သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ပုိင္ဆိပ္ကမ္းေတြမွာ Maersk ကုမၸဏီ ကုန္တင္ ကုန္ခ်လုပ္ေတာ့မည္မဟုတ္


Maersk ကုမၸဏီပိုင္ ကုန္တင္သေဘာၤတခုကို ေတြ႔ရစဥ္ (ဓါတ္ပံု- Maersk )

(Zawgyi/Unicode)

ပင္လယ္ေရေၾကာင္း ကုန္စည္ပို႔ေဆာင္ေရး ကုမၸဏီ ႀကီးတစ္ခုျဖစ္တဲ့ Maersk ကုမၸဏီက ျမန္မာစစ္တပ္ပိုင္ဆိပ္ကမ္းေတြမွာကုန္တင္ ကုန္ခ် ျပဳလုပ္တာေတြကို ရပ္ဆိုင္းေတာ့မွာ ျဖစ္တယ္လို႔ ယူေက အေျခစိုက္ လူ႔အခြင့္အေရးအဖြဲ႕ တစ္ဖြဲ႕က ေျပာပါတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိတဲ့ ျမန္မာစစ္တပ္နဲ႔ လုပ္ငန္းအတူ လုပ္တဲ့ ကုမၸဏီစာရင္း Dirty List ကို ျပဳစုေနတဲ့ Burma Campaign UK အဖြဲ႕က ၾကာသပေတးေန႔ က အခုလို ေျပာလိုက္တာပါ။

ကမၻာ့ အႀကီးဆုံး ပင္လယ္ေရေၾကာင္း သယ္ယူပို႔ေဆာင္ေရး ကုမၸဏီႀကီးျဖစ္တဲ့ A.P.Moller-Maersk ကုမၸဏီက ေအာက္တိုဘာလ ကုန္က စၿပီး ျမန္မာစစ္တပ္ပိုင္ ဆိပ္ကမ္းေတြကို အသုံးျပဳေနတာကို ရပ္ဆိုင္းဖို႔ သေဘာတူလိုက္ၿပီလို႔လည္း Burma Campagine UK အဖြဲ႕က ေျပာပါတယ္။

Maersk ကုမၸဏီကေတာ့ သတိႀကီးစြာ ထားရင္းနဲ႔ ျမန္မာနိုင္ငံမွာ လုပ္ငန္းေတြ ဆက္လက္ လုပ္ေဆာင္သြားဖို႔ အႀကံေပးတိုက္တြန္းခ်က္ေတြကို သတိျပဳမိေၾကာင္း AFP သတင္းဌာနကို ေျပာေပမယ့္ လုပ္ငန္းေဆာင္တာ ေျပာင္းလဲမႈ သတင္း အေသးစိတ္ကို ေျပာၾကားျခင္း မရွိပါဘူး။

ဒိန္းမတ္ ကုမၸဏီ Maerskရဲ့ ဆုံးျဖတ္ခ်က္ဟာ ထူးျခားမႈရွိေၾကာင္းနဲ႔ တျခားေရေၾကာင္း သယ္ယူပို႔ေဆာင္ေရး ကုမၸဏီေတြအလားတူ လိုက္ပါ လုပ္ေဆာင္ေစဖို႔ ဖိအား ေပးလိုက္သလို ျဖစ္ေၾကာင္း Burma Campagine UK အဖြဲ႕ရဲ့ ဒါရိုက္တာ Mark Farmaner က AFP သတင္းကို ေျပာပါတယ္။

ျမန္မာ စစ္တပ္က ဆယ္စုႏွစ္နဲ႔ ခ်ီၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ျပဳလုပ္ခဲ့တာျဖစ္ေပမယ့္၂၀၁၇ ခုႏွစ္က ရိုဟင္ဂ်ာ မူဆလင္ေတြအေပၚ ၾကမ္းၾကမ္းတမ္းတမ္း ဖိႏွိပ္ခဲ့တဲ့ကိစၥမွာေတာ့ လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္တယ္လို႔ စြပ္စြဲခံရၿပီး နိုင္ငံတကာ တရား႐ုံးအထိ ေရာက္ရွိသြား ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာစစ္တပ္ဟာ နိုင္ငံတကာ ဥပေဒကို စိုးရိမ္စဖြယ္ ခ်ိဳးေဖာက္မႈရွိခဲ့တာေၾကာင့္ ျမန္မာစစ္တပ္နဲ႔ လုပ္ငန္းအတူလုပ္ငန္းေနတဲ့အေပၚ ခုခံေခ်ပ နိုင္စရာ အေၾကာင္း တစ္ခုမွ မရွိေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢစုံစမ္းစစ္ေဆးမႉးေတြက ၂၀၁၈ ခုႏွစ္က ထုတ္ျပန္တဲ့ အစီရင္ခံစာ မွာ ေရးသားထားတာပါ။

ျမန္မာစစ္တပ္ပိုင္ လုပ္ငန္းႀကီးေတြနဲ႔ အတူတြဲဖက္ လုပ္ငန္း လုပ္ကိုင္ေနတဲ့ ဂ်ပန္ ဘီယာ ကုမၸဏီ Kirin ကလည္း ျမန္မာနိုင္ငံအတြင္းက လုပ္ငန္း ေတြကို ျပန္လည္ သုံးသပ္ေနတယ္လို႔ ဇြန္လက ေၾကညာခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္အတြင္း ျမန္မာစစ္တပ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ARSA ရိုဟင္ဂ်ာ လက္နက္ကိုင္တပ္ေတြကို နယ္ေျမရွင္းလင္းေရး စစ္ဆင္ ေရးေတြလုပ္တုန္းက ရိုဟင္ဂ်ာ ၇ သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ကို ထြက္ေျပးခဲ့ၾကရတာပါ။ ျမန္မာအစိုးရက ရိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံဘဲ ဒုကၡသည္ေတြကို ျပန္လည္ စိစစ္ လက္ခံမွာ ျဖစ္ေၾကာင္း ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာစစ်တပ်ပိုင်ဆိပ်ကမ်းတွေမှာ Maersk ကုမ္ပဏီ ကုန်တင် ကုန်ချလုပ်တော့မည်မဟုတ်
(Unicode)

ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ ကြီးတစ်ခုဖြစ်တဲ့ Maersk ကုမ္ပဏီက မြန်မာစစ်တပ်ပိုင်ဆိပ်ကမ်းတွေမှာကုန်တင် ကုန်ချ ပြုလုပ်တာတွေကို ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ ယူကေ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့ မြန်မာစစ်တပ်နဲ့ လုပ်ငန်းအတူ လုပ်တဲ့ ကုမ္ပဏီစာရင်း Dirty List ကို ပြုစုနေတဲ့ Burma Campaign UK အဖွဲ့က ကြာသပတေးနေ့ က အခုလို ပြောလိုက်တာပါ။

ကမ္ဘာ့ အကြီးဆုံး ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ A.P.Moller-Maersk ကုမ္ပဏီက အောက်တိုဘာလ ကုန်က စပြီး မြန်မာစစ်တပ်ပိုင် ဆိပ်ကမ်းတွေကို အသုံးပြုနေတာကို ရပ်ဆိုင်းဖို့ သဘောတူလိုက်ပြီလို့လည်း Burma Campagine UK အဖွဲ့က ပြောပါတယ်။

Maersk ကုမ္ပဏီကတော့ သတိကြီးစွာ ထားရင်းနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်သွားဖို့ အကြံပေးတိုက်တွန်းချက်တွေကို သတိပြုမိကြောင်း AFP သတင်းဌာနကို ပြောပေမယ့် လုပ်ငန်းဆောင်တာ ပြောင်းလဲမှု သတင်း အသေးစိတ်ကို ပြောကြားခြင်း မရှိပါဘူး။

ဒိန်းမတ် ကုမ္ပဏီ Maerskရဲ့ ဆုံးဖြတ်ချက်ဟာ ထူးခြားမှုရှိကြောင်းနဲ့ တခြားရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေအလားတူ လိုက်ပါ လုပ်ဆောင်စေဖို့ ဖိအား ပေးလိုက်သလို ဖြစ်ကြောင်း Burma Campagine UK အဖွဲ့ရဲ့ ဒါရိုက်တာ Mark Farmaner က AFP သတင်းကို ပြောပါတယ်။

မြန်မာ စစ်တပ်က ဆယ်စုနှစ်နဲ့ ချီပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပေမယ့်၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ မူဆလင်တွေအပေါ် ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်ခဲ့တဲ့ကိစ္စမှာတော့ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး နိုင်ငံတကာ တရားရုံးအထိ ရောက်ရှိသွား ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ဥပဒေကို စိုးရိမ်စဖွယ် ချိုးဖောက်မှုရှိခဲ့တာကြောင့် မြန်မာစစ်တပ်နဲ့ လုပ်ငန်းအတူလုပ်ငန်းနေတဲ့အပေါ် ခုခံချေပ နိုင်စရာ အကြောင်း တစ်ခုမှ မရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှူးတွေက ၂၀၁၈ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ရေးသားထားတာပါ။

မြန်မာစစ်တပ်ပိုင် လုပ်ငန်းကြီးတွေနဲ့ အတူတွဲဖက် လုပ်ငန်း လုပ်ကိုင်နေတဲ့ ဂျပန် ဘီယာ ကုမ္ပဏီ Kirin ကလည်း မြန်မာနိုင်ငံအတွင်းက လုပ်ငန်း တွေကို ပြန်လည် သုံးသပ်နေတယ်လို့ ဇွန်လက ကြေညာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းက ARSA ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေကို နယ်မြေရှင်းလင်းရေး စစ်ဆင် ရေးတွေလုပ်တုန်းက ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာပါ။ မြန်မာအစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံဘဲ ဒုက္ခသည်တွေကို ပြန်လည် စိစစ် လက်ခံမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG