သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြမွာ ဘဂၤလားေဒ့ရွ္ျပန္ ကုန္သည္ေလးဦး ကိုဗစ္ကူးစက္


၂၀၂၀ ခုႏွစ္ ၾသဂုတ္လ ၂၆ ရက္ေန႔တုန္းက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ျမင္ကြင္း။ (ၾသဂုတ္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ကုန္ကူးၿပီး ျပန္လာသူေတြကို COVID-19 ေရာဂါ စစ္ေဆးခဲ့တာမွာ ကုန္သည္ ၄ ေယာက္မွာ COVID-19 ေရာဂါပိုးေတြ႔ ရွိတယ္လို႔ ျပည္နယ္က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။ ခုလိုဘဂၤလား ေဒ႐ွ္႕ဘက္ သြားလာ ကုန္ကူးေနသူေတြထဲက ကိုဗစ္အတည္ျပဳလူနာေတြ ႐ွိေနေပမဲ့လည္း နယ္စပ္ကုန္သြယ္ေရးကို ပိတ္ဖို႔ ညႊန္ၾကားခ်က္မ႐ွိေသးဘူးလို႔ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းရွင္မ်ား အသင္းကေျပာပါ တယ္။ ရခိုင္ျပည္နယ္က လာတဲ့ သတင္းအျပည့္အစံုကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ကုန္ကူးၿပီးျပန္လာတဲ့ ကုန္သေဘၤာ ၄ စီးေပၚက ကုန္သည္ေတြကို COVID-19 ေရာဂါ ႐ွိ၊ မ႐ွိ က်န္းမာေရးတာဝန္႐ွိသူေတြ ေစာင့္ၾကည့္ စစ္ေဆးေနတာမွာ အတည္ျပဳလူနာ ၄ ေယာက္ ေတြ႔႐ွိခဲ့ပါတယ္။

ကုန္သည္ေတြကို သေဘၤာေပၚမွာပဲ Quarantine လုပ္ သီးျခားခဲြထားစဥ္ စစ္ေဆးေတြ႔႐ွိတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီးဌာနေျပာခြင့္ရ ေဒါက္တာစိုးဝင္းပိုင္က ဗီအုိေအျမန္မာပိုင္းကို ေျပာပါတယ္။

“နယ္စပ္ကုန္သြယ္ေရး သြားေနတဲ့ သေဘၤာေတြက က်ေနာ္တို႔ Quarantine ဝင္ရတာေပါ့ေနာ္ ၁၀ ရက္ဝင္ရတယ္။ က်ေနာ္တို႔ ၃ ရက္ေျမာက္ေန႔မွာ တစ္ႀကိမ္ယူတယ္။ ၇ ရက္ေန႔မွာ တစ္ႀကိမ္ ယူတယ္။ အဲဒီနွစ္ႀကိမ္လံုး negative ဆိုရင္ေတာင္မွ က်ေနာ္တို႔က ဆယ္ရက္အထိေတာ့ ေနရေသးတယ္။ ၿပီးေတာ့မွပဲ က်ေနာ္တို႔ ကမ္းတက္ခြင့္ရတာေပါ့။ အဲဒီေတာ့ အဲဒီလိုစစ္ေနတဲ့ ၾကားမွာ မေန႔က ဘုတ္ေလးစီးက လူ ၄၀ ကို စစ္လိုက္တာ ေပါ့ အဲဒီ ၄၀ ထဲက ဘုတ္နွစ္စီးက လူ ႏွစ္ေယာက္စီ positive ထြက္တာေပါ့။”

ကိုဗစ္အတည္ျပဳလူနာ ကုန္သည္ေလးဦးကို စစ္ေတြျပည္သူ႔ေဆးရံုမွာ ေဆးကုသေပးေနပါတယ္။ ကိုဗစ္အတည္ျပဳလူနာေတြ႔တာေၾကာင့္ ကုန္သေဘၤာ ၄ စီးလံုးကို ကမ္းကပ္ခြင့္ မေပးေသးသလို သေဘၤာေပၚက ကုန္သည္ေတြကိုလည္း ကမ္းဆင္းခြင့္ မေပးေသးဘဲ အသြားအလာ ကန္႔သတ္ထားၿပီး ေစာင့္ၾကည့္ေနတယ္လို႔ ရခိုင္ျပည္နယ္ ကုန္သည္မ်ား အသင္းဥကၠ႒ ဦးတင္ေအာင္ဦးကေျပာပါတယ္။

“အဲဒီကေန ဝင္လာတဲ့ ေလွေတြကို က်ေနာ္တို႔က ဒီဘက္မွာ သက္ဆိုင္ရာ က်ေနာ္တို႔ ေဗာ္လန္တီယာေတြေကာ သက္ဆိုင္ရာေရေၾကာင္းရဲေကာ နယ္ေျမတာဝန္ခံေတြနဲ႔ေကာ က်ေနာ္တို႔ အကုန္လံုး ညွိႏိႈင္းၿပီးေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔ကေပါ့ေလ... စၿပီးေတာ့ နွာေခါင္း တို႔ပတ္ေတြ ယူပါတယ္။ လူ ၄၀ ယူပါတယ္။ အဲဒီထဲက positive ေလးဦးေတြ႔ တယ္ဆိုၿပီး ေတာ့ က်ေနာ္တို႔ကုိေတာ့ အေၾကာင္းၾကားလာပါတယ္။ ညေနပိုင္းမွာေတာ့ ေတြ႔တဲ့ လူေတြကိုေတာ့ ကုသေရးဌာနကို ျပည္နယ္က်န္းမာေရးအစီအစဥ္နဲ႔ သူတို႔ ေခၚေဆာင္သြားပါၿပီ။ က်န္တဲ့ေလွသားေတြကေတာ့ ေနာက္တစ္ႀကိမ္စစ္ရအံုးမွာပါ။ ေနာက္တစ္ႀကိမ္ negative ေတြ႔မွပဲ Q ကေန ထြက္ခြင့္ရမွာေပါ့။”

ရခိုင္ျပည္နယ္ရဲ႕ အဓိက နယ္စပ္ကုန္သြယ္ေရးျဖစ္တဲ့ စစ္ေတြ- ဘဂၤလားေဒ့ရွ္ ကုန္သြယ္ေရး လမ္းေၾကာင္းေတြကို ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ ဇြန္လကတည္းက COVID-19 ကပ္ေရာဂါကူးစက္မႈေၾကာင့္ ပိတ္ထားခဲ့တာပါ။

ေရာဂါကူးစက္မႈ ေလ်ာ့နည္းလာတာေၾကာင့္ ၿပီးခဲ့တဲ့လ ဧၿပီလကမွ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းကို ျပန္လည္ဖြင့္ေပးခဲ့တာပါ။ အခုလို ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို သြားလာကုန္ကူးေနတဲ့ ကုန္သည္တခ်ဳိ႕မွာ ကိုဗစ္ကူးစက္မႈ ႐ွိေနေပမဲ့ မၾကာခင္ကမွ ျပန္ဖြင့္တ့ဲ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းေတြ ပိတ္ဖို႔ သက္ဆိုင္ရာက ညႊန္ၾကားလာတာမ်ိဳး မရွိေသးဘူးလို႔လည္း ရခိုင္ျပည္နယ္ကုန္သည္မ်ားအသင္းဥကၠ႒ ဦးတင္ေအာင္ဦး ကေျပာပါတယ္။

“က်ေနာ္တို႔ ရခိုင္ျပည္နယ္ ကုန္သြယ္ေရး စက္မႈအသင္းကေန ဒီဟာကို ဦးေဆာင္ၿပီးေတာ့ ၾကပ္ၾကပ္မတ္မတ္ထားႏိုင္တယ္။ ျပန္ဝင္လာတဲ့သူေတြကို က်ေနာ္တို႔ စစ္ႏိုင္တယ္။ လုပ္ ႏိုင္လို႔လည္း အခုေတြ႔ရွိတာေပါ့။ ဒီဟာက အဲဒီလိုမလုပ္ဘဲ တရားမဝင္ကုန္သြယ္မႈေတြ အမ်ားႀကီး လုပ္ေနၿပီဆုိရင္ က်ေနာ္တို႔ ထိန္းခ်ဳပ္ရ အရမ္းခက္သြားပါလိမ့္မယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ ျပည္နယ္ ေကာင္စီဘက္ကိုလည္း တင္ျပသင့္တဲ့ဟာေတြကို တင္ျပထားပါတယ္။ သူတို႔ဘက္ကလည္း လိုက္ေလ်ာေပးသင့္တဲ့ဟာေတြ ေနာက္တစ္ခုက အခုလက္ရွိထက္ပိုၿပီး ေကာင္းမြန္တဲ့ အစီအစဥ္ေတြ စည္းကမ္းတက်ျဖစ္လာေအာင္ လုပ္ေပးမယ္ဆိုၿပီးေတာ့ က်ေနာ္တိုနဲ႔ ညွိႏိႈင္းထားတာ ရွိပါတယ္။ ပိတ္ဖို႔အစီအစဥ္ကေတာ့ ေလာေလာဆယ္ကေတာ့ က်ေနာ္တို႔ကို ဘာမွအေၾကာင္းၾကားတာ မရွိပါဘူး။”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔အထိ ကိုဗစ္ ၁၉ အတည္ျပဳလူနာ ၄,၂၆၄ ေယာက္႐ွိခဲ့ၿပီး ၃၇ ေယာက္ ေသဆံုးခဲ့ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေမလ ၁၂ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ တႏိုင္ငံလံုး ဓါတ္ခဲြနမူနာ ၁,၄၇၁ ကိုစစ္ေဆးတဲ့ထဲက ကိုဗစ္အတည္ျပဳလူနာ ၂၃ ေယာက္႐ွိပါတယ္။ ျမန္မာႏိုင္ငံမွာ စုစုေပါင္း အတည္ျပဳလူနာက ၁၄၂,၉၉၇ ေယာက္႐ွိၿပီး ေသဆံုးသူ ၃,၂၁၁ ေယာက္႐ွိတယ္လို႔ က်န္းမာေရးဌာနရဲ႕ စာရင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ ကိုဗစ္႐ွိ၊ မ႐ွိ စစ္ေဆးေပးတဲ့ ေဆးသုေတသနဦးစီးဌာနနဲ႔ ေဆး႐ံုေတြက ဆရာဝန္ေတြ၊ ေဆးဝန္ထမ္းေတြ အာဏာဖီဆန္တဲ့ ႐ံုးမတက္ CDM လႈပ္႐ွားမႈမွာ ပါဝင္ခ့ဲၾကပါတယ္။ အခုဆို ကိုဗစ္ဓါတ္ခဲြနမူနာ စစ္ေဆးတဲ့ပမာဏ သိသိသာသာ ေလ်ာ့နည္းသြားခဲ့တာမွာ အာဏာမသိမ္းခင္က တေန႔ကို ေသာင္းဂဏန္း႐ွိခဲ့တာကေန အခုဆို ေထာင္ဂဏန္းသာ စစ္ေဆးႏုိင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တွေမှာ ဘင်္ဂလားဒေ့ရှ်ပြန် ကုန်သည်လေးဦး ကိုဗစ်ကူးစက်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ကူးပြီး ပြန်လာသူတွေကို COVID-19 ရောဂါ စစ်ဆေးခဲ့တာမှာ ကုန်သည် ၄ ယောက်မှာ COVID-19 ရောဂါပိုးတွေ့ ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ခုလိုဘင်္ဂလား ဒေရှ့်ဘက် သွားလာ ကုန်ကူးနေသူတွေထဲက ကိုဗစ်အတည်ပြုလူနာတွေ ရှိနေပေမဲ့လည်း နယ်စပ်ကုန်သွယ်ရေးကို ပိတ်ဖို့ ညွှန်ကြားချက်မရှိသေးဘူးလို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များ အသင်းကပြောပါ တယ်။ ရခိုင်ပြည်နယ်က လာတဲ့ သတင်းအပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ကုန်ကူးပြီးပြန်လာတဲ့ ကုန်သင်္ဘော ၄ စီးပေါ်က ကုန်သည်တွေကို COVID-19 ရောဂါ ရှိ၊ မရှိ ကျန်းမာရေးတာဝန်ရှိသူတွေ စောင့်ကြည့် စစ်ဆေးနေတာမှာ အတည်ပြုလူနာ ၄ ယောက် တွေ့ရှိခဲ့ပါတယ်။

ကုန်သည်တွေကို သင်္ဘောပေါ်မှာပဲ Quarantine လုပ် သီးခြားခွဲထားစဉ် စစ်ဆေးတွေ့ရှိတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနပြောခွင့်ရ ဒေါက်တာစိုးဝင်းပိုင်က ဗီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“နယ်စပ်ကုန်သွယ်ရေး သွားနေတဲ့ သင်္ဘောတွေက ကျနော်တို့ Quarantine ဝင်ရတာပေါ့နော် ၁၀ ရက်ဝင်ရတယ်။ ကျနော်တို့ ၃ ရက်မြောက်နေ့မှာ တစ်ကြိမ်ယူတယ်။ ၇ ရက်နေ့မှာ တစ်ကြိမ် ယူတယ်။ အဲဒီနှစ်ကြိမ်လုံး negative ဆိုရင်တောင်မှ ကျနော်တို့က ဆယ်ရက်အထိတော့ နေရသေးတယ်။ ပြီးတော့မှပဲ ကျနော်တို့ ကမ်းတက်ခွင့်ရတာပေါ့။ အဲဒီတော့ အဲဒီလိုစစ်နေတဲ့ ကြားမှာ မနေ့က ဘုတ်လေးစီးက လူ ၄၀ ကို စစ်လိုက်တာ ပေါ့ အဲဒီ ၄၀ ထဲက ဘုတ်နှစ်စီးက လူ နှစ်ယောက်စီ positive ထွက်တာပေါ့။”

ကိုဗစ်အတည်ပြုလူနာ ကုန်သည်လေးဦးကို စစ်တွေပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေ့တာကြောင့် ကုန်သင်္ဘော ၄ စီးလုံးကို ကမ်းကပ်ခွင့် မပေးသေးသလို သင်္ဘောပေါ်က ကုန်သည်တွေကိုလည်း ကမ်းဆင်းခွင့် မပေးသေးဘဲ အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်နေတယ်လို့ ရခိုင်ပြည်နယ် ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောပါတယ်။

“အဲဒီကနေ ဝင်လာတဲ့ လှေတွေကို ကျနော်တို့က ဒီဘက်မှာ သက်ဆိုင်ရာ ကျနော်တို့ ဗော်လန်တီယာတွေကော သက်ဆိုင်ရာရေကြောင်းရဲကော နယ်မြေတာဝန်ခံတွေနဲ့ကော ကျနော်တို့ အကုန်လုံး ညှိနှိုင်းပြီးတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပေါ့လေ... စပြီးတော့ နှာခေါင်း တို့ပတ်တွေ ယူပါတယ်။ လူ ၄၀ ယူပါတယ်။ အဲဒီထဲက positive လေးဦးတွေ့ တယ်ဆိုပြီး တော့ ကျနော်တို့ကိုတော့ အကြောင်းကြားလာပါတယ်။ ညနေပိုင်းမှာတော့ တွေ့တဲ့ လူတွေကိုတော့ ကုသရေးဌာနကို ပြည်နယ်ကျန်းမာရေးအစီအစဉ်နဲ့ သူတို့ ခေါ်ဆောင်သွားပါပြီ။ ကျန်တဲ့လှေသားတွေကတော့ နောက်တစ်ကြိမ်စစ်ရအုံးမှာပါ။ နောက်တစ်ကြိမ် negative တွေ့မှပဲ Q ကနေ ထွက်ခွင့်ရမှာပေါ့။”

ရခိုင်ပြည်နယ်ရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ စစ်တွေ- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇွန်လကတည်းက COVID-19 ကပ်ရောဂါကူးစက်မှုကြောင့် ပိတ်ထားခဲ့တာပါ။

ရောဂါကူးစက်မှု လျော့နည်းလာတာကြောင့် ပြီးခဲ့တဲ့လ ဧပြီလကမှ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်ပေးခဲ့တာပါ။ အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားလာကုန်ကူးနေတဲ့ ကုန်သည်တချို့မှာ ကိုဗစ်ကူးစက်မှု ရှိနေပေမဲ့ မကြာခင်ကမှ ပြန်ဖွင့်တဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဖို့ သက်ဆိုင်ရာက ညွှန်ကြားလာတာမျိုး မရှိသေးဘူးလို့လည်း ရခိုင်ပြည်နယ်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး ကပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ် ကုန်သွယ်ရေး စက်မှုအသင်းကနေ ဒီဟာကို ဦးဆောင်ပြီးတော့ ကြပ်ကြပ်မတ်မတ်ထားနိုင်တယ်။ ပြန်ဝင်လာတဲ့သူတွေကို ကျနော်တို့ စစ်နိုင်တယ်။ လုပ် နိုင်လို့လည်း အခုတွေ့ရှိတာပေါ့။ ဒီဟာက အဲဒီလိုမလုပ်ဘဲ တရားမဝင်ကုန်သွယ်မှုတွေ အများကြီး လုပ်နေပြီဆိုရင် ကျနော်တို့ ထိန်းချုပ်ရ အရမ်းခက်သွားပါလိမ့်မယ်။ အဲဒါကြောင့် ကျနော်တို့ ပြည်နယ် ကောင်စီဘက်ကိုလည်း တင်ပြသင့်တဲ့ဟာတွေကို တင်ပြထားပါတယ်။ သူတို့ဘက်ကလည်း လိုက်လျောပေးသင့်တဲ့ဟာတွေ နောက်တစ်ခုက အခုလက်ရှိထက်ပိုပြီး ကောင်းမွန်တဲ့ အစီအစဉ်တွေ စည်းကမ်းတကျဖြစ်လာအောင် လုပ်ပေးမယ်ဆိုပြီးတော့ ကျနော်တိုနဲ့ ညှိနှိုင်းထားတာ ရှိပါတယ်။ ပိတ်ဖို့အစီအစဉ်ကတော့ လောလောဆယ်ကတော့ ကျနော်တို့ကို ဘာမှအကြောင်းကြားတာ မရှိပါဘူး။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၄,၂၆၄ ယောက်ရှိခဲ့ပြီး ၃၇ ယောက် သေဆုံးခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေလ ၁၂ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ တနိုင်ငံလုံး ဓါတ်ခွဲနမူနာ ၁,၄၇၁ ကိုစစ်ဆေးတဲ့ထဲက ကိုဗစ်အတည်ပြုလူနာ ၂၃ ယောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ စုစုပေါင်း အတည်ပြုလူနာက ၁၄၂,၉၉၇ ယောက်ရှိပြီး သေဆုံးသူ ၃,၂၁၁ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်ရှိ၊ မရှိ စစ်ဆေးပေးတဲ့ ဆေးသုတေသနဦးစီးဌာနနဲ့ ဆေးရုံတွေက ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေ အာဏာဖီဆန်တဲ့ ရုံးမတက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အခုဆို ကိုဗစ်ဓါတ်ခွဲနမူနာ စစ်ဆေးတဲ့ပမာဏ သိသိသာသာ လျော့နည်းသွားခဲ့တာမှာ အာဏာမသိမ်းခင်က တနေ့ကို သောင်းဂဏန်းရှိခဲ့တာကနေ အခုဆို ထောင်ဂဏန်းသာ စစ်ဆေးနိုင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG