သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ပိုးကူးစက္သူ ေန႔စဥ္ ၃ သိန္းေက်ာ္ ၂၄ ရက္ဆက္ရွိလာ


မြမ္ဘုိင္းၿမိဳ႕မွာ ကိုဗစ္ကာကြယ္ေဆးထုိးဖို႔ ေစာင့္ဆုိင္းေနတဲ့ ေဒသခံမ်ား။ (ေမ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏိၵယႏိုင္ငံမွာ ေန႔စဥ္ပိုးကူးစက္ခံရသူ ၃ သိန္းေက်ာ္တက္လာခဲ့တာ ၂၄ ရက္ဆက္တိုက္ ရွိလာပါတယ္။ ကူးစက္ခံရသူ စုစုေပါင္း ၂၄ သန္းေက်ာ္လာၿပီး ေသဆံုးသူကလည္း ၂၆၀,၀၀၀ ေက်ာ္လာေနပါၿပီ။

ခုခ်ိန္ထိ စုစုေပါင္း ကိုဗစ္ကူးစက္ခံရသူ ၂၄,၃၇၃,၀၀၀ ခန္႔နဲ႔ ေသဆံုးသူေပါင္းလည္း ၂၆၆,၂၀၀ ေက်ာ္လာေနၿပီလို႔ အိႏိၵယ က်န္းမာေရးဝန္ႀကီးဌာနက ဒီေန႔မနက္ေစာေစာ ထုတ္ျပန္ပါတယ္။ မေန႔တရက္တည္း ကူးစက္ခံရသူကလည္း ၃၂၆,၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူ ၃,၉၀၀ နီးပါး ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ကူးစက္ျမန္လြန္းတဲ့ မ်ိဳး႐ုိးဗီဇေျပာင္း ပိုးမ်ိဳးသစ္ ေပၚလာအၿပီး အခုလို ျပင္းျပင္းထန္ထန္ ကူးစက္ေနခ်ိန္မွာ ျပန္ေကာင္းလာၿပီး ေဆး႐ုံက ျပန္ဆင္းႏိုင္သူကလည္း သန္း ၂၀ ေက်ာ္လာၿပီး ဆက္လက္ပိုးရွိေနသူေပါင္းက ၃,၆၇၄,၀၀၀ ခန္႔ ရွိေနေသးတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ဆိုပါတယ္။

တႏိုင္ငံလံုး စုစုေပါင္း ဓာတ္ခဲြေဆးစစ္ထားမႈကလည္း ၃၁၃ သန္းေက်ာ္လာပါၿပီ။ မေန႔ ေသာၾကာတရက္တည္းမွာပဲ ၁ သန္းခဲြေက်ာ္ ဓာတ္ခဲြစစ္ေဆးႏိုင္ခဲ့တယ္လို႔ အိိႏိၵယ ေဆးသုေတသနေကာင္စီ (ICMR) က ဒီေန႔ ထုတ္ျပန္ခဲ့ပါတယ္။

အခုလို ကိုဗစ္ပိုးေတြ႔သူေတြ အမ်ားအျပား တက္လာေနခ်ိန္မွာ အိႏိၵယ ဖက္ဒရယ္ ဗဟိုအစိုးရ အေနနဲ႔ေတာ့ အရင္ထိန္းခ်ဳပ္ဖို႔လုပ္ခဲ့တဲ့ Lockdown ခ် ပိတ္ဆို႔ကန္႔သတ္မႈမ်ိဳး ဆက္မလုပ္ေတာ့ဘူးလို႔ အျပတ္ေျပာထားေပမယ့္ ျပည္နယ္အစိုးရေတြကေတာ့ Lockdown အဆင့္ဆင့္ ခ်ေနပါတယ္။

အိႏိၵယ ျပည္နယ္ေတြမ်ားစြာမွာ ညမထြက္ရ အမိန္႔ေတြ၊ စေန တနဂၤေႏြ Lockdown ခ် အသြားအလာ ပိတ္ဆို႔ကန္႔သတ္မႈေတြနဲ႔ လံုးဝ အျပည့္အဝ Lockdown ခ်မွတ္မႈေတြအထိ လုပ္ေဆာင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အိန္ဒိယမှာ ပိုးကူးစက်သူ နေ့စဉ် ၃ သိန်းကျော် ၂၄ ရက်ဆက်ရှိလာ

အိန္ဒိယနိုင်ငံမှာ နေ့စဉ်ပိုးကူးစက်ခံရသူ ၃ သိန်းကျော်တက်လာခဲ့တာ ၂၄ ရက်ဆက်တိုက် ရှိလာပါတယ်။ ကူးစက်ခံရသူ စုစုပေါင်း ၂၄ သန်းကျော်လာပြီး သေဆုံးသူကလည်း ၂၆၀,၀၀၀ ကျော်လာနေပါပြီ။

ခုချိန်ထိ စုစုပေါင်း ကိုဗစ်ကူးစက်ခံရသူ ၂၄,၃၇၃,၀၀၀ ခန့်နဲ့ သေဆုံးသူပေါင်းလည်း ၂၆၆,၂၀၀ ကျော်လာနေပြီလို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်စောစော ထုတ်ပြန်ပါတယ်။ မနေ့တရက်တည်း ကူးစက်ခံရသူကလည်း ၃၂၆,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၉၀၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကူးစက်မြန်လွန်းတဲ့ မျိုးရိုးဗီဇပြောင်း ပိုးမျိုးသစ် ပေါ်လာအပြီး အခုလို ပြင်းပြင်းထန်ထန် ကူးစက်နေချိန်မှာ ပြန်ကောင်းလာပြီး ဆေးရုံက ပြန်ဆင်းနိုင်သူကလည်း သန်း ၂၀ ကျော်လာပြီး ဆက်လက်ပိုးရှိနေသူပေါင်းက ၃,၆၇၄,၀၀၀ ခန့် ရှိနေသေးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

တနိုင်ငံလုံး စုစုပေါင်း ဓာတ်ခွဲဆေးစစ်ထားမှုကလည်း ၃၁၃ သန်းကျော်လာပါပြီ။ မနေ့ သောကြာတရက်တည်းမှာပဲ ၁ သန်းခွဲကျော် ဓာတ်ခွဲစစ်ဆေးနိုင်ခဲ့တယ်လို့ အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR) က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ကိုဗစ်ပိုးတွေ့သူတွေ အများအပြား တက်လာနေချိန်မှာ အိန္ဒိယ ဖက်ဒရယ် ဗဟိုအစိုးရ အနေနဲ့တော့ အရင်ထိန်းချုပ်ဖို့လုပ်ခဲ့တဲ့ Lockdown ချ ပိတ်ဆို့ကန့်သတ်မှုမျိုး ဆက်မလုပ်တော့ဘူးလို့ အပြတ်ပြောထားပေမယ့် ပြည်နယ်အစိုးရတွေကတော့ Lockdown အဆင့်ဆင့် ချနေပါတယ်။

အိန္ဒိယ ပြည်နယ်တွေများစွာမှာ ညမထွက်ရ အမိန့်တွေ၊ စနေ တနင်္ဂနွေ Lockdown ချ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေနဲ့ လုံးဝ အပြည့်အဝ Lockdown ချမှတ်မှုတွေအထိ လုပ်ဆောင်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG