သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

န.စ.က UEC အစည္းအေဝး ANP ပါတီ တက္ေရာက္မည္မဟုတ္


ရခိုင္အမ်ိဳးသားပါတီ ANP (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒတခ်ဳိ႕ ျပင္ဆင္မယ့္ ကိစၥေဆြးေႏြးဖုိ႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ UEC က ဖိတ္ၾကားထားတဲ့ပြဲကို စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့ ရခိုင္အမ်ိဳးသားပါတီ ANP က တက္ေရာက္မွာ မဟုတ္ဘူးလို႔ ပါတီေျပာခြင့္ရက ေျပာပါတယ္။ ANP ပါတီက မတက္ေပမဲ့ ေဒါက္တာေအးေမာင္ဦးေဆာင္တဲ့ ရခိုင့္ဦးေဆာင္ပါတီ AFP ကေတာ့ ေဒါက္တာေအးေမာင္ ကိုယ္တိုင္ တက္ေရာက္မွာျဖစ္ပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္း အျပည့္အစံုကိုေတာ့ ကိုၿငိမ္းခ်မ္း က ေျပာျပေပးပါမယ္။

လႊတ္ေတာ္မွာ လူဦးေရအခ်ဳိးက် ကိုယ္စားျပဳႏိုင္ေရးနဲ႔ ေ႐ြးေကာက္ပဲြဆိုင္ရာ ဥပေဒတခ်ဳိ႕ျပင္ဆင္ဖုိ႔အတြက္ ႏိုင္ငံေရးပါတီေတြကို ႐ွင္းလင္းေျပာျပဖုိ႔ အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီက အသစ္ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ UEC က ႏိုင္ငံေရးပါတီေတြကို ဖိတ္ၾကားထားပါတယ္။ ေနျပည္ေတာ္မွာ မနက္ျဖန္လုပ္မယ့္ ဒီပြဲကို တက္ႏိုင္မွာ မဟုတ္ဘူးလို႔ ရခိုင္အမ်ိဳးသားပါတီ ANP ပါတီက ေျပာပါတယ္။ န.စ.က စစ္ေကာင္စီထဲမွာ ANP ပါတီေျပာခြင့္ရ ေဒၚေအးႏုစိန္က အဖဲြ႔ဝင္အျဖစ္ ပါဝင္ပါတယ္။ ခုလိုပါဝင္ေနေပမဲ့ ပါတီဘက္က ေတာင္းဆိုခ်က္ေတြကို စစ္ေကာင္စီက မလိုက္ေလ်ာတာေၾကာင့္ စစ္ေကာင္စီနဲ႔ ဆက္လက္ မပူးေပါင္းဖို႔ တုိက္တြန္းေျပာဆိုမႈေတြ ႐ွိေနခ်ိန္မွာ စစ္ေကာင္စီက စီစဥ္တဲ့ပဲြကို မတက္ဖုိ႔ ဆံုးျဖတ္တာျဖစ္ပါတယ္။ ဒါေပမဲ့ ANP ေျပာခြင့္ရ ဦးေဖသန္းကေတာ့ UEC ဖိတ္တဲ့ပြဲ မတက္တာ သပိတ္ေမွာက္တာ မဟုတ္ပါဘူးလို႔ ေျပာပါတယ္။

“အတြင္းေရးမွဴးအဖြဲ႔ ဥကၠ႒အဖြဲ႔ ညွိႏိႈင္းအစည္းအေဝးအရေပါ့ေနာ္။ သူတို႔ဆီက က်ေနာ္တဆင့္ၾကားတာရယ္၊ ၿပီးေတာ့ ပါတီဥကၠ႒ အင္တာဗ်ဳးတစ္ခုမွာ ေတြ႔တာရယ္၊ အခ်က္ေတြကို အေျခခံၿပီး သံုးသပ္ၿပီးေတာ့ ေျပာရရင္ အဲဒီအစည္းအေဝးကို တခ်ိဳ႕ကလည္း စစ္ေကာင္စီကို မေက်နပ္လို႔ သပိတ္ေမာက္တဲ့အေနနဲ႔ မတက္ဘူးဆိုတဲ့ သေဘာထား ေတြလည္း ေပးၾကတာေပါ့။ အဲဒါေၾကာင့္ ဒါေပမဲ့ ခုနားက ေျပာဆိုခ်က္ေတြအရေတာ့ မိမိတို႔ပါတီရဲ႕ အေျခအေနကေပါ့ေနာ္။ ပါတီတြင္းမွာ အခက္အခဲေတြေပါ့။ ေနာက္ၿပီးေတာ့ သြားေရး လာေရးအဆင္မေျပမႈေတြကအစ ျဗဳန္းစားႀကီး တက္ေရာက္ဖို႔မလြယ္ဘူးဆိုတဲ့ သေဘာထားေတာ့ ေတြ႔ရပါတယ္။ ေနာက္ န.စ.ကက လုပ္တဲ့ UEC က လုပ္တဲ့ အစည္းအေဝးမုိ႔လို႔ မတက္ဘူးဆိုတဲ့ အဓိပၺာယ္ေတာ့ မဟုတ္ပါဘူး။ ပါတီရဲ႕ တစ္စံုတစ္ရာ အခက္အခဲေၾကာင့္ မတတ္တာလို႔ပဲ က်ေနာ္သိရပါတယ္ခင္ဗ်ာ။”

ရခိုင္ျပည္နယ္ထဲမွာ လူထုေထာက္ခံမႈ အမ်ားဆံုးရရွိထားတဲ့ ရခိုင္အမ်ိဳးသားပါတီ ANP အေနနဲ႔ အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီနဲ႔ ပူးေပါင္းၿပီးေနာက္ပိုင္းမွာ ပါတီတြင္း သေဘာထား ကြဲလြဲမႈေတြ ရွိေနသလို ရခိုင္ျပည္သူေတြၾကား ေဝဖန္မႈေတြလည္း ရွိေနတာပါ။ လက္ရွိအခ်ိန္မွာလည္း စစ္ေကာင္စီနဲ႔ လမ္းခြဲေရးနဲ႔ ပတ္သတ္ၿပီး ပါတီတြင္း သေဘားထားကြဲလြဲမႈေတြ ရွိေနတယ္လို႔ ရခိုင္ျပည္နယ္ အေရးေလ့လာသံုးသပ္သူ ကိုထြန္းၾကည္က ေျပာပါတယ္။

“စစ္ေကာင္စီနဲ႔ေနၿပီးေတာ့ ANP ပါတီက ပူးေပါင္းၿပီးေတာ့ လုပ္ေဆာင္ေနတာကိုေတြ႔ရတယ္။ အခုက မလုပ္ေဆာင္ေတာ့ဘူး ဆိုၿပီးေတာ့လည္း ဆံုးျဖတ္ခ်က္ေတြ ျပန္ၿပီးေတာ့ ခ်ေနၾကတယ္ေပါ့ေနာ္။ ဆိုေတာ့ ANP ပါတီမူကို အေျခခံထားတဲ့ ပံုစံမ်ိဳးဟုတ္မေနဘဲနဲ႔ ပါတီမွာ စေပါင္းကတည္းက လက္ရွိအခ်ိန္ထိက တေယာက္နဲ႔ တေယာက္ၾကားထဲက အင္အားျပိဳင္ဆိုင္မႈေတြ အခုအခ်ိန္ထိ က်ေနာ္တို႔ ျမင္ေနရတယ္။ ဒီအတိုင္းသာဆက္သြားေနရင္ ANP ပါတီက အခုက်န္တဲ့သူေတြေတာင္ ထပ္ၿပီးေတာ့ ကြဲႏိုင္တဲ့ အေနအထားျမင္ေနရတယ္။ အခုစစ္ေကာင္စီနဲ႔ ေပါင္းလိုက္တဲ့ အခါမွာ တခ်ိဳ႕မေပါင္းေတာ့ဘူး အဆက္စပ္ မလုပ္ေတာ့ဘူးဆိုၿပီး ထုတ္ျပန္တယ္။ အဲဒီကို မူဝါဒေရးရာေကာ္မတီအဖြဲ႕က ဒါဟာတရားမဝင္ဘူးဆိုၿပီးေတာ့ ထုတ္ျပန္ကတည္းက ရွိတဲ့ မူဝါဒေရးရာ ေကာ္မတီအပါအဝင္ ဆံုးျဖတ္ခ်က္ ခ်ႏိုင္တဲ့ လူ ၉ ေယာက္ထဲမွ ကိုယ္တိုင္က အမ်ားႀကီး ကြဲေနတယ္ဆိုတာ က်ေနာ္တို႔ေတြ႔တယ္။ ဒါက ANP ပါတီရဲ႕လက္ရွိအေျခအေနေပါ့ေနာ္။”

စစ္ေကာင္စီမွာ အဖဲြ႔ဝင္အျဖစ္ပါေနတဲ့ ေဒၚေအးႏုစိန္ရဲ႕ ANP ပါတီက UEC ရဲ႕ နက္ျဖန္ပြဲကို မတက္ေပမဲ့ ေဒါက္တာေအးေမာင္ဦးေဆာင္တဲ့ ရခိုင့္ဦးေဆာင္ AFP ပါတီကေတာ့ တက္ေရာက္မွာပါ။ ေဒါက္တာေအးေမာင္ကိုယ္တိုင္ ေဆြးေႏြးပြဲ တက္ေရာက္မွာျဖစ္ေပမဲ့ ပါတီအေနနဲ႔ သီးျခားေဆြးေႏြးစရာမရွိသလို အစည္းအေဝးကေန တစ္စံုတစ္ရာ ေမွ်ာ္လင့္ထားတာ မရွိဘူးလို႔ ရခိုင့္ဦးေဆာင္ပါတီ ေျပာခြင့္ရ ဦးေက်ာ္ေဇာဦးကေျပာပါတယ္။

“အဲဒီေပၚေပါက္တဲ့ ကိစၥေတြေပၚ မူတည္ၿပီးေတာ့ ေဆြးေႏြးသြားပါလိမ့္မယ္။ က်ေနာ္တို႔ ကိုယ္စားလွည္ ေဒါက္တာေအးေမာင္အေနနဲ႔ေပါ့ေလ။ အထူးအေထြ မရွိပါဘူး။ ထူးထူးျခားျခားေမွ်ာ္လင့္ထားတာလည္းမရွိပါဘူးခင္ဗ်ာ။”

ေဒါက္တာေအးေမာင္ဦးေဆာင္တဲ့ ရခိုင့္ဦးေဆာင္ပါတီ AFP အေနနဲ႔ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ခုခ်ိန္ထိေတာ့ မေတ႔ြရေသးပါဘူး။ ပါတီဥကၠ႒ျဖစ္တဲ့ ေဒါက္တာေအးေမာင္ဟာ ၿပီးခဲ့တဲ့ NLD အစိုးရလက္ထက္က ႏိုင္ငံေတာ္ပုန္ကန္မႈ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မေတြနဲ႔ ေထာင္ဒဏ္ႏွစ္ ၂၀ ခ်မွတ္ခဲ့ရၿပီး အာဏာသိမ္း စစ္ေကာင္စီလက္ထက္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔က လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

စစ္ေကာင္စီက ဖြဲ႔စည္းထားတဲ့ ေ႐ြးေကာက္ပဲြေကာ္မ႐ွင္ ျဖစ္ေပမဲ့လည္း လုပ္ငန္းသေဘာအရ ဆက္စပ္လုပ္ေဆာင္ဖို႔ လိုအပ္လာရင္ လုပ္ေဆာင္သြားမယ္လို႔ ရခိုင့္ဦးေဆာင္ပါတီက သေဘာထား ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႕ဆံုပြဲတုန္းကလည္း ရခိုင့္ဦးေဆာင္ပါတီ AFP ကလည္း တက္ေရာက္ခဲ့ပါတယ္။ ANP ပါတီလည္း အဲဒီတုန္း တက္ေရာက္ခဲ့ပါတယ္။

န.စ.က UEC အစည္းအေဝး ANP ပါတီ တက္ေရာက္မည္မဟုတ္
please wait

No media source currently available

0:00 0:05:06 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

န.စ.က UEC အစည်းအဝေး ANP ပါတီ တက်ရောက်မည်မဟုတ်

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ ပြင်ဆင်မယ့် ကိစ္စဆွေးနွေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က ဖိတ်ကြားထားတဲ့ပွဲကို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသားပါတီ ANP က တက်ရောက်မှာ မဟုတ်ဘူးလို့ ပါတီပြောခွင့်ရက ပြောပါတယ်။ ANP ပါတီက မတက်ပေမဲ့ ဒေါက်တာ အေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP ကတော့ ဒေါက်တာအေးမောင် ကိုယ်တိုင် တက်ရောက်မှာဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်း အပြည့်အစုံကိုတော့ ကိုငြိမ်းချမ်း က ပြောပြပေးပါမယ်။

လွှတ်တော်မှာ လူဦးရေအချိုးကျ ကိုယ်စားပြုနိုင်ရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ပြင်ဆင်ဖို့အတွက် နိုင်ငံရေးပါတီတွေကို ရှင်းလင်းပြောပြဖို့ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က နိုင်ငံရေးပါတီတွေကို ဖိတ်ကြားထားပါတယ်။ နေပြည်တော်မှာ မနက်ဖြန်လုပ်မယ့် ဒီပွဲကို တက်နိုင်မှာ မဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီ ANP ပါတီက ပြောပါတယ်။ န.စ.က စစ်ကောင်စီထဲမှာ ANP ပါတီပြောခွင့်ရ ဒေါ်အေးနုစိန်က အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။ ခုလိုပါဝင်နေပေမဲ့ ပါတီဘက်က တောင်းဆိုချက်တွေကို စစ်ကောင်စီက မလိုက်လျောတာကြောင့် စစ်ကောင်စီနဲ့ ဆက်လက် မပူးပေါင်းဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိနေချိန်မှာ စစ်ကောင်စီက စီစဉ်တဲ့ပွဲကို မတက်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ANP ပြောခွင့်ရ ဦးဖေသန်းကတော့ UEC ဖိတ်တဲ့ပွဲ မတက်တာ သပိတ်မှောက်တာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

“အတွင်းရေးမှူးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ ညှိနှိုင်းအစည်းအဝေးအရပေါ့နော်။ သူတို့ဆီက ကျနော်တဆင့်ကြားတာရယ်၊ ပြီးတော့ ပါတီဥက္ကဋ္ဌ အင်တာဗျုးတစ်ခုမှာ တွေ့တာရယ်၊ အချက်တွေကို အခြေခံပြီး သုံးသပ်ပြီးတော့ ပြောရရင် အဲဒီအစည်းအဝေးကို တချို့ကလည်း စစ်ကောင်စီကို မကျေနပ်လို့ သပိတ်မောက်တဲ့အနေနဲ့ မတက်ဘူးဆိုတဲ့ သဘောထား တွေလည်း ပေးကြတာပေါ့။ အဲဒါကြောင့် ဒါပေမဲ့ ခုနားက ပြောဆိုချက်တွေအရတော့ မိမိတို့ပါတီရဲ့ အခြေအနေကပေါ့နော်။ ပါတီတွင်းမှာ အခက်အခဲတွေပေါ့။ နောက်ပြီးတော့ သွားရေး လာရေးအဆင်မပြေမှုတွေကအစ ဗြုန်းစားကြီး တက်ရောက်ဖို့မလွယ်ဘူးဆိုတဲ့ သဘောထားတော့ တွေ့ရပါတယ်။ နောက် န.စ.ကက လုပ်တဲ့ UEC က လုပ်တဲ့ အစည်းအဝေးမို့လို့ မတက်ဘူးဆိုတဲ့ အဓိပ္ဗာယ်တော့ မဟုတ်ပါဘူး။ ပါတီရဲ့ တစ်စုံတစ်ရာ အခက်အခဲကြောင့် မတတ်တာလို့ပဲ ကျနော်သိရပါတယ်ခင်ဗျာ။”

ရခိုင်ပြည်နယ်ထဲမှာ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးနောက်ပိုင်းမှာ ပါတီတွင်း သဘောထား ကွဲလွဲမှုတွေ ရှိနေသလို ရခိုင်ပြည်သူတွေကြား ဝေဖန်မှုတွေလည်း ရှိနေတာပါ။ လက်ရှိအချိန်မှာလည်း စစ်ကောင်စီနဲ့ လမ်းခွဲရေးနဲ့ ပတ်သတ်ပြီး ပါတီတွင်း သဘေားထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ် အရေးလေ့လာသုံးသပ်သူ ကိုထွန်းကြည်က ပြောပါတယ်။

