သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ ဆက္ႏႊယ္လုပ္ကိုင္တဲ့ ဂ်ပန္ကုမၸဏီ ၁၀ ခုရွိ


ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ေနတဲ့ ဂ်ပန္ ကီရင္းဘီယာကုမၸဏီ။

(Zawgyi / Unicode)

ျမန္မာစစ္တပ္နဲ႔ တုိက္႐ုိက္ဆက္ႏႊယ္ေနတဲ့ ကုမၸဏီေတြ၊ ဒါမွမဟုတ္ ျမန္မာစစ္တပ္ ဝင္ေငြရေစေရးအတြက္ လုပ္ေဆာင္ေပးေနတဲ့ ကုမၸဏီေတြနဲ႔ ထိေတြ႔လုပ္ကုိင္ေနတဲ့ ဂ်ပန္ကုမၸဏီ ၁၀ ခုရွိေၾကာင္း ဂ်ပန္အေျခစုိက္ က်ဳိဒုိသတင္းဌာနက စုံစမ္း ေဖာ္ထုတ္လုိက္ပါတယ္။

ဂ်ပန္အစုိးရပုိင္ စီးပြားေရးလုပ္ငန္းေတြနဲ႔ ပုဂၢလိကကုမၸဏီေတြ အေနနဲ႔ ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကုိ အေထာက္အကူ ျပဳေနသလားဆုိတဲ့ စုိးရိမ္မႈေတြ ထြက္ေပၚေနခ်ိန္မွာဘဲ က်ဳိဒုိသတင္းဌာနရဲ႕ စုံစမ္းေဖာ္ထုတ္မႈ ထြက္လာတာပါ။ ျမန္မာစစ္တပ္နဲ႔ ထိေတြ႔ဆက္ဆံမႈေတြ ျဖတ္ေတာက္ၾကဖုိ႔ အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပသမဂၢတုိ႔ကလည္း အရွိန္ျမႇင့္ ေတာင္းဆုိလာေနၾကတာပါ။

ျမန္မာႏုိင္ငံဟာ စစ္အာဏာရွင္ အုပ္ခ်ဳပ္မႈေအာက္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့ရာ ျပဳျပင္ေျပာင္းလဲမႈေတြ စတင္ေဖာ္ေဆာင္တဲ့ ၂၀၁၁ ခုႏွစ္ကစလုိ႔ ဂ်ပန္ကုမၸဏီေပါင္း ၄၀၀ ေလာက္ ျမန္မာႏုိင္ငံမွာ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံေနၾကတာပါ။

အဲဒီအခ်ိန္ကစလုိ႔ ျမန္မာအစုိးရကုိ ေပးေနတဲ့ ဂ်ပန္ရဲ႕ အကူအညီေတြလည္း ျပန္စတင္ခဲ့ပါတယ္။ ဒါေပမယ့္ ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံၾကတဲ့ ဂ်ပန္ကုမၸဏီေတြအေနနဲ႔ ႏုိင္ငံျခားရင္းႏီွးျမႇဳပ္ႏွံမႈ ကန္႔သတ္ခ်က္ျဖစ္တဲ့ ေဒသခံကုမၸဏီေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ရမယ္ဆုိတဲ့ ျပ႒ာန္းခ်က္နဲ႔ ကုိက္ညီေအာင္ လုပ္ေဆာင္ၾကရမွာ ျဖစ္ေပမယ့္ တခ်ဳိ႕ ဂ်ပန္ကုမၸဏီေတြက စစ္တပ္ ထိပ္တန္းေခါင္းေဆာင္ေတြ ပုိင္ဆုိင္တဲ့ ကုမၸဏီေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္မႈေတြ ရွိေနတယ္လုိ႔ ဆုိပါတယ္။

ဂ်ပန္ႏုိင္ငံက ကီရင္း ဘီယာကုမၸဏီဟာ ျမန္မာစစ္တပ္ ထိပ္တန္းအရာရွိေတြ ပုိင္ဆုိင္တယ္လုိ႔ အေမရိကန္ျပည္ေထာင္စုက သတ္မွတ္ထားတဲ့ ျမန္မာ့စီးပြားေရး ေကာ္ပုိေရးရွင္းပုိင္ ျမန္မာ့အေဖ်ာ္ယမကာ ကုမၸဏီ လီမိတက္နဲ႔ မႏၱေလး အေဖ်ာ္ယမကာ လီမိတက္တုိ႔နဲ႔ ဖက္စပ္လုပ္ကုိင္ေနတာကုိ ဥပမာတခုအေနနဲ႔ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးတဲ့ေနာက္ ကီရင္းကုမၸဏီဟာ ျမန္မာ့စီးပြားေရးေကာ္ပုိေရးရွင္းနဲ႔ လုပ္ကုိင္ေနတဲ့ ဖက္စပ္လုပ္ငန္းေတြကုိ ရပ္ဆုိင္းေၾကာင္း ေၾကညာခဲ့ပါတယ္။

စစ္တပ္ပုိင္ေျမေနရာကုိ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၂ သန္းနီးပါးေပးၿပီး ဂ်ပန္ကုမၸဏီတခုက ငွားထားတယ္ဆုိတဲ့ ကိစၥကုိလည္း က်ဳိဒုိသတင္းဌာနက စုံစမ္း သိရွိခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာစစ်တပ်နဲ့ ဆက်နွှယ်လုပ်ကိုင်တဲ့ ဂျပန်ကုမ္ပဏီ ၁၀ ခုရှိ

မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေ၊ ဒါမှမဟုတ် မြန်မာစစ်တပ် ဝင်ငွေရစေရေးအတွက် လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ထိတွေ့လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီ ၁၀ ခုရှိကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနက စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။

ဂျပန်အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထောက်အကူ ပြုနေသလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာဘဲ ကျိုဒိုသတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှု ထွက်လာတာပါ။ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ဖြတ်တောက်ကြဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ကလည်း အရှိန်မြှင့် တောင်းဆိုလာနေကြတာပါ။

မြန်မာနိုင်ငံဟာ စစ်အာဏာရှင် အုပ်ချုပ်မှုအောက် ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ရာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ဖော်ဆောင်တဲ့ ၂၀၁၁ ခုနှစ်ကစလို့ ဂျပန်ကုမ္ပဏီပေါင်း ၄၀၀ လောက် မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံနေကြတာပါ။

အဲဒီအချိန်ကစလို့ မြန်မာအစိုးရကို ပေးနေတဲ့ ဂျပန်ရဲ့ အကူအညီတွေလည်း ပြန်စတင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြတဲ့ ဂျပန်ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်ဖြစ်တဲ့ ဒေသခံကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပေမယ့် တချို့ ဂျပန်ကုမ္ပဏီတွေက စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံက ကီရင်း ဘီယာကုမ္ပဏီဟာ မြန်မာစစ်တပ် ထိပ်တန်းအရာရှိတွေ ပိုင်ဆိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် မြန်မာ့အဖျော်ယမကာ ကုမ္ပဏီ လီမိတက်နဲ့ မန္တလေး အဖျော်ယမကာ လီမိတက်တို့နဲ့ ဖက်စပ်လုပ်ကိုင်နေတာကို ဥပမာတခုအနေနဲ့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ကီရင်းကုမ္ပဏီဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ လုပ်ကိုင်နေတဲ့ ဖက်စပ်လုပ်ငန်းတွေကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

စစ်တပ်ပိုင်မြေနေရာကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ သန်းနီးပါးပေးပြီး ဂျပန်ကုမ္ပဏီတခုက ငှားထားတယ်ဆိုတဲ့ ကိစ္စကိုလည်း ကျိုဒိုသတင်းဌာနက စုံစမ်း သိရှိခဲ့ရကြောင်း ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG