သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံ ကိုဗစ္ကူးစက္သူ ၂၄ နာရီအတြင္း တေသာင္းနီးပါး ရွိ


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ကိုဗစ္ပိုး၊ ရွိမရွိ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ဧၿပီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာ့အိမ္နီးခ်င္း ထုိင္းႏုိင္ငံမွာ ဧၿပီလက စၿပီး ကိုဗစ္ကူးစက္မႈ တတိယလႈိင္းနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ပိုးကူးသူ ၃ ဆေက်ာ္တက္လာၿပီး ဒီကေန႔ တရက္ထဲပိုးကူးခံရသူ ၁၀,၀၀၀ နီးပါးရိွေနတာမွာ ၃ ပုံ ၁ ပုံက အက်ဥ္းသားေတြျဖစ္ပါတယ္။

“ကိုဗစ္ပထမဆုံး ကူးစက္ေနတုန္းက ေထာင္ထဲမွာ လူနည္းနည္းပဲ ကူးခံရပါတယ္။ ဒုတိယလႈိင္းကူးစက္ေတာ့ ပိုးကူးခံရသူလူ ဆယ္ခ်ီျဖစ္လာၿပိီး ခုတတိယလႈိင္းနဲ႔ ႀကံဳေနရတဲ့ အခ်ိန္မွာ ပိုးကူးခံရသူ ရာဂဏန္းကေန ေထာင္ဂဏန္းထိျဖစ္လာတယ္။” လို႔ အက်ဥ္းဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ARYUT SINTHOPPAN ကေျပာပါတယ္။

ထုိင္းမွာ ပိုးကူးခံရသူ ၁၁၀,၀၀၀ ေက်ာ္ရွိေနၿပီး ဒီကေန႔ေသဆုံးသူ ၂၅ ေယာက္တိုးလာတဲ့အတြက္ ေသဆုံးသူအားလုံး ၆၀၀ ေက်ာ္ထိေရာက္လာတာပါ။ ေထာင္ ၈ ခုမွာ လက္ရွိ ပိုးစစ္ေဆးမႈ ၂၅,၀၀၀ နီးပါးထဲမွာ အက်ဥ္းသား ၁၁,၀၀၀ ေလာက္ပိုးကူးခံထားရတယ္လို႔ တာ၀န္ရွိသူေတြကေျပာပါတယ္။ အျခားေထာင္ေတြမွာ ရွိတဲ့အက်ဥ္းသားအားလုံး ပိုးစစ္ေဆးေနတာေၾကာင့္ ပိုးကူးခံရသူေတြေ- ေတြ႔လာမယ္လို႔လည္း ေမ ွ်ာ္လင့္ရပါတယ္။ ထုိင္းေထာင္ ၁၄၃ ခုမွာ အက်ဥ္းသား ၃၁၀,၀၀၀ ေက်ာ္ရွိပါတယ္။

အိႏၵိယႏုိင္ငံမွာေတာ့ ဒီကေန႔ ပိုးကူးစက္မႈ က်ဆင္းလာတယ္ဆိုေပမဲ့ ပိုးကူးစက္မႈျမန္ဆန္လွတဲ့ ေက်းလက္ေဒသမွာ ပိုးစစ္ေဆးႏုိင္ျခင္း မရွိတဲ့အတြက္ ဒီအေရအတြက္ မမွန္ႏုိင္ဘူးလို႔ ကၽြမ္းက်င္သူေတြကေျပာပါတယ္။ မ်ိဳးဗီဇေျပာင္း ပိုးသစ္ကူးစက္မႈေၾကာင့္ အိႏၵိယမွာ လနဲ႔ခ်ီ ပိုးကူးစက္မႈ အျပင္းထန္ဆုံး ရင္ဆုိင္ေနရၿပီး တရက္ထဲပိုးကူးသူ ၄၀၀,၀၀၀ ေက်ာ္ထိေရာက္ခဲ့တာပါ။

အိႏၵိယမွာ ပထမဆုံးေတြ႔ရတဲ့ ကူးစက္ျမန္ B.1.617 ပိုးကူးစက္မႈေၾကာင့္ ျပည္တြင္းျပည္ပက စိုးရိမ္ေနၾကတာပါ။ ျပည္တြင္းမွာ အခုရက္ပိုင္း ကူးစက္မႈက်ဆင္းလာတယ္ဆိုေပမဲ့ ကူးစက္မႈ အျမင့္ဆုံး မေရာက္ေသးဘူးလို႔ ကၽြမ္းက်င္သူေတြက သတိေပးေနတာပါ။ ဧၿပီ ၁၅ ရက္ေန႔ေနာက္ပိုင္း ဒီကေန႔မွာေတာ့ ပိုးကူးသူအနည္းဆုံးေရာက္လာတယ္ဆိုေပမဲ့ ပိုးေတြ႔သူ ၂၈၀,၀၀၀ ေက်ာ္ေတာ့ရွိေနပါေသးတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ မႏွစ္က အိုလံပစ္အားကစားပြဲကို ေရႊ႕ဆုိင္းထားတဲ့ အိမ္ရွင္အျဖစ္က်င္းပမယ့္ ဂ်ပန္မွာ ဒီႏွစ္ထဲအားကစားပြဲက်င္းပဖို႔ စီစဥ္ထားပါတယ္။ ဒါေပမဲ့လည္း ဂ်ပန္ျပည္သူ ၈၀ ရာခုိင္ႏႈန္းက အိုလံပစ္ပြဲက်င္းပမယ့္ကိစၥကို ဆန္႔က်င္ေၾကာင္း ဂ်ပန္သတင္းစာႀကီး Asahi Shimbun က ဒီကေန႔ေဖာ္ျပတဲ့လူထုစစ္တမ္းမွာ ေတြ႔ရပါတယ္။ အေမရိကန္ Johns Hopkins တကၠသိုလ္ကုိဗစ္သုေတသနဌာန စစ္တမ္းအရ တနလၤာေန႔ထိ ကမၻာတ၀ွမ္းပိုးကူးသူ ၁၆၂ သန္းေက်ာ္ရွိၿပိီး အေမရိကန္မွာ ပိုးကူးသူ ၃၃ သန္းနီးပါးနဲ႔ ကမၻာမွာ ပိုးကူးသူအမ်ားဆုံး ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံ ကိုဗစ်ကူးစက်သူ ၂၄ နာရီအတွင်း တသောင်းနီးပါး ရှိ

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဧပြီလက စပြီး ကိုဗစ်ကူးစက်မှု တတိယလှိုင်းနဲ့ ရင်ဆိုင်နေရချိန်မှာ ပိုးကူးသူ ၃ ဆကျော်တက်လာပြီး ဒီကနေ့ တရက်ထဲပိုးကူးခံရသူ ၁၀,၀၀၀ နီးပါးရှိနေတာမှာ ၃ ပုံ ၁ ပုံက အကျဉ်းသားတွေဖြစ်ပါတယ်။

“ကိုဗစ်ပထမဆုံး ကူးစက်နေတုန်းက ထောင်ထဲမှာ လူနည်းနည်းပဲ ကူးခံရပါတယ်။ ဒုတိယလှိုင်းကူးစက်တော့ ပိုးကူးခံရသူလူ ဆယ်ချီဖြစ်လာပြီး ခုတတိယလှိုင်းနဲ့ ကြုံနေရတဲ့ အချိန်မှာ ပိုးကူးခံရသူ ရာဂဏန်းကနေ ထောင်ဂဏန်းထိဖြစ်လာတယ်။” လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ARYUT SINTHOPPAN ကပြောပါတယ်။

ထိုင်းမှာ ပိုးကူးခံရသူ ၁၁၀,၀၀၀ ကျော်ရှိနေပြီး ဒီကနေ့သေဆုံးသူ ၂၅ ယောက်တိုးလာတဲ့အတွက် သေဆုံးသူအားလုံး ၆၀၀ ကျော်ထိရောက်လာတာပါ။ ထောင် ၈ ခုမှာ လက်ရှိ ပိုးစစ်ဆေးမှု ၂၅,၀၀၀ နီးပါးထဲမှာ အကျဉ်းသား ၁၁,၀၀၀ လောက်ပိုးကူးခံထားရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အခြားထောင်တွေမှာ ရှိတဲ့အကျဉ်းသားအားလုံး ပိုးစစ်ဆေးနေတာကြောင့် ပိုးကူးခံရသူတွေေ- တွေ့လာမယ်လို့လည်း မေ ျှာ်လင့်ရပါတယ်။ ထိုင်းထောင် ၁၄၃ ခုမှာ အကျဉ်းသား ၃၁၀,၀၀၀ ကျော်ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဒီကနေ့ ပိုးကူးစက်မှု ကျဆင်းလာတယ်ဆိုပေမဲ့ ပိုးကူးစက်မှုမြန်ဆန်လှတဲ့ ကျေးလက်ဒေသမှာ ပိုးစစ်ဆေးနိုင်ခြင်း မရှိတဲ့အတွက် ဒီအရေအတွက် မမှန်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ မျိုးဗီဇပြောင်း ပိုးသစ်ကူးစက်မှုကြောင့် အိန္ဒိယမှာ လနဲ့ချီ ပိုးကူးစက်မှု အပြင်းထန်ဆုံး ရင်ဆိုင်နေရပြီး တရက်ထဲပိုးကူးသူ ၄၀၀,၀၀၀ ကျော်ထိရောက်ခဲ့တာပါ။

အိန္ဒိယမှာ ပထမဆုံးတွေ့ရတဲ့ ကူးစက်မြန် B.1.617 ပိုးကူးစက်မှုကြောင့် ပြည်တွင်းပြည်ပက စိုးရိမ်နေကြတာပါ။ ပြည်တွင်းမှာ အခုရက်ပိုင်း ကူးစက်မှုကျဆင်းလာတယ်ဆိုပေမဲ့ ကူးစက်မှု အမြင့်ဆုံး မရောက်သေးဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးနေတာပါ။ ဧပြီ ၁၅ ရက်နေ့နောက်ပိုင်း ဒီကနေ့မှာတော့ ပိုးကူးသူအနည်းဆုံးရောက်လာတယ်ဆိုပေမဲ့ ပိုးတွေ့သူ ၂၈၀,၀၀၀ ကျော်တော့ရှိနေပါသေးတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် မနှစ်က အိုလံပစ်အားကစားပွဲကို ရွှေ့ဆိုင်းထားတဲ့ အိမ်ရှင်အဖြစ်ကျင်းပမယ့် ဂျပန်မှာ ဒီနှစ်ထဲအားကစားပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း ဂျပန်ပြည်သူ ၈၀ ရာခိုင်နှုန်းက အိုလံပစ်ပွဲကျင်းပမယ့်ကိစ္စကို ဆန့်ကျင်ကြောင်း ဂျပန်သတင်းစာကြီး Asahi Shimbun က ဒီကနေ့ဖော်ပြတဲ့လူထုစစ်တမ်းမှာ တွေ့ရပါတယ်။ အမေရိကန် Johns Hopkins တက္ကသိုလ်ကိုဗစ်သုတေသနဌာန စစ်တမ်းအရ တနင်္လာနေ့ထိ ကမ္ဘာတဝှမ်းပိုးကူးသူ ၁၆၂ သန်းကျော်ရှိပြီး အမေရိကန်မှာ ပိုးကူးသူ ၃၃ သန်းနီးပါးနဲ့ ကမ္ဘာမှာ ပိုးကူးသူအများဆုံး ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG