သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် အလှူငွေထည့်ဝင်ကြဖို့ UNHCR ပန်ကြား


(Zawgyi/Unicode)

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီတွေ ပေးကြဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အဖွဲ့အကြီးအကဲ Filippo Grandi က တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။ ဒီဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရံပုံငွေ ဒေါ်လာ သန်းတထောင် ရအောင် ကြိုးစားမယ့် အလှုရှင်နိုင်ငံများရဲ့ အင်္ဂါနေ့ အစည်းအဝေး မတိုင်ခင် အခုလို ပန်ကြားလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ တသန်းလောက် ခိုလှုံနေတာ အခုဆို ၄ နှစ်နီးပါးလောက် ရှိလာနေပြီဖြစ်ပါတယ်။ အခုအခါ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီး နိုင်ငံတွင်း အခြေနေတွေ ဆိုးလာနေတာကြောင့် နယ်စပ်ကျော်ဖြတ်ပြီး မြန်မာနိုင်ငံထဲကနေ ထွက်ပြေးကြသူတွေ များလာနေတာကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ အရေး ဂရုမစိုက်ပဲ ဖြစ်သွားမယ့်အနေထားကြုံနေရတယ်လို့လည်း မစ္စတာ Grandi ကပြောပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးနှုန်းကို လက်မခံပေမယ့် သူတို့ကို စိစစ်ပြီး ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောထားတာပါ။ ဒါပေမယ့် အခုထိတော့ အကောင်ထည် မဖေါ်နိုင်သေးပါဘူး။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံအသိုင်းဝိုင်း ၂ ခုစလုံးအတွက် လူသားချင်းစာနာမှု အထောက်အကူတွေ ပေးနိုင်အောင် အမေရိကန်ဒေါ်လာ ၉၄၃ သန်း ရံပုံငွေချထားပေးဖို့ အင်္ဂါနေ့မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR က တောင်းခံမှာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးရတဲ့ အရပ်သား ၈၀၀ ဝန်းကျင်ရှိလာပြီဖြစ်သလို အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယဘက် ထွက်ပြေးခိုလှုံသူကလည်း ထောင်နဲ့ ချီရှိနေတာပါ။

အခုလို အသက်ဘေးကြောင့် ထွက်ပြေးလာသူတွေကို ခိုလှုံခွင့်ပေးကြဖို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲက ပန်ကြားခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် အလှူငွေထည့်ဝင်ကြဖို့ UNHCR ပန်ကြား
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်


...........

(Unicode)







XS
SM
MD
LG