(Zawgyi / Unicode)
အိႏိၵယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၄၀၁,၀၀၀ ထပ္တိုးခဲ့ၿပီး ေသဆံုးသူက ၄,၂၀၀ နီးပါး ထပ္တိုးခဲ့တယ္လုိ႔ အိႏိၵယ က်န္းမာေရးဌာနက ဒီကေန႔ေျပာပါတယ္။
အိႏိၵယမွာ ကိုဗစ္ကူးစက္သူ အေရအတြက္ဟာ ဒီ့ထက္ ပိုမ်ားႏိုင္ေျခရွိၿပီး အျမင့္ဆံုး ကူးစက္တဲ့ ပမာဏကို ေမလကုန္တဲ့အထိ ေရာက္ဦးမွာ မဟုတ္ေသးဘူးလို႔ လူထုက်န္းမာေရးဆိုင္ရာ ကၽြမ္းက်င္သူေတြက ယူဆၾကပါတယ္။
အိႏိၵယတႏုိင္ငံလံုးကို lockdown လုပ္ဖို႔၊ ကာကြယ္ေဆးထိုးလုပ္ငန္းကို အရွိန္ျမႇင့္လုပ္ေဆာင္ဖုိ႔နဲ႔ ဗိုင္းရပ္စ္နဲ႔ မ်ဳိးဗီဇေျပာင္းလဲမႈေတြကို ေျခရာခံဖို႔ အိႏိၵယ အဓိက အတိုက္အခံေခါင္းေဆာင္ Rahul Gandhi က ဝန္ႀကီးခ်ဳပ္ Narendra Modi ဆီ ေသာၾကာေန႔က ေပးပို႔တဲ့ စာထဲမွာ တိုက္တြန္းထားပါတယ္။
"က်ေနာ္တို႔ႏုိင္ငံမွာ ဗိုင္းရပ္စ္ပိုး ထိန္းခ်ဳပ္မရေအာင္ ပ်ံ႕ႏွံ႔ေစတာဟာ က်ေနာ္တို႔လူထုအတြက္သာမက က်န္တဲ့ ကမာၻႀကီးအတြက္ပါ သိပ္ကို ထိခိုက္ေစပါလိမ့္မယ္" လို႔ Rahul Gandhi က ေျပာပါတယ္။
အိႏိၵယမွာ ပ်ံ႕ႏွံ႔ကူးစက္ေနတဲ့ ကိုဗစ္ ဗီဇမ်ဳိးကြဲဟာ "စိုးရိမ္ဖြယ္ ဗီဇမ်ဳိးကြဲ" ျဖစ္တယ္လို႔ ၿဗိတိန္ႏုိင္ငံက ေၾကညာထားပါတယ္။
အခုဆိုရင္ အိႏိၵယမွာ ကိုဗစ္ကူးစက္တာဟာ လူဦးေရထူထပ္တဲ့ ၿမိဳ႕ႀကီးေတြကေန ေဝးလံတဲ့ေဒသက ေက်းရြာေတြဆီ ေရာက္ေနၿပီဆိုတာ ေလ့လာခ်က္ေတြအရ ေတြ႔ရပါတယ္။ အိႏိၵယလူဦးေရရဲ႕ ၇၀ ရာခုိင္ႏႈန္းေလာက္ဟာ လူထုက်န္းမာေရးေစာင့္ေရွာက္မႈစနစ္ ပိုၿပီးဆိုးရြားတဲ့ ေက်းလက္ေဒသေတြမွာ ေနထိုင္ၾကတာေၾကာင့္ ပိုၿပီး စိုးရိမ္ဖြယ္အေျခအေနနဲ႔ ရင္ဆိုင္ရဖြယ္ ရွိပါတယ္။
အေမရိကန္ Johns Hopkins တကၠသိုလ္ရဲ႕ ကိန္းဂဏန္းေတြအရ တကမာၻလံုးမွာ ကိုဗစ္ေရာဂါကူးစက္သူ ၁၅၇ သန္းရွိေနၿပီ ျဖစ္ပါတယ္။ အဲဒီထဲမွာ အေမရိကန္က ၃၂.၆ သန္းေက်ာ္နဲ႔ အမ်ားဆံုးျဖစ္ၿပီး အိႏိၵယက ၂၁.၈ သန္းနဲ႔ ဒုတိယအမ်ားဆံုး၊ ဘရာဇီးလ္က ၁၅ သန္းနဲ႔ ကူးစက္မႈ တတိယအမ်ားဆံုး ရွိေနပါတယ္။
---------------------
(Unicode)
အိန္ဒိယနိုင်ငံ ၂၄ နာရီအတွင်း လူ ၄ သိန်းကျော် ကိုဗစ်ပိုးကူးစက်
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄၀၁,၀၀၀ ထပ်တိုးခဲ့ပြီး သေဆုံးသူက ၄,၂၀၀ နီးပါး ထပ်တိုးခဲ့တယ်လို့ အိန္ဒိယ ကျန်းမာရေးဌာနက ဒီကနေ့ပြောပါတယ်။
အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ အရေအတွက်ဟာ ဒီ့ထက် ပိုများနိုင်ခြေရှိပြီး အမြင့်ဆုံး ကူးစက်တဲ့ ပမာဏကို မေလကုန်တဲ့အထိ ရောက်ဦးမှာ မဟုတ်သေးဘူးလို့ လူထုကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။
အိန္ဒိယတနိုင်ငံလုံးကို lockdown လုပ်ဖို့၊ ကာကွယ်ဆေးထိုးလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်ဖို့နဲ့ ဗိုင်းရပ်စ်နဲ့ မျိုးဗီဇပြောင်းလဲမှုတွေကို ခြေရာခံဖို့ အိန္ဒိယ အဓိက အတိုက်အခံခေါင်းဆောင် Rahul Gandhi က ဝန်ကြီးချုပ် Narendra Modi ဆီ သောကြာနေ့က ပေးပို့တဲ့ စာထဲမှာ တိုက်တွန်းထားပါတယ်။
"ကျနော်တို့နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်မရအောင် ပျံ့နှံ့စေတာဟာ ကျနော်တို့လူထုအတွက်သာမက ကျန်တဲ့ ကမ္ဘာကြီးအတွက်ပါ သိပ်ကို ထိခိုက်စေပါလိမ့်မယ်" လို့ Rahul Gandhi က ပြောပါတယ်။
အိန္ဒိယမှာ ပျံ့နှံ့ကူးစက်နေတဲ့ ကိုဗစ် ဗီဇမျိုးကွဲဟာ "စိုးရိမ်ဖွယ် ဗီဇမျိုးကွဲ" ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံက ကြေညာထားပါတယ်။
အခုဆိုရင် အိန္ဒိယမှာ ကိုဗစ်ကူးစက်တာဟာ လူဦးရေထူထပ်တဲ့ မြို့ကြီးတွေကနေ ဝေးလံတဲ့ဒေသက ကျေးရွာတွေဆီ ရောက်နေပြီဆိုတာ လေ့လာချက်တွေအရ တွေ့ရပါတယ်။ အိန္ဒိယလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ လူထုကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုပြီးဆိုးရွားတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာကြောင့် ပိုပြီး စိုးရိမ်ဖွယ်အခြေအနေနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။
အမေရိကန် Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကူးစက်သူ ၁၅၇ သန်းရှိနေပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန်က ၃၂.၆ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး အိန္ဒိယက ၂၁.၈ သန်းနဲ့ ဒုတိယအများဆုံး၊ ဘရာဇီးလ်က ၁၅ သန်းနဲ့ ကူးစက်မှု တတိယအများဆုံး ရှိနေပါတယ်။