သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းက ျမန္မာလုပ္သားေတြၾကား ကိုဗစ္ကူးစက္မႈျမင့္တက္


A medical worker performs a nose swab on a migrant boy at a seafood market, amid the coronavirus disease (COVID-19) outbreak, in Samut Sakhon province, in Thailand, December 19, 2020. REUTERS/Panumas Sa

{{Zawgyi/Unicode}}

ကိုဗစ္ကပ္ေရာဂါ တတိယလႈိင္း ကူးစက္ျဖစ္ပြားေနတဲ့ အိမ္နီးခ်င္းထိုင္းႏိုင္ငံက ဘန္ေကာက္ၿမိဳ႕ေတာ္နဲ႔ စမုတ္ပရာကန္ျပည္နယ္၊ ႏြံထဘူရီျပည္နယ္ေတြမွာ႐ွိၾကတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ရာဂဏန္းအထိ ကိုဗစ္ေရာဂါ ကူးစက္ေနၾကပါတယ္။ အလုပ္သမားေတြၾကားမွာ ေရာဂါျဖစ္တာကို ထုတ္မေျပာဘဲ တိုးတိုးတိတ္တိတ္ ကုသေနၾကတာလည္း႐ွိတယ္လို႔ အလုပ္သမားအေရးေဆာင္႐ြက္ေနသူကေျပာပါတယ္။ ထိုင္းက ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြၾကား ကိုဗစ္ကူးစက္ေနတဲ့ အေျခအေနကို ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္တတိယလႈိင္း ကူးစက္ေနတဲ့ ထိုင္းႏိုင္ငံမွာ ျမန္မာေ႐ႊ႔ေျပာင္းလုပ္သား အမ်ားအျပား ေနထိုင္အလုပ္လုပ္ေနၾကတဲ့ ဘန္ေကာက္၊ စမုတ္ပရကန္၊ ႏံံြထဘူရီ စတဲ့ျပည္နယ္ေတြမွာ ကူးစက္မႈ အမ်ားဆံုးျဖစ္ေနပါတယ္။

ရာနဲ႔ခ်ီတဲ့ ျမန္မာႏိုင္ငံသားေတြလည္း ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနတယ္လို႔ ထိုင္းႏိုင္ငံ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအဖဲြ႔ရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြမွာ ေတြ႔ရပါတယ္။ ဘန္ကာက္ၿမိဳ႕ထဲမွာဆိုရင္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြမွာ ပိုးေတြ႔လူနာ ၁၉၀ ေက်ာ္ရွိသလို ေဟြခြမ္ေစ်းမွာ ၉၉ ဦးနဲ ့ ႏံြထဘူရီ ကုန္စိမ္းဒိုင္မွာ ၁၆၀ ေက်ာ္ ကိုဗစ္ပိုးကူးစက္ေနတာ ေတြ႔ခဲ့ရတဲ့အတြက္ အဲဒီေနရာေတြကို အေရးေပၚ ပိတ္ၿပီး ပိုးသတ္ေဆးျဖန္းတာေတြ လုပ္ေဆာင္ေနၾကပါတယ္။ အဲဒီ သံုးေနရာက ပိုးေတြလူနာအမ်ားစုကေတာ့ ျမန္မာႏို္င္ငံသားေတြျဖစ္ၾကပါတယ္။

ကူးစက္သူအမ်ားစုဟာ ေနအိမ္တခုထဲမွာ စုၿပီး ေနၾကသူေတြ၊ အလုပ္တေနရာတည္း လုပ္ေနၾကသူေတြျဖစ္ၾကပါတယ္။ တခ်ဳိ႕ျမန္မာနို္င္ငံသားေတြထဲမွာဆိုရင္ မိသားစုတခုလံုး ကေလးငယ္ေတြပါမက်န္ ကူးဆက္ေနတာေၾကာင့္ ပိုးေတြ႔လူနာေတြ ေနထိုင္တဲ့ေနရာေတြကို lockdown ခ်ပိတ္ဆို႔ကတ္သတ္ထားပါတယ္။

အဲဒီေနရာေတြအပါအ၀င္ အဲဒီေနရာေတြနဲ႔ အနီးဆံုး ရပ္ကြက္ေတြ၊ ေစ်းေတြမွာလည္း ပိုးသတ္ေဆးေတြျဖန္းၿပီး သန္ ့ရွင္းေရးလုပ္ေနၾကတာေတြလည္းရွိပါတယ္။ ထိုင္းႏိုင္ငံရဲ ့ကူးစက္မူအမ်ားဆံုးေနရာေတြမွာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ ကူးစက္ေနတဲ့ အေျခအေနကို ေ႐ႊ႕ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ယက္ဥကၠဌ ဦးေအာင္ေက်ာ္က အခုလိုေျပာပါတယ္။

"အဓိကေတာ့ဘန္ေကာက္ စမုတ္ပရာကန္ ႏြြံထဘူရီဘက္မွာ ကူးစက္မူႏွံဳးထား မ်ားေနတယ္လို့သူတို့က်န္းမာေရး၀န္ႀကီးဌာနကိုယ္တိုင္ေတြ့ေနတာပဲ ကိန္းဂဏန္းကေတာ့ ရာဂဏန္းေလာက္ရိွေနတယ္။ သူတို့ထုတ္ေဖာ္တာမ်ိဳး မလုပ္ဘဲ ကိုယ့္နည္းကုိယ္ဟန္နဲ့ ကုသေနတာေတြလည္း ရိွေကာင္းရွိႏိုင္ေသးတယ္။ ေနာက္ျပီးေတာ့ ထုိင္းႏို္င္ငံေတာင္ပုိ္င္းက ပင္လယ္စာထုတ္လုပ္တဲ့ စက္ရံုေတြမွာလည္း လုပ္သားေတြကူးစက္ေနတာႀကားေနရတယ္။ သို့ေသာ္ စက္ရံုေတြကေတာ့ ထုတ္ေဖာ္ေျပာႀကားတာမရွိဘဲ လုပ္သားေတြကုိ ကုသေနၾကတာေတြလည္းရွိတယ္။ ျမန္မာအလုပ္သမားေတြကူးစက္ေနတယ္ဆိုတာကို ေနရာအတိုင္းမွာ အဲဒီအသံေတြေတာ္ေတာ္ထြက္လာတာ။"

ထိုင္းႏိုင္ငံမွာ ကိုဗစ္ ဒုတိယလႈိင္းကူးစက္ခဲ့တုန္းကလည္း ဆမြတ္ဆာခြန္းျပည္နယ္က ပင္လယ္စာထုတ္လုပ္တဲ့ စက္ရံုေတြမွာ အလုပ္လုပ္တဲ့ ျမန္မာအလုပ္သမားေတြဆီကေန စတင္ကူးစက္ခဲ့တာပါ။

အဲဒီတေခါက္ကလည္း ေထာင္နဲ့ခ်ီရွိတဲ့အလုပ္သမားေတြကူးစက္ခံခဲ့ရပါတယ္။ အခုျဖစ္ေနတဲ့ တတိယလႈိင္းမွာလည္း ျမန္မာႏိုင္ငံက ေရႊ႕ေျပာင္းလုပ္သားေတြမွာ ကူးစက္ေနတာျဖစ္ပါတယ္။

ေလာေလာဆယ္ အတည္ျပဳလူနာအမ်ားစုက ထုိင္းႏုိင္ငံသားေတြျဖစ္ေပမယ့္ ကူးစက္မႈႏႈန္းေရာ ေသဆံုးမႈႏႈန္းပါ ျမင့္တက္ေနတာေၾကာင့္ ျမန္မာအလုပ္သမားေတြ သတိထားသင့္တယ္လိ္ု႔လည္း ဦးေအာင္ေက်ာ္က သတိေပးပါတယ္။

"က်ေနာ္တို့အျမင္ကေတာ့ ပထမလိႈင္း ဒုတိယလိႈင္းထက္စာရင္ ဒီတႀကိမ္က အထူးဂရုျပဳရမယ္ဆိုတာကို က်ေနာ္တို့သံုးသပ္တယ္ ဘာေႀကာင့္လဲဆိုေတာ့ လူေသဆံုးမႈႏႈန္းထားေတြကျမင့္တက္လာကိုေတြ ့ရတယ္။"

အတည္ျပဳလူနာ ေန႔စဥ္ ေထာင္ခ်ီ တုိးေနတာေၾကာင့္ ကိုဗစ္တတိယလႈိင္းကို ထိန္းခ်ဳပ္ႏိုင္ဖုိ႔လည္း ထိုင္းအစိုးရက တင္းၾကပ္တဲ့ စည္းကမ္းခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ ေသာေၾကာေန႔မွာ ကိုဗစ္အတည္ျပဳလူနာသစ္ ၂,၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူ ေနာက္ထပ္ ၃၀ တိုးတယ္လို႔ ထိုင္းက်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။ ထုိင္းႏိုင္ငံမွာ အတည္ျပဳလူနာစုစုေပါင္းကေတာ့ ၉၆,၀၀၀ ေက်ာ္႐ွိၿပီး ေသဆံုးသူ စုစုေပါင္း ၅၄၈ ေယာက္ထက္ မနည္း႐ွိပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ကူးစက်ဖြစ်ပွားနေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံက ဘန်ကောက်မြို့တော်နဲ့ စမုတ်ပရာကန်ပြည်နယ်၊ နွံထဘူရီပြည်နယ်တွေမှာရှိကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ရာဂဏန်းအထိ ကိုဗစ်ရောဂါ ကူးစက်နေကြပါတယ်။ အလုပ်သမားတွေကြားမှာ ရောဂါဖြစ်တာကို ထုတ်မပြောဘဲ တိုးတိုးတိတ်တိတ် ကုသနေကြတာလည်းရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူကပြောပါတယ်။ ထိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား ကိုဗစ်ကူးစက်နေတဲ့ အခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်တတိယလှိုင်း ကူးစက်နေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား နေထိုင်အလုပ်လုပ်နေကြတဲ့ ဘန်ကောက်၊ စမုတ်ပရကန်၊ နံွံထဘူရီ စတဲ့ပြည်နယ်တွေမှာ ကူးစက်မှု အများဆုံးဖြစ်နေပါတယ်။

ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်နေတယ်လို့ ထိုင်းနိုင်ငံ ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ ဘန်ကာက်မြို့ထဲမှာဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ပိုးတွေ့လူနာ ၁၉၀ ကျော်ရှိသလို ဟွေခွမ်ဈေးမှာ ၉၉ ဦးနဲ့ နွံထဘူရီ ကုန်စိမ်းဒိုင်မှာ ၁၆၀ ကျော် ကိုဗစ်ပိုးကူးစက်နေတာ တွေ့ခဲ့ရတဲ့အတွက် အဲဒီနေရာတွေကို အရေးပေါ် ပိတ်ပြီး ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်နေကြပါတယ်။ အဲဒီ သုံးနေရာက ပိုးတွေလူနာအများစုကတော့ မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။

ကူးစက်သူအများစုဟာ နေအိမ်တခုထဲမှာ စုပြီး နေကြသူတွေ၊ အလုပ်တနေရာတည်း လုပ်နေကြသူတွေဖြစ်ကြပါတယ်။ တချို့မြန်မာနိုင်ငံသားတွေထဲမှာဆိုရင် မိသားစုတခုလုံး ကလေးငယ်တွေပါမကျန် ကူးဆက်နေတာကြောင့် ပိုးတွေ့လူနာတွေ နေထိုင်တဲ့နေရာတွေကို lockdown ချပိတ်ဆို့ကတ်သတ်ထားပါတယ်။

အဲဒီနေရာတွေအပါအဝင် အဲဒီနေရာတွေနဲ့ အနီးဆုံး ရပ်ကွက်တွေ၊ ဈေးတွေမှာလည်း ပိုးသတ်ဆေးတွေဖြန်းပြီး သန့်ရှင်းရေးလုပ်နေကြတာတွေလည်းရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ကူးစက်မူအများဆုံးနေရာတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကူးစက်နေတဲ့ အခြေအနေကို ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ဥက္ကဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

"အဓိကတော့ဘန်ကောက် စမုတ်ပရာကန် နွံထဘူရီဘက်မှာ ကူးစက်မူနှုံးထား များနေတယ်လို့သူတို့ကျန်းမာရေးဝန်ကြီးဌာနကိုယ်တိုင်တွေ့နေတာပဲ ကိန်းဂဏန်းကတော့ ရာဂဏန်းလောက်ရှိနေတယ်။ သူတို့ထုတ်ဖော်တာမျိုး မလုပ်ဘဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကုသနေတာတွေလည်း ရှိကောင်းရှိနိုင်သေးတယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံတောင်ပိုင်းက ပင်လယ်စာထုတ်လုပ်တဲ့ စက်ရုံတွေမှာလည်း လုပ်သားတွေကူးစက်နေတာကြားနေရတယ်။ သို့သော် စက်ရုံတွေကတော့ ထုတ်ဖော်ပြောကြားတာမရှိဘဲ လုပ်သားတွေကို ကုသနေကြတာတွေလည်းရှိတယ်။ မြန်မာအလုပ်သမားတွေကူးစက်နေတယ်ဆိုတာကို နေရာအတိုင်းမှာ အဲဒီအသံတွေတော်တော်ထွက်လာတာ။"

ထိုင်းနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်းကူးစက်ခဲ့တုန်းကလည်း ဆမွတ်ဆာခွန်းပြည်နယ်က ပင်လယ်စာထုတ်လုပ်တဲ့ စက်ရုံတွေမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေဆီကနေ စတင်ကူးစက်ခဲ့တာပါ။

အဲဒီတခေါက်ကလည်း ထောင်နဲ့ချီရှိတဲ့အလုပ်သမားတွေကူးစက်ခံခဲ့ရပါတယ်။ အခုဖြစ်နေတဲ့ တတိယလှိုင်းမှာလည်း မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေမှာ ကူးစက်နေတာဖြစ်ပါတယ်။

လောလောဆယ် အတည်ပြုလူနာအများစုက ထိုင်းနိုင်ငံသားတွေဖြစ်ပေမယ့် ကူးစက်မှုနှုန်းရော သေဆုံးမှုနှုန်းပါ မြင့်တက်နေတာကြောင့် မြန်မာအလုပ်သမားတွေ သတိထားသင့်တယ်လို့လည်း ဦးအောင်ကျော်က သတိပေးပါတယ်။

"ကျနော်တို့အမြင်ကတော့ ပထမလှိုင်း ဒုတိယလှိုင်းထက်စာရင် ဒီတကြိမ်က အထူးဂရုပြုရမယ်ဆိုတာကို ကျနော်တို့သုံးသပ်တယ် ဘာကြောင့်လဲဆိုတော့ လူသေဆုံးမှုနှုန်းထားတွေကမြင့်တက်လာကိုတွေ့ရတယ်။"

အတည်ပြုလူနာ နေ့စဉ် ထောင်ချီ တိုးနေတာကြောင့် ကိုဗစ်တတိယလှိုင်းကို ထိန်းချုပ်နိုင်ဖို့လည်း ထိုင်းအစိုးရက တင်းကြပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။ သောကြောနေ့မှာ ကိုဗစ်အတည်ပြုလူနာသစ် ၂,၀၀၀ ကျော်နဲ့ သေဆုံးသူ နောက်ထပ် ၃၀ တိုးတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်းကတော့ ၉၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၅၄၈ ယောက်ထက် မနည်းရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG