သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ဘက္အုပ္ခ်ဳပ္ေရးအဖြဲ႔မွာပါဝင္ေရးေပၚ ႏုိ္င္ငံေရးပါတီေတြ တုံ႔ျပန္ပံုကြဲလြဲ


ရန္ကုန္ၿမိဳ႕ ေနျပည္ေတာ္ရွိ လမ္းတခုမွာ ေတြ႔ရတဲ့ စစ္ကားမ်ား။ (ေဖေဖာ္ဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး တပ္မေတာ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ဖဲြ႔စည္းခဲ့တဲ့ႏိုင္ငံေတာ္စီမံခန္႔ခြဲမႈ ေကာင္စီအစိုးရအဖြဲ႔မွာ ပါ၀င္ဖုိ႔ ႏုိင္ငံေရးပါတီ တခ်ဳိ႕ကုိ ကမ္းလွမ္းခဲ့ေပမဲ့ လက္ခံသူေတြ ရွိသလုိ၊ လက္မခံသူေတြလည္း ရွိေနပါတယ္။ တပ္မေတာ္က ကမ္းလွမ္းခ်က္အေပၚ ႏုိင္ငံေရး အင္အားစုေတြၾကားမွာလည္း သေဘာထားအျမင္ ကဲြလဲြမႈေတြ ရွိေနတာပါ။ အျပည့္အစုံကုိေတာ့ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးမွာပါ။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ၿပီး ႏုိင္ငံေတာ္စီမံခန္႔ခဲြမႈေကာင္စီ ဖဲြ႔စည္းလုိက္ၿပီးေနာက္ အစုိးရအဖဲြ႔မွာ ပါ၀င္ဖုိ႔ တုိင္းရင္းသားပါတီေတြ အပါအ၀င္ ႏုိင္ငံေရးပါတီေတြကုိ ကမ္းလွမ္းခဲ့တာပါ။

ဒီလုိကမ္းလွမ္းခံခဲ့ရတဲ့ အထဲက လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီကေတာ့ ျငင္းပယ္ခဲ့ေၾကာင္း ပါတီေျပာခြင့္ရသူ ေဒၚႏွင္းႏွင္းေဖြးက ေျပာပါတယ္။

“မေန႔ကေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ နိုင္ငံေရးပါတီမ်ားဌာနက တာ၀န္ရွိသူေတြက က်မဆီကို ဖုန္းဆက္တယ္ရွင့္။ သူတို႔က အစိုးရအဖြဲ႕မွာပါ၀င္ဖို႕ဆိုျပီးေတာ့ က်မတို႔ ပါတီကေနျပီးေတာ့ ကိုယ္စားလွယ္ တေယာက္ေပါ့ေနာ္.... ေပးပါလို႔ ေျပာတာရွိတယ္္။ အဲဒီေပးတဲ့ ကိုယ္စားလွယ္နာမည္နဲ႔ ကိုယ္ေရးရာဇ၀င္ေပးပါလို႔ ေျပာတာရွိတယ္။ က်မတို႔ ပါတီကေတာ့ ဒီကိစၥမွာ ပူးပါင္းပါ၀င္ေဆာင္ရြက္ဖို႔ေတာ့ သေဘာထားမရွိဘူးလို႔ အေၾကာင္းျပန္လိုက္ပါတယ္ရွင့္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဖဲြ႔စည္းခဲ့တဲ့ အစုိးရအဖဲြ႔မွာ တာ၀န္ယူဖုိ႔ ႏုိင္ငံေရးပါတီတခ်ဳိ႕ကေတာ့ လက္ခံခဲ့ၾကတာပါ။ လူ႔ေဘာင္သစ္ပါတီ ေျပာခြင့္ရ ေဒၚႏွင္းႏွင္းေဖြးကေတာ့ စစ္တပ္ရဲ႕ ကမ္းလွမ္းခ်က္ဟာ ဒီမုိကေရစီ လုိလားတဲ့ အင္အားစုေတြၾကား စိတ္၀မ္းကဲြေစမယ့္ လုပ္ရပ္အျဖစ္ ျမင္ပါတယ္။

“သူတို႔က နိုင္ငံေတာ္အာဏာကိုသိမ္းယူျပီးတဲ့ေနာက္မွာ နိုင္ငံေရးပါတီေတြကို ကမ္းလွမ္းတဲ့ကိစၥကေတာ့ သူတို႔က ဒီမိုကေရစီအင္အားစုေတြၾကားထဲမွာ တစုံတရာ ေသြးခြဲတဲ့ပုံစံမ်ိဳးလုပ္ေဆာင္တယ္လို႔ပဲ ယူဆလို႕ရတယ္။”

အစုိးရအဖဲြ႔သစ္မွာ တာ၀န္ယူဖုိ႔ ကမ္းလွမ္းခ်က္ကုိ ျငင္းဆန္ခဲ့တဲ့ အထဲမွာ တုိင္းရင္းသား ႏုိင္ငံေရးတခ်ဳိ႕လည္း ပါ၀င္ပါတယ္။ အရိႈခ်င္းအမ်ိဳးသားပါတီဟာလည္း အစုိးရအဖဲြ႔မွာ ပူးေပါင္း ပါ၀င္ဖုိ႔ စစ္တပ္က ကမ္းလွမ္းခဲ့ေပမဲ့ ျငင္းဆန္ခဲ့ေၾကာင္း ပါတီ အတြင္းေရးမွဴး ဆလိုင္း ေအာင္မင္းလိႈင္ကေျပာပါတယ္။

“UEC ကေန တဆင့္ေပါ့။ အစိုးရအဖြဲ႕ေတြမွာ အစိုးရလုပ္ငန္းေတြမွာ ပါ၀င္ဖို႕ဆိုျပီးေတာ့ က်ေနာ္တို႔ပါတီရဲ႕ ဥကၠ႒ ကိုေပါ့ေလ။ ဖုန္းဆက္ျပီးေတာ့ အေၾကာင္းၾကားလာခဲ့တယ္။ အစိုးရအဖြဲ႕ရဲ႕လုပ္ငန္းေတြမွာ ပါ၀င္ဖို႔ေပါ့ေနာ္။ ဘယ္ေနရာဆိုတာေတာ့ မေျပာပါဘူးခင္ဗ်။ သူတို႔ကမ္းလွမ္းတာကို က်ေနာ္တို႔အေနနဲ႕ကေတာ့ အဆင္သင့္မျဖစ္ေသးဘူး၊ မလုပ္ဘူးဆိုျပီးေတာ့ ေျပာျပလိုက္ပါတယ္။”

အရိႈခ်င္းအမ်ိဳးသားပါတီဟာ ၂၀၂၀ ေရြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္၊ မေကြးတိုင္း၊ ပဲခူးတိုင္းစတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ ရွစ္ေနရာ ယွဥ္ျပိဳင္ခဲ့ေပမဲ့ အႏုိင္မရခဲ့ပါဘူး။

တုိင္းရင္းသား ႏုိင္ငံေရးပါတီတခုျဖစ္တဲ့ KNDP ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီကေတာ့ စစ္တပ္က အစိုးရအဖြဲ႔မွာ ပါ၀င္ဖုိ႔ ကမ္းလွမ္းခ်က္ကို လက္ခံခဲ့ေၾကာင္း ပါတီဥကၠ႒ ဦးမန္းေအာင္ျပည္စိုးကေျပာပါတယ္။

“ဖိတ္ေခၚေတာ့ က်ေနာ္တို႔ ဒီကိစၥကို အေၾကအလည္ေဆြးေႏြးေနခဲ့ၾကတာေပါ့။ က်ေနာ္တို႔ တေယာက္ေတာ့ နာမည္ စာရင္းေပးလိုက္တယ္။ ဒါေပမဲ့ ဘာမွမထြက္လာေသးတဲ့အတြက္ က်ေနာ္တို႔ အဲဒီေတာ့ အတိအက် ေျပာလို႔ မရေသးဘူး။ အဘက္ဘက္ကို စဥ္းစားျပီးေတာ့မွ က်ေနာ္တို႔က သေဘာတူလိုက္တယ္။ ဒါေပမဲ့ က်ေနာ္တို႔ ပါတီတာ၀န္ကေတာ့ႏုတ္ထြက္ရမယ္။ ႏုတ္ထြက္ဖို႔ေတာ့ အဲဒီသေဘာညိွႏိႈင္းထားၾကတာေပါ့ေလ။”

ဒါေပမဲ့ အစိုးရအဖြဲ႔ထဲပါ၀င္မဲ့သူကုိ ပါတီတာ၀န္ကေန ရပ္ဆိုင္းဖို႔ ဆုံးျဖတ္ထားတယ္လို႔လည္း ေျပာပါတယ္။

KNDP ပါတီဟာ ကရင္ျပည္နယ္အေျခစိုက္ပါတီ သံုးခုနဲ႔ ဖလံု-စေဝါ ဒီမိုကရက္တစ္ပါတီဝင္အခ်ိဳ႕ ေပါင္းစည္းတည္ေထာင္ထားတဲ့ ပါတီျဖစ္ျပီးေတာ့ ၂၀၂၀ ျပည့္ႏွစ္ ႏုိ၀င္ဘာလ ၈ ရက္ေန႔က ေရြးေကာက္ပြဲမွာ အႏိုင္မရခဲ့ေပမဲ့ ကရင္ျပည္နယ္မွာ ဒုတိယ မဲအမ်ားဆံုးရတဲ့ပါတီလည္း ျဖစ္ပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေနရာ တေနရာ အနိုင္ရခဲ့တဲ့ ကရင္ျပည္သူ႕ပါတီကလဲ လက္ရွိ ဥကၠ႒ ေစာထြန္းေအာင္ျမင့္ဟာ ႏိုင္ငံေတာ္စီမံခန႔္ခြဲေရး ေကာင္စီ အစိုးရရဲ႕ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးအျဖစ္ ခန႔္အပ္ထားသလို ကရင္ျပည္သူ႕ပါတီ၀င္ ေကအဲန္ယူဗဟိုအလုပ္အမႈေဆာင္ေဟာင္း မန္းၿငိမ္းေမာင္ကိုလည္း ဗဟိုအဆင့္ ႏိုင္ငံေတာ္စီမံခန႔္ခြဲေရး ေကာင္စီအဖြဲ႕တြင္ ေ႐ြးခ်ယ္ခန္႔အပ္ထားပါတယ္။

ANP ရခိုင္အမ်ိဳးသားပါတီက ေဒၚေအးနုစိန္ဟာလည္း ဗဟိုအဆင့္ ႏိုင္ငံေတာ္စီမံခန႔္ခြဲေရး ေကာင္စီ အဖြဲ႔၀င္အျဖစ္ တာ၀န္ေပးထားပါတယ္။

တုိင္းရင္းသားပါတီတခုျဖစ္တဲ့ ကရင္အမ်ိဳးသားပါတီ KNP ကေတာ့ စစ္တပ္ကဖဲြ႔စည္းထားတဲ့ အစိုးရအဖြဲ႔မွာပါ၀င္ဖို႔ ၾကားလူက တဆင့္ ကမ္းလွမ္းခဲ့တာကုိ ျငင္းဆန္ထားပါတယ္။ ေရြးေကာက္ပဲြမွာ အႏုိင္ရထားတဲ့ အာဏာရ NLD ပါတီက ကုိယ္စားလွယ္ေတြ ဦးေဆာင္ၿပီး လႊတ္ေတာ္သစ္ က်င္းပမယ့္ ေန႔မွာပဲ အာဏာသိမ္းလုိက္တဲ့ စစ္တပ္ကေတာ့ အဖဲြ႔၀င္ ၁၁ ဦးပါ၀င္တဲ့ ႏုိင္ငံေတာ္ စီမံခန္႔ခဲြေရး ေကာင္စီကုိ ဖဲ႔ြစည္းခ့ဲသလုိ၊ တုိင္းနဲ႔ျပည္နယ္ အဆင့္ဆင့္ အုပ္ခ်ဳပ္မယ့္ ေကာင္စီေတြကုိလည္း တာ၀န္ေပးခဲ့ပါတယ္။

ျမန္မာနိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္အေပၚ တုိင္းရင္းသား ႏိုင္ငံေရး ပါတီတခ်ဳိ႕က ကန္႔ကြက္ေနၾကပါတယ္။ ဒါေပမဲ့လည္း မၾကာေသးခင္ အခ်ိန္အထိ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔ၾကား စစ္ေရးပဋိပကၡေတြ ျဖစ္ပြားခဲ့တဲ့ ရခုိင္ျပည္နယ္က အဓိကႏုိင္ငံေရးပါတီျဖစ္တဲ့ ANP ရခုိင္အမ်ဳိးသားပါတီကေတာ့ စစ္တပ္က ဖဲြ႔စည္းလုိက္တဲ့ အစုိးရအဖဲြ႔နဲ႔ ပူးေပါင္းမယ့္အေၾကာင္း ေျပာဆုိလုိက္ပါတယ္။ အျပည့္အစံုကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

တပ္မေတာ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို လက္မခံႏုိင္ေၾကာင္း တိုင္းရင္းသားႏုိင္ငံေရး ပါတီေတြျဖစ္တဲ့ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ၊ ကရင္အမ်ိဳးသား ဒီမုိကရက္တစ္ပါတီ၊ ခ်င္းအမ်ိဳးသားဒီမို ကရက္တစ္ပါတီ၊ မြန္ညီညြတ္ေရးပါတီနဲ႔ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီတို႔က ဒီေန႔ပဲ ပူးတဲြေၾကညာခ်က္ ထုတ္ျပန္လုိက္ပါတယ္။

ေရြးေကာက္ပြဲရလဒ္ကို အေျခခံၿပီး၊ အာဏာသိမ္းတဲ့လုပ္ရပ္ဟာ မျဖစ္သင့္သလို ႏိုင္ငံေရး နည္းလမ္းနဲ႔ အေျဖရွာဖို႔လည္း တုိက္တြန္းထားေၾကာင္း ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ ေျပာခြင့္ရ ဦးသဲရယ္က ေျပာပါတယ္။

“က်ေနာ္တို႔ ငါးျပည္နယ္ ငါးပါတီကေန ထုတ္ျပန္တဲ့စာေပါ့ေနာ္။ က်ေနာ္တို႔ တိုင္းရင္းသား ေတြ ကလည္း အာဏာရွင္းစနစ္နဲ႔ အုပ္ခ်ုပ္ေနတာကို လက္မခံဘူးေပါ့ေနာ္... ဒီကိစၥကို ရႈံ႕ခ်တယ္။ ေနာက္ၿပီးေတာ့ လက္ရွိျဖစ္ပြားေနတဲ့ ေရြးေကာက္ပြဲ ရလဒ္ကို အေျခခံၿပီးေတာ့မွ ဒီလိုအာဏာသိမ္းတယ္ဆိုတာကေတာ့ ေကာင္းတဲ့ အရာတစ္ခု မဟုတ္ဆိုတာကို ဆိုလိုခ်င္ တာပါ။ ေနာက္ၿပီးေတာ့ ႏွစ္ဘက္စလံုးေျပေျပလည္လည္ အေျဖရွာၾကဖို႔လည္း ေတာင္းဆိုတဲ့ အေနနဲ႔ပါ။”

လႊတ္ေတာ္နဲ႔ အစုိးရသစ္ဖဲြ႔မယ့္ အခ်ိန္မွာပဲ တပ္မေတာ္က အာဏာသိမ္းၿပီး အရပ္သားအစုုိးရ ေခါင္းေဆာင္ေတြကုိပါ ဖမ္းဆီးထိန္းသိမ္းလုိက္တဲ့အေပၚ ဆန္႔က်င္တဲ့ သေဘာထားေတြ ထြက္ေပၚေနရာမွာ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြလည္း ပါ၀င္လာၾကတာပါ။ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ ေျပာခြင့္ရ ဦးသဲရယ္ကေတာ့ စစ္တပ္က အာဏာသိမ္းတဲ့ အေလ့အထဟာ တုိင္းျပည္အတြက္ အက်ဳိးမရွိဘူးလုိ႔ ေျပာပါတယ္။

“အာဏာသိမ္းတယ္ဆိုကတည္းက က်ေနာ္တို႔အေနနဲ႔လည္း အစဥ္အဆက္ ရွိၿပီးသားျဖစ္ ပါတယ္။ အျပစ္အနာအဆာလည္း ရွိၿပီးသားျဖစ္ပါတယ္ဆိုေတာ့ အာဏာသိမ္းရတဲ့ လုပ္ရပ္ေတာ့ ဒါဘယ္သူမွ မႀကိဳက္ဘူးေပါ့ေနာ္။ က်ေနာ္တို႔ျပည္သူတို႔လည္း မႀကိဳက္ဘူး။ ရွင္းရွင္း ေျပာရရင္ ဒါက တစ္ကမၻာလံုးမွာ ရွိေနတဲ့ လူေတြက မႀကိဳက္ၾကဘူး။ အာဏာသိမ္း တာက တပ္မေတာ္အတြက္လည္း မေကာင္းသလို ျပည္သူလူထုကိုလည္း နစ္နာေစတဲ့ လုပ္ရက္ျဖစ္တယ္ဆိုတာကို က်ေနာ္တို႔ ေျပာရျခင္းျဖစ္ပါတယ္။”

စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ တုိင္းရင္းသား ႏုိင္ငံေရး အင္အားစုေတြၾကား စုိးရိမ္မႈေတြနဲ႔ ကန္႔ကြက္တဲ့ သေဘာထားေတြ ထြက္ေပၚေနသလုိ တပ္မေတာ္က အာဏာသိမ္းၿပီး ဖဲြ႔စည္းခဲ့တဲ့ အစုိးရနဲ႔ ပူးေပါင္းဖုိ႔ လက္ခံသူေတြလည္း ရွိပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ေရြးေကာက္ပြဲတုန္းက ရခိုင္ျပည္နယ္မွာ အမ်ားစု အႏိုင္ရထားတဲ့ ရခိုင္အမ်ိဳးသားပါတီ ANP ကေတာ့ ရခိုင္လူထု အက်ဳိးအတြက္ ပူးေပါင္းဖုိ႔ ဆုံးျဖတ္ခဲ့တာလုိ႔ ပါတီထိပ္တန္းေခါင္းေဆာင္ တဦးျဖစ္တဲ့ ဦးေဖသန္းက ေျပာပါတယ္။

“NLD ပါတီအေနနဲ႔ လြတ္ေတာ္ထဲမွာေရာ လြတ္ေတာ္ျပင္ပမွာပါ ရခိုင္အမ်ိဳးသား အက်ိဳးစီးပြားအတြက္ လုပ္ေဆာင္ခဲ့တာေတြ တအားကိုနည္းတယ္။ မရွိသေလာက္လို႔ ေျပာလို႔ ရတယ္။ ၿပီးေတာ့ တပ္မေတာ္ဘက္ကိုလည္း က်ေနာ္တို႔ အဲဒီလိုပဲ ေျပာခ်င္တယ္။ တပ္မေတာ္နဲ႔၊ AA နဲ႔ တိုက္ပြဲျဖစ္တဲ့ေနရာမွာ ေဘးထြက္ဆိုးက်ိဳးေတြ အမ်ားႀကီးရွိခဲ့တယ္။ အဲဒီေတာ့ က်ေနာ္တို႔က ဘယ္ဘက္ကိုမွ မပါသင့္ဘူးေပါ့ေနာ္။ က်ေနာ္တို႔ အလိုက္အထိုက္ ဆက္ဆံသင့္တယ္။ မိမိတို႔ အက်ိဳးစီးပြားအတြက္ဆိုရင္ တပ္မေတာ္နဲ႔လည္း ေပါင္းလို႔ရတယ္။ NLD အစိုးရနဲ႔လည္း ေပါင္းလို႔ရတယ္။ ဒီေန႔တပ္မေတာ္ဘက္က ကမ္းလွမ္းလာတဲ့ အေနအထားမွာ က်ေနာ္တို႔က ပူးေပါင္း ေဆာင္ရြက္ရျခင္းျဖစ္တယ္လို႔ အၾကမ္းအားျဖင့္ ေျပာခ်င္တယ္။”

ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြကုိ အေၾကာင္းျပၿပီး စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ အရပ္သားအစုိးရေခါင္းေဆာင္ေတြကုိ ဖမ္းဆီးၿပီး အေရးယူဖုိ႔အထိ လုပ္လာတဲ့အတြက္ ျပည္တြင္း၊ ျပည္ပက ဆန္႔က်င္ကန္႔ကြက္မႈေတြလည္း ထြက္ေပၚလာေနတာပါ။ မေန႔တုန္းကလည္း အေမရိကန္ သမၼတ ဂ်ဳိးဘုိင္ဒန္က စစ္တပ္က အာဏာသိမ္းထားတာကုိ စြန္႔လႊတ္ဖု႔ိနဲ႔ ဖမ္းဆီးထားသူေတြကုိ ျပန္လႊတ္ဖုိ႔ တုိက္တြန္းခဲ့သလုိ ကုလသမဂၢ လုံၿခံဳေရးေကာင္စီကလည္း ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီစနစ္ ျပန္လည္ က်င့္သုံးဖုိ႔နဲ႔ ဖမ္းဆီးထားသူေတြကုိ ျပန္လႊတ္ဖုိ႔ တညီတညြတ္တည္း ေတာင္းဆုိခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့မှာပါဝင်ရေးပေါ် နိုင်ငံရေးပါတီတွေ တုံ့ပြန်ပုံကွဲလွဲ

အရပ်သားအစိုးရကို ဖယ်ရှားပြီး တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံခန့်ခွဲမှု ကောင်စီအစိုးရအဖွဲ့မှာ ပါဝင်ဖို့ နိုင်ငံရေးပါတီ တချို့ကို ကမ်းလှမ်းခဲ့ပေမဲ့ လက်ခံသူတွေ ရှိသလို၊ လက်မခံသူတွေလည်း ရှိနေပါတယ်။ တပ်မတော်က ကမ်းလှမ်းချက်အပေါ် နိုင်ငံရေး အင်အားစုတွေကြားမှာလည်း သဘောထားအမြင် ကွဲလွဲမှုတွေ ရှိနေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး နိုင်ငံတော်စီမံခန့်ခွဲမှုကောင်စီ ဖွဲ့စည်းလိုက်ပြီးနောက် အစိုးရအဖွဲ့မှာ ပါဝင်ဖို့ တိုင်းရင်းသားပါတီတွေ အပါအဝင် နိုင်ငံရေးပါတီတွေကို ကမ်းလှမ်းခဲ့တာပါ။

ဒီလိုကမ်းလှမ်းခံခဲ့ရတဲ့ အထဲက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကတော့ ငြင်းပယ်ခဲ့ကြောင်း ပါတီပြောခွင့်ရသူ ဒေါ်နှင်းနှင်းဖွေးက ပြောပါတယ်။

“မနေ့ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုင်ငံရေးပါတီများဌာနက တာဝန်ရှိသူတွေက ကျမဆီကို ဖုန်းဆက်တယ်ရှင့်။ သူတို့က အစိုးရအဖွဲ့မှာပါဝင်ဖို့ဆိုပြီးတော့ ကျမတို့ ပါတီကနေပြီးတော့ ကိုယ်စားလှယ် တယောက်ပေါ့နော်.... ပေးပါလို့ ပြောတာရှိတယ်။ အဲဒီပေးတဲ့ ကိုယ်စားလှယ်နာမည်နဲ့ ကိုယ်ရေးရာဇဝင်ပေးပါလို့ ပြောတာရှိတယ်။ ကျမတို့ ပါတီကတော့ ဒီကိစ္စမှာ ပူးပါင်းပါဝင်ဆောင်ရွက်ဖို့တော့ သဘောထားမရှိဘူးလို့ အကြောင်းပြန်လိုက်ပါတယ်ရှင့်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့မှာ တာဝန်ယူဖို့ နိုင်ငံရေးပါတီတချို့ကတော့ လက်ခံခဲ့ကြတာပါ။ လူ့ဘောင်သစ်ပါတီ ပြောခွင့်ရ ဒေါ်နှင်းနှင်းဖွေးကတော့ စစ်တပ်ရဲ့ ကမ်းလှမ်းချက်ဟာ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကြား စိတ်ဝမ်းကွဲစေမယ့် လုပ်ရပ်အဖြစ် မြင်ပါတယ်။

“သူတို့က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့နောက်မှာ နိုင်ငံရေးပါတီတွေကို ကမ်းလှမ်းတဲ့ကိစ္စကတော့ သူတို့က ဒီမိုကရေစီအင်အားစုတွေကြားထဲမှာ တစုံတရာ သွေးခွဲတဲ့ပုံစံမျိုးလုပ်ဆောင်တယ်လို့ပဲ ယူဆလို့ရတယ်။”

အစိုးရအဖွဲ့သစ်မှာ တာဝန်ယူဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တဲ့ အထဲမှာ တိုင်းရင်းသား နိုင်ငံရေးတချို့လည်း ပါဝင်ပါတယ်။ အရှိုချင်းအမျိုးသားပါတီဟာလည်း အစိုးရအဖွဲ့မှာ ပူးပေါင်း ပါဝင်ဖို့ စစ်တပ်က ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းဆန်ခဲ့ကြောင်း ပါတီ အတွင်းရေးမှူး ဆလိုင်း အောင်မင်းလှိုင်ကပြောပါတယ်။

“UEC ကနေ တဆင့်ပေါ့။ အစိုးရအဖွဲ့တွေမှာ အစိုးရလုပ်ငန်းတွေမှာ ပါဝင်ဖို့ဆိုပြီးတော့ ကျနော်တို့ပါတီရဲ့ ဥက္ကဋ္ဌ ကိုပေါ့လေ။ ဖုန်းဆက်ပြီးတော့ အကြောင်းကြားလာခဲ့တယ်။ အစိုးရအဖွဲ့ရဲ့လုပ်ငန်းတွေမှာ ပါဝင်ဖို့ပေါ့နော်။ ဘယ်နေရာဆိုတာတော့ မပြောပါဘူးခင်ဗျ။ သူတို့ကမ်းလှမ်းတာကို ကျနော်တို့အနေနဲ့ကတော့ အဆင်သင့်မဖြစ်သေးဘူး၊ မလုပ်ဘူးဆိုပြီးတော့ ပြောပြလိုက်ပါတယ်။”

အရှိုချင်းအမျိုးသားပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းစတဲ့ လွှတ်တော် ကိုယ်စားလှယ် ရှစ်နေရာ ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်မရခဲ့ပါဘူး။

တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ KNDP ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကတော့ စစ်တပ်က အစိုးရအဖွဲ့မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးကပြောပါတယ်။

“ဖိတ်ခေါ်တော့ ကျနော်တို့ ဒီကိစ္စကို အကြေအလည်ဆွေးနွေးနေခဲ့ကြတာပေါ့။ ကျနော်တို့ တယောက်တော့ နာမည် စာရင်းပေးလိုက်တယ်။ ဒါပေမဲ့ ဘာမှမထွက်လာသေးတဲ့အတွက် ကျနော်တို့ အဲဒီတော့ အတိအကျ ပြောလို့ မရသေးဘူး။ အဘက်ဘက်ကို စဉ်းစားပြီးတော့မှ ကျနော်တို့က သဘောတူလိုက်တယ်။ ဒါပေမဲ့ ကျနော်တို့ ပါတီတာဝန်ကတော့နုတ်ထွက်ရမယ်။ နုတ်ထွက်ဖို့တော့ အဲဒီသဘောညှိနှိုင်းထားကြတာပေါ့လေ။”

ဒါပေမဲ့ အစိုးရအဖွဲ့ထဲပါဝင်မဲ့သူကို ပါတီတာဝန်ကနေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ပြောပါတယ်။

KNDP ပါတီဟာ ကရင်ပြည်နယ်အခြေစိုက်ပါတီ သုံးခုနဲ့ ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီဝင်အချို့ ပေါင်းစည်းတည်ထောင်ထားတဲ့ ပါတီဖြစ်ပြီးတော့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမဲ့ ကရင်ပြည်နယ်မှာ ဒုတိယ မဲအများဆုံးရတဲ့ပါတီလည်း ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ တနေရာ အနိုင်ရခဲ့တဲ့ ကရင်ပြည်သူ့ပါတီကလဲ လက်ရှိ ဥက္ကဋ္ဌ စောထွန်းအောင်မြင့်ဟာ နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီ အစိုးရရဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ထားသလို ကရင်ပြည်သူ့ပါတီဝင် ကေအဲန်ယူဗဟိုအလုပ်အမှုဆောင်ဟောင်း မန်းငြိမ်းမောင်ကိုလည်း ဗဟိုအဆင့် နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီအဖွဲ့တွင် ရွေးချယ်ခန့်အပ်ထားပါတယ်။

ANP ရခိုင်အမျိုးသားပါတီက ဒေါ်အေးနုစိန်ဟာလည်း ဗဟိုအဆင့် နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီ အဖွဲ့ဝင်အဖြစ် တာဝန်ပေးထားပါတယ်။

တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ကရင်အမျိုးသားပါတီ KNP ကတော့ စစ်တပ်ကဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့မှာပါဝင်ဖို့ ကြားလူက တဆင့် ကမ်းလှမ်းခဲ့တာကို ငြင်းဆန်ထားပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အာဏာရ NLD ပါတီက ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး လွှတ်တော်သစ် ကျင်းပမယ့် နေ့မှာပဲ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကတော့ အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ နိုင်ငံတော် စီမံခန့်ခွဲရေး ကောင်စီကို ဖဲ့ွစည်းခဲ့သလို၊ တိုင်းနဲ့ပြည်နယ် အဆင့်ဆင့် အုပ်ချုပ်မယ့် ကောင်စီတွေကိုလည်း တာဝန်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် တိုင်းရင်းသား နိုင်ငံရေး ပါတီတချို့က ကန့်ကွက်နေကြပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင် အချိန်အထိ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က အဓိကနိုင်ငံရေးပါတီဖြစ်တဲ့ ANP ရခိုင်အမျိုးသားပါတီကတော့ စစ်တပ်က ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းမယ့်အကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

တပ်မတော်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း တိုင်းရင်းသားနိုင်ငံရေး ပါတီတွေဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့က ဒီနေ့ပဲ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး၊ အာဏာသိမ်းတဲ့လုပ်ရပ်ဟာ မဖြစ်သင့်သလို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့လည်း တိုက်တွန်းထားကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရ ဦးသဲရယ်က ပြောပါတယ်။

“ကျနော်တို့ ငါးပြည်နယ် ငါးပါတီကနေ ထုတ်ပြန်တဲ့စာပေါ့နော်။ ကျနော်တို့ တိုင်းရင်းသား တွေ ကလည်း အာဏာရှင်းစနစ်နဲ့ အုပ်ချုပ်နေတာကို လက်မခံဘူးပေါ့နော်... ဒီကိစ္စကို ရှုံ့ချတယ်။ နောက်ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီးတော့မှ ဒီလိုအာဏာသိမ်းတယ်ဆိုတာကတော့ ကောင်းတဲ့ အရာတစ်ခု မဟုတ်ဆိုတာကို ဆိုလိုချင် တာပါ။ နောက်ပြီးတော့ နှစ်ဘက်စလုံးပြေပြေလည်လည် အဖြေရှာကြဖို့လည်း တောင်းဆိုတဲ့ အနေနဲ့ပါ။”

လွှတ်တော်နဲ့ အစိုးရသစ်ဖွဲ့မယ့် အချိန်မှာပဲ တပ်မတော်က အာဏာသိမ်းပြီး အရပ်သားအစိုးရ ခေါင်းဆောင်တွေကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်တဲ့ သဘောထားတွေ ထွက်ပေါ်နေရာမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေလည်း ပါဝင်လာကြတာပါ။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရ ဦးသဲရယ်ကတော့ စစ်တပ်က အာဏာသိမ်းတဲ့ အလေ့အထဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ ပြောပါတယ်။

“အာဏာသိမ်းတယ်ဆိုကတည်းက ကျနော်တို့အနေနဲ့လည်း အစဉ်အဆက် ရှိပြီးသားဖြစ် ပါတယ်။ အပြစ်အနာအဆာလည်း ရှိပြီးသားဖြစ်ပါတယ်ဆိုတော့ အာဏာသိမ်းရတဲ့ လုပ်ရပ်တော့ ဒါဘယ်သူမှ မကြိုက်ဘူးပေါ့နော်။ ကျနော်တို့ပြည်သူတို့လည်း မကြိုက်ဘူး။ ရှင်းရှင်း ပြောရရင် ဒါက တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ လူတွေက မကြိုက်ကြဘူး။ အာဏာသိမ်း တာက တပ်မတော်အတွက်လည်း မကောင်းသလို ပြည်သူလူထုကိုလည်း နစ်နာစေတဲ့ လုပ်ရက်ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောရခြင်းဖြစ်ပါတယ်။”

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေကြား စိုးရိမ်မှုတွေနဲ့ ကန့်ကွက်တဲ့ သဘောထားတွေ ထွက်ပေါ်နေသလို တပ်မတော်က အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ အစိုးရနဲ့ ပူးပေါင်းဖို့ လက်ခံသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ကတော့ ရခိုင်လူထု အကျိုးအတွက် ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပါတီထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

“NLD ပါတီအနေနဲ့ လွတ်တော်ထဲမှာရော လွတ်တော်ပြင်ပမှာပါ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့တာတွေ တအားကိုနည်းတယ်။ မရှိသလောက်လို့ ပြောလို့ ရတယ်။ ပြီးတော့ တပ်မတော်ဘက်ကိုလည်း ကျနော်တို့ အဲဒီလိုပဲ ပြောချင်တယ်။ တပ်မတော်နဲ့၊ AA နဲ့ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိခဲ့တယ်။ အဲဒီတော့ ကျနော်တို့က ဘယ်ဘက်ကိုမှ မပါသင့်ဘူးပေါ့နော်။ ကျနော်တို့ အလိုက်အထိုက် ဆက်ဆံသင့်တယ်။ မိမိတို့ အကျိုးစီးပွားအတွက်ဆိုရင် တပ်မတော်နဲ့လည်း ပေါင်းလို့ရတယ်။ NLD အစိုးရနဲ့လည်း ပေါင်းလို့ရတယ်။ ဒီနေ့တပ်မတော်ဘက်က ကမ်းလှမ်းလာတဲ့ အနေအထားမှာ ကျနော်တို့က ပူးပေါင်း ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ အကြမ်းအားဖြင့် ပြောချင်တယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အရေးယူဖို့အထိ လုပ်လာတဲ့အတွက် ပြည်တွင်း၊ ပြည်ပက ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ထွက်ပေါ်လာနေတာပါ။ မနေ့တုန်းကလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စစ်တပ်က အာဏာသိမ်းထားတာကို စွန့်လွှတ်ဖု့ိနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ တိုက်တွန်းခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ကျင့်သုံးဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG