သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ အေရးေပၚစားနပ္ရိကၡာအကူအညီ ေဒၚလာ ၄ သန္းဖိုး WFP ကတဆင့္ ဂ်ပန္ေပးအပ္


World Food Programme

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံတြင္း အေရးေပၚ စားနပ္ရိကၡာအကူအညီ ေဒၚလာ ၄ သန္းဖိုးကို ဂ်ပန္ႏိုင္ငံက WFP ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ကေနတဆင့္ ဒီကေန႔ ေပးအပ္လိုက္ပါတယ္။

ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကို ျမန္မာစစ္ေကာင္စီက ျပန္လႊတ္ေပးလိုက္တဲ့ တရက္ထဲမွာပဲ ဂ်ပန္ႏိုင္ငံရဲ႕ ဒီအကူအညီကိစၥ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ WFP တို႔က ထုတ္ျပန္ခဲ့တာပါ။

လက္ရွိျဖစ္ပ်က္ေနတဲ့ အေျခအေနေအာက္မွာ ရန္ကုန္တိုင္းေဒသႀကီးက ဆင္းရဲတဲ့ ျပည္သူေတြအေနနဲ႔ စားေရးေသာက္ေရး ႐ုတ္တရက္ ဆိုးဆိုးဝါးဝါး အခက္ႀကဳံလာေနရတယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi က ေျပာပါတယ္။

ဒီဆင္းရဲသားေတြအေနနဲ႔ တကယ့္အေျခခံအက်ဆုံးအဆင့္ စားဝတ္ေနေရးအတြက္ေတာင္ အႏိုင္ႏိုင္ ႐ုန္းကန္ေနရတယ္လို႔လည္း ဝန္ႀကီး Motegi ကေျပာပါတယ္။

ဒါေပမဲ့ အခုလို အေရးေပၚအကူအညီ ေပးလိုက္ခ်ိန္မွာပဲ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မူေတြ ခ်က္ခ်င္းရပ္ဖို႔၊ ဖမ္းဆီးထိန္းသိမ္းထားသူေတြကို အျမန္ဆုံးလႊတ္ေပးဖို႔နဲ႔ ဒီမိုကေရစီျပန္ေဖာ္ေဆာင္ဖို႔ ဆက္လက္ေတာင္းဆိုေနပါတယ္လို႔လည္း ဝန္ႀကီး Motegi ကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခဲ့တာကို တုံ႔ျပန္တဲ့အေနနဲ႔ ဂ်ပန္အစိုးရက အကူအညီသစ္ေတြ ထပ္မေပးဘဲ ဆိုင္းထားမယ္လို႔ မတ္လကုန္ပိုင္းမွာ ေၾကညာခဲ့ၿပီးတဲ့ေနာက္ အခု WFP ကေနတဆင့္ အကူအညီေပးတာျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕ ဒီအကူအညီကေန ရန္ကုန္တိုင္းေဒသႀကီးအတြင္းက လူေပါင္း ၆၀၀,၀၀၀ ဝန္းက်င္ကို ကူညီေထာက္ပံ့ႏိုင္မယ္လို႔ WFP ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ နဂိုရွိရင္းစြဲ ဆင္းရဲႏြမ္းပါးမႈ၊ COVID-19 ကပ္ေရာဂါနဲ႔ လက္ရွိႏိုင္ငံေရးအက်ပ္အတည္းတို႔ရဲ႕ ဆင့္ကဲ႐ိုက္ခတ္မႈေၾကာင့္ လာမယ့္ ၆ လအတြင္း လူဦးေရ ၃.၄ သန္း၊ အဓိကအားျဖင့္ ၿမိဳ႕ျပေဒသေတြမွာ ေနထိုင္ၾကသူေတြ ငတ္မြတ္ေခါင္းပါးမႈနဲ႔ ရင္ဆိုင္ၾကရမယ္လို႔ WFP က ခန႔္မွန္းထားပါတယ္။

.................................................

{{Unicode}}

မြန်မာနိုင်ငံတွင်း အရေးပေါ် စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုးကို ဂျပန်နိုင်ငံက WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေတဆင့် ဒီကနေ့ ပေးအပ်လိုက်ပါတယ်။

ဂျပန်သတင်းထောက် Yuki Kitazumi ကို မြန်မာစစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ တရက်ထဲမှာပဲ ဂျပန်နိုင်ငံရဲ့ ဒီအကူအညီကိစ္စ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ WFP တို့က ထုတ်ပြန်ခဲ့တာပါ။

လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအောက်မှာ ရန်ကုန်တိုင်းဒေသကြီးက ဆင်းရဲတဲ့ ပြည်သူတွေအနေနဲ့ စားရေးသောက်ရေး ရုတ်တရက် ဆိုးဆိုးဝါးဝါး အခက်ကြုံလာနေရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ပြောပါတယ်။

ဒီဆင်းရဲသားတွေအနေနဲ့ တကယ့်အခြေခံအကျဆုံးအဆင့် စားဝတ်နေရေးအတွက်တောင် အနိုင်နိုင် ရုန်းကန်နေရတယ်လို့လည်း ဝန်ကြီး Motegi ကပြောပါတယ်။

ဒါပေမဲ့ အခုလို အရေးပေါ်အကူအညီ ပေးလိုက်ချိန်မှာပဲ မြန်မာနိုင်ငံမှာ အကြမ်းဖက်မူတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီပြန်ဖော်ဆောင်ဖို့ ဆက်လက်တောင်းဆိုနေပါတယ်လို့လည်း ဝန်ကြီး Motegi ကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်အစိုးရက အကူအညီသစ်တွေ ထပ်မပေးဘဲ ဆိုင်းထားမယ်လို့ မတ်လကုန်ပိုင်းမှာ ကြေညာခဲ့ပြီးတဲ့နောက် အခု WFP ကနေတဆင့် အကူအညီပေးတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဒီအကူအညီကနေ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လူပေါင်း ၆၀၀,၀၀၀ ဝန်းကျင်ကို ကူညီထောက်ပံ့နိုင်မယ်လို့ WFP ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နဂိုရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ COVID-19 ကပ်ရောဂါနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းတို့ရဲ့ ဆင့်ကဲရိုက်ခတ်မှုကြောင့် လာမယ့် ၆ လအတွင်း လူဦးရေ ၃.၄ သန်း၊ အဓိကအားဖြင့် မြို့ပြဒေသတွေမှာ နေထိုင်ကြသူတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ကြရမယ်လို့ WFP က ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG