သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္အေရး ႏိုင္ငံတကာ အကူအညီေပးဖို႔ ကုလတိုက္တြန္း


ယာယီအမိုးအကာမ်ားနဲ ့ေနထိုင္ေနၾကရတဲ့ ရိုဟင္ဂ်ာမိသားစုတခု (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)
ဘဂၤလားေဒ့ရွ္နယ္စပ္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ သူတို႔ကိုအိမ္ရွင္အျဖစ္ လက္ခံထားတဲ့ ဘဂၤလားေဒ့ရွ္ေဒသခံေတြကို ကူညီေထာက္ပံ့ႏိုႏိုင္ဖို႔ ႏိုင္ငံတကာရဲ႕ ကူညီေထာက္ပံ့မႈ လိုအပ္ေနတယ္လို႔ ကုလသမဂၢဒုကၡသည္မ်ား မဟာမင္းႀကီး႐ုံးက ေျပာၾကားလိုက္ပါတယ္။ ေရွ႕တပတ္ထဲက်င္းပမယ့္ ႐ိုဟင္ဂ်ာေတြဒုကၡသည္ေတြ အကူအညီေပးေရး အလွဴရွင္ႏိုင္ငံမ်ား အစည္းအေဝး မတိုင္ခင္ အဲဒီလို ေျပာဆိုလိုက္တာပါ။ ဂ်နီဗာျမဳိကေန Lisa Schlein ေပးပို႔တဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္ တင္ျပမွာပါ။

႐ိုဟင္ဂ်ာဒုကၡသည္ (၈ သိနး္ ၈ ေသာင္း)ေက်ာ္နဲ႔ သူတို႔ကို လက္ခံထားရတဲ့ ေဒသခံဘဂၤါလားေဒ့ရွ္ႏိုင္ငံသား (၄ သိန္း ၇ ေသာင္း)ေက်ာ္ရဲ႕ ဘဝေတြကို ကူညီေစာင့္ေရွာက္ႏိုင္ဖို႔ ကုလသမဂၢအဖြဲ႔က ရန္ပုံေငြ ေဒၚလာသန္း(၉၄၀)ေက်ာ္ လိုအပ္ေနတာပါ။ အဲဒီထဲက ဒုကၡသည္ (၇ သိန္း ၄ ေသာင္း)ေလာက္ဟာ ၂၀၁၇ ရခိုင္ေျမာက္ပိုင္း စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ျဖစ္စဥ္အတြင္း ဘဂၤလားေဒ့ရွ္ဖက္ ထြက္ေျပးလာသူေတြ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ အာဏာပိုင္ေတြက ခုခ်ိန္ထိ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို လက္မခံပါဘူး။

ဘဂၤလားနယ္စပ္ Cox’s Bazar က လူဦးေရထူထပ္လြန္းတဲ့ ဒုကၡသည္စခန္းထဲ သန္႔ရွင္းမႈ မရွိတဲ့ေနရာမွာ ျဖစ္သလို ေနေနၾကတာပါ။ ဒီဒုကၡသည္ေတြဟာ မေရရာတ့ဲအနာဂတ္ကို ၾကဳံေတြ႕ေနရၿပီး ခုထိလည္း ကူရာမဲ့ ျဖစ္ေနတယ္လို႔ ကုလသမဂၢဒုကၡသည္ေအဂ်င္စီ ေျပာခြင့္ရ Andrej Mahecic က ဆိုပါတယ္။

“ဒုကၡသည္အေရး ၄ ႏွစ္ၾကာလာတဲ့ အခ်ိန္မွာ ႏိုင္ငံမဲ့ျဖစ္ေနတဲ့ ႐ိုဟင္ဂ်ာေတြရဲ႕ ဘဝလုံျခဳံေရးနဲ႔ ေကာင္းေကာင္းမြန္မြန္ ေနထိုင္ႏိုင္ေအာင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ႏိုင္ငံတကာက ေရရွည္ေထာက္ပံ့မႈေတြ အခိုင္အမာ ေပးအပ္ဖို႔ လိုအပ္ပါတယ္။ ဒါဟာ ေမ့ထားလို႔ရတဲ့ ျပႆနာႀကီး မဟုတ္ပါဘူး။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ေရာ ဆယ္စုႏွစ္နဲ႔ခ်ီ သေဘာေကာင္းေကာင္းနဲ႔ လက္ခံထားတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ပါ ကမာၻႀကီးက အတူရပ္တည္ၾကရမွာပါ။”

ဒီၾကားထဲ ကိုဗစ္ကပ္ေရာဂါက ဒုကၡသည္ေတြနဲ႔ ဘဂၤလားေဒသခံေတြကိုပါ အေျခအေန ပိုဆိုးသြားေစတယ္လို႔ Mahecic က ေျပာပါတယ္။ ဒုကၡသည္စခန္းနဲ႔ အနီးဝန္းက်င္မွာ ကိုဗစ္ပိုး မျပန္႔ပြားေစေရးအတြက္ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ အကူအညီေပးေရး ေအဂ်င္စီေတြ ခုထိ ဝိုင္းဝန္စီမံ လုပ္ေဆာင္ေနတယ္လို႔လည္း သူက ေျပာပါတယ္။

ဒါေပမဲ့ ကိုဗစ္ပိုးကူးစက္မႈဆိုတာ ၾကဳိတင္ခန္႔မွန္းလို႔ရတဲ့ကိစၥ မဟုတ္တာေၾကာင့္ ေရာဂါကာကြယ္ေရးအစီအစဥ္နဲ႔ လူသားခ်င္းစာနာမႈ အကူအညီေတြေပးေရးက အလြန္အေရးပါၿပီး အဲဒါကိုဆက္လုပ္ေနမွသာ လူေတြအသက္ဆုံးရႈံးမႈကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

အျခားလူေတြလိုပဲ ဒီဒုကၡသည္ေတြဟာလည္း ဘဝအတြက္ အေျခခံထက္ပိုတဲ့ လိုအပ္ခ်က္ေတြ ရွိေနတယ္လို႔ Mahecic က ေျပာပါတယ္။ ဒုကၡသည္ေတြဟာ ေကာင္းမြန္တဲ့ အနာဂတ္၊ ေမွ်ာ္လင့္ခ်က္၊ သင့္တင့္တဲ့အရာေတြ မရႏိုင္ပဲ ႏွစ္ေပါင္းမ်ားစြာ ဆင္းရဲဒုကၡေရာက္ေနတာမ်ဳိး မျဖစ္သင့္ဘူးလို႔ သူက ဆိုပါတယ္။

“အႏၲရာယ္မ်ားတဲ့ခရီးကို စြန္႔စားသြားလာမႈေတြကို ေလွ်ာ့ခ်ဖို႔ဆိုရင္၊ ဒီဒုကၡသည္အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေမွ်ာ္လင့္ခ်က္ရွိတယ္ဆိုတာ ျပသဖို႔ေရာ ၊ တခ်ိန္က်ရင္ ျမန္မာႏိုင္ငံမွာ သူတို႔အတြက္ အနာဂတ္ရွိတယ္ ဆိုတာမ်ဳိး အာမခံခ်က္ရွိဖို႔လိုပါတယ္။ မဟုတ္ရင္ ဒုကၡသည္ေတြက သူတို႔ဘဝ ေရွ႕ေရးအတြက္ ပင္လယ္ေရေၾကာင္းနဲ႔ ကုန္လမ္းေတြကေန အႏၱရာယ္မ်ားတဲ့ခရီးကို ဆက္လက္ စြန္႔စား ထြက္ခြာ ေနၾကဦးမွာပါ။”

ေဖေဖၚဝါရီ(၁)ရက္ေန႔ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ဆူပူအုံႂကြမႈေတြေၾကာင့္ လက္ရွိ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး၊ လူမႈေရး မၿငိမ္သက္တာေတြ ေပၚေပါက္ေနၿပီး ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျမန္မာျပည္ ျပန္ႏိုင္မယ့္ အေနအထားမရွိေသးပါဘူး။

႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ အေမရိကန္ေဒၚလာ (၁)ဘီလ်ံ လိုအပ္တယ္လို႔ ကုလသမဂၢက ၿပီးခဲ့တဲ့ႏွစ္အတြင္း ေတာင္းခံခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ ၆၀% ေတာင္မျပည့္ခဲ့ပါဘူး။ ဒီႏွစ္မွာေတာ့ ဒုကၡသည္အတြက္ အလွဴေငြ အရင္ႏွစ္ကထက္ ပိုရလာမယ္လို႔ ကုလ-အရာရွိေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ စာနာမႈ အကူအညီေတြ ေပးအပ္ႏိုင္ဖို႔ ရန္ပုံေငြရွာတဲ့ စည္းေဝးပဲြကို ေရွ႕တပတ္ ေမလ(၁၈)ရက္မွာ က်င္းပဖို႔ရွိပါတယ္။

.........................................................

တိုက္႐ိုက္ လင့္ခ္


ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာ အကူအညီပေးဖို့ ကုလတိုက်တွန်း

(Unicode)


ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုအိမ်ရှင်အဖြစ် လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေကို ကူညီထောက်ပံ့နိုနိုင်ဖို့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးက ပြောကြားလိုက်ပါတယ်။ ရှေ့တပတ်ထဲကျင်းပမယ့် ရိုဟင်ဂျာတွေဒုက္ခသည်တွေ အကူအညီပေးရေး အလှူရှင်နိုင်ငံများ အစည်းအဝေး မတိုင်ခင် အဲဒီလို ပြောဆိုလိုက်တာပါ။ ဂျနီဗာမြိုကနေ Lisa Schlein ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။

ရိုဟင်ဂျာဒုက္ခသည် (၈ သိန်း ၈ သောင်း)ကျော်နဲ့ သူတို့ကို လက်ခံထားရတဲ့ ဒေသခံဘင်္ဂါလားဒေ့ရှ်နိုင်ငံသား (၄ သိန်း ၇ သောင်း)ကျော်ရဲ့ ဘဝတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကုလသမဂ္ဂအဖွဲ့က ရန်ပုံငွေ ဒေါ်လာသန်း(၉၄၀)ကျော် လိုအပ်နေတာပါ။ အဲဒီထဲက ဒုက္ခသည် (၇ သိန်း ၄ သောင်း)လောက်ဟာ ၂၀၁၇ ရခိုင်မြောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဏာပိုင်တွေက ခုချိန်ထိ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပါဘူး။

ဘင်္ဂလားနယ်စပ် Cox’s Bazar က လူဦးရေထူထပ်လွန်းတဲ့ ဒုက္ခသည်စခန်းထဲ သန့်ရှင်းမှု မရှိတဲ့နေရာမှာ ဖြစ်သလို နေနေကြတာပါ။ ဒီဒုက္ခသည်တွေဟာ မရေရာတဲ့အနာဂတ်ကို ကြုံတွေ့နေရပြီး ခုထိလည်း ကူရာမဲ့ ဖြစ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ ပြောခွင့်ရ Andrej Mahecic က ဆိုပါတယ်။

“ဒုက္ခသည်အရေး ၄ နှစ်ကြာလာတဲ့ အချိန်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာတွေရဲ့ ဘဝလုံခြုံရေးနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ငံတကာက ရေရှည်ထောက်ပံ့မှုတွေ အခိုင်အမာ ပေးအပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ မေ့ထားလို့ရတဲ့ ပြဿနာကြီး မဟုတ်ပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ရော ဆယ်စုနှစ်နဲ့ချီ သဘောကောင်းကောင်းနဲ့ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပါ ကမ္ဘာကြီးက အတူရပ်တည်ကြရမှာပါ။”

ဒီကြားထဲ ကိုဗစ်ကပ်ရောဂါက ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေသခံတွေကိုပါ အခြေအနေ ပိုဆိုးသွားစေတယ်လို့ Mahecic က ပြောပါတယ်။ ဒုက္ခသည်စခန်းနဲ့ အနီးဝန်းကျင်မှာ ကိုဗစ်ပိုး မပြန့်ပွားစေရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အကူအညီပေးရေး အေဂျင်စီတွေ ခုထိ ဝိုင်းဝန်စီမံ လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ကိုဗစ်ပိုးကူးစက်မှုဆိုတာ ကြိုတင်ခန့်မှန်းလို့ရတဲ့ကိစ္စ မဟုတ်တာကြောင့် ရောဂါကာကွယ်ရေးအစီအစဉ်နဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေးက အလွန်အရေးပါပြီး အဲဒါကိုဆက်လုပ်နေမှသာ လူတွေအသက်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အခြားလူတွေလိုပဲ ဒီဒုက္ခသည်တွေဟာလည်း ဘဝအတွက် အခြေခံထက်ပိုတဲ့ လိုအပ်ချက်တွေ ရှိနေတယ်လို့ Mahecic က ပြောပါတယ်။ ဒုက္ခသည်တွေဟာ ကောင်းမွန်တဲ့ အနာဂတ်၊ မျှော်လင့်ချက်၊ သင့်တင့်တဲ့အရာတွေ မရနိုင်ပဲ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခရောက်နေတာမျိုး မဖြစ်သင့်ဘူးလို့ သူက ဆိုပါတယ်။

“အန္တရာယ်များတဲ့ခရီးကို စွန့်စားသွားလာမှုတွေကို လျှော့ချဖို့ဆိုရင်၊ ဒီဒုက္ခသည်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မျှော်လင့်ချက်ရှိတယ်ဆိုတာ ပြသဖို့ရော ၊ တချိန်ကျရင် မြန်မာနိုင်ငံမှာ သူတို့အတွက် အနာဂတ်ရှိတယ် ဆိုတာမျိုး အာမခံချက်ရှိဖို့လိုပါတယ်။ မဟုတ်ရင် ဒုက္ခသည်တွေက သူတို့ဘဝ ရှေ့ရေးအတွက် ပင်လယ်ရေကြောင်းနဲ့ ကုန်လမ်းတွေကနေ အန္တရာယ်များတဲ့ခရီးကို ဆက်လက် စွန့်စား ထွက်ခွာ နေကြဦးမှာပါ။”

ဖေဖေါ်ဝါရီ(၁)ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဆူပူအုံကြွမှုတွေကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး မငြိမ်သက်တာတွေ ပေါ်ပေါက်နေပြီး ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည် ပြန်နိုင်မယ့် အနေအထားမရှိသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ (၁)ဘီလျံ လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ်အတွင်း တောင်းခံခဲ့ပေမယ့် လက်တွေ့မှာတော့ ၆၀% တောင်မပြည့်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ ဒုက္ခသည်အတွက် အလှူငွေ အရင်နှစ်ကထက် ပိုရလာမယ်လို့ ကုလ-အရာရှိတွေက မျှော်လင့်နေကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ ရန်ပုံငွေရှာတဲ့ စည်းဝေးပွဲကို ရှေ့တပတ် မေလ(၁၈)ရက်မှာ ကျင်းပဖို့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG