သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာဦးပိုင္ကို ဘီယာဖက္စပ္အျမတ္ေငြေပးေရး Kirin ကုမၸဏီဆိုင္းငံ႔ 


(Zawgyi/Unicode)

ျမန္မာစစ္တပ္နဲ႔ ပတ္သက္ ဆက္ႏြယ္ေနတဲ့ ျမန္မာ့စီးပြားေရးဦးပုိင္လီမိတက္ပုိင္ ျမန္မာဘီယာနဲ႔ ဖက္ဆပ္လုပ္ကုိင္မႈက ရရွိတဲ့ အျမတ္ေငြေပးဖုိ႔ ဆုိင္းငံ့ထားလုိက္ေၾကာင္း ဂ်ပန္ႏုိင္ငံအေျခစုိက္ Kirin အေဖ်ာ္ယမကာလုပ္ငန္းအုပ္စုက ေျပာၾကားလုိက္ပါတယ္။

ဂ်ပန္နဲ႔ပူးတြဲလုပ္ေနတဲ့ ျမန္မာဘီယာလုပ္ငန္းနဲ႔ မႏၱေလး ဘီယာလုပ္ငန္းတုိ႔ရဲ႕ အျမတ္ေငြ ဘယ္လုိခြဲေ၀တယ္ဆုိတာ Amnesty International အဖြဲ႔ရဲ႕ အစီရင္ခံစာထြက္လာၿပီးတဲ့ေနာက္ အခုလုိ ဆုိင္းငံ့လုိက္တာ ျဖစ္ပါတယ္။ Kirin ဘက္က အခုလုိ ဆုိင္းငံ့လုိက္တဲ့အေပၚ Amnesty International နဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ႀကိဳဆုိခဲ့ၾကပါတယ္။

ျမန္မာ့ဦးပုိင္ စီးပြားလုပ္ငန္းအစုရွယ္ယာ ပုိင္ဆုိင္သူေတြထဲမွာ ႏုိင္ငံတကာဥပေဒအရ ျပစ္မႈက်ဴးလြန္ထားတဲ့ စစ္တပ္ဖြဲ႔ေတြလည္း ပါ၀င္ေနတာျဖစ္ပါတယ္။

Kirin ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတဦးကေတာ့ ဒါဟာ ေရြ ့ဆိုင္းလိုက္တာမ်ိဳးမဟုတ္ပဲ လံုး၀ ရပ္ဆို္င္း လိုက္တာျဖစ္တယ္လို ့ေျပာ ပါတယ္။

Kirin ဟာ ျမန္မာဘီယာနဲ ့ မႏၱေလးဘီယာ ကုမၼဏီတို႔မွာ ရင္းနွီးျမွဳပ္နွံမွု ၅၁ ရာနွဳန္းပါ၀င္ထားျပီး ျပီးခဲ့တဲ့ ဂြ်န္လတုန္းကတည္းက ျမန္မျပည္မွာရွိတဲ့ သူတုိ႔ရဲ့လုပ္ငန္းေတြကို စံုစမ္း စစ္ေဆးဖို ့ဘ႑ာေရး အၾကံေပးအဖြဲ ့တခုျဖစ္တဲ့ Deloitte Tohmatsu Financial Advisory အဖြဲ ့ၾကီးကို ငွားရမ္းခဲ့တာျဖစ္တယ္။

ျမန္မာ့စီးပြားေရး ဦးပုိင္လီမိတက္ဟာ ရုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈ က်ဴးလြန္တာအပါအ၀င္ လူ႔အခြင့္အေရးေတြ ခ်ဳိးေဖာက္မႈေနတယ္လုိ႔ စြပ္စြဲခံေနရတဲ့ ျမန္မာစစ္တပ္ရဲ႕ အစိတ္အပုိင္းတခုျဖစ္ေၾကာင္း ကုလသမဂၢအဖြဲ႔ႀကီးကလည္း သတ္မွတ္ထားတာ ျဖစ္ပါတယ္။

Kirin က အခုလုိ ေငြးေပးဖုိ႔ ဆုိင္းငံ့လုိက္တဲ့ကိစၥနဲ႔ပတ္သက္လုိ႔ ျမန္မာ့စီးပြားေရး ဦးပုိင္လီမိတက္ ဘက္က တစုံတရာ တံု႔ျပန္ ေျပာဆုိျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာဦးပိုင်ကို ဘီယာဖက်စပ်အမြတ်ငွေပေးရေး Kirin ကုမ္ပဏီဆိုင်းငံ့

(Unicode)

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင် မြန်မာဘီယာနဲ့ ဖက်ဆပ်လုပ်ကိုင်မှုက ရရှိတဲ့ အမြတ်ငွေပေးဖို့ ဆိုင်းငံ့ထားလိုက်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် Kirin အဖျော်ယမကာလုပ်ငန်းအုပ်စုက ပြောကြားလိုက်ပါတယ်။

ဂျပန်နဲ့ပူးတွဲလုပ်နေတဲ့ မြန်မာဘီယာလုပ်ငန်းနဲ့ မန္တလေး ဘီယာလုပ်ငန်းတို့ရဲ့ အမြတ်ငွေ ဘယ်လိုခွဲဝေတယ်ဆိုတာ Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာထွက်လာပြီးတဲ့နောက် အခုလို ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။ Kirin ဘက်က အခုလို ဆိုင်းငံ့လိုက်တဲ့အပေါ် Amnesty International နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။

မြန်မာ့ဦးပိုင် စီးပွားလုပ်ငန်းအစုရှယ်ယာ ပိုင်ဆိုင်သူတွေထဲမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်ထားတဲ့ စစ်တပ်ဖွဲ့တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

Kirin ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ ဒါဟာ ရွေ့ဆိုင်းလိုက်တာမျိုးမဟုတ်ပဲ လုံး၀ ရပ်ဆိုင်း လိုက်တာဖြစ်တယ်လို့ပြော ပါတယ်။

Kirin ဟာ မြန်မာဘီယာနဲ့ မန္တလေးဘီယာ ကုမ္မဏီတို့မှာ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာနှုန်းပါဝင်ထားပြီး ပြီးခဲ့တဲ့ ဂျွန်လတုန်းကတည်းက မြန်မပြည်မှာရှိတဲ့ သူတို့ရဲ့လုပ်ငန်းတွေကို စုံစမ်း စစ်ဆေးဖို့ဘဏ္ဍာရေး အကြံပေးအဖွဲ့တခုဖြစ်တဲ့ Deloitte Tohmatsu Financial Advisory အဖွဲ့ကြီးကို ငှားရမ်းခဲ့တာဖြစ်တယ်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာအပါအဝင် လူ့အခွင့်အရေးတွေ ချိုးဖောက်မှုနေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးကလည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Kirin က အခုလို ငွေးပေးဖို့ ဆိုင်းငံ့လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဘက်က တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG