သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဦးပုိင္ကုမၸဏီနဲ႔ ဖက္စပ္လုပ္ငန္းေတြ Kirin အေဖ်ာ္ယမကာကုမၸဏီ ရပ္ဆုိင္းေတာ့မည္ 


Kirin အေဖ်ာ္ယမကာမ်ား

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာေၾကာင့္ စစ္တပ္ပုိင္ ဦးပုိင္ကုမၸဏီနဲ႔ ဖက္စပ္လုပ္ကုိင္ေနတဲ့ စီးပြားလုပ္ငန္းေတြကုိ ရပ္ဆုိင္းေတာ့မယ္လုိ႔ ဂ်ပန္ႏုိင္ငံအေျခစုိက္ Kirin အေဖ်ာ္ယမကာလုပ္ငန္းကုမၸဏီက ေဖေဖာ္၀ါရီလ ၅ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္လုိက္ပါတယ္။

မၾကာေသးခင္ရက္ပုိင္းအတြင္း ျမန္မာစစ္တပ္ရဲ႕ လုပ္ေဆာင္ခဲ့မႈေတြအေပၚ ကုမၸဏီအေနနဲ႔ အထူးစုိးရိမ္ ပူပန္မိေၾကာင္း၊ ဒီလုပ္ဟာ ကုမၸဏီရဲ႕ ကုမၸဏီရဲ႕ စံတန္ဖုိးနဲ႔ လူ႔အခြင့္အေရးေပၚလစီေတြနဲ႔ ကုိက္ညီျခင္းမရွိေၾကာင္း Kirin ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Yoshinori Isozaki က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္လာေနတဲ့အခ်ိန္ ကုမၸဏီအေနနဲ႔ ျမန္မာႏုိင္ငံရဲ႕ စီးပြားေရး ဖြံ႔ၿဖိဳးတုိးတက္ေအာင္ တဖက္တလမ္းက အေထာက္အကူျပဳေပးႏုိင္လိမ့္မယ္ဆုိတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမဳပ္ႏွံဖုိ႔ ၂၀၁၅ ခုႏွစ္မွာ ဆုံးျဖတ္ခဲ့ေၾကာင္း၊ ျမန္မာ့အေဖ်ာ္ယမကာ ကုမၸဏီလီမိတက္နဲ႔ မႏၱေလးအေဖ်ာ္ယမကာ လီမိတက္တုိ႔နဲ႔ ဖက္စပ္လုပ္ကုိင္းျခင္းအားျဖင့္ ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးနဲ႔ လူမႈအသုိင္း၀ုိင္းကုိ အေထာက္အကူျပဳေစလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ခ်က္ထားရွိခဲ့သလုိ၊ အဲဒီ ေမွ်ာ္လင့္ကုိ ဆက္လက္ ထားရွိဆဲျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုလက္ရွိအေျခအေနအရဆုိရင္ ဦးပုိင္ကုမၸဏီနဲ႔ ဖက္စပ္လုပ္ေနတဲ့လုပ္ငန္းကုိ ရပ္ဆုိင္းယုံမွတပါး တျခားေရြးခ်ယ္စရာ နည္းလမ္း မရွိေတာ့ေၾကာင္း၊ ဒီ ဦးပုိင္လုပ္ငန္းဟာ ျမန္မာစစ္တပ္ကုိ ေငြေၾကး ၀န္ေဆာင္မႈေတြ ေပးေနတာျဖစ္ေၾကာင္း၊ ဒီ ဖက္စပ္လုပ္ငန္း ရပ္ဆုိင္းတဲ့ကိစၥကုိ ခ်က္ျခင္း အသက္၀င္ေအာင္ လုပ္ေဆာင္ေနေၾကာင္းနဲ႔ အသစ္ျဖစ္ေပၚတုိးတက္မႈေတြကုိ လက္ေတြ႔အက်ဆုံး၊ အျမန္ဆုံး ထုတ္ျပန္သြားဖုိ႔ ရည္ရြယ္ထားေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာ့စီးပြားေရး ဦးပုိင္လီမိတက္ဟာ ရုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈ က်ဴးလြန္တာအပါအ၀င္ လူ႔အခြင့္အေရးေတြ ခ်ဳိးေဖာက္ေနတယ္လုိ႔ စြပ္စြဲခံေနရတဲ့ ျမန္မာစစ္တပ္ရဲ႕ အစိတ္အပုိင္းတခုျဖစ္ေၾကာင္း ကုလသမဂၢအဖြဲ႔ႀကီးကလည္း သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ျမန္မာဘီယာနဲ ့ မႏၱေလးဘီယာ ကုမၼဏီတို႔မွာ ရင္းနွီးျမွဳပ္နွံမႈ ၅၁ ရာနွဳန္းပါ၀င္ထားတဲ့ Kirin ကုမၸဏီအေနနဲ႔ ျမန္မာျပည္မွာရွိတဲ့ သူတုိ႔ရဲ့လုပ္ငန္းေတြကို စံုစမ္း စစ္ေဆးဖို ့ဘ႑ာေရး အႀကံေပးအဖြဲ ့တခုျဖစ္တဲ့ Deloitte Tohmatsu Financial Advisory အဖြဲ ့ႀကီးကို မႏွစ္ ဇြန္လတုန္းကတည္းက ငွားရမ္းၿပီး စုံစမ္း စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီ စုံစမ္းစစ္ေဆးမႈက တိက် ေရရာတဲ့ ရလဒ္ ထြက္မလာခဲ့တာေၾကာင့္ ျမန္မာႏုိင္ငံမွာရွိတဲ့ ကုမၸဏီရဲ႕ လုပ္ငန္း အနာဂတ္နဲ႔ပတ္သက္လို႔ မဆုံးျဖတ္ နိုင္ေသးဘူးလို႔ Kirin က အခုႏွစ္ ဇန္န၀ါရီလအေစာပုိင္းက ထုတ္ျပန္ခဲ့ပါတယ္။

.........

ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်းတွေ Kirin အဖျော်ယမကာကုမ္ပဏီ ရပ်ဆိုင်းတော့မည်
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ စီးပွားလုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Kirin အဖျော်ယမကာလုပ်ငန်းကုမ္ပဏီက ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်း မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ခဲ့မှုတွေအပေါ် ကုမ္ပဏီအနေနဲ့ အထူးစိုးရိမ် ပူပန်မိကြောင်း၊ ဒီလုပ်ဟာ ကုမ္ပဏီရဲ့ ကုမ္ပဏီရဲ့ စံတန်ဖိုးနဲ့ လူ့အခွင့်အရေးပေါ်လစီတွေနဲ့ ကိုက်ညီခြင်းမရှိကြောင်း Kirin ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Yoshinori Isozaki က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာနေတဲ့အချိန် ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တဖက်တလမ်းက အထောက်အကူပြုပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ ၂၀၁၅ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ကြောင်း၊ မြန်မာ့အဖျော်ယမကာ ကုမ္ပဏီလီမိတက်နဲ့ မန္တလေးအဖျော်ယမကာ လီမိတက်တို့နဲ့ ဖက်စပ်လုပ်ကိုင်းခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုအသိုင်းဝိုင်းကို အထောက်အကူပြုစေလိမ့်မယ်လို့ မျှော်လင့်ချက်ထားရှိခဲ့သလို၊ အဲဒီ မျှော်လင့်ကို ဆက်လက် ထားရှိဆဲဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလက်ရှိအခြေအနေအရဆိုရင် ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်နေတဲ့လုပ်ငန်းကို ရပ်ဆိုင်းယုံမှတပါး တခြားရွေးချယ်စရာ နည်းလမ်း မရှိတော့ကြောင်း၊ ဒီ ဦးပိုင်လုပ်ငန်းဟာ မြန်မာစစ်တပ်ကို ငွေကြေး ဝန်ဆောင်မှုတွေ ပေးနေတာဖြစ်ကြောင်း၊ ဒီ ဖက်စပ်လုပ်ငန်း ရပ်ဆိုင်းတဲ့ကိစ္စကို ချက်ခြင်း အသက်ဝင်အောင် လုပ်ဆောင်နေကြောင်းနဲ့ အသစ်ဖြစ်ပေါ်တိုးတက်မှုတွေကို လက်တွေ့အကျဆုံး၊ အမြန်ဆုံး ထုတ်ပြန်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာအပါအဝင် လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးကလည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာဘီယာနဲ့ မန္တလေးဘီယာ ကုမ္မဏီတို့မှာ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာနှုန်းပါဝင်ထားတဲ့ Kirin ကုမ္ပဏီအနေနဲ့ မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့လုပ်ငန်းတွေကို စုံစမ်း စစ်ဆေးဖို့ဘဏ္ဍာရေး အကြံပေးအဖွဲ့တခုဖြစ်တဲ့ Deloitte Tohmatsu Financial Advisory အဖွဲ့ကြီးကို မနှစ် ဇွန်လတုန်းကတည်းက ငှားရမ်းပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ စုံစမ်းစစ်ဆေးမှုက တိကျ ရေရာတဲ့ ရလဒ် ထွက်မလာခဲ့တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်း အနာဂတ်နဲ့ပတ်သက်လို့ မဆုံးဖြတ် နိုင်သေးဘူးလို့ Kirin က အခုနှစ် ဇန်နဝါရီလအစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG