သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအလွမယ္ သူဇာဝင့္လြင္ အေကာင္းဆံုးအမ်ိဳးသားဝတ္စံုဆု ရရွိ


အေမရိကန္ႏိုင္ငံ Florida ျပည္နယ္က Miss Universe မယ္စၾကဝဠာၿပိဳင္ပြဲမွာ အေကာင္းဆံုးအမ်ိဳးသားဝတ္စံုဆု ရရွိသူ ျမန္မာအလွမယ္ မသူဇာဝင့္လြင္။ (ေမ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

မေန႔တုန္းက အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္မွာ က်င္းပခဲ့တဲ့ ၆၉ ႀကိမ္ေျမာက္ Miss Universe မယ္စၾကဝဠာၿပိဳင္ပြဲမွာ ျမန္မာအလွမယ္ သူဇာဝင့္လြင္ က အေကာင္းဆုံး အမ်ိဳးသား ဝတ္စုံ Best National Costume ဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။

သူဇာဝင့္လြင္က Top 21 စာရင္းကိုလည္း ဝင္ႏိုင္ခဲ့တာပါ။ ခ်င္းအမ်ိဳးသား ဝတ္စုံကို ဝတ္ဆင္ၿပိဳင္ပြဲဝင္ခဲ့တဲ့ သူဇာဝင့္လြင္က ၿပိဳင္ပြဲဝင္စဥ္မွာ ျမန္မာႏိုင္ငံအတြက္ ဆုေတာင္းေပးၾကပါဆိုတဲ့ စာတန္းကို ကိုင္ေဆာင္ျပသခဲ့ပါတယ္။ ၿပိဳင္ပြဲတေလွ်ာက္လည္း ျမန္မာႏိုင္ငံ စစ္အာဏာသိမ္းမႈနဲ႔ ဆႏၵျပျပည္သူေတြ ရာနဲ႔ခ်ီၿပီး စစ္တပ္က ဖမ္းဆီးသတ္ျဖတ္မႈေတြကိုခံေနရတဲ့ အေၾကာင္း ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ သိရွိေအာင္ထုတ္ေဖာ္ေျပာဆိုၾကဖို႔ သူက တိုက္တြန္းခဲ့ပါတယ္။

“အဓိက အထူးေက်းဇူးတင္ခ်င္တာကေတာ့ National Costume ကို အဆင္ေျပေအာင္လုပ္ေပးတဲ့ ဒီက ခ်င္း လူမ်ဳိးေတြအကုန္လံုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ၿပီးေတာ့ Pray for Myanmar ကိုလည္း ၿပိဳင္ခါနီး... အခ်ိန္ေလးမွာ အျမန္ေလး ကပ္ၿပီး လုပ္ခုိင္းလုိက္ရတာကို သူတို႔ရေအာင္လုပ္ၿပီး လာပို႔ေပးတဲ့အတြက္လည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အကုန္လံုးရဲ႕အားေပးမႈေတြ၊ ပ့ံပိုးေပးမႈေတြေၾကာင့္ သူဇာ ဒီေန႔ ဒီလိုေနရာကို ေရာက္လာတာျဖစ္တဲ့အတြက္ အကုန္လံုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။”

စစ္တပ္က အၾကမ္းဖက္ပစ္ခတ္တာေၾကာင့္ ျမန္မာျပည္သူေတြ ေန႔စဥ္ ေသဆုံးေနၾကရေၾကာင္း ၿပိဳင္ပြဲအတြက္ ေပးပို႔တဲ့ ဗီဒီယိုမွာ သူက ေျပာပါတယ္။ ျမန္မာႏိုင္ငံအေရး လူတိုင္းဆႏၵေဖာ္ထုတ္ျပသၾကဖို႔ကိုလည္း ျမန္မာႏိုင္ငံကိုယ္စားျပဳ မယ္စၾကဝဠာၿပိဳင္ပြဲဝင္တေယာက္အေနနဲ႔ တိုက္တြန္းလိုေၾကာင္း သူကိုယ္တိုင္လည္း တတ္ႏိုင္သမွ် ထုတ္ေဖာ္ေျပာၾကားေပးေနေၾကာင္း သူဇာဝင့္လြင္က ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီဘက္က တစုံတရာ မွတ္ခ်က္ျပဳေျပာၾကားတာ မရွိပါဘူး။

၂၀၂၁ ခုႏွစ္အတြက္ Miss Universe မယ္စၾကဝဠာဘြဲ႕ကို မကၠဆီကို ႏိုင္ငံကိုယ္စားျပဳ အလွမယ္ Andrea Meza က ဆြတ္ခူးသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအလှမယ် သူဇာဝင့်လွင် အကောင်းဆုံးအမျိုးသားဝတ်စုံဆု ရရှိ

မနေ့တုန်းက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် Miss Universe မယ်စကြဝဠာပြိုင်ပွဲမှာ မြန်မာအလှမယ် သူဇာဝင့်လွင် က အကောင်းဆုံး အမျိုးသား ဝတ်စုံ Best National Costume ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

သူဇာဝင့်လွင်က Top 21 စာရင်းကိုလည်း ဝင်နိုင်ခဲ့တာပါ။ ချင်းအမျိုးသား ဝတ်စုံကို ဝတ်ဆင်ပြိုင်ပွဲဝင်ခဲ့တဲ့ သူဇာဝင့်လွင်က ပြိုင်ပွဲဝင်စဉ်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြပါဆိုတဲ့ စာတန်းကို ကိုင်ဆောင်ပြသခဲ့ပါတယ်။ ပြိုင်ပွဲတလျှောက်လည်း မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနဲ့ ဆန္ဒပြပြည်သူတွေ ရာနဲ့ချီပြီး စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုတွေကိုခံနေရတဲ့ အကြောင်း ကမ္ဘာ့နိုင်ငံတွေအနေနဲ့ သိရှိအောင်ထုတ်ဖော်ပြောဆိုကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

“အဓိက အထူးကျေးဇူးတင်ချင်တာကတော့ National Costume ကို အဆင်ပြေအောင်လုပ်ပေးတဲ့ ဒီက ချင်း လူမျိုးတွေအကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ Pray for Myanmar ကိုလည်း ပြိုင်ခါနီး... အချိန်လေးမှာ အမြန်လေး ကပ်ပြီး လုပ်ခိုင်းလိုက်ရတာကို သူတို့ရအောင်လုပ်ပြီး လာပို့ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အကုန်လုံးရဲ့အားပေးမှုတွေ၊ ပံ့ပိုးပေးမှုတွေကြောင့် သူဇာ ဒီနေ့ ဒီလိုနေရာကို ရောက်လာတာဖြစ်တဲ့အတွက် အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။”

စစ်တပ်က အကြမ်းဖက်ပစ်ခတ်တာကြောင့် မြန်မာပြည်သူတွေ နေ့စဉ် သေဆုံးနေကြရကြောင်း ပြိုင်ပွဲအတွက် ပေးပို့တဲ့ ဗီဒီယိုမှာ သူက ပြောပါတယ်။ မြန်မာနိုင်ငံအရေး လူတိုင်းဆန္ဒဖော်ထုတ်ပြသကြဖို့ကိုလည်း မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာပြိုင်ပွဲဝင်တယောက်အနေနဲ့ တိုက်တွန်းလိုကြောင်း သူကိုယ်တိုင်လည်း တတ်နိုင်သမျှ ထုတ်ဖော်ပြောကြားပေးနေကြောင်း သူဇာဝင့်လွင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တစုံတရာ မှတ်ချက်ပြုပြောကြားတာ မရှိပါဘူး။

၂၀၂၁ ခုနှစ်အတွက် Miss Universe မယ်စကြဝဠာဘွဲ့ကို မက္ကဆီကို နိုင်ငံကိုယ်စားပြု အလှမယ် Andrea Meza က ဆွတ်ခူးသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG