သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ ကိုဗစ္ကာကြယ္ေဆး ၅ သိန္း တရုတ္ေပးပို႔


ျမန္မာအတြက္ ကိုဗစ္ကာကြယ္ေဆး ၅ သိန္း တရုတ္ေပးပို႔ (ဓါတ္ပံု- Chinese Embassy in Myanmar )

(Zawgyi/Unicode)

ျမန္မာႏိုင္ငံအတြက္ တ႐ုတ္အစိုးရ ေပးပို႔လွဴဒါန္းတဲ့ COVID-19 ကာကြယ္ေဆး အလုံးေရ ၅ သိန္း ေမလ ၂ ရက္ တနဂၤေႏြေန႔မွာ ရန္ကုန္ကို ေရာက္လာၿပီလို႔ ရန္ကုန္ တ႐ုတ္သံရံုး ေဖ့စ္ဘုတ္ စာမ်က္မွာမွာ ေဖၚျပထားပါတယ္။ ဒီႏွစ္ဆန္းပိုင္းမွာ ေပးခဲ့တဲ့ ကတိအတိုင္း အခုလို ေဆးေတြေပးအပ္တာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ဒီကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ကာကြယ္ေရးပစၥည္း အကူညီေတြ ေပးအပ္ခဲ့သလို ျမန္မာႏိုင္ငံတြင္း ဒီကပ္ေရာဂါကာကြယ္ေရးလုပ္ငန္းေတြကို ကူညီဖို႔ တ႐ုတ္ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားအဖြဲ႕ကို ႀကိမ္ဖန္မ်ားစြာ ေစလႊတ္ခဲ့ေၾကာင္းလည္း ေဖၚျပထားပါတယ္။

စစ္တပ္အာဏာမသိမ္းခင္က ဒီကပ္ေရာဂါ ကာကြယ္ေဆး ႏိုင္ဖို႔ အဲဒီအခ်ိန္က အရပ္သား အစိုးရက အေမရိကန္၊ ယူေက၊ ႐ုရွား၊ တ႐ုတ္နဲ႔ အိႏၵိယ ႏိုင္ငံေတြနဲ႔ သံတမန္ေရးနည္းလမ္းေတြ သံုးႀကိဳးစားခဲ့သလို အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံေတြက ထုတ္မယ့္ ကာကြယ္ေဆးေတြ ဝယ္ယူႏိုင္ဖို႔ပါ လုပ္ေဆာင္ခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ပထမဆုံးအႀကိမ္အျဖစ္ ဇန္နဝါရီလေႏွာင္းပိုင္းမွာ က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးႏွံေပးၿပီးတဲ့ေနာက္ အမ်ားျပည္သူကို ထိုးႏွံေပးဖို႔ စီစဥ္ေနခ်ိန္မွာပဲ အာဏာသိမ္းမႈ ျဖစ္ပြါးခဲ့ၿပီး စီစဥ္ထားတဲ့ အတိုင္း ဆက္မလုပ္ႏိုင္ပဲ ျဖစ္သြားပါတယ္။

ဆင္းရဲတဲ႔ ႏုိင္ငံေတြ အတြက္ COVID 19 ကာကြယ္ေဆး အခမဲ႔ ျဖန္႔ေ၀ေပးမယ့္ ကုလသမဂၢ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔က ဦးေဆာင္တဲ့ Covax အစီအစဥ္ အရ လာမယ့္ ဇြန္လ မတိုင္ခင္ ကမၻာတလႊား COVID 19 ကာကြယ္ေဆး ၂၃၈ ဒသမ ၂ သန္း ျဖန္႔ေ၀ဖို႔ စီစဥ္ထားေၾကာင္း မတ္လဆန္းမွာ ေၾကညာခဲ့တာ ျဖစ္ၿပီး ဒီ အစီအစဥ္ အရ ျမန္မာႏုိင္ငံက COVID 19 ကာကြယ္ေဆး အလံုးေရ ၃ သန္း ရရွိမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ တသိန္းခြဲနီးပါးနဲ႔ ေသဆံုးရသူ ၃၀၀၀ ေက်ာ္ရွိၿပီ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံၿပီးသူေပါင္းက ၀.၀၇ % ရွိတယ္လို႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဆိုင္ရာ ေစာင့္ၾကည့္မွတ္တမ္းတင္တဲ့ Johns Hopkins တကၠသိုလ္စစ္တမ္းမွာ ေဖၚျပပါတယ္။ ျမန္မာႏိုင္ငံမွာ အိႏၵိယကလာတဲ့ AstraZeneca ေဆးထိုးႏွံေပးခဲ့တာ ျဖစ္ၿပီး စစ္တပ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္း ေဆးထိုးႏွံမႈအေျခေနကို ျပည့္ျပည့္စံုစံု မသိရပဲ ျဖစ္ေနတာပါ။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး ၅ သိန်း တရုတ်ပေးပို့

(Unicode)

မြန်မာနိုင်ငံအတွက် တရုတ်အစိုးရ ပေးပို့လှူဒါန်းတဲ့ COVID-19 ကာကွယ်ဆေး အလုံးရေ ၅ သိန်း မေလ ၂ ရက် တနင်္ဂနွေနေ့မှာ ရန်ကုန်ကို ရောက်လာပြီလို့ ရန်ကုန် တရုတ်သံရုံး ဖေ့စ်ဘုတ် စာမျက်မှာမှာ ဖေါ်ပြထားပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာ ပေးခဲ့တဲ့ ကတိအတိုင်း အခုလို ဆေးတွေပေးအပ်တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ရေးပစ္စည်း အကူညီတွေ ပေးအပ်ခဲ့သလို မြန်မာနိုင်ငံတွင်း ဒီကပ်ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ကြိမ်ဖန်များစွာ စေလွှတ်ခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ဒီကပ်ရောဂါ ကာကွယ်ဆေး နိုင်ဖို့ အဲဒီအချိန်က အရပ်သား အစိုးရက အမေရိကန်၊ ယူကေ၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေနဲ့ သံတမန်ရေးနည်းလမ်းတွေ သုံးကြိုးစားခဲ့သလို အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက ထုတ်မယ့် ကာကွယ်ဆေးတွေ ဝယ်ယူနိုင်ဖို့ပါ လုပ်ဆောင်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလနှောင်းပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးတဲ့နောက် အများပြည်သူကို ထိုးနှံပေးဖို့ စီစဉ်နေချိန်မှာပဲ အာဏာသိမ်းမှု ဖြစ်ပွါးခဲ့ပြီး စီစဉ်ထားတဲ့ အတိုင်း ဆက်မလုပ်နိုင်ပဲ ဖြစ်သွားပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် COVID 19 ကာကွယ်ဆေး အခမဲ့ ဖြန့်ဝေပေးမယ့် ကုလသမဂ္ဂ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်တဲ့ Covax အစီအစဉ် အရ လာမယ့် ဇွန်လ မတိုင်ခင် ကမ္ဘာတလွှား COVID 19 ကာကွယ်ဆေး ၂၃၈ ဒသမ ၂ သန်း ဖြန့်ဝေဖို့ စီစဉ်ထားကြောင်း မတ်လဆန်းမှာ ကြေညာခဲ့တာ ဖြစ်ပြီး ဒီ အစီအစဉ် အရ မြန်မာနိုင်ငံက COVID 19 ကာကွယ်ဆေး အလုံးရေ ၃ သန်း ရရှိမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တသိန်းခွဲနီးပါးနဲ့ သေဆုံးရသူ ၃၀၀၀ ကျော်ရှိပြီ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်းက ဝ.၀၇ % ရှိတယ်လို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်တဲ့ Johns Hopkins တက္ကသိုလ်စစ်တမ်းမှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံမှာ အိန္ဒိယကလာတဲ့ AstraZeneca ဆေးထိုးနှံပေးခဲ့တာ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဆေးထိုးနှံမှုအခြေနေကို ပြည့်ပြည့်စုံစုံ မသိရပဲ ဖြစ်နေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG