သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆးသစ္ အေရးေပၚသုံးစဲြဖုိ႔ အိႏၵိယခြင့္ျပဳ


အိႏၵိယႏုိင္ငံ Prayagraj က ေဆး႐ုံမွာ ကိုဗစ္ကာကြယ္ေဆး ထုိးႏွံေနတဲ့ အမ်ဳိးသမီးတဦး။ (ေမ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈဒဏ္ ဆိုးဆိုးဝါးဝါး ခံစားေနရတဲ့ အိႏၵိယႏုိင္ငံမွာ ဒီေရာဂါအတြက္ 2-deoxy-D-glucose လုိ႔ေခၚတဲ့ ေဆးသစ္တမ်ိဳးကို ေသာၾကာေန႔က အေရးေပၚသံုးစြဲခြင့္ ျပဳလုိက္ပါၿပီ။

“လူနဲ႔ စမ္းသပ္စစ္ေဆးရာမွာ ေအာင္ျမင္မႈရွိခဲ့တဲ့အတြက္ အိႏၵိယအစိုးရရဲ႕ အေထြေထြ ေဆးဝါးထိန္းခ်ဳပ္ေရးဆိုင္ရာ DCGI ဌာနက ေမလ ပထမပတ္ထဲမွာပဲ ဒီေဆးကို အေရးေပၚသံုးစြဲခြင့္ ျပဳလိုက္ပါတယ္။ ဒါေၾကာင့္ အခုဆို ကိုဗစ္လူနာေတြအတြက္ ေစ်းကြက္ထဲကို တင္ဖို႔ လုပ္ေနပါၿပီ။” လို႔ အိႏၵိယအစိုးရ ကာကြယ္ေရးသုေတသနဆိုင္ရာ ႏ်ဴကလီးယားေဆးသိပၸံဌာနက သုေတသနပညာရွင္ Anant Narayan Bhatt က ေျပာသြားတာပါ။

လူနဲ႔စမ္းသပ္မႈေတြအရ ဒီေဆးဟာ ေဆး႐ုံတက္ေနရတဲ့ ကိုဗစ္လူနာေတြ နာလန္ထူလာေစဖို႔ အေထာက္အကူ ေပးတဲ့အျပင္ အသက္႐ွဴစက္ ေအာက္ဆီဂ်င္ဘူးေပၚ မွီခိုရမႈ ေလ်ာ့ေအာင္လည္း လုပ္ေပးႏိုင္တာ ေတြ႔ရပါတယ္။

ဒီေဆးကို အိႏိၵယအစိုးရ ကာကြယ္ေရး သုေတသနဌာနနဲ႔ ဖြံ႔ၿဖိဳးေရးအဖြဲ႔နဲ႔ Hyderabad အေျခစိုက္ Dr.Reddy ဓာတ္ခြဲခန္းကုမၸဏီ လီမိတက္တို႔ ပူးတြဲထုတ္လုပ္တာ ျဖစ္ပါတယ္။

အိႏၵိယဟာ ကမာၻမွာ အႀကီးဆံုး ကာကြယ္ေဆးထုတ္လုပ္တဲ့ ႏုိင္ငံတခုျဖစ္ေပမယ့္ အခု COVID-19 တေက်ာ့ျပန္ ကူးစက္မႈဒဏ္ေၾကာင့္ ေဆးထုတ္လုပ္မႈ မႏိုင္မနင္း ျဖစ္ေနရတာပါ။

လူသန္းေပါင္း ၁,၄၀၀ ေက်ာ္ရွိတဲ့ အိႏၵိယမွာ ေဆးပတ္လည္ေအာင္ ၂ ႀကိမ္ ေဆးထိုးၿပီးသူေပါင္းက ၂ ရာခုိင္ႏႈန္းပဲ ရွိေသးတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေးသစ် အရေးပေါ်သုံးစွဲဖို့ အိန္ဒိယခွင့်ပြု

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အိန္ဒိယနိုင်ငံမှာ ဒီရောဂါအတွက် 2-deoxy-D-glucose လို့ခေါ်တဲ့ ဆေးသစ်တမျိုးကို သောကြာနေ့က အရေးပေါ်သုံးစွဲခွင့် ပြုလိုက်ပါပြီ။

“လူနဲ့ စမ်းသပ်စစ်ဆေးရာမှာ အောင်မြင်မှုရှိခဲ့တဲ့အတွက် အိန္ဒိယအစိုးရရဲ့ အထွေထွေ ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ DCGI ဌာနက မေလ ပထမပတ်ထဲမှာပဲ ဒီဆေးကို အရေးပေါ်သုံးစွဲခွင့် ပြုလိုက်ပါတယ်။ ဒါကြောင့် အခုဆို ကိုဗစ်လူနာတွေအတွက် ဈေးကွက်ထဲကို တင်ဖို့ လုပ်နေပါပြီ။” လို့ အိန္ဒိယအစိုးရ ကာကွယ်ရေးသုတေသနဆိုင်ရာ နျူကလီးယားဆေးသိပ္ပံဌာနက သုတေသနပညာရှင် Anant Narayan Bhatt က ပြောသွားတာပါ။

လူနဲ့စမ်းသပ်မှုတွေအရ ဒီဆေးဟာ ဆေးရုံတက်နေရတဲ့ ကိုဗစ်လူနာတွေ နာလန်ထူလာစေဖို့ အထောက်အကူ ပေးတဲ့အပြင် အသက်ရှူစက် အောက်ဆီဂျင်ဘူးပေါ် မှီခိုရမှု လျော့အောင်လည်း လုပ်ပေးနိုင်တာ တွေ့ရပါတယ်။

ဒီဆေးကို အိန္ဒိယအစိုးရ ကာကွယ်ရေး သုတေသနဌာနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့နဲ့ Hyderabad အခြေစိုက် Dr.Reddy ဓာတ်ခွဲခန်းကုမ္ပဏီ လီမိတက်တို့ ပူးတွဲထုတ်လုပ်တာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ကမ္ဘာမှာ အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံတခုဖြစ်ပေမယ့် အခု COVID-19 တကျော့ပြန် ကူးစက်မှုဒဏ်ကြောင့် ဆေးထုတ်လုပ်မှု မနိုင်မနင်း ဖြစ်နေရတာပါ။

လူသန်းပေါင်း ၁,၄၀၀ ကျော်ရှိတဲ့ အိန္ဒိယမှာ ဆေးပတ်လည်အောင် ၂ ကြိမ် ဆေးထိုးပြီးသူပေါင်းက ၂ ရာခိုင်နှုန်းပဲ ရှိသေးတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG