သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေထြေထြညီလာခံရဲ႕ ျမန္မာ႔အေရးဆံုးျဖတ္ခ်က္ ထိေရာက္ဖြယ္မရွိ (HRW)


မွတ္တမ္းဓါတ္ပံု- ဧၿပီ ၁၆ ရက္ေန႔က ရန္ကုန္ျမင္ကြင္းတခု

ကုလသမဂၢအေထြေထြညီလာခံမွာ ေဆြးေႏြးဖို႔ရွိတဲ့ ျမန္မာ့အေရးဆံုးျဖတ္ခ်က္မူၾကမ္းထဲ ျမန္မာႏိုင္ငံကို လက္နက္ေရာင္းခ်မႈပိတ္ပင္မယ့္ အခ်က္လည္းပါ၀င္ေနတာကို ႀကိဳဆိုေပမဲ့ မျဖစ္မေန လိုက္နာရမယ္ ဆိုတဲ့အခ်က္ ပါ၀င္မေနတာေၾကာင့္ သိပ္ၿပီး ထိေရာက္မႈရွိမွာမဟုတ္ဘူးလို႔ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႕ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

ျမန္မာႏိုင္ငံကို စစ္လက္နက္နဲ႕ အျခားပစၥည္းကိရိယာေတြကို တိုက္႐ိုက္နဲ႔ သြယ္ဝိုက္ေထာက္ပံ႔ျခင္း၊ ေရာင္းခ်ျခင္း သို႔မဟုတ္ လဲႊေျပာင္းျခင္း စတာေတြကိုခ်က္ခ်င္းရပ္တန္႔ဖို႔ ေတာင္းဆိုထားတဲ့ ဆံုးျဖတ္ခ်က္မူၾကမ္းကို အဖဲြ႕၀င္ ၁၉၃ ႏိုင္ငံပါ၀င္တဲ့ ကုလသမဂၢအေထြေထြညီလာခံမွာ မဲေပးဆံုးျဖတ္ဖို႔ရွိေနပါတယ္။ အခုလို ကုလအေထြေထြညီလာခံက ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတဲ့ အေျခအေနကို အေရးယူကိုင္တြယ္ေဆာင္ရြက္လာတာ ေကာင္းတဲ့အခ်က္ျဖစ္ေပမယ့္ တကယ္တမ္းမွာေတာ့ လံုျခံဳေရးေကာင္စီအေနနဲ႔ ကိုင္တြယ္သင့္ၿပီး သူ႔ ဆံုးျဖတ္ခ်က္ကသာ မျဖစ္မေန လိုက္နာရမွာျဖစ္တဲ့အတြက္ အထိေရာက္ဆံုးျဖစ္တယ္လို႔ နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖဲြ႕ႀကီးရဲ႕ အာရွမူဝါဒေရးရာ ၫြန္ၾကားေရးမွဴး John Sifton က ဗြီအိုေအကို ေျပာပါတယ္။

“ကုလသမဂၢအေထြေထြညီလာခံကေန ျမန္မာကိစၥကို အဓိကအာရံုစိုက္ေဆာင္ရြက္လာတာ ေကာင္းတဲ့အခ်က္ပါ။ ဒါေပမယ့္ တကယ္တမ္း အေရးယူႏိုင္တာက လံုျခံဳေရးေကာင္စီကပဲျဖစ္ပါတယ္။ ကုလသမဂၢလံုျခံဳေရးေကာင္စီက အေထြေထြညီလာခံနဲ႔ မတူတာက အဖဲြ႕၀င္ႏိုင္ငံအားလံုး မျဖစ္မေနလိုက္နာရမယ့္ ဆံုးျဖတ္ခ်က္ကို ကုလသမဂၢမွာ သူကပဲ ခ်မွတ္ႏိုင္တာျဖစ္ပါတယ္။ ျမန္မာစစ္တပ္အေပၚ လက္နက္ေရာင္းခ်မႈ ပိတ္ပင္ဖို႔ ဒါမွမဟုတ္ အျခားအေရးယူမႈေတြကို ျပဳလုပ္ဖို႔ အဖဲြ႕၀င္ႏိုင္ငံေတြကို လံုျခံဳေရးေကာင္စီကသာလွ်င္ ဖိအားေပးႏိုင္မွာျဖစ္ပါတယ္။ ဒါမွသာလွ်င္ စစ္တပ္အေနနဲ႔ အၾကမ္းဖက္မႈေတြကို ေလွ်ာ့ခ်ၿပီး ဒီမိုကေရစီ အုပ္ခ်ဳပ္မႈကို ျပန္လည္ထူေထာင္ေဆာင္ရြက္ဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ဘယ္ေလာက္လိုလားတယ္ဆိုတာ ထိထိေရာက္ေရာက္ ျပသႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ အေထြေထြညီလာခံမွာ အခုလို အေရးယူေဆာင္ရြက္တာ ေကာင္းတယ္၊ မွန္ကန္တယ္။ ဒါေပမဲ့ တကယ္တမ္းအေရးယူဖို႔လိုေနတာက လံုျခံေရးေကာင္စီမွာပါ။”

ဒီအေတာအတြင္းမွာပဲ အေမရိကန္နဲ႔ သူ႔ရဲ႕မဟာမိတ္ ကေနဒါ၊ ဥေရာပသမဂၢတို႔ကလည္း အာဏာသိမ္းထားတဲ့ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြအေပၚ ေနာက္ထပ္ ပိတ္ဆို႔ အေရးယူမႈေတြကို အဂၤါေန႔က တၿပိဳင္နက္တည္း တိုးႁမွင့္ေဆာင္ရြက္ခဲ့ပါတယ္။ ေနာက္လမွာ က်င္းပမယ့္ G-7 အစည္းအေ၀းမွာလည္း ျမန္မာစစ္ေခါင္းေဆာင္ေတြရဲ႕ အဓိက၀င္ေငြေတြကို ပစ္မွတ္ထား အေရးယူမယ့္ နည္းလမ္းေတြ ခ်မွတ္ႏိုင္တဲ့ အေနအထားရွိေနတယ္လို႔ John Sifton ကေျပာပါတယ္။

“ ၿဗိတိန္ႏိုင္ငံမွာ လာမယ့္လအတြင္းျပဳလုပ္မယ့္ G-7 အစည္းအေ၀းမွာလည္း အဖဲြ႕၀င္ႏိုင္ငံေတြအေနနဲ႔ တပ္မေတာ္ရဲ႕ ႏိုင္ငံျခား၀င္ေငြေတြကို အဓိကပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ပိုမိုခ်မွတ္ႏိုင္ေရးဆံုးျဖတ္ဖို႔ ရွိေနပါတယ္။ စစ္တပ္ကို ၀င္ေငြအျဖစ္စီးဆင္းေနတဲ့ ေဒၚလာ၊ ယူ႐ို၊ ၿဗိတိသွ်ေပါင္စတာလင္ စသျဖင့္ ရေနတဲ့ ေငြေတြ၊ သဘာ၀ဓါတ္ေငြ႕၊ ေက်ာက္မ်က္ရတနာ၊ ကြ်န္းသစ္ စတာေတြပါ၀င္မွာပါ။ ျမန္မာစစ္တပ္အေနနဲ႔ သူတို႔ရဲ႕ အမူအက်င့္ေတြကို ေျပာင္းလဲဖို႔နဲ႕ ဒီမိုကေရစီစနစ္ျပန္လည္ထူဖို႔အတြက္ ေျခလွွမ္းေတြ လွမ္းဖို႔ လိုအပ္ေၾကာင္းနားလည္ဖို႔ ဒီလိုဖိအားေပးမႈေတြ လိုအပ္တယ္လို႔ က်ေနာ္တို႔ ျမင္ပါတယ္။”

အခုသတင္း မေၾကညာမီ အခ်ိန္ပိုင္းမွာ ၀င္လာတဲ့ ေနာက္ဆံုးသတင္းအရ ကုလအေထြေထြညီလာခံမွာ အဂၤါေန႔မွာ က်င္းပဖို႔ ရွိေနတဲ့ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္မူၾကမ္းေဆြးေႏြးပဲြကို ေရႊ႕ဆိုင္းလိုက္တယ္လို႔ သိရပါတယ္။

ကုလသမဂၢအေထြေထြညီလာခံရဲ႕ ၀က္ဘ္ဆိုဒ္စာမ်က္ႏွာမွာေတာ့ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္မူၾကမ္းကို ေတြ႕ရၿပီး အဲဒီမွာ ေဖေဖၚဝါရီ ၁ ရက္အာဏာသိမ္းၿပီး အၾကမ္းဖက္ဖိႏွိပ္တဲ့ ျမန္မာစစ္တပ္ကို ကန္႔ကြက္ရွဳတ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

(Unicode)

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆွေးနွေးဖို့ရှိတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းထဲ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်မယ့် အချက်လည်းပါဝင်နေတာကို ကြိုဆိုပေမဲ့ မဖြစ်မနေ လိုက်နာရမယ် ဆိုတဲ့အချက် ပါဝင်မနေတာကြောင့် သိပ်ပြီး ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ အခြားပစ္စည်းကိရိယာတွေကို တိုက်ရိုက်နဲ့ သွယ်ဝိုက်ထောက်ပံ့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွဲှပြောင်းခြင်း စတာတွေကိုချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲပေးဆုံးဖြတ်ဖို့ရှိနေပါတယ်။ အခုလို ကုလအထွေထွေညီလာခံက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အခြေအနေကို အရေးယူကိုင်တွယ်ဆောင်ရွက်လာတာ ကောင်းတဲ့အချက်ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ လုံခြုံရေးကောင်စီအနေနဲ့ ကိုင်တွယ်သင့်ပြီး သူ့ ဆုံးဖြတ်ချက်ကသာ မဖြစ်မနေ လိုက်နာရမှာဖြစ်တဲ့အတွက် အထိရောက်ဆုံးဖြစ်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှမူဝါဒရေးရာ ညွန်ကြားရေးမှူး John Sifton က ဗွီအိုအေကို ပြောပါတယ်။

“ကုလသမဂ္ဂအထွေထွေညီလာခံကနေ မြန်မာကိစ္စကို အဓိကအာရုံစိုက်ဆောင်ရွက်လာတာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် တကယ်တမ်း အရေးယူနိုင်တာက လုံခြုံရေးကောင်စီကပဲဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထွေထွေညီလာခံနဲ့ မတူတာက အဖွဲ့ဝင်နိုင်ငံအားလုံး မဖြစ်မနေလိုက်နာရမယ့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမှာ သူကပဲ ချမှတ်နိုင်တာဖြစ်ပါတယ်။ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ဒါမှမဟုတ် အခြားအရေးယူမှုတွေကို ပြုလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို လုံခြုံရေးကောင်စီကသာလျှင် ဖိအားပေးနိုင်မှာဖြစ်ပါတယ်။ ဒါမှသာလျှင် စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို လျှော့ချပြီး ဒီမိုကရေစီ အုပ်ချုပ်မှုကို ပြန်လည်ထူထောင်ဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လောက်လိုလားတယ်ဆိုတာ ထိထိရောက်ရောက် ပြသနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အထွေထွေညီလာခံမှာ အခုလို အရေးယူဆောင်ရွက်တာ ကောင်းတယ်၊ မှန်ကန်တယ်။ ဒါပေမဲ့ တကယ်တမ်းအရေးယူဖို့လိုနေတာက လုံခြံရေးကောင်စီမှာပါ။”

ဒီအတောအတွင်းမှာပဲ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ် ကနေဒါ၊ ဥရောပသမဂ္ဂတို့ကလည်း အာဏာသိမ်းထားတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေကို အင်္ဂါနေ့က တပြိုင်နက်တည်း တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ နောက်လမှာ ကျင်းပမယ့် G-7 အစည်းအဝေးမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အဓိကဝင်ငွေတွေကို ပစ်မှတ်ထား အရေးယူမယ့် နည်းလမ်းတွေ ချမှတ်နိုင်တဲ့ အနေအထားရှိနေတယ်လို့ John Sifton ကပြောပါတယ်။

“ ဗြိတိန်နိုင်ငံမှာ လာမယ့်လအတွင်းပြုလုပ်မယ့် G-7 အစည်းအဝေးမှာလည်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တပ်မတော်ရဲ့ နိုင်ငံခြားဝင်ငွေတွေကို အဓိကပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုမိုချမှတ်နိုင်ရေးဆုံးဖြတ်ဖို့ ရှိနေပါတယ်။ စစ်တပ်ကို ဝင်ငွေအဖြစ်စီးဆင်းနေတဲ့ ဒေါ်လာ၊ ယူရို၊ ဗြိတိသျှပေါင်စတာလင် စသဖြင့် ရနေတဲ့ ငွေတွေ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မျက်ရတနာ၊ ကျွန်းသစ် စတာတွေပါဝင်မှာပါ။ မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ အမူအကျင့်တွေကို ပြောင်းလဲဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်လည်ထူဖို့အတွက် ခြေလှမ်းတွေ လှမ်းဖို့ လိုအပ်ကြောင်းနားလည်ဖို့ ဒီလိုဖိအားပေးမှုတွေ လိုအပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

အခုသတင်း မကြေညာမီ အချိန်ပိုင်းမှာ ဝင်လာတဲ့ နောက်ဆုံးသတင်းအရ ကုလအထွေထွေညီလာခံမှာ အင်္ဂါနေ့မှာ ကျင်းပဖို့ ရှိနေတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာမှာတော့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို တွေ့ရပြီး အဲဒီမှာ ဖေဖေါ်ဝါရီ ၁ ရက်အာဏာသိမ်းပြီး အကြမ်းဖက်ဖိနှိပ်တဲ့ မြန်မာစစ်တပ်ကို ကန့်ကွက်ရှုတ်ချထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG