(Zawgyi/Unicode)
အိႏၵိယမွာ ပ်ံ႕ႏွံ႔ေနတဲ႔ ကိုရိုနာဗိုင္းရပ္ မ်ိဳးကြဲတခုဟာ တကမၻာလံုး စိုးရိမ္ဖြယ္ ကိစၥျဖစ္ေၾကာင္း ကမၻာ့က်န္းမာေရး အဖြဲ႔ႀကီး WHO က တနလာၤေန႔မွာ ေျပာပါတယ္။ တကမၻာလံုး အဆင့္ စိုးရိမ္စရာ မ်ိဳးကြဲ တခု အျဖစ္ သတ္မွတ္ထားေၾကာင္း ကမၻာ့က်န္းမာေရး အဖြဲ႔ႀကီး WHO ရဲ႕ COVID-19 ဆိုင္ရာ ဦးေဆာင္ သုေတသန ပညာရွင္ Maria Van Kerkhove က ေျပာခဲ႔တာပါ။
ကူးစက္ႏုိင္စြမ္း တိုးလာတယ္လို႔ သေဘာေဆာင္တဲ႔ အခ်က္အလက္ တခ်ိဳ႕လည္း ရွိပါတယ္လို႔ သူမက ဆက္ၿပီး ေျပာပါတယ္။
အိႏၵိယမွာ ေန႔စဥ္ COVID ျဖစ္ပြားမႈ စာရင္းေတြ အရ တျဖည္းျဖည္း က်ဆင္းလာေပမယ့္လည္း ျဖစ္ပြားမႈႏႈန္း ျမင့္ေနဆဲ ျဖစ္ပါတယ္။ ၂၄ နာရီ အတြင္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးရသူ ၃,၇၅၄ ဦး ရွိခဲ႔ၿပီး ကူးစက္ခံရသူ လူနာသစ္ ၃၆၆,၁၆၁ ဦး ရွိေၾကာင္း က်န္းမာေရး ၀န္ႀကီးဌာနက တနလာၤေန႔မွာ ေျပာပါတယ္။
အမွန္တကယ္ ကူးစက္လူနာသစ္နဲ႔ ေသဆံုးသူ အေရအတြက္ဟာ ဒီထက္ ပိုမ်ားမယ္လို႔ ယူဆေၾကာင္း အမ်ားျပည္သူ က်န္းမာေရးဆိုင္ရာ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ အခုအခ်ိန္ထိ အိႏၵိယမွာ COVID ျဖစ္သူ ၂၂ ဒသမ ၆ သန္းရွိေနေၾကာင္း Johns Hopkins ကိုရုိနာဗိုင္းရပ္စ္ ဆိုင္ရာ စင္တာက ေဖာ္ျပပါတယ္။
တခ်ိန္တည္းမွာဘဲ COVID လူနာေတြ၊ ေနာက္ ျပန္လည္ သက္သာလာသူေတြမွာလည္း ျဖစ္လာေနတဲ႔ မိႈစြဲတာေၾကာင့္ ျဖစ္တဲ႔ ကူးစက္ေရာဂါ အေရးလည္း စိုးရိမ္စရာ ျဖစ္လာေနပါတယ္။ မိႈေၾကာင့္ ျဖစ္တဲ႔ Mucormycosis ေရာဂါက လူရဲ႕ မ်က္ႏွာမွာ ကူးစက္ ျဖစ္ပြားတာမွာ တခ်ိဳ႕ မ်က္မျမင္ ျဖစ္သြားရတာမ်ိဳးလည္း ရွိပါတယ္။
ဆီးခ်ိဳေရာဂါ အခံရွိတဲ႔ COVID လူနာေတြမွာ Mucormycosis ေရာဂါ ပိုၿပီး အျဖစ္မ်ားတယ္လို႔လည္း ေဆးဘက္ဆိုင္ရာ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ အိႏိၵိယရဲ႕ အိမ္နီးခ်င္း နီေပါ ႏုိင္ငံမွာလည္း ကိုရိုနာ ကပ္ေဘးေရာဂါ ပ်႕ံႏွံ႔ ျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏုိင္ေရး ႀကိဳးစားေနၾကရၿပီး ေအာက္ဆီဂ်င္နဲ႔ ေအာက္ဆီဂ်င္ဘူးေတြ ျပတ္လပ္ေနပါတယ္။
COVID လူနာေတြ အတြက္ ေအာက္ဆီဂ်င္ ေပးအပ္ႏုိင္ေရး အတြက္ ဧ၀ရတ္ေတာင္ တက္သူေတြနဲ႔ လမ္းျပေတြ အေနနဲ႔ ေအာက္ဆီဂ်င္ဘူးေတြကို ေတာင္ထိပ္မွာ ပစ္မထားခဲ႔ဘဲ ေတာင္ေအာက္ကို ျပန္ယူလာဖို႔ အစိုးရက ပန္ၾကားထားပါတယ္။
..............
အိန္ဒိယ ကိုရိုနာဗိုင်းရပ်မျိုးကွဲ တကမ္ဘာလုံး စိုးရိမ်ဖွယ်
(Unicode)
အိန္ဒိယမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ် မျိုးကွဲတခုဟာ တကမ္ဘာလုံး စိုးရိမ်ဖွယ် ကိစ္စဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က တနလာၤနေ့မှာ ပြောပါတယ်။ တကမ္ဘာလုံး အဆင့် စိုးရိမ်စရာ မျိုးကွဲ တခု အဖြစ် သတ်မှတ်ထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ COVID-19 ဆိုင်ရာ ဦးဆောင် သုတေသန ပညာရှင် Maria Van Kerkhove က ပြောခဲ့တာပါ။
ကူးစက်နိုင်စွမ်း တိုးလာတယ်လို့ သဘောဆောင်တဲ့ အချက်အလက် တချို့လည်း ရှိပါတယ်လို့ သူမက ဆက်ပြီး ပြောပါတယ်။
အိန္ဒိယမှာ နေ့စဉ် COVID ဖြစ်ပွားမှု စာရင်းတွေ အရ တဖြည်းဖြည်း ကျဆင်းလာပေမယ့်လည်း ဖြစ်ပွားမှုနှုန်း မြင့်နေဆဲ ဖြစ်ပါတယ်။ ၂၄ နာရီ အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ၃,၇၅၄ ဦး ရှိခဲ့ပြီး ကူးစက်ခံရသူ လူနာသစ် ၃၆၆,၁၆၁ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တနလာၤနေ့မှာ ပြောပါတယ်။
အမှန်တကယ် ကူးစက်လူနာသစ်နဲ့ သေဆုံးသူ အရေအတွက်ဟာ ဒီထက် ပိုများမယ်လို့ ယူဆကြောင်း အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အခုအချိန်ထိ အိန္ဒိယမှာ COVID ဖြစ်သူ ၂၂ ဒသမ ၆ သန်းရှိနေကြောင်း Johns Hopkins ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ စင်တာက ဖော်ပြပါတယ်။
တချိန်တည်းမှာဘဲ COVID လူနာတွေ၊ နောက် ပြန်လည် သက်သာလာသူတွေမှာလည်း ဖြစ်လာနေတဲ့ မှိုစွဲတာကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါ အရေးလည်း စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ မှိုကြောင့် ဖြစ်တဲ့ Mucormycosis ရောဂါက လူရဲ့ မျက်နှာမှာ ကူးစက် ဖြစ်ပွားတာမှာ တချို့ မျက်မမြင် ဖြစ်သွားရတာမျိုးလည်း ရှိပါတယ်။
ဆီးချိုရောဂါ အခံရှိတဲ့ COVID လူနာတွေမှာ Mucormycosis ရောဂါ ပိုပြီး အဖြစ်များတယ်လို့လည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အိန္ဒိိယရဲ့ အိမ်နီးချင်း နီပေါ နိုင်ငံမှာလည်း ကိုရိုနာ ကပ်ဘေးရောဂါ ပျံ့နှံ့ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြရပြီး အောက်ဆီဂျင်နဲ့ အောက်ဆီဂျင်ဘူးတွေ ပြတ်လပ်နေပါတယ်။
COVID လူနာတွေ အတွက် အောက်ဆီဂျင် ပေးအပ်နိုင်ရေး အတွက် ဧဝရတ်တောင် တက်သူတွေနဲ့ လမ်းပြတွေ အနေနဲ့ အောက်ဆီဂျင်ဘူးတွေကို တောင်ထိပ်မှာ ပစ်မထားခဲ့ဘဲ တောင်အောက်ကို ပြန်ယူလာဖို့ အစိုးရက ပန်ကြားထားပါတယ်။