(Zawgyi/Unicode)
အေမရိကန္ ျပည္ေထာင္စုမွာ ကိုဗစ္ေရာဂါကာကြယ္ေဆး အျပည့္အ၀ ထိုးၿပီးတဲ့သူေတြအတြက္ ႏွာေခါင္းစည္း၀တ္ဖို႔ ကန္႔သတ္ခ်က္ကို ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေျဖေလွ်ာ့ေပးဖို႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္တားဆီးေရးဌာန (CDC) က ၾကာသပေတးေန႔မွာပဲ ေၾကညာလိုက္ပါတယ္။
လမ္းၫႊန္ခ်က္အသစ္အရ လုပ္ငန္းခြင္ေတြ၊ ေက်ာင္းေတြလို ေနရာေတြမွာ ကာကြယ္ေဆး အျပည့္အ၀ ထိုးၿပီးသူေတြ ႏွာေခါင္းစည္း၀တ္ဖို႔ မလိုေတာ့ေပမဲ့ ဘတ္စ္ကားေတြ၊ ေလယာဥ္ေတြ၊ ေဆး႐ုံေတြ၊ ေထာင္ေတြနဲ႔ အိုးမဲ့အိမ္မဲ့ေတြ ခိုလႈံရာေဂဟာေတြလို ေနရာေတြမွာေတာ့ ႏွာေခါင္းစည္း၀တ္ၾကရမွာ ျဖစ္ပါတယ္။ ပုံမွန္အေျခအေန ျပန္ေရာက္ႏိုင္ဖို႔ ဒီလိုအေျခအေနမ်ဳိးကို အခ်ိန္အေတာ္ၾကာကတည္းက ေစာင့္စားေနခဲ့ၾကရတာလို႔လည္း ၾကာသပေတးေန႔က ကန္႔သတ္ခ်က္ ေလွ်ာ့ေပါ့ေၾကာင္း ေၾကညာရာမွာ CDC ၫႊန္ၾကားေရးမွဴး Dr. Rochelle Walensky က ေျပာဆိုခဲ့တာပါ။
ကာကြယ္ေဆး ထိုးၿပီးသူေတြ ျပင္ပက လူစုလူေ၀းၾကားမွာ ႏွာေခါင္းစည္း ၀တ္ဖို႔ လမ္းၫႊန္ခ်က္ကိုလည္း CDC က ႐ုပ္သိမ္းလိုက္ပါတယ္။ ကာကြယ္ေဆးထိုးတဲ့ အက်ဳိးရလာဒ္အျဖစ္ ေဆးထိုးၿပီးသားလူေတြအတြက္ ကန္႔သတ္ခ်က္ေတြ ေလွ်ာ့ေပးဖို႔ အစိုးရနဲ႔ CDC အေပၚ ဖိအားေပး ခံေနရခ်ိန္မွာပဲ အခုလို ေၾကညာခ်က္ ထြက္လာတာလည္း ျဖစ္ပါတယ္။ ကန္႔သတ္ခ်က္ေတြ ေလွ်ာ့ေပးလိုက္ေပမဲ့ ကာကြယ္ေဆး ထိုးၿပီးသားလူေတြနဲ႔ မထိုးရေသးတဲ့လူေတြကို ခဲြျခားရာမွာ အခက္အခဲေတြလည္း ၾကံဳရႏိုင္ပါတယ္။
အေမရိကန္မွာ ၂ ႀကိမ္ထိုးရတဲ့ ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးၿပီးသူကေတာ့ အရြယ္ေရာက္သူ လူဦးေရရဲ႕ ၄၆ ရာခိုင္ႏႈန္းေက်ာ္ ၁၅၄ သန္းနီးပါး ရွိေနၿပီး၊ ေဆး ၂ ႀကိမ္ထိုးၿပီးသူကေတာ့ ၁၁၇ သန္းေက်ာ္ ရွိပါတယ္။ Pfizer ကုမၸဏီကထုတ္တဲ့ ကာကြယ္ေဆးကို အသက္ ၁၂ ႏွစ္ကေန ၁၅ ႏွစ္အရြယ္ ကေလးေတြကိုပါ ထိုးခြင့္ျပဳလိုက္တဲ့အတြက္ မၾကာခင္ ရက္ေတြအတြင္း ကာကြယ္ေဆးထိုးသူ အေရအတြက္ သိသိသာသာ တိုးလာမယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။
.................................................................
နှာခေါင်းစည်းတပ်ဆင်မှုကို ကာကွယ်ဆေးထိုးပြီးသူတွေအတွက် ဖြေလျှော့တော့မည် (အမေရိကန် CDC)
(Unicode)
အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ရောဂါကာကွယ်ဆေး အပြည့်အ၀ ထိုးပြီးတဲ့သူတွေအတွက် နှာခေါင်းစည်းဝတ်ဖို့ ကန့်သတ်ချက်ကို နေရာတော်တော်များများမှာ ဖြေလျှော့ပေးဖို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (CDC) က ကြာသပတေးနေ့မှာပဲ ကြေညာလိုက်ပါတယ်။
လမ်းညွှန်ချက်အသစ်အရ လုပ်ငန်းခွင်တွေ၊ ကျောင်းတွေလို နေရာတွေမှာ ကာကွယ်ဆေး အပြည့်အ၀ ထိုးပြီးသူတွေ နှာခေါင်းစည်းဝတ်ဖို့ မလိုတော့ပေမဲ့ ဘတ်စ်ကားတွေ၊ လေယာဉ်တွေ၊ ဆေးရုံတွေ၊ ထောင်တွေနဲ့ အိုးမဲ့အိမ်မဲ့တွေ ခိုလှုံရာဂေဟာတွေလို နေရာတွေမှာတော့ နှာခေါင်းစည်းဝတ်ကြရမှာ ဖြစ်ပါတယ်။ ပုံမှန်အခြေအနေ ပြန်ရောက်နိုင်ဖို့ ဒီလိုအခြေအနေမျိုးကို အချိန်အတော်ကြာကတည်းက စောင့်စားနေခဲ့ကြရတာလို့လည်း ကြာသပတေးနေ့က ကန့်သတ်ချက် လျှော့ပေါ့ကြောင်း ကြေညာရာမှာ CDC ညွှန်ကြားရေးမှူး Dr. Rochelle Walensky က ပြောဆိုခဲ့တာပါ။
ကာကွယ်ဆေး ထိုးပြီးသူတွေ ပြင်ပက လူစုလူဝေးကြားမှာ နှာခေါင်းစည်း ဝတ်ဖို့ လမ်းညွှန်ချက်ကိုလည်း CDC က ရုပ်သိမ်းလိုက်ပါတယ်။ ကာကွယ်ဆေးထိုးတဲ့ အကျိုးရလာဒ်အဖြစ် ဆေးထိုးပြီးသားလူတွေအတွက် ကန့်သတ်ချက်တွေ လျှော့ပေးဖို့ အစိုးရနဲ့ CDC အပေါ် ဖိအားပေး ခံနေရချိန်မှာပဲ အခုလို ကြေညာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။ ကန့်သတ်ချက်တွေ လျှော့ပေးလိုက်ပေမဲ့ ကာကွယ်ဆေး ထိုးပြီးသားလူတွေနဲ့ မထိုးရသေးတဲ့လူတွေကို ခွဲခြားရာမှာ အခက်အခဲတွေလည်း ကြုံရနိုင်ပါတယ်။
အမေရိကန်မှာ ၂ ကြိမ်ထိုးရတဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပြီးသူကတော့ အရွယ်ရောက်သူ လူဦးရေရဲ့ ၄၆ ရာခိုင်နှုန်းကျော် ၁၅၄ သန်းနီးပါး ရှိနေပြီး၊ ဆေး ၂ ကြိမ်ထိုးပြီးသူကတော့ ၁၁၇ သန်းကျော် ရှိပါတယ်။ Pfizer ကုမ္ပဏီကထုတ်တဲ့ ကာကွယ်ဆေးကို အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေးတွေကိုပါ ထိုးခွင့်ပြုလိုက်တဲ့အတွက် မကြာခင် ရက်တွေအတွင်း ကာကွယ်ဆေးထိုးသူ အရေအတွက် သိသိသာသာ တိုးလာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။