သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယ ဂဂၤါျမစ္တြင္း အေလာင္းေတြ ထပ္မံေတြ႔ရွိ


ဂဂၤါျမစ္အတြင္း ေတြ႔ရတဲ့ ႐ုပ္အေလာင္းအခ်ဳိ႕။ (ေမ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံ Uttar Pradesh ျပည္နယ္တြင္းက ဂဂၤါျမစ္အတြင္းမွာ စေနေန႔က ေသဆံုးသူ ႐ုပ္အေလာင္းေတြ ထပ္ၿပီး ေတြ႔ရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း ေသဆံုးသူ ႐ုပ္အေလာင္း ၁၀၀ ေက်ာ္ ေမ်ာပါလာတဲ့ ေနရာမွာပဲ အခု႐ုပ္အေလာင္းေတြ ထပ္ေတြ႔ရတာေၾကာင့္ Ghazipur ခ႐ုိင္ Gahmar ရြာက လူေတြ ထိတ္လန္႔ ေၾကာက္ရြံ႕ေနၾကပါတယ္။ တျခားေဒသေတြကေန ေမ်ာပါလာတာ ျဖစ္ႏုိင္ေၾကာင္း ရြာခံ Akhand Pratap က ေျပာပါတယ္။

“တျခားခ႐ုိင္ေတြကေန ေမ်ာလာတာလည္း ျဖစ္ႏုိင္ပါတယ္။ ဂဂၤါျမစ္က Ghamar ရြာကို ေကြ႔ဝုိက္စီးဆင္းတာျဖစ္ၿပီး ေရစီးေလ်ာ့ပါတယ္။ ဒါေၾကာင့္လည္း ျမစ္ေရထဲ ေမ်ာလာတဲ့ ႐ုပ္အေလာင္းေတြက ျမစ္ကမ္းေပၚကို ေသာင္တင္လာတာ ျဖစ္ႏုိင္ေၾကာင္း၊ ဒါေၾကာင့္လည္း အဲဒီေနရာမွာ လူေသအေလာင္းေတြ အမ်ားႀကီးျဖစ္ေနတာ။” လို႔ သူက ေျပာခဲ့တာပါ။

႐ုပ္အေလာင္းတခ်ိဳ႕ဆိုရင္ အဲဒီမွာ ေသာင္တင္ေနတာ ၂ ရက္ကေန ၄ ရက္ေလာက္ ရွိေနပါၿပီ။ အိႏၵိယရဲ႕ လူဦးေရအထူထပ္ဆံုး Uttar Pradesh ျပည္နယ္တြင္းက ဂဂၤါျမစ္ကမ္းတေလွ်ာက္မွာ ႐ုပ္အေလာင္းေတြ ျမစ္ထဲမစြန႔္ပစ္ေရးအတြက္ ရဲတပ္ဖြဲ႔က ကင္းလွည့္ ေစာင့္ၾကည့္ေနရပါတယ္။

အိႏၵိယရဲ႕ သန္းေပါင္းမ်ားစြာေသာ ဟိႏၵဴဘာသာဝင္ေတြရဲ႕ ဘာသာေရးအရ အထြတ္အျမတ္ထားရာ ဂဂၤါျမစ္အတြင္း ေမ်ာလာတဲ့ ႐ုပ္အေလာင္းေတြကိုလည္း ရွာေဖြေနေၾကာင္း ရဲအရာရွိ B.N. UPADHYAY က ေျပာပါတယ္။

“ျမစ္ေၾကာင္းတေလွ်ာက္ ကင္းလွည့္ရင္း ေသဆံုးသူ ႐ုပ္အေလာင္းေတြကိုလည္း ရွာပါတယ္။ တကယ္လို႔ ႐ုပ္အေလာင္းေတြ ေတြ႔ရင္လည္း ဓေလ႔ထံုးတမ္းနဲ႔အညီ မီးသၿဂႋဳဟ္ပါတယ္။” လို႔ ရဲအရာရွိက ထပ္ေလာင္းေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ျဖစ္ပြားသူ အသစ္ ၃၂၆,၀၉၈ ဦးရွိၿပီး ေသဆံုးသူ ၃,၈၉၀ ဦးရွိေၾကာင္း အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက စေနေန႔မွာ ထုတ္ျပန္ပါတယ္။ COVID-19 ျဖစ္ပြားမႈႏႈန္း အနည္းငယ္က်ဆင္းေၾကာင္း က်န္းမာေရး တာဝန္ရွိသူေတြက ေျပာဆိုထားေပမယ့္လည္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈက ႏုိ္င္ငံလူဦးေရ သံုးပံုႏွစ္ပံု ေနထိုင္ရာ ေက်းလက္ေဒသေတြမွာ ဆိုးဆိုးရြားရြား ပ်ံ႕ႏွံ႔ ကူးစက္ေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အိန္ဒိယ ဂင်္ဂါမြစ်တွင်း အလောင်းတွေ ထပ်မံတွေ့ရှိ

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်တွင်းက ဂင်္ဂါမြစ်အတွင်းမှာ စနေနေ့က သေဆုံးသူ ရုပ်အလောင်းတွေ ထပ်ပြီး တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကျော် မျောပါလာတဲ့ နေရာမှာပဲ အခုရုပ်အလောင်းတွေ ထပ်တွေ့ရတာကြောင့် Ghazipur ခရိုင် Gahmar ရွာက လူတွေ ထိတ်လန့် ကြောက်ရွံ့နေကြပါတယ်။ တခြားဒေသတွေကနေ မျောပါလာတာ ဖြစ်နိုင်ကြောင်း ရွာခံ Akhand Pratap က ပြောပါတယ်။

“တခြားခရိုင်တွေကနေ မျောလာတာလည်း ဖြစ်နိုင်ပါတယ်။ ဂင်္ဂါမြစ်က Ghamar ရွာကို ကွေ့ဝိုက်စီးဆင်းတာဖြစ်ပြီး ရေစီးလျော့ပါတယ်။ ဒါကြောင့်လည်း မြစ်ရေထဲ မျောလာတဲ့ ရုပ်အလောင်းတွေက မြစ်ကမ်းပေါ်ကို သောင်တင်လာတာ ဖြစ်နိုင်ကြောင်း၊ ဒါကြောင့်လည်း အဲဒီနေရာမှာ လူသေအလောင်းတွေ အများကြီးဖြစ်နေတာ။” လို့ သူက ပြောခဲ့တာပါ။

ရုပ်အလောင်းတချို့ဆိုရင် အဲဒီမှာ သောင်တင်နေတာ ၂ ရက်ကနေ ၄ ရက်လောက် ရှိနေပါပြီ။ အိန္ဒိယရဲ့ လူဦးရေအထူထပ်ဆုံး Uttar Pradesh ပြည်နယ်တွင်းက ဂင်္ဂါမြစ်ကမ်းတလျှောက်မှာ ရုပ်အလောင်းတွေ မြစ်ထဲမစွန့်ပစ်ရေးအတွက် ရဲတပ်ဖွဲ့က ကင်းလှည့် စောင့်ကြည့်နေရပါတယ်။

အိန္ဒိယရဲ့ သန်းပေါင်းများစွာသော ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးအရ အထွတ်အမြတ်ထားရာ ဂင်္ဂါမြစ်အတွင်း မျောလာတဲ့ ရုပ်အလောင်းတွေကိုလည်း ရှာဖွေနေကြောင်း ရဲအရာရှိ B.N. UPADHYAY က ပြောပါတယ်။

“မြစ်ကြောင်းတလျှောက် ကင်းလှည့်ရင်း သေဆုံးသူ ရုပ်အလောင်းတွေကိုလည်း ရှာပါတယ်။ တကယ်လို့ ရုပ်အလောင်းတွေ တွေ့ရင်လည်း ဓလေ့ထုံးတမ်းနဲ့အညီ မီးသင်္ဂြိုဟ်ပါတယ်။” လို့ ရဲအရာရှိက ထပ်လောင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ဖြစ်ပွားသူ အသစ် ၃၂၆,၀၉၈ ဦးရှိပြီး သေဆုံးသူ ၃,၈၉၀ ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်ပါတယ်။ COVID-19 ဖြစ်ပွားမှုနှုန်း အနည်းငယ်ကျဆင်းကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောဆိုထားပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက နိုင်ငံလူဦးရေ သုံးပုံနှစ်ပုံ နေထိုင်ရာ ကျေးလက်ဒေသတွေမှာ ဆိုးဆိုးရွားရွား ပျံ့နှံ့ ကူးစက်နေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG