သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မင္းတပ္အေျခအေန အထူးစိုးရိမ္ေၾကာင္း ျပင္သစ္သံ႐ံုး ထုတ္ျပန္


ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕။ (ေမ ၂၈၊ ၂၀၁၉)

[Zawgyi/Unicode]

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕မွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ တင္းမာမႈေတြေၾကာင့္ ေဒသခံအမ်ားအျပား ေနရပ္စြန္႔ခြာ ထြက္ေျပးေနရၿပီး အခက္အခဲေတြ ရင္ဆုိင္ေနရတာနဲ႔ ပတ္သက္လုိ႔ အထူးစိုးရိမ္ေၾကာင္းနဲ႔ အေျခအေနကို ေစာင့္ၾကည့္ေနတဲ့အေၾကာင္း ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ျပင္သစ္သံ႐ံုးက ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

စစ္တပ္က မင္းတပ္နယ္ေျမထဲမွာရွိတဲ့ အရပ္သားေတြကို စစ္လက္နက္အင္အား အလြန္အကၽြံ အသုံးျပဳတိုက္ခိုက္တာဟာ အၾကမ္းဖက္မႈေတြကို ပိုမိုဆိုးဝါးေစၿပီး အသက္ဆုံးရႈံးမႈမ်ားစြာနဲ႔ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူေတြကို အိုးအိမ္စြန႔္ခြာ ထြက္ေျပးေစခဲ့တယ္လို႔ ေဖာ္ျပထားသလို ေရနဲ႔ လွ်ပ္စစ္ဓာတ္အား ျပန္လည္ရရွိိဖို႔လည္း အျမန္ဆုံး ခ်က္ခ်င္း လိုအပ္ေနတဲ့အေၾကာင္းနဲ႔ ျပည္သူေတြအတြက္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ အျမန္ဆုံးေပးအပ္ႏိုင္ေရးဖို႔ အေရးတႀကီး လိုအပ္ေနေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႔ေတြအၾကား တုိက္ပြဲေတြ ျဖစ္ပြားၿပီးေနာက္ ျပည္သူေတြကို စစ္တပ္က စစ္ေျမျပင္သုံးလက္နက္ႀကီးေတြ စစ္ရဟတ္ယာဥ္ေတြသုံးၿပီး ျပင္းျပင္းထန္ထန္တိုက္ခိုက္ခဲ့သလို ေဒသခံေတြကိုပါ လူသားဒိုင္းသဖြယ္ အသုံးျပဳေနတယ္ဆုိတဲ့ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနတာပါ။

မင္းတပ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဧၿပီလေႏွာင္းပုိင္းကစလုိ႔ လက္ရွိအခ်ိန္အထိ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ Chinland Defense Force – ခ်င္းျပည္နယ္ကာကြယ္ေရးတပ္ဖြဲ႔တုိ႔အၾကား ပစ္ခတ္မႈေတြ ျဖစ္ပြားေနတာေၾကာင့္ ႏွစ္ဘက္ အေသအေပ်ာက္ေတြ ရွိေနသလုိ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြဟာလည္း အုိးအိမ္စြန္႔ခြာၿပီး ေဘးကင္းရာကုိ ထြက္ေျပး ေရွာင္တိမ္းေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မင်းတပ်အခြေအနေ အထူးစိုးရိမ်ကြောင်း ပြင်သစ်သံရုံး ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အခက်အခဲတွေ ရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းနဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ ပြင်သစ်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်တပ်က မင်းတပ်နယ်မြေထဲမှာရှိတဲ့ အရပ်သားတွေကို စစ်လက်နက်အင်အား အလွန်အကျွံ အသုံးပြုတိုက်ခိုက်တာဟာ အကြမ်းဖက်မှုတွေကို ပိုမိုဆိုးဝါးစေပြီး အသက်ဆုံးရှုံးမှုများစွာနဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့တယ်လို့ ဖော်ပြထားသလို ရေနဲ့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိဖို့လည်း အမြန်ဆုံး ချက်ချင်း လိုအပ်နေတဲ့အကြောင်းနဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံးပေးအပ်နိုင်ရေးဖို့ အရေးတကြီး လိုအပ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ပြည်သူတွေကို စစ်တပ်က စစ်မြေပြင်သုံးလက်နက်ကြီးတွေ စစ်ရဟတ်ယာဉ်တွေသုံးပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သလို ဒေသခံတွေကိုပါ လူသားဒိုင်းသဖွယ် အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းကစလို့ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ Chinland Defense Force – ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာကြောင့် နှစ်ဘက် အသေအပျောက်တွေ ရှိနေသလို ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာလည်း အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာကို ထွက်ပြေး ရှောင်တိမ်းနေကြရပါတယ်။

XS
SM
MD
LG