သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေ လှူဒါန်းကြဖို့ WHO တိုက်တွန်း


ကိုဗစ်ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတခုမှာ တွေ့ရတဲ့ WHO ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus ( ဓာတ်ပုံ- AFP)
ကိုဗစ်ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတခုမှာ တွေ့ရတဲ့ WHO ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus ( ဓာတ်ပုံ- AFP)

(Zawgyi/Unicode)
ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို ကလေးတွေ အပါအဝင် ကူးစက်နိုင်တဲ့ အန္တရာယ်နည်းတဲ့ သူတွေကို ထိုးပေးဖို့ စီစဉ်မယ့်အစား ဆင်းရဲတဲ့နိုင်ငံတွေအတွက် လှူဒါန်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တိုက်တွန်းလိုက်ပါတယ်။

“နိုင်ငံတချို့က ကလေးတွေနဲ့ လူငယ်တွေကို ကာကွယ်ဆေးထိုးပေးချင်တာကို ကျနော်နားလည်ပါတယ်။ ဒါပေမဲ့လည်း လတ်တလော အခြေအနေမှာ ဒါကိုပြန်စဉ်းစားပြီး၊ COVAX အစီအစဉ်အတွက် ကာကွယ်ဆေးတွေ လှူဒါန်းကြဖို့ တိုက်တွန်းလိုပါတယ်။” လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ရုံးချုပ်က သောကြာနေ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နိုင်ငံတွေအတွက် ကာကွယ်ဆေးတွေ မျှဝေမယ့် WHO ရဲ့ COVAX အစီအစဉ်အတွက် ပြင်သစ်နဲ့ ဆွီဒင်နိုင်ငံတို့ကတော့ ဦးစားပေးရမယ့်သူတွေကို ဆေးထိုးပြီးနောက် ဆေးတွေကို လှူဒါန်းထားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေမှာတော့ ကလေးတွေကို ကာကွယ်ဆေးတွေ စထိုးပေးနေတာပါ။

ကမ္ဘာ့နိုင်ငံတွေမှာ ကပ်ရောဂါကို ညီတူညီမျှ ကာကွယ်နိုင်အောင် ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဆေးတွေလှူဒါန်းဖို့ အမေရိကန်နဲ့ ညှိနှိုင်းနေတယ်လို့လည်း WHO တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ကပ်ရောဂါကြုံရတာ တနှစ်ကျော်လာတဲ့ အချိန်မှာ အရင်ထက်ပိုပြီး အန္တရာယ်ကြီးတဲ့ ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရတာကိုလည်း WHO အကြီးအကဲက သတိပေးခဲ့တာပါ။ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကာကွယ်ဆေးကသာ တခုတည်းသော အဖြေဖြစ်တယ်လို့လည်း ပြောပါတယ်။

...............................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG