သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏိၵယ ကိုဗစ္ အရွိန္ျမင့္ဆဲ


နယူးေဒလီက ေဆး႐ုံတခုမွာ ကုိဗစ္လူနာရဲ႕ ဓာတ္မွန္ ၾကည့္႐ႈေနတဲ့ ဆရာဝန္။ (ေမ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

တကမာၻလုံးမွာ COVID-19 ကူးစက္သူေပါင္း ၁၅၇ သန္းေက်ာ္နဲ႔ ေသဆုံးရသူ ၃.၃ သန္း ရွိသြားၿပီလို႔ Johns Hopkins ကိုဗစ္သုေတသနစင္တာရဲ႕ တနဂၤေႏြညအထိ စာရင္းမွာ ေဖာ္ျပပါတယ္။

ကူးစက္မႈ ဆိုးရြားေနဆဲ အိႏၵိယႏိုင္ငံမွာေတာ့ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကုိဗစ္ေၾကာင့္ ေသဆုံးသူ ၄,၀၀၀ ေက်ာ္နဲ႔ ကူးစက္အတည္ျပဳလူနာ ၄၀၃,၀၀၀ ေက်ာ္ ရွိပါတယ္။ ဒါေပမယ့္ တကယ့္လက္ေတြ႔မွာ ကူးစက္၊ ေသဆုံး အေရအတြက္က ဒီထက္မ်ားႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြက သုံးသပ္ပါတယ္။

အိႏၵိယ က်န္းမာေရးပညာရွင္ေတြနဲ႔ အတိုက္အခံ ႏုိင္ငံေရးသမားေတြ တိုက္တြန္းေနေပမယ့္ ေရာဂါထိန္းခ်ဳပ္ေရး တႏိုင္ငံလုံး အသြားအလာ ကန္႔သတ္မႈကိုေတာ့ ဝန္ႀကီးခ်ဳပ္ Narendra Modi က မခ်မွတ္ေသးပါဘူး။

ျပည္နယ္တခ်ိဳ႕မွာေတာ့ ျပည္နယ္အစိုးရေတြရဲ႕ ကုိယ္ပိုင္အစီအစဥ္နဲ႔ ကန္႔သတ္မႈေတြ ခ်မွတ္ထားပါတယ္။ အိႏၵိယမွာ ခုခ်ိန္ထိ ကိုဗစ္ကူးစက္ခဲ့သူေပါင္း ၂၂ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၂၄၂,၀၀၀ ရွိေနၿပီလို႔ Johns Hopkins သုေတသနဌာနက ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ကုိဗစ္ကပ္ေရာဂါ တိုက္ဖ်က္ေရးမွာ ခက္ခဲတဲ့ အခ်ိန္ေတြကို ေက်ာ္လႊားႏုိင္ခဲ့ၿပီး ပန္းတိုင္ေရာက္လုနီးပါး ျဖစ္ေနၿပီလို႔ သမၼတ အိမ္ျဖဴေတာ္က တနဂၤေႏြေန႔မွာ ေျပာၾကားလုိက္ပါတယ္။ အေမရိကန္ျပည္သူေတြကို ကိုဗစ္ကာကြယ္ေဆး အလုံအေလာက္ ျဖန္႔ေဝေပးထားတယ္လို႔ အိမ္ျဖဴေတာ္ရဲ႕ ကိုဗစ္ထိန္းခ်ဳပ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးမွဴး Jeffrey Zients က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ လူဦးေရရဲ႕ ၅၈ ရာခုိင္ႏႈန္းျဖစ္တဲ့ အသက္ ၁၈ ႏွစ္နဲ႔အထက္ လူ ၁၄၉ သန္း နီးပါးမွာ ကိုဗစ္ကာကြယ္ေဆး ၁ ႀကိမ္ ထိုးထားၿပီးၿပီလို႔ ဆိုပါတယ္။ ေဆး ၂ ႀကိမ္စလုံး ထိုးၿပီးသူ ၁၂၃ သန္းနီးပါးရွိတယ္လို႔ ကပ္ေရာဂါထိန္းခ်ဳပ္ေရးဆိုင္ရာ အႀကံေပးပညာရွင္ Dr. Fauci က ေျပာပါတယ္။

လာမယ့္ အေမရိကန္ လြတ္လပ္ေရးေန႔ ဇူလိုင္ ၄ ရက္ေန႔ေရာက္ရင္ လူဦးေရရဲ႕ ၇၀ ရာခုိင္ႏႈန္း ကာကြယ္ေဆးထိုးၿပီးသား ျဖစ္လိမ့္မယ္လို႔ သမၼတ ဂ်ဳိးဘိုင္ဒန္က မွန္းထားပါတယ္။ အေမရိကန္မွာေတာ့ ခုခ်ိန္ထိ ကိုဗစ္ကူးစက္ခဲ့သူေပါင္း ၃၂.၆ သန္းရွိၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၅၈၁,၀၀၀ ရွိပါတယ္။

အိႏိၵယ ကိုဗစ္ အရွိန္ျမင့္ဆဲ
please wait

No media source currently available

0:00 0:01:09 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အိန္ဒိယ ကိုဗစ် အရှိန်မြင့်ဆဲ

တကမ္ဘာလုံးမှာ COVID-19 ကူးစက်သူပေါင်း ၁၅၇ သန်းကျော်နဲ့ သေဆုံးရသူ ၃.၃ သန်း ရှိသွားပြီလို့ Johns Hopkins ကိုဗစ်သုတေသနစင်တာရဲ့ တနင်္ဂနွေညအထိ စာရင်းမှာ ဖော်ပြပါတယ်။

ကူးစက်မှု ဆိုးရွားနေဆဲ အိန္ဒိယနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၄,၀၀၀ ကျော်နဲ့ ကူးစက်အတည်ပြုလူနာ ၄၀၃,၀၀၀ ကျော် ရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ကူးစက်၊ သေဆုံး အရေအတွက်က ဒီထက်များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အိန္ဒိယ ကျန်းမာရေးပညာရှင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ တိုက်တွန်းနေပေမယ့် ရောဂါထိန်းချုပ်ရေး တနိုင်ငံလုံး အသွားအလာ ကန့်သတ်မှုကိုတော့ ဝန်ကြီးချုပ် Narendra Modi က မချမှတ်သေးပါဘူး။

ပြည်နယ်တချို့မှာတော့ ပြည်နယ်အစိုးရတွေရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။ အိန္ဒိယမှာ ခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၂၂ သန်းကျော်နဲ့ သေဆုံးသူ ၂၄၂,၀၀၀ ရှိနေပြီလို့ Johns Hopkins သုတေသနဌာနက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ခက်ခဲတဲ့ အချိန်တွေကို ကျော်လွှားနိုင်ခဲ့ပြီး ပန်းတိုင်ရောက်လုနီးပါး ဖြစ်နေပြီလို့ သမ္မတ အိမ်ဖြူတော်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေး အလုံအလောက် ဖြန့်ဝေပေးထားတယ်လို့ အိမ်ဖြူတော်ရဲ့ ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Jeffrey Zients က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူဦးရေရဲ့ ၅၈ ရာခိုင်နှုန်းဖြစ်တဲ့ အသက် ၁၈ နှစ်နဲ့အထက် လူ ၁၄၉ သန်း နီးပါးမှာ ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ် ထိုးထားပြီးပြီလို့ ဆိုပါတယ်။ ဆေး ၂ ကြိမ်စလုံး ထိုးပြီးသူ ၁၂၃ သန်းနီးပါးရှိတယ်လို့ ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ အကြံပေးပညာရှင် Dr. Fauci က ပြောပါတယ်။

လာမယ့် အမေရိကန် လွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်နေ့ရောက်ရင် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီးသား ဖြစ်လိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က မှန်းထားပါတယ်။ အမေရိကန်မှာတော့ ခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၃၂.၆ သန်းရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၅၈၁,၀၀၀ ရှိပါတယ်။

XS
SM
MD
LG