Zawgyi/ Unicode
ZAWGYI
ဒီတပတ္ေတာ့ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ ရွိမရွိ ပ်ားေတြနဲ႔စမ္းသပ္ဖို႔ သိပၸံ ပညာရွင္ေတြ ႀကိဳးစားေနတဲ့ အေၾကာင္း ေျပာျပေပးမွာပါ။
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ တတိယလႈိင္းဒဏ္ ခံစားေနရခ်ိန္မွာ ပ်ားေကာင္ေလးေတြကို သံုးၿပီး ဒီေရာဂါပိုးကူးစက္မႈ ရွိမရွိ အျမန္စမ္းသပ္ႏိုင္မယ့္ နည္းလမ္းကို ဂ်ာမဏီက သိပၸံပညာရွင္ေတြ ရွာေဖြေနတာ ျဖစ္ပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ ပိုးအကူးစက္ခံရသူဆီက ယူထားတဲ့ sample နမူနာနဲ႔ ေတြ႕ရင္ ပ်ားေကာင္ကေလးေတြက ႏွာေမာင္းနဲ႔ တူတဲ့ သူတုိ႔ရဲ့ဝတ္ရည္စုပ္တံ ကေလးေတြနဲ႔ လာစမ္းေအာင္ သူတို႔ကို ေလ့က်င့္ေပးလို႔ရတယ္လို႔ ဂ်ာမဏီႏိုင္ငံ ဗားနင္ယံWageningen တကၠသိုလ္ ဗိုင္းရပ္စ္သုေတသနဌာနက ပါေမာကၡ Wim Van Der Poel က ေျပာပါတယ္။
“ဒီေဒသထဲမွာရွိတဲ့ ပ်ားေမြးျမဴတဲ့သူေတြဆီက ပ်ားေတြကို က်ေနာ္တို႔ လိုက္စုေဆာင္းပါတယ္။ ၿပီးေတာ့ဒီပ်ားေတြကို ေန႔တိုင္းေလ့က်င့္ေပးပါတယ္။ သူတို႔ကို အကန္႔ကေလးထဲမွာထိန္းထားၿပီး ကို႐ိုနာဗိုင္းရပ္စ္ ပိုးရွိတဲ့ နမူနာနဲ႔ ပိုးကင္းတဲ့ နမူနာေတြ နဲ႔ထိေတြ႕ေစပါတယ္။ ပိုးရွိတဲ့ နမူနာနဲ႔ တခါထိေတြ႕ၿပီးတိုုင္း သၾကားရည္ကို ေပးပါတယ္။ ဒီေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ပိုးပါတဲ့ နမူနာနဲ႔ ေတြ႕တိုင္း ပ်ားးကသူ႔ ဝတ္ရည္စုပ္တဲ့ႏွာေမာင္းကို ဆန္႔ၿပီးလိုက္စမ္းပါတယ္။ ဒီနည္းနဲ႔ ပ်ားေတြကို ခပ္ျမန္ျမန္ေလး ေလ့က်င့္ေပးႏိုင္ပါတယ္။”
အင္းဆက္ပိုးတမ်ိဳး ျဖစ္တဲ့ ပ်ားကို တျခားသတၱဝါေတြလိုပဲ ေလ့က်င့္သင္ၾကား ေပးႏိုင္တယ္ ဆိုတာကို သိပၸံပညာရွင္ေတြ အခ်ိန္အေတာ္ၾကာကတည္းက ေလ့လာ သိရွိထားၾကတာပါ။
လန္ဒန္ Queen Mary တကၠသိုလ္က သိပၸံပညာရွင္ေတြရဲ့ စမ္းသပ္မႈမွာေတာ့ မွန္ျပားေအာက္မွာ ပ်ားစားတဲ့အစာကို ျမင္ေအာင္ ျပထားၿပီး မွန္ခ်ပ္ထိပ္ဖက္မွာေတာ့ အစာနဲ႔တြဲထားတဲ့ ႀကိဳးစကိုထုတ္ေပးထားၿပီး သင္ေပးခဲ့တာပါ။ ပ်ားအေကာင္ ၄၀ ေလာက္မွာ ၂၃ ေလာက္ကို ဒီအစာခ်ိတ္ထားတဲ့ ႀကိဳးကို ဆြဲထုတ္ၿပီး အစာကို ရေအာင္ယူဖို႔ ေအာင္ေအာင္ျမင္ျမင္ သင္ၾကားေပးႏိုင္ခဲ့ေၾကာင့္ ၂၀၁၆ မွာ စမ္းသပ္ျပသခဲ့ပါတယ္။
အေကာင္ေသးတဲ့အတြက္ ဦးေႏွာက္အရြယ္ကလည္း ေသးၿပီး ႏွမ္းေစ့အရြယ္ေလာက္ပဲ ရွိေနေပမယ့္ ဒီပ်ားေတြကို အထင္ေသးလို႔ေတာ့ မရပါဘူး။ သူတို႔ဟာ လူလိုပဲ အတတ္ပညာသစ္ ရေအာင္ သင္ယူႏိုင္စြမး္ရွိသလို တျခားသူကိုလည္း သင္ၾကားေပးႏိုင္စြမ္းရွိတယ္ ဆိုတာကို သူတို႔ ေတြ႔ရွိခဲ့တာပါ။ ပ်ားေတြမွာ သိျမင္တတ္တဲ့ ရႈပ္ေထြးတဲ့ဥာဏ္ရည္ေရာ သင္ယူႏိုင္စြမ္းပါ ထင္တာထက္ ပိုသာေနတယ္ဆိုတာကို ေတြ႔ရွိခဲ့ၾကတာ ျဖစ္ပါတယ္။ ဟုတ္ပါတယ္ ပ်ားကေလးေတြဟာ သူတုိ႔ကိုယ္တိုင္ သင္ယူႏိုင္သလို တျခားပ်ားေတြကိုလည္း အလားတူ လုပ္ႏိုင္ေအာင္ သူတို႔က သင္ေပးႏိုင္စြမ္းလည္း ရွိေနတာပါ။
ဒါေၾကာင့္ အခု Covid 19 ေရာဂါပိုး ရွိမရွိ စစ္ေဆးမႈေတြ အတြက္ဒီလိုပ်ားေတြကို သံုးမယ္ဆိုရင္ အဆင္ေျပႏိုင္တယ္လို႔. ဗားနင္ယံWageningen တကၠသိုလ္က ေရာဂါပိုးမႊားေဗဒ ပါေမာကၡ Wim Van Der Poel က ေျပာပါတယ္။
"ဒီလိုစမ္းသပ္ဖို႔ ပ်ားကိုသံုးတာ သိပ္ကို အသံုးတဲ့ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အကုန္အက် အေတာ္ သက္သက္သာသာနဲ႔ ပ်ားေတြကိုေလ့က်င့္ေပးႏိုင္လို႔ပါ။ ေနာက္ၿပီး ေဒသတခုမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ စမ္းသပ္စစ္ေဆးတဲ့ ပစၥည္းေတြ မရႏိုင္ဘူးဆိုရင္ တံေတြးလို နမူနာမ်ိဳးေတြမွာ ပိုးရွိမရွိ ပ်ားေတြကို အနံ႔ခံ ခိုင္းလို႔ရတဲ့ အတြက္ျဖစ္ပါတယ္။”
ဒီလုိ ဗိုင္းရပ္စ္ပိုးရွိမရွိ စမ္းမယ္ဆိုရင္ စမ္းသပ္မႈအေျဖကို မိနစ္ပိုင္း အတြင္းမွာပဲ ထုတ္ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခုထက္ပိုၿပီး သင္ေပးႏိုင္ေအာင္ ပိုေကာင္းတဲ့ ေလ့က်င့္တဲ့စက္ရေအာင္ လုပ္ဖို႔လိုတယ္လို႔လည္း ေျပာပါတယ္။
"ပ်ားေတြကို ေလ့က်င့္ေပးဖို႔ အခ်ိန္သိပ္မလိုပါဘူး၊ တလေလာက္ အတြင္းမွာပဲ ရႏိုင္ပါတယ္။ အခက္ဆံုး အပိုင္းကေတာ့ ပ်ားေတြကို ဒီလိုလုပ္ဖို႔ ေလ့က်င့္ေပးႏိုင္တယ္ ဆိုတာ ျပဖို႔ပါ။ ဒီလို ျပႏိုင္ၿပီဆိုရင္ ေရွ႕ဆက္ လုပ္ဖို႔သိပ္မခက္ေတာ့ပါဘူး။ ဒီ့အတြက္ ပ်ားေတြကိုထည့္ၿပီး ထိန္းထားႏိုင္မယ့္ ေလ့က်င့္တဲ့စက္ကို ခုထက္ပိုေကာင္းေအာင္ လုပ္ဖို႔ - ထြင္ဖို႔လိုပါတယ္။”
ကိုရိုနာဗိုင္းရပ္စ္ ပိုးရွိမရွိ စမ္းသပ္တဲ့ေနရာမွာ အေျဖရဖို႔ နာရီနဲ႔ခ်ီၿပီးေစာင့္ရသလို တခါတေလ ရက္နဲ႔ခ်ီၿပီး ၾကာေလ့ရွိပါတယ္။ ဒါေပမယ့္ ပ်ားနဲ႔ စမ္းသပ္ရင္ေတာ့ အေျဖကို ခ်က္ခ်င္းပဲ ရႏိုင္တာပါ။ ဒီလို ပ်ားနဲ႔စမ္းသပ္တဲ့နည္းဟာ ေငြကုန္ေၾကးက်လည္း သိပ္မမ်ားတဲ့ အတြက္ ဗိုင္းရပ္စ္စမ္းသပ္တဲ့ ပစၥည္း kits ရဖို႔ ခက္ခဲတဲ့ ႏိုင္ငံေတြ အတြက္ သိပ္ကို အသံုးတဲ့ႏိုင္တယ္လို႔လည္း သုေတသန ပညာရွင္ေတြက ေျပာပါတယ္။
ဘယ္လ္ဂ်ီယံႏိုင္ငံ Ghent တကၠသိုလ္ ပ်ားေမြးျမဴေရးဌာန အႀကီးအကဲ ဇီဝေဗဒပါေမကၡ Dirk de Graaf ဂရပ္ဖ္ ကေတာ့ အခုလို အင္းဆက္ပိုးေတြနဲ႔ အနံ႔ခံခိုင္းတဲ့ နည္းကို အေမရိကန္ႏိုင္ငံက ကာကြယ္ေရးဌာနမွာ ထိထိေရာက္ေရာက္ စမ္းသပ္ေနတာ ျဖစ္ၿပီး ဒါဟာ ၁၉ ၉ ၀ ႏွစ္ေတြ အတြင္းမွာ ေဖါက္ခြဲေရးပစၥည္းေတြ၊ ဓါတုအဆိပ္ေတြရွိမရွိ ေထာက္လွန္းတဲ့ ေနရာမွာ သံုးခဲ့တာ ျဖစ္ေၾကာင္းေျပာပါတယ္။ သူ႔အေနနဲ႔ ဆိုရင္ေတာ့ Covid 19 အတြက္ သမရိုးက်နည္းေတြသံုး စမ္းသပ္တာကိုပဲ သေဘာက်တယ္လို႔ ေျပာပါတယ္။
"ဒီ အၾကံက သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ ဒီေရာဂါပိုး ရွိမရွိ စမ္းသပ္ဖို႔အတြက္ ပ်ားကို သံုးတာထက္ လုပ္႐ိုးလုပ္စဥ္ ပစၥည္းေတြသံုး စမ္းသပ္တာကို က်ေနာ္ပိုႀကိဳက္ပါတယ္။ က်ေနာ္က ပ်ားေတြကို သိပ္ခ်စ္ပါတယ္။ ဒါေပမယ့္ သူတို႔ကို Covid 19 ပိုး ရွိမရွိ စမ္းဖို႔ သံုးမယ့္အစား တျခားကိစၥေတြ အတြက္ပဲ က်ေနာ္သံုးခ်င္ပါတယ္။"
ဒါ့အျပင္ ဒီကပ္ေရာဂါဗိုင္းရပ္စ္ပိုးအတြက္ လုပ္ရိုးလုပ္စဥ္အတိုင္း တိုက္ရိုက္ပဲ. ဗိုင္းရပ္စ္ရွိမရွိ စမ္းသပ္တာကပဲ စိတ္ခ်ရမယ္လို႔ သံုးသပ္ပါတယ္။
"ဒီမွာေတြ႕ရတာကေတာ့ ဒီပ်ားေတြက ေရာဂါ အကူးစက္ခံရသူ ဆီက ထြက္တဲ့ အနံ႔ကိုပဲ ခံၾကတာပါ။ အခုလို ပ်ားနဲ႔ စမ္းသပ္တာက တိုက္႐ိုက္စမ္းတဲ့နည္းမ်ိဳးမဟုတ္ပါဘူး။ တိုက္႐ိုက္ပိုက်တဲ့နည္းက COVID-19 ပိုးရွိမရွိ စမ္းသပ္တဲ့ကရိယာေတြနဲ႔ လုပ္႐ိုးလုပ္စဥ္ စမ္းသပ္တဲ့ နည္းေတြပါ။ ဗိုင္းရပ္စ္ပိုးရဲ႕ အေနအထား အသြင္အျပင္ ဒါမွမဟုတ္ ဗိုင္းရပ္စ္ပိုးရဲ႕ မ်ိဳးဗီဇကို စမ္းသပ္တာမ်ိဴးပါ။”
ပ်ားရည္ထုတ္ေပးတဲ့ ဒီပ်ားေကာင္ေလးေတြနဲ႔ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး အတြက္ ဗိုင္းရပ္ပိုးစစ္ေဆးတဲ့ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ေနသလို ဒီပ်ားထြက္ပစၥည္း ျဖစ္တဲ့ ပ်ားရည္၊ ပ်ားဖေယာင္း၊ ပ်ားအဆိပ္ ေတြသံုးၿပီး ဒီေရာဂါကို ကုသေပးႏုိင္ဖို႔ သုေတသနေတြ လုပ္ေနၾကတယ္ ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။
UNICODE
ဒီတပတ်တော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ရှိမရှိ ပျားတွေနဲ့စမ်းသပ်ဖို့ သိပ္ပံ ပညာရှင်တွေ ကြိုးစားနေတဲ့ အကြောင်း ပြောပြပေးမှာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယလှိုင်းဒဏ် ခံစားနေရချိန်မှာ ပျားကောင်လေးတွေကို သုံးပြီး ဒီရောဂါပိုးကူးစက်မှု ရှိမရှိ အမြန်စမ်းသပ်နိုင်မယ့် နည်းလမ်းကို ဂျာမဏီက သိပ္ပံပညာရှင်တွေ ရှာဖွေနေတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပိုးအကူးစက်ခံရသူဆီက ယူထားတဲ့ sample နမူနာနဲ့ တွေ့ရင် ပျားကောင်ကလေးတွေက နှာမောင်းနဲ့ တူတဲ့ သူတို့ရဲ့ဝတ်ရည်စုပ်တံ ကလေးတွေနဲ့ လာစမ်းအောင် သူတို့ကို လေ့ကျင့်ပေးလို့ ရတယ်လို့ ဂျာမဏီနိုင်ငံ ဗားနင်ယံ Wageningen တက္ကသိုလ် ဗိုင်းရပ်စ်သုတေသနဌာနက ပါမောက္ခ Wim Van Der Poel က ပြောပါတယ်။
“ဒီဒေသထဲမှာရှိတဲ့ ပျားမွေးမြူတဲ့သူတွေဆီက ပျားတွေကို ကျနော်တို့ လိုက်စုဆောင်းပါတယ်။ ပြီးတော့ဒီပျားတွေကို နေ့တိုင်းလေ့ကျင့်ပေးပါတယ်။ သူတို့ကို အကန့်ကလေးထဲမှာထိန်းထားပြီး ကိုရိုနာဗိုင်းရပ်စ် ပိုးရှိတဲ့ နမူနာနဲ့ ပိုးကင်းတဲ့ နမူနာတွေ နဲ့ထိတွေ့စေပါတယ်။ ပိုးရှိတဲ့ နမူနာနဲ့ တခါထိတွေ့ပြီးတိုင်း သကြားရည်ကို ပေးပါတယ်။ ဒီတော့ ကိုရိုနာဗိုင်းရပ်စ် ပိုးပါတဲ့ နမူနာနဲ့ တွေ့တိုင်း ပျားးကသူ့ ဝတ်ရည်စုပ်တဲ့နှာမောင်းကို ဆန့်ပြီးလိုက်စမ်းပါတယ်။ ဒီနည်းနဲ့ ပျားတွေကို ခပ်မြန်မြန်လေး လေ့ကျင့်ပေးနိုင်ပါတယ်။”
အင်းဆက်ပိုးတမျိုး ဖြစ်တဲ့ ပျားကို တခြားသတ္တဝါတွေလိုပဲ လေ့ကျင့်သင်ကြား ပေးနိုင်တယ် ဆိုတာကို သိပ္ပံပညာရှင်တွေ အချိန်အတော်ကြာကတည်းက လေ့လာ သိရှိထားကြတာပါ။
လန်ဒန် Queen Mary တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုမှာတော့ မှန်ပြားအောက်မှာ ပျားစားတဲ့အစာကို မြင်အောင် ပြထားပြီး မှန်ချပ်ထိပ်ဖက်မှာတော့ အစာနဲ့တွဲထားတဲ့ ကြိုးစကိုထုတ်ပေးထားပြီး သင်ပေးခဲ့တာပါ။ ပျားအကောင် ၄၀ လောက်မှာ ၂၃ လောက်ကို ဒီအစာချိတ်ထားတဲ့ ကြိုးကို ဆွဲထုတ်ပြီး အစာကို ရအောင်ယူဖို့ အောင်အောင်မြင်မြင် သင်ကြားပေးနိုင်ခဲ့ကြောင့် ၂၀၁၆ မှာ စမ်းသပ်ပြသခဲ့ပါတယ်။
အကောင်သေးတဲ့အတွက် ဦးနှောက်အရွယ်ကလည်း သေးပြီး နှမ်းစေ့အရွယ်လောက်ပဲ ရှိနေပေမယ့် ဒီပျားတွေကို အထင်သေးလို့တော့ မရပါဘူး။ သူတို့ဟာ လူလိုပဲ အတတ်ပညာသစ် ရအောင် သင်ယူနိုင်စွမ်းရှိသလို တခြားသူကိုလည်း သင်ကြားပေးနိုင်စွမ်းရှိတယ် ဆိုတာကို သူတို့ တွေ့ရှိခဲ့တာပါ။ ပျားတွေမှာ သိမြင်တတ်တဲ့ ရှုပ်ထွေးတဲ့ဉာဏ်ရည်ရော သင်ယူနိုင်စွမ်းပါ ထင်တာထက် ပိုသာနေတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဟုတ်ပါတယ် ပျားကလေးတွေဟာ သူတို့ကိုယ်တိုင် သင်ယူနိုင်သလို တခြားပျားတွေကိုလည်း အလားတူ လုပ်နိုင်အောင် သူတို့က သင်ပေးနိုင်စွမ်းလည်း ရှိနေတာပါ။
ဒါကြောင့် အခု Covid 19 ရောဂါပိုး ရှိမရှိ စစ်ဆေးမှုတွေ အတွက် ဒီလိုပျားတွေကို သုံးမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့. ဗားနင်ယံ Wageningen တက္ကသိုလ်က ရောဂါပိုးမွှားဗေဒ ပါမောက္ခ Wim Van Der Poel က ပြောပါတယ်။
"ဒီလိုစမ်းသပ်ဖို့ ပျားကိုသုံးတာ သိပ်ကို အသုံးတဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အကုန်အကျ အတော် သက်သက်သာသာနဲ့ ပျားတွေကိုလေ့ကျင့်ပေးနိုင်လို့ပါ။ နောက်ပြီး ဒေသတခုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးတဲ့ ပစ္စည်းတွေ မရနိုင်ဘူးဆိုရင် တံတွေးလို နမူနာမျိုးတွေမှာ ပိုးရှိမရှိ ပျားတွေကို အနံ့ခံ ခိုင်းလို့ရတဲ့ အတွက်ဖြစ်ပါတယ်။”
ဒီလို ဗိုင်းရပ်စ်ပိုးရှိမရှိ စမ်းမယ်ဆိုရင် စမ်းသပ်မှုအဖြေကို မိနစ်ပိုင်း အတွင်းမှာပဲ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခုထက်ပိုပြီး သင်ပေးနိုင်အောင် ပိုကောင်းတဲ့ လေ့ကျင့်တဲ့စက်ရအောင် လုပ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။
"ပျားတွေကို လေ့ကျင့်ပေးဖို့ အချိန်သိပ်မလိုပါဘူး၊ တလလောက် အတွင်းမှာပဲ ရနိုင်ပါတယ်။ အခက်ဆုံး အပိုင်းကတော့ ပျားတွေကို ဒီလိုလုပ်ဖို့ လေ့ကျင့်ပေးနိုင်တယ် ဆိုတာ ပြဖို့ပါ။ ဒီလို ပြနိုင်ပြီဆိုရင် ရှေ့ဆက် လုပ်ဖို့သိပ်မခက်တော့ပါဘူး။ ဒီ့အတွက် ပျားတွေကိုထည့်ပြီး ထိန်းထားနိုင်မယ့် လေ့ကျင့်တဲ့စက်ကို ခုထက်ပိုကောင်းအောင် လုပ်ဖို့ - ထွင်ဖို့လိုပါတယ်။”
ကိုရိုနာဗိုင်းရပ်စ် ပိုးရှိမရှိ စမ်းသပ်တဲ့နေရာမှာ အဖြေရဖို့ နာရီနဲ့ချီပြီးစောင့်ရသလို တခါတလေ ရက်နဲ့ချီပြီး ကြာလေ့ရှိပါတယ်။ ဒါပေမယ့် ပျားနဲ့ စမ်းသပ်ရင်တော့ အဖြေကို ချက်ချင်းပဲ ရနိုင်တာပါ။ ဒီလို ပျားနဲ့စမ်းသပ်တဲ့နည်းဟာ ငွေကုန်ကြေးကျလည်း သိပ်မများတဲ့ အတွက် ဗိုင်းရပ်စ်စမ်းသပ်တဲ့ ပစ္စည်း kits ရဖို့ ခက်ခဲတဲ့ နိုင်ငံတွေ အတွက် သိပ်ကို အသုံးတဲ့နိုင်တယ်လို့လည်း သုတေသန ပညာရှင်တွေက ပြောပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ Ghent တက္ကသိုလ် ပျားမွေးမြူရေးဌာန အကြီးအကဲ ဇီဝဗေဒပါမေက္ခ Dirk de Graaf ဂရပ်ဖ် ကတော့ အခုလို အင်းဆက်ပိုးတွေနဲ့ အနံ့ခံခိုင်းတဲ့ နည်းကို အမေရိကန်နိုင်ငံက ကာကွယ်ရေးဌာနမှာ ထိထိရောက်ရောက် စမ်းသပ်နေတာ ဖြစ်ပြီး ဒါဟာ ၁၉ ၉ ၀ နှစ်တွေ အတွင်းမှာ ဖေါက်ခွဲရေးပစ္စည်းတွေ၊ ဓါတုအဆိပ်တွေရှိမရှိ ထောက်လှန်းတဲ့ နေရာမှာ သုံးခဲ့တာ ဖြစ်ကြောင်းပြောပါတယ်။ သူ့အနေနဲ့ ဆိုရင်တော့ Covid 19 အတွက် သမရိုးကျနည်းတွေသုံး စမ်းသပ်တာကိုပဲ သဘောကျတယ်လို့ ပြောပါတယ်။
"ဒီ အကြံက သိပ်ကောင်းပါတယ်။ ဒါပေမယ့် ဒီရောဂါပိုး ရှိမရှိ စမ်းသပ်ဖို့အတွက် ပျားကို သုံးတာထက် လုပ်ရိုးလုပ်စဉ် ပစ္စည်းတွေသုံး စမ်းသပ်တာကို ကျနော်ပိုကြိုက်ပါတယ်။ ကျနော်က ပျားတွေကို သိပ်ချစ်ပါတယ်။ ဒါပေမယ့် သူတို့ကို Covid 19 ပိုး ရှိမရှိ စမ်းဖို့ သုံးမယ့်အစား တခြားကိစ္စတွေ အတွက်ပဲ ကျနော်သုံးချင်ပါတယ်။"
ဒါ့အပြင် ဒီကပ်ရောဂါဗိုင်းရပ်စ်ပိုးအတွက် လုပ်ရိုးလုပ်စဉ်အတိုင်း တိုက်ရိုက်ပဲ. ဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်တာကပဲ စိတ်ချရမယ်လို့ သုံးသပ်ပါတယ်။
"ဒီမှာတွေ့ရတာကတော့ ဒီပျားတွေက ရောဂါ အကူးစက်ခံရသူ ဆီက ထွက်တဲ့ အနံ့ကိုပဲ ခံကြတာပါ။ အခုလို ပျားနဲ့ စမ်းသပ်တာက တိုက်ရိုက်စမ်းတဲ့နည်းမျိုးမဟုတ်ပါဘူး။ တိုက်ရိုက်ပိုကျတဲ့နည်းက COVID-19 ပိုးရှိမရှိ စမ်းသပ်တဲ့ကရိယာတွေနဲ့ လုပ်ရိုးလုပ်စဉ် စမ်းသပ်တဲ့ နည်းတွေပါ။ ဗိုင်းရပ်စ်ပိုးရဲ့ အနေအထား အသွင်အပြင် ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇကို စမ်းသပ်တာမျိူးပါ။”
ပျားရည်ထုတ်ပေးတဲ့ ဒီပျားကောင်လေးတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အတွက် ဗိုင်းရပ်ပိုးစစ်ဆေးတဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေသလို ဒီပျားထွက်ပစ္စည်း ဖြစ်တဲ့ ပျားရည်၊ ပျားဖယောင်း၊ ပျားအဆိပ် တွေသုံးပြီး ဒီရောဂါကို ကုသပေးနိုင်ဖို့ သုတေသနတွေ လုပ်နေကြတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။