သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေဘးေၾကာင့္ ပါကစၥတန္အစ္ပဲြကာလ အသြားအလာ ကန္႔သတ္


ကရာခ်ိၿမိဳ႕မွာ ေဒသခံအမ်ဳိးသမီးတဦးကို ကုိဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ေမ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ပါကစၥတန္ႏုိင္ငံမွာ ကိုဗစ္ပိုးေတြ႔သူေတြ မ်ားလာေနလို႔ မြတ္စလင္ အစ္ပြဲေတာ္ကာလအတြင္း ၉ ရက္တာ ပိတ္ဆို႔ အသြားအလာ ကန္႔သတ္မႈေတြ စလုပ္လိုက္ပါၿပီ။

ပါကစၥတန္ႏိ္ုင္ငံမွာ ပိုးေတြ႔သူေပါင္း ၈ သိန္းေက်ာ္၊ ေသဆံုးသူေပါင္းလည္း ၂၀,၀၀၀ နီးပါးရွိလာၿပီး COVID-19 တတိယလိႈင္းကို ရင္ဆိုင္ေနရပါတယ္။ အိမ္နီးခ်င္း အိႏိၵယႏုိင္ငံထဲမွာလည္း ကိုဗစ္ တဟုန္ထိုးတက္ မႏိုင္မနင္း ျဖစ္လာတာကို စိုးရိမ္ႀကီးလာတာေၾကာင့္ အခုလို ျပင္းထန္တဲ့ ကန္႔သတ္မႈေတြ စလုပ္လိုက္ရတာပါ။

မႏွစ္ ဧၿပီတုန္းက တလၾကာ Lockdown ခ်မွတ္ခဲ့ရၿပီး အခုထပ္ ခရီးသြားကန္႔သတ္မႈေၾကာင့္ အလည္အပတ္ ခရီးထြက္စရာ အခ်က္အခ်ာက်တဲ့ ေနရာေတြကိုပါ ထိခိုက္သြားရပါတယ္။

ဒီကန္႔သတ္ခ်က္ေတြ လုပ္ရတာက ေဒသတြင္းမွာ ကူးစက္ျမန္ ျပင္းထန္လာတဲ့ မ်ိဳးကြဲသစ္ ပ်ံ႕ႏွံ႔လာတဲ့ အႏၱရာယ္ႀကီးေၾကာင့္ မျဖစ္မေန လုပ္ရတာပါလို႔ ပါကစၥတန္အစိုးရရဲ႕ ကိိုဗစ္ထိန္းခ်ဳပ္ေရးကို ဦးေဆာင္ကိုင္တြယ္ေနတဲ့ စီမံကိန္းဝန္ႀကီး Asad Umer က တြစ္တာကေန ရွင္းျပပါတယ္။

မြတ္စလင္ေတြ အထြတ္အျမတ္ထားတဲ့ Ramadan ဥပုသ္ေစာင့္လ အဆံုးသတ္ျဖစ္တဲ့ ဒီအစ္ပြဲေတာ္အတြင္း တႏုိင္ငံလံုးလူေတြ ေပ်ာ္ရႊင္စြာ သြားလာလႈပ္ရွားေလ့ရွိၿပီး ခရီးသြား အဓိကေနရာေတြလည္း လူေတြျပည့္သြားေလ့ ရွိတာေၾကာင့္ မႏွစ္ကဆိုရင္ ပြဲေတာ္အၿပီး ပိုးေတြ႔ႏႈန္း အမ်ားႀကီးတက္လာတာ ႀကံဳခဲ့ရပါတယ္။

လက္ရွိ စုစုေပါင္းပိုးေတြ႔သူ ၈၅၀,၀၀၀ နဲ႔ ေသဆံုးသူေပါင္း ၁၈,၆၀၀ ရွိလာတဲ့ ပါကစၥတန္မွာ ဒီႏွစ္ အစ္ပြဲေတာ္တြင္း စီးပြားေရးလုပ္ငန္းေတြ ဟုိတယ္နဲ႔ စားေသာက္ဆိုင္ေတြ၊ ေစ်းေတြ၊ ပန္းၿခံေတြကိုပါ ပိတ္လိုက္ရသလို ျပည္နယ္ေတြအၾကား ခရီးသြားလုပ္ငန္းေတြကိုလည္း ကန္႔သတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ကပ်ဘေးကြောင့် ပါကစ္စတန်အစ်ပွဲကာလ အသွားအလာ ကန့်သတ်

ပါကစ္စတန်နိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူတွေ များလာနေလို့ မွတ်စလင် အစ်ပွဲတော်ကာလအတွင်း ၉ ရက်တာ ပိတ်ဆို့ အသွားအလာ ကန့်သတ်မှုတွေ စလုပ်လိုက်ပါပြီ။

ပါကစ္စတန်နိုင်ငံမှာ ပိုးတွေ့သူပေါင်း ၈ သိန်းကျော်၊ သေဆုံးသူပေါင်းလည်း ၂၀,၀၀၀ နီးပါးရှိလာပြီး COVID-19 တတိယလှိုင်းကို ရင်ဆိုင်နေရပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲမှာလည်း ကိုဗစ် တဟုန်ထိုးတက် မနိုင်မနင်း ဖြစ်လာတာကို စိုးရိမ်ကြီးလာတာကြောင့် အခုလို ပြင်းထန်တဲ့ ကန့်သတ်မှုတွေ စလုပ်လိုက်ရတာပါ။

မနှစ် ဧပြီတုန်းက တလကြာ Lockdown ချမှတ်ခဲ့ရပြီး အခုထပ် ခရီးသွားကန့်သတ်မှုကြောင့် အလည်အပတ် ခရီးထွက်စရာ အချက်အချာကျတဲ့ နေရာတွေကိုပါ ထိခိုက်သွားရပါတယ်။

ဒီကန့်သတ်ချက်တွေ လုပ်ရတာက ဒေသတွင်းမှာ ကူးစက်မြန် ပြင်းထန်လာတဲ့ မျိုးကွဲသစ် ပျံ့နှံ့လာတဲ့ အန္တရာယ်ကြီးကြောင့် မဖြစ်မနေ လုပ်ရတာပါလို့ ပါကစ္စတန်အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေးကို ဦးဆောင်ကိုင်တွယ်နေတဲ့ စီမံကိန်းဝန်ကြီး Asad Umer က တွစ်တာကနေ ရှင်းပြပါတယ်။

မွတ်စလင်တွေ အထွတ်အမြတ်ထားတဲ့ Ramadan ဥပုသ်စောင့်လ အဆုံးသတ်ဖြစ်တဲ့ ဒီအစ်ပွဲတော်အတွင်း တနိုင်ငံလုံးလူတွေ ပျော်ရွှင်စွာ သွားလာလှုပ်ရှားလေ့ရှိပြီး ခရီးသွား အဓိကနေရာတွေလည်း လူတွေပြည့်သွားလေ့ ရှိတာကြောင့် မနှစ်ကဆိုရင် ပွဲတော်အပြီး ပိုးတွေ့နှုန်း အများကြီးတက်လာတာ ကြုံခဲ့ရပါတယ်။

လက်ရှိ စုစုပေါင်းပိုးတွေ့သူ ၈၅၀,၀၀၀ နဲ့ သေဆုံးသူပေါင်း ၁၈,၆၀၀ ရှိလာတဲ့ ပါကစ္စတန်မှာ ဒီနှစ် အစ်ပွဲတော်တွင်း စီးပွားရေးလုပ်ငန်းတွေ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ၊ ဈေးတွေ၊ ပန်းခြံတွေကိုပါ ပိတ်လိုက်ရသလို ပြည်နယ်တွေအကြား ခရီးသွားလုပ်ငန်းတွေကိုလည်း ကန့်သတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG