင္းရပ္စ္ပိုးဟာ ကမၻာက စိုးရိမ္ရမယ့္ ပိုးအမ်ိဳးအစားအျဖစ္က်မတို႔ သတ္မွတ္လိုက္တာျဖစ္ပါတယ္။" လို႔ WHO ရဲ ႔ COVID-19 ဆိုင္ရာ နည္းပညာအဖဲြ႔ေခါင္းေဆာင္ Maria Van Kerkhove ကသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

B.1.617 ကိုဗစ္ပိုးအမ်ိဳးအစားကို အိႏၵိယမွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ပမထဆုံးေတြ႔ရိွခဲ့ၿပီး တကမၻာလုံးက စိုးရိမ္ရမယ့္ ၄ ခုေျမာက္ ဗီဇေျပာင္းပိုးအမ်ိဳးအစား တခုလည္းျဖစ္ပါတယ္။ ဒီပိုးကို ေျခရာေကာက္ၿပီး အေသအခ်ာ ေလ့လာဆန္းစစ္ဖို႔ေတာ့ပါေသးတယ္။ က်န္ ဗီဇေျပာင္းပိုးေတြကို ၿဗိတိန္၊ ေတာင္အာဖရိကနဲ႔ ဘရာဇီးလ္ႏုိင္ငံမွာ ေတြ႔ထားတာပါ။ အေမရိကန္ၿပီးရင္ ကမၻာမွာ ပိုးကူးသူ ဒုတိယအမ်ားဆုံးရွိတဲ့ အိႏၵိယမွာ အဂၤါေန႔ထိပိုးကူးသူ ၂၂.၉ သန္းေက်ာ္ရွိပါတယ္။ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနအဆိုအရ ေသဆုံးသူက ၂၅၀,၀၀၀ ၀န္းက်င္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာတွေ့တဲ့ ဗီဇပြောင်းကိုရိုနာပိုး ကမ္ဘာ့စိုးရိမ်စရာဖြစ်လာ

အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို တကမ္ဘာလုံးစိုးရိမ်ရမယ့်ပိုး အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်လိုက်ပါတယ်။ ဒီပိုးဟာ ကူးစက်မှုမြန်ဆန်တာကို ကနဦးလေ့လာမှုတွေမှာ တွေ့ရတယ်လို့လည်း WHO က တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

“WHO ရဲ့ ဗိုင်းရပ်စ်ပိုးလေ့လာရေးအဖွဲ့၊ ရောဂါခုခံနိုင်စွမ်းလေ့လာတဲ့အဖွဲ့ EPI နဲ့ ဓာတ်ခွဲခန်းပညာရှင်တို့ လေ့လာ တွေ့ရှိထားတဲ့ အချက်အလက်တချို့အရ ဒါဟာ B.1.617 ကူးစက်မြန်ပိုး အမျိုးအစားဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ ဒီတွေ့ရှိချက်တွေကို ပုံနှိပ်ထုတ်ပြန်ထားပြီးပါပြီ။ အသေအချာ လေ့လာဆန်းစစ်တာတော့ မလုပ်ရသေးပါဘူး။ ကာကွယ်ဆေး သိပ်မတိုးတဲ့ လူတချို့ကိုလည်း တွေ့နေရပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာက စိုးရိမ်ရမယ့် ပိုးအမျိုးအစားအဖြစ်ကျမတို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။" လို့ WHO ရဲ့ COVID-19 ဆိုင်ရာ နည်းပညာအဖွဲ့ခေါင်းဆောင် Maria Van Kerkhove ကသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

B.1.617 ကိုဗစ်ပိုးအမျိုးအစားကို အိန္ဒိယမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပမထဆုံးတွေ့ရှိခဲ့ပြီး တကမ္ဘာလုံးက စိုးရိမ်ရမယ့် ၄ ခုမြောက် ဗီဇပြောင်းပိုးအမျိုးအစား တခုလည်းဖြစ်ပါတယ်။ ဒီပိုးကို ခြေရာကောက်ပြီး အသေအချာ လေ့လာဆန်းစစ်ဖို့တော့ပါသေးတယ်။ ကျန် ဗီဇပြောင်းပိုးတွေကို ဗြိတိန်၊ တောင်အာဖရိကနဲ့ ဘရာဇီးလ်နိုင်ငံမှာ တွေ့ထားတာပါ။ အမေရိကန်ပြီးရင် ကမ္ဘာမှာ ပိုးကူးသူ ဒုတိယအများဆုံးရှိတဲ့ အိန္ဒိယမှာ အင်္ဂါနေ့ထိပိုးကူးသူ ၂၂.၉ သန်းကျော်ရှိပါတယ်။ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနအဆိုအရ သေဆုံးသူက ၂၅၀,၀၀၀ ဝန်းကျင်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG