(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ ဘီယာ ထုတ္လုပ္ေနတဲ့ လုပ္ငန္း အနာဂတ္နဲ႔ပတ္သက္လို႔ မဆုံးျဖတ္ နိုင္ေသးဘူးလို႔ ဂ်ပန္ အေဖ်ာ္ယမကာ ကုမၸဏီ Kirin Holdings ကေျပာပါတယ္။ Kirin က ျမန္မာနိုင္ငံမွာ ဖက္စပ္လုပ္ကိုင္ေနတဲ့ ျမန္မာ့ ဦးပိုင္ကုမၸဏီနဲ႔ ပတ္သက္လို႔ ျပင္ပကုမၸဏီ တစ္ခု ကေန လုပ္ငန္း စစ္ေဆးေရးေတြ လုပ္ေဆာင္အၿပီး အၿပီးသတ္ တိတိက်က် ေကာက္ခ်က္ မခ်နိုင္တာေၾကာင့္ အခုလို မဆုံး ျဖတ္နိုင္ေသးတာ ျဖစ္ေၾကာင္း Kirin ကုမၸဏီက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ပါရွိပါတယ္။
ျမန္မာနိုင္ငံမွာ Kirin နဲ႔ တြဲဖက္ လုပ္ငန္းလုပ္ေနတဲ့ ျမန္မာ့ စီးပြားေရး ဦးပိုင္ လိမိတက္ (MEHL) နဲ႔ ျမန္မာ စစ္တပ္တို႔အၾကားဆက္စပ္မႈေတြရွိတယ္ လို႔ ကုလသမဂၢက စြပ္စြဲေျပာၾကား အၿပီးမွာ Kirin ကုမၸဏီက Deloitte Tohmatsu ေငြေရးေၾကးေရးဆိုင္ရာ အႀကံေပးကုမၸဏီကိုငွားရမ္း ၿပီး လုပ္ငန္း စစ္ေဆးခိုင္းခဲ့တာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာ ျမန္မာစစ္တပ္က ရိုဟင္ဂ်ာ လူနည္းစုေတြ အေပၚ လူမ်ိဳးတုန္း သတ္ျဖတ္မႈနဲ႔စစ္ရာဇဝတ္မႈ က်ဴးလြန္တယ္ဆိုၿပီး စြပ္စြဲ ခံထားရတာပါ။
ရိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာနိုင္ငံက အဲဒီ စြပ္စြဲခ်က္ကို ျငင္းဆိုထားၿပီး ရိုဟင္ဂ်ာ လက္နက္ကိုင္ေတြကို တိုက္ခိုက္ တာသာ ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။
Deloitte ကုမၸဏီ အေနနဲ႔ တိတိက်က် ေကာက္ခ်က္ခ် ေျပာဆိုနိုင္ဖို႔ လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြ လုံလုံေလာက္ေလာက္ မရတာေၾကာင့္ ျပည့္ျပည့္စုံစုံ အစီရင္ခံနိုင္ျခင္း မရွိဘူးလို႔လည္း Kirin ကုမၸဏီက ေၾကညာခဲ့ပါတယ္။
Kirin ကုမၸဏီ အေနနဲ႔ ေရွ႕ဘာဆက္လုပ္မယ္ဆိုတာကို မသိရေသးပါဘူ။ အေထာက္အပံ့ ေပးေရး အဖြဲ႕ေတြကေတာ့ Kirin ကုမၸဏီ ျမန္မာနိုင္ငံက ထြက္ခြာသြားရင္လည္း ဘီယာလုပ္ငန္းကို စစ္တပ္လက္ထဲ အရင္ကလိုပဲ ထားရွိခဲ့ရမွာ ျဖစ္လို႔ အဲဒါက အေျဖမဟုတ္ ဘူးလို႔လည္း ေျပာပါတယ္။
Amnesty International လို လူ႔အခြင့္အေရး အဖြဲ႕ေတြကေတာ့ ျမန္မာ့ စီးပြားေရး ဦးပိုင္လိမိတက္နဲ႔ ဆက္ဆံေရး ရွိတဲ့ Kirin နဲ႔ တျခား ကုမၸဏီေတြ အေနနဲ႔ ဦးပိုင္နဲ႔ ဆက္ဆံေရးေတြ ျဖတ္ေတာက္ပစ္ဖို႔ ေတာင္းဆိုထားပါတယ္။
................
မြန်မာ့ဦးပိုင်နဲ့ ဖက်စပ်လုပ်နေတဲ့ Kirin ကုမ္ပဏီ ရှေ့ရေး မရေရာသေး
(Unicode)
မြန်မာနိုင်ငံမှာ ဘီယာ ထုတ်လုပ်နေတဲ့ လုပ်ငန်း အနာဂတ်နဲ့ပတ်သက်လို့ မဆုံးဖြတ် နိုင်သေးဘူးလို့ ဂျပန် အဖျော်ယမကာ ကုမ္ပဏီ Kirin Holdings ကပြောပါတယ်။ Kirin က မြန်မာနိုင်ငံမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာ့ ဦးပိုင်ကုမ္ပဏီနဲ့ ပတ်သက်လို့ ပြင်ပကုမ္ပဏီ တစ်ခု ကနေ လုပ်ငန်း စစ်ဆေးရေးတွေ လုပ်ဆောင်အပြီး အပြီးသတ် တိတိကျကျ ကောက်ချက် မချနိုင်တာကြောင့် အခုလို မဆုံး ဖြတ်နိုင်သေးတာ ဖြစ်ကြောင်း Kirin ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာ Kirin နဲ့ တွဲဖက် လုပ်ငန်းလုပ်နေတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လိမိတက် (MEHL) နဲ့ မြန်မာ စစ်တပ်တို့အကြားဆက်စပ်မှုတွေရှိတယ် လို့ ကုလသမဂ္ဂက စွပ်စွဲပြောကြား အပြီးမှာ Kirin ကုမ္ပဏီက Deloitte Tohmatsu ငွေရေးကြေးရေးဆိုင်ရာ အကြံပေးကုမ္ပဏီကိုငှားရမ်း ပြီး လုပ်ငန်း စစ်ဆေးခိုင်းခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီး စွပ်စွဲ ခံထားရတာပါ။
ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံက အဲဒီ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ရိုဟင်ဂျာ လက်နက်ကိုင်တွေကို တိုက်ခိုက် တာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Deloitte ကုမ္ပဏီ အနေနဲ့ တိတိကျကျ ကောက်ချက်ချ ပြောဆိုနိုင်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ လုံလုံလောက်လောက် မရတာကြောင့် ပြည့်ပြည့်စုံစုံ အစီရင်ခံနိုင်ခြင်း မရှိဘူးလို့လည်း Kirin ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
Kirin ကုမ္ပဏီ အနေနဲ့ ရှေ့ဘာဆက်လုပ်မယ်ဆိုတာကို မသိရသေးပါဘူ။ အထောက်အပံ့ ပေးရေး အဖွဲ့တွေကတော့ Kirin ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာသွားရင်လည်း ဘီယာလုပ်ငန်းကို စစ်တပ်လက်ထဲ အရင်ကလိုပဲ ထားရှိခဲ့ရမှာ ဖြစ်လို့ အဲဒါက အဖြေမဟုတ် ဘူးလို့လည်း ပြောပါတယ်။
Amnesty International လို လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ဆက်ဆံရေး ရှိတဲ့ Kirin နဲ့ တခြား ကုမ္ပဏီတွေ အနေနဲ့ ဦးပိုင်နဲ့ ဆက်ဆံရေးတွေ ဖြတ်တောက်ပစ်ဖို့ တောင်းဆိုထားပါတယ်။