သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္အၾကမ္းဖက္မႈ ခ်က္ခ်င္းရပ္ၿပီး ကေလးေတြကိုကာကြယ္ပါ (UNICEF)


ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕။ (ေမ ၂၉၊ ၂၀၁၉)

(Zawgyi/Unicode)

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္တပ္ရဲ႕အၾကမ္းဖက္ေနမႈေတြ ခ်က္ခ်င္းရပ္တန္႔ဖို႔နဲ႔ ကေလးငယ္ေတြကို အကာကြယ္ေပးဖို႔ ကုလသမဂၢက တနလၤာေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

“ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က ကေလးငယ္ေတြကို လံုျခံဳေရးတပ္ေတြက အကာကြယ္ေပးဖို႔နဲ႔ အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္တန္႔ဖို႔ ျမန္မာႏိုင္ငံထဲက ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႔ UNICEF က ဒီေန႔ပဲ ေတာင္းဆိုလိုက္ေၾကာင္း” ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာသြားတာပါ။

အာဏာသိမ္းထားတဲ့စစ္တပ္ကို ရရာလက္နက္ေတြနဲ႔ ခုခံေနၾကတဲ့ မင္းတပ္ၿမိဳ႕နယ္ကို စစ္ေကာင္စီက ေမလ ၁၃ ရက္ ၾကာသပေတးေန႔မွာ မာရွယ္ေလာ ထုတ္ျပန္ခဲ့သလို ေသာၾကာေန ႔ မွာေတာ့ စစ္ေျမျပင္သံုး လက္နက္ႀကီးေတြ၊ စစ္ရဟတ္ယာဥ္ေတြသံုးၿပီး ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့တာပါ။

ဒီလိုတိုက္ခိုက္မႈေတြ အတြင္း အရပ္သားျပည္သူ ၆ ဦးထက္မနည္း ေသဆံုးခဲ့ရသလို တရားမဲ့ ဖမ္းဆီး ထိမ္းသိမ္းထားတာေတြ ရွိေနတယ္ ဆိုတဲ့ ခိုင္လံုတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လူ႔အခြင့္ေရးရံုး က စံုစမ္းစစ္ေဆးေနေၾကာင္းလည္း အတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရက ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ကေန ေမလ ၁၇ ရက္ေန႔အထိ စစ္တပ္နဲ႔ ရဲေတြေၾကာင့္ ေသဆံုးရသူ အနည္းဆံုး ၇၉၇ ေယာက္ရွိေနၿပီး ဒီအထဲမွာ ဒါဇင္နဲ႔ခ်ီတဲ့ ကေလးငယ္ေတြပါ ပါဝင္ေနတယ္လို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ ဒဏ္ရာရတဲ့သူက ေထာင္နဲ႔ခ်ီရွိေနတယ္လို႔လည္း ေျပာပါတယ္။

မင္းတပ္ၿမိဳ႕ေပၚမွာ စစ္ေကာင္စီတပ္ေတြက ရဟတ္ယာဥ္ေတြ ေမာ္တာက်ည္ေတြနဲ႔ တိုက္ခိုက္မႈေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ေနအိမ္ေတြမွာ မေနရဲပဲ အနားဝန္းက်င္က ေတာေတာင္ေတြၾကား ပုန္းေအာင္းေနရတာ ျဖစ္ပါတယ္။

မင္းတပ္ၿမိဳ႕ေန လူေပါင္း ၅၀၀၀ ကေန ၈၀၀၀ ၾကား ထြက္ေျပးပုန္းေအာင္းေနၾကတာ ျဖစ္ၿပီး အခုအခ်ိန္အထိလည္း စစ္တပ္က လမ္းမေတြမွာ ပိတ္ဆို႔ ထားတာေၾကာင့္ အိမ္မျပန္ႏိုင္ၾကပဲ စားနပ္ရိကၡာ ျပတ္မယ့္ အေျခေနၾကံဳေနရတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖၚျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မင်းတပ်အကြမ်းဖက်မှု ချက်ချင်းရပ်ပြီး ကလေးတွေကိုကာကွယ်ပါ (UNICEF)

(Unicode)

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်ရဲ့အကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ကလေးငယ်တွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“ချင်းပြည်နယ် မင်းတပ်မြို့က ကလေးငယ်တွေကို လုံခြုံရေးတပ်တွေက အကာကွယ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ မြန်မာနိုင်ငံထဲက ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ဒီနေ့ပဲ တောင်းဆိုလိုက်ကြောင်း” ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောသွားတာပါ။

အာဏာသိမ်းထားတဲ့စစ်တပ်ကို ရရာလက်နက်တွေနဲ့ ခုခံနေကြတဲ့ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက မေလ ၁၃ ရက် ကြာသပတေးနေ့မှာ မာရှယ်လော ထုတ်ပြန်ခဲ့သလို သောကြာနေ့ မှာတော့ စစ်မြေပြင်သုံး လက်နက်ကြီးတွေ၊ စစ်ရဟတ်ယာဉ်တွေသုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာပါ။

ဒီလိုတိုက်ခိုက်မှုတွေ အတွင်း အရပ်သားပြည်သူ ၆ ဦးထက်မနည်း သေဆုံးခဲ့ရသလို တရားမဲ့ ဖမ်းဆီး ထိမ်းသိမ်းထားတာတွေ ရှိနေတယ် ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးရုံး က စုံစမ်းစစ်ဆေးနေကြောင်းလည်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်ကနေ မေလ ၁၇ ရက်နေ့အထိ စစ်တပ်နဲ့ ရဲတွေကြောင့် သေဆုံးရသူ အနည်းဆုံး ၇၉၇ ယောက်ရှိနေပြီး ဒီအထဲမှာ ဒါဇင်နဲ့ချီတဲ့ ကလေးငယ်တွေပါ ပါဝင်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာရတဲ့သူက ထောင်နဲ့ချီရှိနေတယ်လို့လည်း ပြောပါတယ်။

မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေ မော်တာကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေအိမ်တွေမှာ မနေရဲပဲ အနားဝန်းကျင်က တောတောင်တွေကြား ပုန်းအောင်းနေရတာ ဖြစ်ပါတယ်။

မင်းတပ်မြို့နေ လူပေါင်း ၅၀၀၀ ကနေ ၈၀၀၀ ကြား ထွက်ပြေးပုန်းအောင်းနေကြတာ ဖြစ်ပြီး အခုအချိန်အထိလည်း စစ်တပ်က လမ်းမတွေမှာ ပိတ်ဆို့ ထားတာကြောင့် အိမ်မပြန်နိုင်ကြပဲ စားနပ်ရိက္ခာ ပြတ်မယ့် အခြေနေကြုံနေရတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG