သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈ တကမ႓ာလံုး ၁၅၇ သန္းေက်ာ္ၿပီ


အိႏၵိယႏုိင္ငံ Hyderabad ၿမိဳ႕မွာ COVID-19 ကာကြယ္ႏုိင္ေရး အိမ္တုိင္ရာေရာက္ ကြင္းဆင္းစစ္ေဆးေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ေမ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

Johns Hopkins ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစင္တာ စာရင္းေတြအရ ဒီကေန႔ မနက္ပိုင္းအထိ တကမာၻလုံး COVID-19 ကူးစက္သူ ၁၅၇ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၃.၃ သန္း ရွိသြားၿပီျဖစ္ပါတယ္။

အိႏၵိယမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကူးစက္သူ ၄၀၃,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၄,၀၀၀ ေက်ာ္ရွိပါတယ္။

အိႏၵိယက်န္းမာေရး ပညာရွင္ေတြနဲ႔ အတိုက္အခံ ႏိုင္ငံေရးသမားေတြ တိုက္တြန္းေနေပမယ့္ ေရာဂါထိန္းခ်ဳပ္ေရး တႏိုင္ငံလုံး အသြားအလာ ကန္႔သတ္မႈေတြကိုေတာ့ ဝန္ႀကီးခ်ဳပ္ Narendra Modi က မခ်မွတ္ေသးပါဘူး။

ျပည္နယ္တခ်ိဳ႕မွာေတာ့ ေရာဂါထိန္းခ်ဳပ္ေရး ျပည္နယ္အစိုးရ အစီအစဥ္နဲ႔ ကန္႔သတ္မႈေတြ ခ်မွတ္ထားပါတယ္။ ၿမိဳ႕ေတာ္ နယူးေဒလီမွာ ဧၿပီလက ခ်မွတ္ထားခဲ့တဲ့ အသြားအလာ ကန္႔သတ္မႈေတြကို ေမလ ၁၇ ရက္ေန႔အထိ တိုးျမႇင့္လိုက္သလို ရထားေျပးဆြဲမႈေတြကို တနလၤာေန႔ကစၿပီး ရပ္ဆိုင္းထားမယ္လို႔ ေၾကညာထားပါတယ္။

Karnataka ျပည္နယ္မွာ ေသာၾကာေန႔က အသြားအလာ ပိတ္ပင္မႈေတြ တိုးျမႇင့္ ခ်ထားလိုက္ၿပီးတဲ့ေနာက္ ကပ္ရက္ Tamil Nadu ျပည္နယ္မွာလည္း အသြားအလာ တစိတ္တပိုင္း ကန္႔သတ္ထားတာကို အျပည့္အဝ တိုးျမႇင့္သတ္မွတ္လိုက္ပါတယ္။

အခု အိႏၵိယမွာေတြ႔ရတဲ့ ကိုဗစ္မ်ိဳးဗီဇကြဲ ဗိုင္းရပ္စ္က သိပ္ကို အလ်င္အျမန္ ကူးစက္လြယ္တဲ့ ဗိုင္းရပ္မ်ိဳးကြဲတခု ျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) သိပၸံပညာရွင္ အႀကီးအကဲ Soumya Swaminathan က စေနေန႔တုန္းက AFP သတင္း ေတြ႔ဆုံေမးျမန္းခန္းမွာ ေျပာပါတယ္။

ဒါ့အျပင္ ဒီလို အဆင့္ဆင့္ေျပာင္းလဲျဖစ္ေပၚလာတဲ့ ကိုဗစ္မ်ိဳးဗီဇကြဲေတြဟာ လက္ရွိအသုံးျပဳေနတဲ့ ကာကြယ္ေဆးေတြကို ခံႏိုင္ရည္ရွိလာႏိုင္ေၾကာင္းလည္း သူက သတိေပး ေျပာဆိုခဲ့ပါတယ္။

ကိုဗစ္ကူးစက္မႈ တကမ႓ာလံုး ၁၅၇ သန္းေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကိုဗစ်ကူးစက်မှု တကမ္ဘာလုံး ၁၅၇ သန်းကျော်ပြီ

Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ စာရင်းတွေအရ ဒီကနေ့ မနက်ပိုင်းအထိ တကမ္ဘာလုံး COVID-19 ကူးစက်သူ ၁၅၇ သန်းကျော်နဲ့ သေဆုံးသူ ၃.၃ သန်း ရှိသွားပြီဖြစ်ပါတယ်။

အိန္ဒိယမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၄၀၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၀၀၀ ကျော်ရှိပါတယ်။

အိန္ဒိယကျန်းမာရေး ပညာရှင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ တိုက်တွန်းနေပေမယ့် ရောဂါထိန်းချုပ်ရေး တနိုင်ငံလုံး အသွားအလာ ကန့်သတ်မှုတွေကိုတော့ ဝန်ကြီးချုပ် Narendra Modi က မချမှတ်သေးပါဘူး။

ပြည်နယ်တချို့မှာတော့ ရောဂါထိန်းချုပ်ရေး ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။ မြို့တော် နယူးဒေလီမှာ ဧပြီလက ချမှတ်ထားခဲ့တဲ့ အသွားအလာ ကန့်သတ်မှုတွေကို မေလ ၁၇ ရက်နေ့အထိ တိုးမြှင့်လိုက်သလို ရထားပြေးဆွဲမှုတွေကို တနင်္လာနေ့ကစပြီး ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်။

Karnataka ပြည်နယ်မှာ သောကြာနေ့က အသွားအလာ ပိတ်ပင်မှုတွေ တိုးမြှင့် ချထားလိုက်ပြီးတဲ့နောက် ကပ်ရက် Tamil Nadu ပြည်နယ်မှာလည်း အသွားအလာ တစိတ်တပိုင်း ကန့်သတ်ထားတာကို အပြည့်အဝ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

အခု အိန္ဒိယမှာတွေ့ရတဲ့ ကိုဗစ်မျိုးဗီဇကွဲ ဗိုင်းရပ်စ်က သိပ်ကို အလျင်အမြန် ကူးစက်လွယ်တဲ့ ဗိုင်းရပ်မျိုးကွဲတခု ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သိပ္ပံပညာရှင် အကြီးအကဲ Soumya Swaminathan က စနေနေ့တုန်းက AFP သတင်း တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

ဒါ့အပြင် ဒီလို အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာတဲ့ ကိုဗစ်မျိုးဗီဇကွဲတွေဟာ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိလာနိုင်ကြောင်းလည်း သူက သတိပေး ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG