သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကို စစ္လက္နက္မေရာင္းဖို႔ ဂ်ပန္ဆုံးျဖတ္


ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi

(Zawgyi/Unicode)
ျမန္မာစစ္တပ္ကို လက္နက္၊ ခဲယမ္းမီးေက်ာက္နဲ႔ တျခားစစ္လက္နက္ပစၥည္းေတြ ေရာင္းခ်တာ လႊဲေျပာင္းေပးအပ္တာနဲ႔ နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္ရြက္တာ ေထာက္ပံ့တာေတြ မလုပ္ပဲ ဆက္လက္ ပိတ္ပင္တားျမစ္ဖို႔ သႏၷိ႒ာန္ခ်မွတ္ေၾကာင္း G7 စက္မႈထိပ္သီး ၇ ႏိုင္ငံ- ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေမလ ၅ ရက္ေန႔ ထုတ္ျပန္တဲ့ ပူးတြဲေၾကညာခ်က္မွာ ဂ်ပန္ႏိုင္ငံကပါ လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဒါဟာ ျမန္မာစစ္တပ္ကို လက္နက္နဲ႔ စစ္ပစၥည္းေတြ ေရာင္းခ်တာ ေထာက္ပံ့တာ မလုပ္ဖူးလို႔ ဂ်ပန္က ပထမဆံုးအႀကိမ္ အျဖစ္ လူသိရွင္ၾကား ကတိျပဳလိုက္တာ ျဖစ္ပါတယ္။

ေဖေဖၚဝါရီလမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ျမန္မာႏိုင္ငံအေပၚ လက္နက္ေရာင္းဝယ္မႈ ပိတ္ပင္ထားတဲ့ ႏိုင္ငံစာရင္းကို မတ္လထဲမွာ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံလူ႔အခြင့္ေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews က ထုတ္ျပန္ခဲ့ၿပီး အဲဒီထဲမွာ ဂ်ပန္ႏိုင္ငံ မပါဝင္ပါဘူး။

ကုလသမဂၢလံုျခံဳေရးေကာင္စီ အေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ကမာၻလံုးဆိုင္ရာ လက္နက္ေရာင္းဝယ္မႈတားျမစ္ခ်က္ ထုတ္ျပန္ဖို႔ အဖြဲ႔အစည္းေပါင္း ၂၀၀ ေက်ာ္က ဗုဒၶဟူးေန႔က ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုအၿပီးမွာ အခုလို G7 ၇ ႏိုင္ငံရဲ႕ ပူးတြဲေၾကညာခ်က္ ထြက္ေပၚလာတာပါ။

ၿဗိတိန္ႏိုင္ငံ အိမ္ရွင္အျဖစ္လက္ခံက်င္းပတဲ့ G7 ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေမလ ၃ ရက္ေန ၅ ရက္ေန႔အထိ က်င္းပတဲ့ အစည္းေဝး အၿပီးမွာ ျမန္မာနဲ႔အနီးကပ္ဆက္ဆံေနတဲ့ ဂ်ပန္ႏိုင္ငံပါ အခုလို လက္နက္ေရာင္းခ်မႈ ပိတ္ပင္ဖို႔ လူသိရွင္ၾကားေျပာၾကားလာတာ ကို ၿဗိတိန္က ျမန္မာ့အေရးလႈပ္ရွားေနတဲ့ Burma Campaign အဖြဲ႔က ႀကိဳဆိုလိုက္ပါတယ္။

ျမန္မာအေပၚ လက္နက္ေရာင္းခ်မႈပိတ္ပင္တဲ့ ႏိုင္ငံေတြထဲမွာ ဂ်ပန္က ၄၃ ႏိုင္ငံေျမာက္ျဖစ္ပါတယ္။ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်မႈပိတ္ပင္တဲ့ အာရွႏိုင္ငံေတြကေတာ့ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြ ျဖစ္ၿပီး ဒီ ၂ ႏိုင္ငံစလံုးဟာ ျမန္မာစစ္တပ္ကို အေရးယူေလ့မရွိတဲ့ ႏိုင္ငံေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......

မြန်မာကို စစ်လက်နက်မရောင်းဖို့ ဂျပန်ဆုံးဖြတ်
(Unicode)

မြန်မာစစ်တပ်ကို လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ လွှဲပြောင်းပေးအပ်တာနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာ ထောက်ပံ့တာတွေ မလုပ်ပဲ ဆက်လက် ပိတ်ပင်တားမြစ်ဖို့ သန္နိဋ္ဌာန်ချမှတ်ကြောင်း G7 စက်မှုထိပ်သီး ၇ နိုင်ငံ- နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မေလ ၅ ရက်နေ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဂျပန်နိုင်ငံကပါ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါဟာ မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ပစ္စည်းတွေ ရောင်းချတာ ထောက်ပံ့တာ မလုပ်ဖူးလို့ ဂျပန်က ပထမဆုံးအကြိမ် အဖြစ် လူသိရှင်ကြား ကတိပြုလိုက်တာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားတဲ့ နိုင်ငံစာရင်းကို မတ်လထဲမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ဂျပန်နိုင်ငံ မပါဝင်ပါဘူး။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှုတားမြစ်ချက် ထုတ်ပြန်ဖို့ အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုအပြီးမှာ အခုလို G7 ၇ နိုင်ငံရဲ့ ပူးတွဲကြေညာချက် ထွက်ပေါ်လာတာပါ။

ဗြိတိန်နိုင်ငံ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မေလ ၃ ရက်နေ ၅ ရက်နေ့အထိ ကျင်းပတဲ့ အစည်းဝေး အပြီးမှာ မြန်မာနဲ့အနီးကပ်ဆက်ဆံနေတဲ့ ဂျပန်နိုင်ငံပါ အခုလို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ လူသိရှင်ကြားပြောကြားလာတာ ကို ဗြိတိန်က မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

မြန်မာအပေါ် လက်နက်ရောင်းချမှုပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ ဂျပန်က ၄၃ နိုင်ငံမြောက်ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်တဲ့ အာရှနိုင်ငံတွေကတော့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ ဖြစ်ပြီး ဒီ ၂ နိုင်ငံစလုံးဟာ မြန်မာစစ်တပ်ကို အရေးယူလေ့မရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG