သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ထိုးဆေး Pfizer ကို ရေခဲသေတ္တာထဲမှာ တလကြာ သိုလှောင်ထားနိုင်


Pfizer ကိုဗစ်ကာကွယ်ဆေး
Pfizer ကိုဗစ်ကာကွယ်ဆေး

(Zawgyi/Unicode)

Pfizer-BioNTech ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရေခဲသေတ္တာထဲမှာ တလကျော်ကြာ သိုလှောင်ထားနိုင်ကြောင်း ဥရောပ သမဂ္ဂ EU ရဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနက တနလာၤနေ့မှာ အတည်ပြုလိုက်ပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အတွင်း ကာကွယ်ဆေး ပိုပြီး ဖြန့်ဖြူးပေးလာနိုင်မယ့် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ အထူး အအေးခန်းမှာ အရင် သိုလှောင်ထားပြီးသား ကာကွယ်ဆေးတွေကို ရေခဲသေတ္တာမှာ ၅ ရက်နဲ့ အထက် ကြာရှည် သိုလှောင်ထားနိုင်ကြောင်း ဥရောပ သမဂ္ဂ ဆေးဝါး ကွပ်ကဲရေး အေဂျင်စီက ပြောဆိုထားပါတယ်။

သိုလှောင် ဖြန့်ဖြူးမှု ပိုပြီး လွယ်ကူ လာတာကြောင့် ဥရောပ အဖွဲ့ဝင် နိုင်ငံများ အတွင်း ကာကွယ်ဆေး သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေမှာ ထူးထူးခြားခြား အကျိုးရှိစေဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုထားပါတယ်။ အလွန်အေးခဲထားပြီး အဖုံးမဖွင့်သေးတဲ့ ကာကွယ်ဆေးတွေကို ၂ ဒီဂရီ စင်တီဂရိတ်ကနေ - ၅ ဒီဂရီ စင်တီဂရိတ်ကြား- သာမန် ရေခဲသေတ္တာ အပူချိန်နဲ့ ၅ ရက်ကနေ ၃၁ ရက်ထိ သိုလှောင်ထားနိုင်ကြောင်း ဥရောပ သမဂ္ဂ ဆေးဝါးဆိုင်ရာ ဌာနက ထပ်လောင်း ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ Pfizer ကာကွယ်ဆေးက အလွန်အေးခဲတဲ့ အနေအထားနဲ့ သိုလှောင်ဖို့ လိုအပ်တာကြောင့် သိုလှောင်ရေးနဲ့ သယ်ယူပို့ဆောင်ရးမှာ အခက်အခဲ ဖြစ်ပြီး တွင်တွင်ကျယ်ကျယ် သုံးဖို့ အဟန့်အတား ဖြစ်နေတာပါ။

အမေရိကန် ဆေးဝါးထုတ် လုပ်ငန်းကြီး Pfizer နဲ့ အတူ COVID-19 ကာကွယ်ဆေးကို ပူးပေါင်း ထုတ်လုပ်ခဲ့တဲ့ ဂျာမနီ BioNTech က သူတို့ပေးတဲ့ အချက်အလက်သစ်တွေ အပေါ် မူတည်ပြီး ဥရောပ သမဂ္ဂ ဆေးဝါး ကွပ်ကဲရေး ဌာနက ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

၃၁ ရက် အထိ ကာကွယ်ဆေးရဲ့ အရည်အသွေးကို အတည်ပြုနိုင်ခဲ့တဲ့ အရည်အသွေးဆိုင်ရာ လေ့လာချက်တွေက ရတဲ့ အချက်အလက်သစ်တွေ အပေါ် အခြေခံပြီး ကာကွယ်ဆေး သိုလှောင်မှု အခြေအနေကို ပြောင်းလဲခဲ့တာ ဖြစ်ကြောင်းလည်း လုပ်ငန်းကြီးရဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)







XS
SM
MD
LG