သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကို ျပည္ႏွင္ဒဏ္ေပးၿပီး ျပန္လႊတ္


ဂ်ပန္သတင္းေထာက္Yuki Kitazumi

{{Zawgyi/Unicode}}

ျမန္မာအာဏာသိမ္း စစ္ေကာင္စီက ဖမ္းထားတဲ့ ဂ်ပန္သတင္းေထာက္ကို စစ္ေကာင္စီက ျပည္ႏွင္ဒဏ္ေပးလိုက္တယ္လုိ႔ ဂ်ပန္ႏုိင္ငံက ဒီကေန႔ေျပာပါတယ္။ႏွစ္ႏုိင္ငံၾကား သံတမန္ေရး ခ်စ္ၾကည္ရင္းႏွီးမႈကို ျပတဲ့အေနနဲ႔ သတင္းေထာက္ Yuki Kitazumi အေပၚစြဲဆိုခ်က္ေတြကို စစ္ေကာင္စီက ရုပ္သိမ္းေပးလိုက္တာျဖစ္တယ္လို႔လည္းေျပာပါတယ္။

ၿပိီးခဲ့တဲ့လမွာ အဖမ္းခံရခ်ိန္ကတည္းက အင္းစိန္ေထာင္မွာ ထိန္းသိမ္းခံခဲ့ရတဲ့ သတင္းေထာက္ Yuki ဟာ စစ္ေကာင္စီကဖမ္းဆီးခဲ့တဲ့ သတင္းေထာက္ အေယာက္ ၈၀ ထဲမွာ တဦးအပါအ၀င္ျဖစ္ပါတယ္။

သတင္းေထာက္ Yuki ဟာ ဒီကေန႔ ေန႔လည္ပိုင္းမွာ ျမန္မာႏုိ္င္ငံကေန ဂ်ပန္ႏိုင္ငံကို ျပန္ထြက္လာၿပီလို႔ ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီး Toshimitsu Motegi က ဒီကေန႔ေန႔လည္ပိုင္းကပဲ အတည္ျပဳပါတယ္။

Yuki ျပန္လြတ္ေရးအတြက္ ဂ်ပန္နုိင္ငံက နည္းလမ္းေပါင္းစုံနဲ႔ခ်ည္းကပ္ၿပီး ခက္ခက္ခဲခဲ လုပ္ကုိင္ခဲ့ရတယ္လို႔လည္း သတင္းစာရွင္းလင္းပြဲမွာ ဝန္ႀကီး Motegi က ေျပာဆိုခဲ့ပါတယ္။ အဲဒီႀကိဳးပမ္းမႈရလဒ္အျဖစ္ သူရင္ဆုိင္ေနရတဲ့ စြဲဆိုခ်က္ေတြကို ရုပ္သိ္မ္းေပးမယ္လို႔ ျမန္မအာဏာပိုင္ေတြက မေန႔ကပဲ ေၾကျငာခဲ့တယ္လို႔လည္းေျပာပါတယ္။ က်န္းက်န္းမာမာရွိတဲ့ သတင္းေထာက္ Yuki ေသာၾကာေန႔ညမွာ ဂ်ပန္ကို ျပန္ေရာက္မယ္လို႔လည္းေျပာပါတယ္။

သတင္္းေထာက္ Yuki Kitazumi ဟာ ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း အေျခအေနေတြနဲ႔ပတ္သက္ၿပီး သတင္းရယူ တင္ျပခဲ့ၿပီးတဲ့ေနာက္ ရန္ကုန္ၿမိဳ႕ သူ႔ေနအိမ္မွာ ဧၿပီလ ၁၈ ရက္ေန႔က ဒုတိယအႀကိမ္ အဖမ္းခံခဲ့ရၿပီး လုပ္ၾကံသတင္းျဖန္႔ခ်ိမူနဲ႔ စစ္ေကာင္စီက စြဲခ်က္တင္ခဲ့တာပါ။

စစ္တပ္က အာဏာသိမ္းၿပီး ရက္ပိုင္းအၾကာ ေဖေဖာ္ဝါရီလထဲမွာ ပထမတႀကိမ္ အဖမ္းခံခဲ့ရေသးေပမယ့္ အဲဒီအခ်ိန္က ျပန္လြတ္လာခဲ့ပါတယ္။ သူဟာ စစ္ေကာင္စီက ဖမ္းဆီးတရားစြဲဆိုခဲ့တဲ့ ပထမဆံုး ႏုိင္ငံျခားသတင္းေထာက္ပါ။

လက္ရွိမွာေတာ့ ျမန္မာသတင္းမီဒီယာသမား ၄၅ ေယာက္ထက္မနည္း ဖမ္းဆီးခံထားရဆဲရွိၿပီး သူတို႔ထဲကအမ်ားစုကုိ ပုဒ္မ ၅၀၅ (က) နဲ႔ စစ္ေကာင္စီက တရားစြဲထားပါတယ္။

ျပည္ၿမိဳ႕က ဒီဗီဘီသတင္းေထာက္တဦးျဖစ္သူ ကိုမင္းညိဳကိုေတာ့ ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္ေန႔ကပဲ ပုဒ္မ ၅၀၅ (က) နဲ႔ ေထာင္ဒဏ္သံုးႏွစ္ ခ်မွတ္ခဲ့ပါတယ္။

.....................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာအာဏာသိမ်း စစ်ကောင်စီက ဖမ်းထားတဲ့ ဂျပန်သတင်းထောက်ကို စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ဂျပန်နိုင်ငံက ဒီကနေ့ပြောပါတယ်။နှစ်နိုင်ငံကြား သံတမန်ရေး ချစ်ကြည်ရင်းနှီးမှုကို ပြတဲ့အနေနဲ့ သတင်းထောက် Yuki Kitazumi အပေါ်စွဲဆိုချက်တွေကို စစ်ကောင်စီက ရုပ်သိမ်းပေးလိုက်တာဖြစ်တယ်လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့လမှာ အဖမ်းခံရချိန်ကတည်းက အင်းစိန်ထောင်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ သတင်းထောက် Yuki ဟာ စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ သတင်းထောက် အယောက် ၈၀ ထဲမှာ တဦးအပါအဝင်ဖြစ်ပါတယ်။

သတင်းထောက် Yuki ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို ပြန်ထွက်လာပြီလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ဒီကနေ့နေ့လည်ပိုင်းကပဲ အတည်ပြုပါတယ်။

Yuki ပြန်လွတ်ရေးအတွက် ဂျပန်နိုင်ငံက နည်းလမ်းပေါင်းစုံနဲ့ချည်းကပ်ပြီး ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့ရတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Motegi က ပြောဆိုခဲ့ပါတယ်။ အဲဒီကြိုးပမ်းမှုရလဒ်အဖြစ် သူရင်ဆိုင်နေရတဲ့ စွဲဆိုချက်တွေကို ရုပ်သိမ်းပေးမယ်လို့ မြန်မအာဏာပိုင်တွေက မနေ့ကပဲ ကြေငြာခဲ့တယ်လို့လည်းပြောပါတယ်။ ကျန်းကျန်းမာမာရှိတဲ့ သတင်းထောက် Yuki သောကြာနေ့ညမှာ ဂျပန်ကို ပြန်ရောက်မယ်လို့လည်းပြောပါတယ်။

သတင်းထောက် Yuki Kitazumi ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းရယူ တင်ပြခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့ သူ့နေအိမ်မှာ ဧပြီလ ၁၈ ရက်နေ့က ဒုတိယအကြိမ် အဖမ်းခံခဲ့ရပြီး လုပ်ကြံသတင်းဖြန့်ချိမူနဲ့ စစ်ကောင်စီက စွဲချက်တင်ခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီလထဲမှာ ပထမတကြိမ် အဖမ်းခံခဲ့ရသေးပေမယ့် အဲဒီအချိန်က ပြန်လွတ်လာခဲ့ပါတယ်။ သူဟာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခဲ့တဲ့ ပထမဆုံး နိုင်ငံခြားသတင်းထောက်ပါ။

လက်ရှိမှာတော့ မြန်မာသတင်းမီဒီယာသမား ၄၅ ယောက်ထက်မနည်း ဖမ်းဆီးခံထားရဆဲရှိပြီး သူတို့ထဲကအများစုကို ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။

ပြည်မြို့က ဒီဗီဘီသတင်းထောက်တဦးဖြစ်သူ ကိုမင်းညိုကိုတော့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကပဲ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။

XS
SM
MD
LG