သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ကိုဗစ္ေၾကာင္႔ ေသဆံုးသူ အေရအတြက္ ျမင္႔မားဆဲ


အိႏိၵယနိုင္ငံ ဘင္ကလာရူး ျမိဳ ့ျပင္တေနရာတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစပ္ေသဆံုးသူမ်ားကို မီးသျဂိဳလ္စဥ္ (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)
အိႏၵိယႏိုင္ငံမွာ Covid 19 ေၾကာင့္ ေသဆံုးရသူဟာ ၾကာသပေတးေန႔မွာလည္း ၄၀၀၀ ေက်ာ္ သြားတဲ့အတြက္ အခုဆို ေသဆံုးသူ ၄၀၀၀ ေက်ာ္ေနတာ ၂ ရက္ရွိပါၿပီ။

အိႏၵိယမွာ တရက္အတြင္း လူေပါင္း ၄၁၂၀ ေသဆံုးခဲ့ရသလို ဒီေရာဂါ ေနာက္ထပ္ အကူးစက္ခံရသူကလည္း ၃ သိန္းခြဲေက်ာ္ရွိေနတယ္လို႔ အိႏၵိယက်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

အိႏၵိယဟာ ကို႐ိုနာဗိုင္းရပ္စ္အကူးစက္ခံရသူ ၂၄ သန္းနီးပါးနဲ႔ ကမာၻမွာ ဒုတိယအမ်ားဆံုး အကူးစက္ခံရတဲ့ ႏိုင္ငံျဖစ္ၿပီး ေသဆံုးရသူက ၂ သိန္းခြဲေက်ာ္ရွိေနပါတယ္။

ကမာၻမွာ ဒုတိယလူဦးေရအထူထပ္ဆံုးႏိုင္ငံျဖစ္တဲ့ အိႏၵိယမွာ အခုလို ကူးစက္မႈႏႈန္း ျမင့္မားလာတာေၾကာင့္ လူသားခ်င္းစာနာမႈဆိုင္ရာ ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ေဆးရံုကုတင္ မလံုေလာက္တာနဲ႔ လူနာေတြ အားထားရာ ေအာက္ဆီဂ်င္ဘူး မလံုေလာက္တာ အျပင္ လူေသအေလာင္းေတြ မီးရႈိ႕ဖို႔ပါ အခက္အခဲေတြ ျဖစ္ေနသလို ေသဆံုးသူ အေရအတြက္ကလည္း အစိုးရတရားဝင္ ထုတ္ျပန္တဲ့ ဦးေရထက္ပိုမ်ားေနႏိုင္တယ္လို႔ ကၽြမ္းက်င္သူေတြက သံုးသပ္ပါတယ္။

ဒီသီတင္းပတ္ထဲမွာပဲ အဂၤါျမစ္ထဲ လူေသအေလာင္း တရာေက်ာ္ ေမ်ာေနတာ ေတြ႕ခဲ့ရတာနဲ႔ ပတ္သက္ၿပီး အာဏာပိုင္ေတြက ဒီလူေတြ ဘာေၾကာင့္ ေသဆံုးရတယ္ ဆိုတာကို စံုစမ္းေနဆဲ ျဖစ္ေပမယ့္ ေဆးပညာရွင္ တခ်ိဳံေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ မသန္႔ရွင္းတဲ့ ေရကေန ျပန္႔ပြါးမွာကို စိုးရိမ္ေၾကာင္း ေျပာၾကပါတယ္။

ၾကာသပေတးေန႔ကေတာ့ အိႏၵိယ အစိုးရအၾကံေပး Vinod Kumar Paul က လာမယ့္ ၾသဂုတ္ကေန ဒီဇင္ဘာလ အတြင္း ကာကြယ္ေဆး အလံုးေပါင္း သန္း ၂၀၀၀ ေက်ာ္ အိႏၵိယႏိုင္ငံတြက္ ထုတ္ေပးႏိုင္မွာ ျဖစ္ေၾကာင္း သတင္းေထာက္ေတြကို ေျပာပါတယ္။

လာမယ့္ ၆လ ၇ လေလာက္ အတြင္း အိႏၵိယႏိုင္ငံသားေတြ အတြက္ ကာကြယ္ေဆး အလံုးေပါင္း ၂ ဘီလီယံေလာက္ ထုတ္ေပးႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ဒီေဆးေတြထဲမွာ Serum Institue က ထုတ္တဲ့ AstraZeneca အလံုးေပါင္း သန္း ၇၅၀ ပါဝင္မွာ ျဖစ္ၿပီး Bharat Biotech ကုမၸဏီထုတ္ Covaxin အလံုေပါင္း သန္း ၅၅၀ ပါဝင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အိႏၵိယႏိုင္ငံဟာ ကမာၻမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး အႀကီးအက်ယ္ထုတ္တဲ့ ႏိုင္ငံ တႏိုင္ငံ ျဖစ္ေပမယ့္ လူသန္းေပါင္း ၁၃၀၀ ေက်ာ္ေနထိုင္တဲ့ အိႏၵိယမွာ ေဆးပတ္လည္ေအာင္ ေဆး ၂ ႀကိမ္ထိုးႏွံၿပီးသူက ၃ ရာခိုင္ႏႈန္းေတာင္ မရွိေသးပါဘူး။

.............................................................

တိုက္႐ိုက္ လင့္ခ္


အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက် မြင့်မားဆဲ

(Unicode)
အိန္ဒိယနိုင်ငံမှာ Covid 19 ကြောင့် သေဆုံးရသူဟာ ကြာသပတေးနေ့မှာလည်း ၄၀၀၀ ကျော် သွားတဲ့အတွက် အခုဆို သေဆုံးသူ ၄၀၀၀ ကျော်နေတာ ၂ ရက်ရှိပါပြီ။

အိန္ဒိယမှာ တရက်အတွင်း လူပေါင်း ၄၁၂၀ သေဆုံးခဲ့ရသလို ဒီရောဂါ နောက်ထပ် အကူးစက်ခံရသူကလည်း ၃ သိန်းခွဲကျော်ရှိနေတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယဟာ ကိုရိုနာဗိုင်းရပ်စ်အကူးစက်ခံရသူ ၂၄ သန်းနီးပါးနဲ့ ကမ္ဘာမှာ ဒုတိယအများဆုံး အကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပြီး သေဆုံးရသူက ၂ သိန်းခွဲကျော်ရှိနေပါတယ်။

ကမ္ဘာမှာ ဒုတိယလူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ အခုလို ကူးစက်မှုနှုန်း မြင့်မားလာတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆေးရုံကုတင် မလုံလောက်တာနဲ့ လူနာတွေ အားထားရာ အောက်ဆီဂျင်ဘူး မလုံလောက်တာ အပြင် လူသေအလောင်းတွေ မီးရှို့ဖို့ပါ အခက်အခဲတွေ ဖြစ်နေသလို သေဆုံးသူ အရေအတွက်ကလည်း အစိုးရတရားဝင် ထုတ်ပြန်တဲ့ ဦးရေထက်ပိုများနေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ အင်္ဂါမြစ်ထဲ လူသေအလောင်း တရာကျော် မျောနေတာ တွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဒီလူတွေ ဘာကြောင့် သေဆုံးရတယ် ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် ဆေးပညာရှင် တချိုံတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မသန့်ရှင်းတဲ့ ရေကနေ ပြန့်ပွါးမှာကို စိုးရိမ်ကြောင်း ပြောကြပါတယ်။

ကြာသပတေးနေ့ကတော့ အိန္ဒိယ အစိုးရအကြံပေး Vinod Kumar Paul က လာမယ့် သြဂုတ်ကနေ ဒီဇင်ဘာလ အတွင်း ကာကွယ်ဆေး အလုံးပေါင်း သန်း ၂၀၀၀ ကျော် အိန္ဒိယနိုင်ငံတွက် ထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

လာမယ့် ၆လ ၇ လလောက် အတွင်း အိန္ဒိယနိုင်ငံသားတွေ အတွက် ကာကွယ်ဆေး အလုံးပေါင်း ၂ ဘီလီယံလောက် ထုတ်ပေးနိုင်တော့မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီဆေးတွေထဲမှာ Serum Institue က ထုတ်တဲ့ AstraZeneca အလုံးပေါင်း သန်း ၇၅၀ ပါဝင်မှာ ဖြစ်ပြီး Bharat Biotech ကုမ္ပဏီထုတ် Covaxin အလုံပေါင်း သန်း ၅၅၀ ပါဝင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အကြီးအကျယ်ထုတ်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပေမယ့် လူသန်းပေါင်း ၁၃၀၀ ကျော်နေထိုင်တဲ့ အိန္ဒိယမှာ ဆေးပတ်လည်အောင် ဆေး ၂ ကြိမ်ထိုးနှံပြီးသူက ၃ ရာခိုင်နှုန်းတောင် မရှိသေးပါဘူး။

XS
SM
MD
LG