“စစ်ကောင်စီနဲ့နေပြီးတော့ ANP ပါတီက ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာကိုတွေ့ရတယ်။ အခုက မလုပ်ဆောင်တော့ဘူး ဆိုပြီးတော့လည်း ဆုံးဖြတ်ချက်တွေ ပြန်ပြီးတော့ ချနေကြတယ်ပေါ့နော်။ ဆိုတော့ ANP ပါတီမူကို အခြေခံထားတဲ့ ပုံစံမျိုးဟုတ်မနေဘဲနဲ့ ပါတီမှာ စပေါင်းကတည်းက လက်ရှိအချိန်ထိက တယောက်နဲ့ တယောက်ကြားထဲက အင်အားပြိုင်ဆိုင်မှုတွေ အခုအချိန်ထိ ကျနော်တို့ မြင်နေရတယ်။ ဒီအတိုင်းသာဆက်သွားနေရင် ANP ပါတီက အခုကျန်တဲ့သူတွေတောင် ထပ်ပြီးတော့ ကွဲနိုင်တဲ့ အနေအထားမြင်နေရတယ်။ အခုစစ်ကောင်စီနဲ့ ပေါင်းလိုက်တဲ့ အခါမှာ တချို့မပေါင်းတော့ဘူး အဆက်စပ် မလုပ်တော့ဘူးဆိုပြီး ထုတ်ပြန်တယ်။ အဲဒီကို မူဝါဒရေးရာကော်မတီအဖွဲ့က ဒါဟာတရားမဝင်ဘူးဆိုပြီးတော့ ထုတ်ပြန်ကတည်းက ရှိတဲ့ မူဝါဒရေးရာ ကော်မတီအပါအဝင် ဆုံးဖြတ်ချက် ချနိုင်တဲ့ လူ ၉ ယောက်ထဲမှ ကိုယ်တိုင်က အများကြီး ကွဲနေတယ်ဆိုတာ ကျနော်တို့တွေ့တယ်။ ဒါက ANP ပါတီရဲ့လက်ရှိအခြေအနေပေါ့နော်။”

စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါနေတဲ့ ဒေါ်အေးနုစိန်ရဲ့ ANP ပါတီက UEC ရဲ့ နက်ဖြန်ပွဲကို မတက်ပေမဲ့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင် AFP ပါတီကတော့ တက်ရောက်မှာပါ။ ဒေါက်တာအေးမောင်ကိုယ်တိုင် ဆွေးနွေးပွဲ တက်ရောက်မှာဖြစ်ပေမဲ့ ပါတီအနေနဲ့ သီးခြားဆွေးနွေးစရာမရှိသလို အစည်းအဝေးကနေ တစ်စုံတစ်ရာ မျှော်လင့်ထားတာ မရှိဘူးလို့ ရခိုင့်ဦးဆောင်ပါတီ ပြောခွင့်ရ ဦးကျော်ဇောဦးကပြောပါတယ်။

“အဲဒီပေါ်ပေါက်တဲ့ ကိစ္စတွေပေါ် မူတည်ပြီးတော့ ဆွေးနွေးသွားပါလိမ့်မယ်။ ကျနော်တို့ ကိုယ်စားလှည် ဒေါက်တာအေးမောင်အနေနဲ့ပေါ့လေ။ အထူးအထွေ မရှိပါဘူး။ ထူးထူးခြားခြားမျှော်လင့်ထားတာလည်းမရှိပါဘူးခင်ဗျာ။”

ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု ခုချိန်ထိတော့ မတေ့ွရသေးပါဘူး။ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က နိုင်ငံတော်ပုန်ကန်မှု နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ရပြီး အာဏာသိမ်း စစ်ကောင်စီလက်ထက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဖြစ်ပေမဲ့လည်း လုပ်ငန်းသဘောအရ ဆက်စပ်လုပ်ဆောင်ဖို့ လိုအပ်လာရင် လုပ်ဆောင်သွားမယ်လို့ ရခိုင့်ဦးဆောင်ပါတီက သဘောထား ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲတုန်းကလည်း ရခိုင့်ဦးဆောင်ပါတီ AFP ကလည်း တက်ရောက်ခဲ့ပါတယ်။ ANP ပါတီလည်း အဲဒီတုန်း တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG