သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္က ကိုဗစ္ကာကြယ္ေဆး စုစုေပါင္း သန္း ၈၀ ျပည္ပကို ျဖန္႔ေ၀မည္


Johnson & Johnson COVID ေဆး

(Zawgyi/Unicode)

ကမၻာတလႊား ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးေရာဂါ တိုက္ဖ်က္မႈမွာ အေမရိကန္ဘက္က ပိုၿပီး ကူညီေဆာင္ရြက္ေနေၾကာင္း ေၾကညာတဲ႔ သမၼတ Joe Biden က လာမယ့္ ဇြန္လကုန္ပိုင္း အေရာက္မွာ ကမၻာတလႊားကို COVID-19 ကာကြယ္ေဆး အလံုးေရ သန္း ၂၀ ထပ္မံျဖန္႔ျဖဴးမယ့္ အေၾကာင္း ေျပာဆိုခဲ႔ပါတယ္။

ျပည္တြင္း ေဘးကင္းလံုၿခံဳမႈ၊ ေနာက္ တျခားသူေတြကို မွန္မွန္ကန္ကန္ ေထာက္ပံ႔ကူညီေရး အတြက္ ကမၻာတလႊား ကပ္ေဘးေရာဂါ တိုက္ဖ်က္ေရးကို ပံ႔ပိုးေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔ သမၼတ Biden က အိမ္ျဖဴေတာ္ East Room ခန္းမႀကီးမွာ ေျပာဆိုခဲ႔တာပါ။

အေမရိကန္ ျပည္တြင္းသံုး အျဖစ္ ခြင့္ျပဳထားတဲ႔ COVID-19 ကာကြယ္ေဆးေတြက စၿပီး ပိုလွ်ံလာေနတာနဲ႔ အတူ အခု ျပည္ပကို အေမရိကန္က ပထမဆံုး အႀကိမ္ စတင္ ပို႔ေဆာင္မယ့္ အထဲမွာ အဲဒီ ေဆးေတြလည္း ပါ၀င္မွာ ျဖစ္ပါတယ္။ အေမရိကန္ကေန တျခားႏုိင္ငံေတြကို ပို႔ေဆာင္ေပးဖို႔ အတြက္ AstraZeneca ေဆးအလံုးေရ သန္း ၆၀ စီစဥ္ထားၿပီး ျဖစ္ၿပီး ေနာက္ထပ္ ျဖန္႔ေ၀မယ့္ ေဆးအလံုးေရ သန္း ၂၀ ကေတာ့ Pfizer , Moderna နဲ႔ Johnson & Johnson ကာကြယ္ေဆးေတြ ျဖစ္ပါတယ္။

"လာမယ့္ သီတင္း ၆ ပတ္ အတြင္း အေမရိကန္ ျပည္ေထာင္စုက တျခားႏုိင္ငံေတြကို COVID-19 ကာကြယ္ေဆး အလံုးေရ သန္း ၈၀ ပို႔ေဆာင္မွာ ျဖစ္ပါတယ္။ ဒီအေရအတြက္ဟာဆိုရင္ အေမရိကန္ ျပည္ေထာင္စု အတြင္း ဇြန္လကုန္မွာ ထုတ္လုပ္မယ့္ ကာကြယ္ေဆး စုစုေပါငး္ရဲ႕ ၁၃ ရာခိုင္ႏႈန္း အေရအတြက္ ျဖစ္ပါတယ္။ အေမရိကန္က တျခားႏုိင္ငံေတြကို ျဖန္႔ေ၀မယ့္ ကာကြယ္ေဆး အေရအတြက္ဟာဆိုရင္ အခု အခ်ိန္ထိ တျခားႏုိင္ငံေတြက ပံ႔ပိုး ကူညီ ျဖန္႔ေ၀ေနတဲ႔ ကာကြယ္ေဆး ပမာဏရဲ႕ ၅ ဆ ရွိပါတယ္" လို႔ အေမရိကန္ သမၼတ Biden က ေျပာဆိုခဲ႔တာပါ။

ဘယ္ႏုိင္ငံေတြကို ျဖန္႔ေ၀ေပးမလဲ ဆိုတာကေတာ့ လာမယ့္ ရက္ပိုင္း အတြင္း အသိေပးႏုိင္မယ္လို႔လည္း အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki က တနလာၤေန႔ သတင္းစာ ရွင္းလင္းပြဲမွာ သတင္းေထာက္ရဲ႕ ေမးခြန္းကို ေျဖၾကားခဲ႔ပါတယ္။ လက္ရွိ အခ်ိန္ထိေတာ့ AstraZeneca ကာကြယ္ေဆး ၄ ဒသမ ၅ သန္းကို အိမ္နီးခ်င္း ကေနဒါနဲ႔ မကၠဆီကို ႏုိင္ငံေတြကို အေမရိကန္က ပို႔ေဆာင္ထားၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္




............

အမေရိကန်က ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း သန်း ၈၀ ပြည်ပကို ဖြန့်ဝေမည်
(Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါ တိုက်ဖျက်မှုမှာ အမေရိကန်ဘက်က ပိုပြီး ကူညီဆောင်ရွက်နေကြောင်း ကြေညာတဲ့ သမ္မတ Joe Biden က လာမယ့် ဇွန်လကုန်ပိုင်း အရောက်မှာ ကမ္ဘာတလွှားကို COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၂၀ ထပ်မံဖြန့်ဖြူးမယ့် အကြောင်း ပြောဆိုခဲ့ပါတယ်။

ပြည်တွင်း ဘေးကင်းလုံခြုံမှု၊ နောက် တခြားသူတွေကို မှန်မှန်ကန်ကန် ထောက်ပံ့ကူညီရေး အတွက် ကမ္ဘာတလွှား ကပ်ဘေးရောဂါ တိုက်ဖျက်ရေးကို ပံ့ပိုးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သမ္မတ Biden က အိမ်ဖြူတော် East Room ခန်းမကြီးမှာ ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်တွင်းသုံး အဖြစ် ခွင့်ပြုထားတဲ့ COVID-19 ကာကွယ်ဆေးတွေက စပြီး ပိုလျှံလာနေတာနဲ့ အတူ အခု ပြည်ပကို အမေရိကန်က ပထမဆုံး အကြိမ် စတင် ပို့ဆောင်မယ့် အထဲမှာ အဲဒီ ဆေးတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အမေရိကန်ကနေ တခြားနိုင်ငံတွေကို ပို့ဆောင်ပေးဖို့ အတွက် AstraZeneca ဆေးအလုံးရေ သန်း ၆၀ စီစဉ်ထားပြီး ဖြစ်ပြီး နောက်ထပ် ဖြန့်ဝေမယ့် ဆေးအလုံးရေ သန်း ၂၀ ကတော့ Pfizer , Moderna နဲ့ Johnson & Johnson ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။

"လာမယ့် သီတင်း ၆ ပတ် အတွင်း အမေရိကန် ပြည်ထောင်စုက တခြားနိုင်ငံတွေကို COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၈၀ ပို့ဆောင်မှာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာဆိုရင် အမေရိကန် ပြည်ထောင်စု အတွင်း ဇွန်လကုန်မှာ ထုတ်လုပ်မယ့် ကာကွယ်ဆေး စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း အရေအတွက် ဖြစ်ပါတယ်။ အမေရိကန်က တခြားနိုင်ငံတွေကို ဖြန့်ဝေမယ့် ကာကွယ်ဆေး အရေအတွက်ဟာဆိုရင် အခု အချိန်ထိ တခြားနိုင်ငံတွေက ပံ့ပိုး ကူညီ ဖြန့်ဝေနေတဲ့ ကာကွယ်ဆေး ပမာဏရဲ့ ၅ ဆ ရှိပါတယ်" လို့ အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့တာပါ။

ဘယ်နိုင်ငံတွေကို ဖြန့်ဝေပေးမလဲ ဆိုတာကတော့ လာမယ့် ရက်ပိုင်း အတွင်း အသိပေးနိုင်မယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်ရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။ လက်ရှိ အချိန်ထိတော့ AstraZeneca ကာကွယ်ဆေး ၄ ဒသမ ၅ သန်းကို အိမ်နီးချင်း ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေကို အမေရိကန်က ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG