သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် တတိယလှိုင်း ကြုံရမည့်အရေး အိန္ဒိယကို သိပ္ပံပညာရှင် သတိပေး


(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါကြောင့် တနေ့တည်း လူ ၄ ထောင်နီးပါး သေဆုံးခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါ တတိယလှိုင်းနဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအကြံပေး ပုဂ္ဂိုလ်က သတိပေးလိုက်ပါတယ်။

သီတင်းတပတ်အတွင်း ကမ္ဘာတဝန်း ရောဂါကူးစက်မှုတွေရဲ့ ထက်ဝက်နီးပါးနဲ့ သေဆုံးမှု စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံလောက်ဟာ အိန္ဒိယနိုင်ငံမှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်ထားချိန်မှာပဲ အိန္ဒိယကျန်းမာရေး ပညာရှင် K. Vijay Raghava ကလည်း သတိပေးလိုက်တာပါ။

ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားနေတာကြောင့် တတိယလှိုင်းနဲ့ မလွဲမသွေ ကြုံရလိမ့်မယ်လို့ နယူးဒေလီမြို့တော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ဘယ်အချိန် ဖြစ်မယ်ဆိုတာ အတိအကျ မသိနိုင်ပေမဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။ အရေးပေါ် လူနာတွေအတွက် ဆေးရုံသုံး အောက်စီဂျင်တွေ ပြတ်လပ်မှုနဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း လိုအပ်ချက်တွေနဲ့အတူ အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ကမ္ဘာမှာ အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ငန်းဖြစ်တဲ့ Serum Institute of India ရှိရာ နိုင်ငံမှာ လူဦးရေသန်း ၁,၃၀၀ ရဲ့ ၂ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးရသေးတယ်လို့လည်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။

နယူးဒေလီ မြို့တော်က ဆေးရုံတွေမှာ အောက်စီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အစီအစဉ်တရပ်ကို တင်ပြဖို့လည်း အိန္ဒိယတရားရုံးချုပ်က အစိုးရကို အမိန့်ထုတ်ထားပါတယ်။ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါ ကူးစက်သူ လူနာသစ် ၃၈၂,၃၁၅ ယောက် ရှိခဲ့ပြီး၊ သေဆုံးသူ ၃,၇၈၉ ယောက် ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


................

ကိုဗဈ တတိယလှိုငျး ကွုံရမည့ျအရေး အိန်ဒိယကို သိပ်ပံပညာရှငျ သတိပေး
(Unicode)






XS
SM
MD
LG