သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ၿဗိတိန္ ကေနဒါ ျမန္မာစစ္ေကာင္စီအေပၚ ဒဏ္ခတ္မႈ တိုးျမွင့္


မွတ္တမ္းဓါတ္ပံု - ၂၀၁၇ မတ္လ ၂၇ ရက္ေန႔က က်င္းပတဲ့ ၇၂ ႀကိမ္ေျမာက္ တပ္မေတာ္ေန႔အခမ္းအနား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က ေဖေဖၚဝါရီ ၁ ရက္ အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး ျမန္မာစစ္အာဏာပိုင္ေတြ အေပၚ အေရးယူမႈေတြ ဆက္တိုက္လုပ္ေနတဲ့ အေမရိကန္၊ ၿဗိတိန္နဲ႔ ကေနဒါတို႔က တနလၤာေန႔မွာလည္း ျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚ ပစ္မွတ္ထား အေရးယူမႈ အသစ္ေတြ ခ်မွတ္ခဲ့ၾကပါတယ္။

အေမရိကန္ရဲ႕ အေရးယူမႈစာရင္းထဲမွာ ျမန္မာႏိုင္ငံက ေနာက္ထပ္ လူပုဂၢိဳလ္ ၁၆ ဦးနဲ႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ SAC တို႔ကို ထည့္သြင္းလိုက္တာပါ။ ဒီအထဲမွာ SAC အရပ္သားစစ္ေကာင္စီ အဖြဲ႔ဝင္ေတြနဲ႔ စစ္ေကာင္စီက ခန္႔အပ္တဲ့ ျပည္ေထာင္စုဝန္ႀကီးေတြ ပါဝင္ ပါတယ္။

အရပ္သား စစ္ေကာင္စီအဖြဲ႔ဝင္ေတြျဖစ္တဲ့ ဦးသိန္းၫြန္႔၊ ဦးခင္ေမာင္ေဆြ၊ မန္းၿငိမ္းေမာင္၊ စိုင္းလံုစိုင္း တို႔ပါဝင္ၿပီး အစိုးရအဖြဲ႔ဝင္ေတြ ျဖစ္တဲ့ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္၊ နယ္စပ္ေရးရာ ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးထြန္းထြန္းေနာင္၊ စီးပြါးကူးသန္းဝန္ႀကီး ဦးပြင့္ဆန္း၊ ဘ႑ာေရး၀န္ႀကီး ဦး၀င္းရွိန္၊ က်န္းမာေရး၀န္ႀကီး ဦးသက္ဆိုင္၀င္း၊ သဘာ၀သယံဇာတ၀န္ႀကီး ဦးခင္ေမာင္ရီ၊ တိုင္းရင္းသားေရးရာ၀န္ႀကီး ဦးထြန္းေအာင္ျမင့္တို႔ပါ၀င္ အျပင္ ဗဟိုဘဏ္ဥကၠ႒ ဦးသန္းၿငိမ္နဲ႔ ၊ ေရြးေကာက္ပဲြေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးတို႔ကိုလည္း ထည့္သြင္းထားတာပါ။ စစ္ေကာင္စီအဖဲြ႕၀င္ ဗိုလ္ခ်ဳပ္ႀကီးတခ်ိဳ႕ရဲ႕ သားသမီးေတြကိုလည္း စာရင္းထဲ ထည့္သြင္းထားပါတယ္။

သူတို႔ရဲ႕ အေမရိကန္ႏိုင္ငံတြင္း ပိုင္ဆိ္ုင္မႈေတြကို ထိန္းခ်ဳပ္လိုက္သလို သူတို႔နဲ႔ စီးပြားေရး ဆက္ဆံမႈေတြ မလုပ္ဖို႔ အေမရိကန္ႏိုင္ငံသားေတြကိုလည္း တားျမစ္ထားတာ ျဖစ္ပါတယ္။

ကေနဒါအစိုးရကေတာ့ ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္ေနတဲ့ လူပုဂၢိဳလ္ေတြနဲ႔ ကုမၸဏီေတြအတြက္ ေနာက္ထပ္အေရးယူမႈေတြ ခ်မွတ္ခဲ့သလို ၿဗိတိန္ကလည္း သူ႔ရဲ႕ ဒဏ္ခတ္အေရးယူမႈထဲမွာ ျမန္မာအစိုးရပိုင္ ေက်ာက္မ်က္လုပ္ငန္း ကိုပါ ထည့္သြင္းလိုက္တာ ျဖစ္ပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္ေတြဟာ ျမန္မာႏိ္ုင္ငံ ဒီမိုကေရစီလမ္းေၾကာင္း ေပၚ ျပန္ေလွ်ာက္ေရး အတြက္ အခုထိ ဘာမွ မလုပ္ေသးတဲ့အတြက္ ျမန္မာစစ္တပ္ကို လက္နက္မေရာင္းတာ၊ စစ္တပ္ပိုင္ကုမၸဏီေတြနဲ႔ စီးပြါးေရးမလုပ္တာလို အေရးယူမႈေတြလုပ္ေရး ကမာၻ႔ႏိုင္ငံအားလံုးက စဥ္းစားၾကဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကတိုက္တြန္းလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကန် ဗြိတိန် ကနေဒါ မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်မှု တိုးမြှင့်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာစစ်အာဏာပိုင်တွေ အပေါ် အရေးယူမှုတွေ ဆက်တိုက်လုပ်နေတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က တနင်္လာနေ့မှာလည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူမှု အသစ်တွေ ချမှတ်ခဲ့ကြပါတယ်။

အမေရိကန်ရဲ့ အရေးယူမှုစာရင်းထဲမှာ မြန်မာနိုင်ငံက နောက်ထပ် လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ SAC တို့ကို ထည့်သွင်းလိုက်တာပါ။ ဒီအထဲမှာ SAC အရပ်သားစစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီက ခန့်အပ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ပါတယ်။

အရပ်သား စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ မန်းငြိမ်းမောင်၊ စိုင်းလုံစိုင်း တို့ပါဝင်ပြီး အစိုးရအဖွဲ့ဝင်တွေ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းထွန်းနောင်၊ စီးပွါးကူးသန်းဝန်ကြီး ဦးပွင့်ဆန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီး ဦးသက်ဆိုင်ဝင်း၊ သဘာဝသယံဇာတဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်မြင့်တို့ပါဝင် အပြင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်နဲ့ ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ကိုလည်း ထည့်သွင်းထားတာပါ။ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတချို့ရဲ့ သားသမီးတွေကိုလည်း စာရင်းထဲ ထည့်သွင်းထားပါတယ်။

သူတို့ရဲ့ အမေရိကန်နိုင်ငံတွင်း ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်သလို သူတို့နဲ့ စီးပွားရေး ဆက်ဆံမှုတွေ မလုပ်ဖို့ အမေရိကန်နိုင်ငံသားတွေကိုလည်း တားမြစ်ထားတာ ဖြစ်ပါတယ်။

ကနေဒါအစိုးရကတော့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေအတွက် နောက်ထပ်အရေးယူမှုတွေ ချမှတ်ခဲ့သလို ဗြိတိန်ကလည်း သူ့ရဲ့ ဒဏ်ခတ်အရေးယူမှုထဲမှာ မြန်မာအစိုးရပိုင် ကျောက်မျက်လုပ်ငန်း ကိုပါ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပေါ် ပြန်လျှောက်ရေး အတွက် အခုထိ ဘာမှ မလုပ်သေးတဲ့အတွက် မြန်မာစစ်တပ်ကို လက်နက်မရောင်းတာ၊ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ စီးပွါးရေးမလုပ်တာလို အရေးယူမှုတွေလုပ်ရေး ကမ္ဘာ့နိုင်ငံအားလုံးက စဉ်းစားကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG