သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္အမ်ိဳးသားပါတီ (ANP) စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ ရပ္တန္႔


ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ရခိုင္အမ်ိဳးသားပါတီရံုး။ (ANP) (ဓာတ္ပံု - Arakan National Party - ဇြန္ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က အာဏာသိမ္းယူထားခဲ့တဲ့ စစ္ေကာင္စီဘက္က ပါတီရဲ႕ေတာင္းဆိုခ်က္ေတြကို မလုပ္ေဆာင္ခဲ့တာေၾကာင့္ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္လုပ္ေဆာင္မႈေတြကို ရပ္တန္႔သြားမယ္လို႔ ရခိုင္အမ်ိဳးသားပါတီ (ANP) က ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကိုေတာ့ ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ရခိုင္အမ်ိဳးသားပါတီ ANP ရဲ႕ ထိပ္ပိုင္း ေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ ေဒၚေအးစုစိန္ဟာ အာဏာသိမ္းစစ္ေကာင္စီရဲ႕ အဖြဲ႔ဝင္ တစ္ဦးအျဖစ္ပါဝင္ခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ပါတီရဲ႕ေတာင္းဆိုခ်က္ေတြကို စစ္ေကာင္စီဘက္က မလုပ္ေဆာင္းေပးတာေၾကာင့္ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္ ေနတာေတြကို ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ ရပ္တန္႔သြားမယ္လို႔ ပါတီဥကၠ႒ ဦးသာထြန္းလွက ဗြီအိုေအကို ေျပာပါတယ္။

“အခုလက္ရွိ ရခိုင္ျပည္နယ္မွာက အရင္တုန္းက အခင္းအက်င္းထက္ တစ္စံုတစ္ရာ အေျပာင္းရွိတာလည္း မေတြ႔ရဘူး။ ရခိုင္ျပည္သူေတြအတြက္က ဒီပံုစံအတိုင္းဆက္လက္ က်ေနာ္တို႔ ဆက္စပ္ေဆာင္ရြက္ေနတယ္ဆိုတာမ်ိဳးလည္း က်ေနာ္တို႔လုပ္ေဆာင္လို႔ ရခဲ့တဲ့ အေျခအေန လည္းမရွိဘူး။ အဲဒါေၾကာင့္ ေဒၚေအးနုစိန္ပါဝင္မႈနဲ႔ ပတ္သတ္ၿပီး ပါတီက ဆက္စပ္ေဆာင္ရြက္ဖို႔အတြက္ လုပ္ေဆာင္ခဲ့တဲ့ ကိစၥေတြကို ေလာေလာဆယ္မွာ အဲဒါေၾကာင့္ ဒီကေန႔ က်င္းပတဲ့ ဗဟိုအလုပ္အမႈေဆာင္ကို အစည္းအေဝးက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီနဲ႔ ဆက္စပ္ေဆာင္ရြက္ေနတာကို ရပ္နားဖို႔အတြက္ သေဘာထားမွတ္ခ်က္ေပးတာ ျဖစ္တယ္။”

ရခိုင္အမ်ိဳးသားပါတီဟာ ရခိုင္လူထုေထာက္ခံမႈ အမ်ားဆံုးရရွိထားတဲ့ ပါတီတစ္ခုလည္း ျဖစ္သလို ရခိုင္ျပည္သူလူထုအက်ိဳးစီးပြားနဲ႔ ရခိုင္ျပည္နယ္စံမံအုပ္ခ်ဳပ္ေရးေကာင္စီကို ရခိုင္အမ်ိဳးသားပါတီက ဦးေဆာင္ၿပီး ဖြဲ႔စည္းဖို႔ ေတာင္းဆိုခဲ့တာကို စစ္ေကာင္စီဘက္က မလုပ္ေဆာင္ေပးတာေၾကာင့္ အခုလို ဆက္စပ္ ေဆာင္ရြက္ေနတာေတြကို ရပ္တန္႔ဖို႔ လုပ္ေဆာင္ရတာျဖစ္တယ္လို႔လည္း ဦးသာထြန္းလွကေျပာပါတယ္။

“ၿပီးေတာ့ က်ေနာ္တို႔ ေတာင္းဆိုခဲ့တာကလည္း အရင္တုန္းက NLD အစိုးရလက္ထက္ကတည္းကလည္း က်ေနာ္တို႔ ေတာင္းခဲ့တယ္။ ရခိုင္ျပည္နယ္မွာ ရခိုင္ျပည္နယ္ အစိုးရကို ဦးေဆာင္ဖြဲ႔စည္းဖို႔အတြက္ ေတာင္းဆိုခဲ့တာရွိတယ္။ အခုႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကိုလည္း က်ေနာ္တုိ႔ ဦးေဆာင္ၿပီးေတာ့ ရခိုင္လူမ်ိဳးနဲ႔ ရခိုင္ျပည္နယ္ အက်ိဳးစီးပြားအတြက္ လုပ္ေဆာင္ဖို႔အတြက္ က်ေနာ္တို႔ ေတာင္းဆိုခဲ့တာ ရွိတယ္။ အဲဒီအေပၚမွာ တစ္စံုတစ္ရာ အသိအမွတ္ျပဳမႈ က်ေနာ္တို႔ကို သေဘာထားေပးမႈကိုလည္း က်ေနာ္တို႔ အဲဒီလိုသေဘာမ်ိဳးလည္း ဘာမွ သိရတဲ့ အေျခအေနေတြ မရွိဘူး။”

အာဏာသိမ္းစစ္ေကာင္စီက ခန္႔အပ္တဲ့ ႏိုင္ငံေတာ္စံမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ရာထူးကို ရခိုင္အမ်ိဳးသားပါတီရဲ႕ ထိပ္ပိုင္းေဆာင္တစ္ဦးျဖစ္တဲ့ ေဒၚေအးနုစိန္က လက္ခံၿပီးတဲ့ေနာက္ပိုင္း ရခိုင္လူထုၾကားေဝဖန္မႈေတြလည္း ရွိခဲ့သလို ပါတီတြင္း ႏုတ္ထြက္တာေတြလည္း ရွိခဲ့ပါတယ္။

အခုလက္ရွိမွာေတာ့ ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္ ေနတာေတြကို ရပ္တန္႔မယ့္ ကိစၥနဲ႔ ပတ္သတ္ၿပီး ရခိုင္အေရး ေလ့လာသံုးသပ္သူ ကိုထြန္းၾကည္က အခုလိုေျပာပါတယ္။

“က်ေနာ္ျမင္တာကေတာ့ စစ္ေကာင္စီနဲ႔ လမ္းခြဲသည္ျဖစ္ေစ၊ ဆက္ၿပီးေတာ့ ပူးေပါင္းပါဝင္ေနသည္ျဖစ္ေစ ANP ပါတီရဲ႕ ႏိုင္ငံေရး ပါတီတစ္ခုရဲ႕ ဂုဏ္သိကၡာနဲ႔ ႏိုင္ငံေရးပါတီတစ္ခုအေနနဲ႔ အဓိက လုပ္ရမယ့္ ဒီမိုကေရစီအေျခခံအခြင့္အေရးေတြ အကုန္လံုး ANP ပါတီဟာ ခ်ိဳးေဖာက္ၿပီးသား ျဖစ္တယ္ေပါ့ေနာ္။ အခုျဖစ္သြားတဲ့ စစ္ေကာင္စီကေန လူထုဆႏၵျပပြဲေတြ၊ ေနာက္ၿပီးေတာ့ လူထုလႈပ္ရွားမႈေတြမွာ တုံ႔ျပန္ခဲ့တဲ့ အၾကမ္းဖက္လုပ္ရပ္ေတြမွာလည္း ANP ပါတီမွာလည္း တာဝန္ရွိ္တယ္ဆိုတာကို သူတို႔ဝန္ခံရလိမ့္မယ္။ ဒါဟာ အရွိတရားျဖစ္တယ္။ သူတို႔အေနနဲ႔ ဘယ္လိုဆက္သြားမယ္ဆိုတာကေတာ့ က်ေနာ္လည္းေျပာရခက္တယ္ေပါ့ေနာ္။”

လက္ရွိအခ်ိန္မွာ ရခိုင္အမ်ိဳးသားပါတီက ေဒၚေအးႏုစိန္နဲ႔ အရင္အစိုးရလက္ထက္က ရခိုင္တိုင္းရင္းေရးရာဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဦးေဇာ္ေအးေမာင္ တို႔ကေတာ့ အာဏာသိမ္းစစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာလည္းျဖစ္ပါတယ္။

ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ စစ္ေကာင္စီနဲ႔ ပူးေပါင္းေနသူေတြဟာ သူတို႔သေဘာဆႏၵ အေလ်ာက္ ပူးေပါင္းေနသူေတြျဖစ္ၿပီး ပါတီက ထုတ္မထုတ္ဆိုတာကိုေတာ့ ဗဟိုေကာ္ မတီအစည္းအေဝးေခၚယူၿပီးေတာ့ ဆံုးျဖတ္ရမွာျဖစ္တယ္လို႔လည္း ရခိုင္အမ်ိဳးသားပါတီ ဥကၠ႒ ဦးသာထြန္းလွက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်အမျိုးသားပါတီ (ANP) စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းယူထားခဲ့တဲ့ စစ်ကောင်စီဘက်က ပါတီရဲ့တောင်းဆိုချက်တွေကို မလုပ်ဆောင်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်မှုတွေကို ရပ်တန့်သွားမယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုတော့ ကိုငြိမ်းချမ်းက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်အမျိုးသားပါတီ ANP ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်အေးစုစိန်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဖွဲ့ဝင် တစ်ဦးအဖြစ်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ပါတီရဲ့တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က မလုပ်ဆောင်းပေးတာကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် နေတာတွေကို ရခိုင်အမျိုးသားပါတီအနေနဲ့ ရပ်တန့်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ဗွီအိုအေကို ပြောပါတယ်။

“အခုလက်ရှိ ရခိုင်ပြည်နယ်မှာက အရင်တုန်းက အခင်းအကျင်းထက် တစ်စုံတစ်ရာ အပြောင်းရှိတာလည်း မတွေ့ရဘူး။ ရခိုင်ပြည်သူတွေအတွက်က ဒီပုံစံအတိုင်းဆက်လက် ကျနော်တို့ ဆက်စပ်ဆောင်ရွက်နေတယ်ဆိုတာမျိုးလည်း ကျနော်တို့လုပ်ဆောင်လို့ ရခဲ့တဲ့ အခြေအနေ လည်းမရှိဘူး။ အဲဒါကြောင့် ဒေါ်အေးနုစိန်ပါဝင်မှုနဲ့ ပတ်သတ်ပြီး ပါတီက ဆက်စပ်ဆောင်ရွက်ဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေကို လောလောဆယ်မှာ အဲဒါကြောင့် ဒီကနေ့ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကို အစည်းအဝေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်နေတာကို ရပ်နားဖို့အတွက် သဘောထားမှတ်ချက်ပေးတာ ဖြစ်တယ်။”

ရခိုင်အမျိုးသားပါတီဟာ ရခိုင်လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ပါတီတစ်ခုလည်း ဖြစ်သလို ရခိုင်ပြည်သူလူထုအကျိုးစီးပွားနဲ့ ရခိုင်ပြည်နယ်စံမံအုပ်ချုပ်ရေးကောင်စီကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီး ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာကို စစ်ကောင်စီဘက်က မလုပ်ဆောင်ပေးတာကြောင့် အခုလို ဆက်စပ် ဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း ဦးသာထွန်းလှကပြောပါတယ်။

“ပြီးတော့ ကျနော်တို့ တောင်းဆိုခဲ့တာကလည်း အရင်တုန်းက NLD အစိုးရလက်ထက်ကတည်းကလည်း ကျနော်တို့ တောင်းခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ် အစိုးရကို ဦးဆောင်ဖွဲ့စည်းဖို့အတွက် တောင်းဆိုခဲ့တာရှိတယ်။ အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုလည်း ကျနော်တို့ ဦးဆောင်ပြီးတော့ ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက် လုပ်ဆောင်ဖို့အတွက် ကျနော်တို့ တောင်းဆိုခဲ့တာ ရှိတယ်။ အဲဒီအပေါ်မှာ တစ်စုံတစ်ရာ အသိအမှတ်ပြုမှု ကျနော်တို့ကို သဘောထားပေးမှုကိုလည်း ကျနော်တို့ အဲဒီလိုသဘောမျိုးလည်း ဘာမှ သိရတဲ့ အခြေအနေတွေ မရှိဘူး။”

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ နိုင်ငံတော်စံမံအုပ်ချုပ်ရေးကောင်စီဝင်ရာထူးကို ရခိုင်အမျိုးသားပါတီရဲ့ ထိပ်ပိုင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အေးနုစိန်က လက်ခံပြီးတဲ့နောက်ပိုင်း ရခိုင်လူထုကြားဝေဖန်မှုတွေလည်း ရှိခဲ့သလို ပါတီတွင်း နုတ်ထွက်တာတွေလည်း ရှိခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် နေတာတွေကို ရပ်တန့်မယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ရခိုင်အရေး လေ့လာသုံးသပ်သူ ကိုထွန်းကြည်က အခုလိုပြောပါတယ်။

“ကျနော်မြင်တာကတော့ စစ်ကောင်စီနဲ့ လမ်းခွဲသည်ဖြစ်စေ၊ ဆက်ပြီးတော့ ပူးပေါင်းပါဝင်နေသည်ဖြစ်စေ ANP ပါတီရဲ့ နိုင်ငံရေး ပါတီတစ်ခုရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ အဓိက လုပ်ရမယ့် ဒီမိုကရေစီအခြေခံအခွင့်အရေးတွေ အကုန်လုံး ANP ပါတီဟာ ချိုးဖောက်ပြီးသား ဖြစ်တယ်ပေါ့နော်။ အခုဖြစ်သွားတဲ့ စစ်ကောင်စီကနေ လူထုဆန္ဒပြပွဲတွေ၊ နောက်ပြီးတော့ လူထုလှုပ်ရှားမှုတွေမှာ တုံ့ပြန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာလည်း ANP ပါတီမှာလည်း တာဝန်ရှိတယ်ဆိုတာကို သူတို့ဝန်ခံရလိမ့်မယ်။ ဒါဟာ အရှိတရားဖြစ်တယ်။ သူတို့အနေနဲ့ ဘယ်လိုဆက်သွားမယ်ဆိုတာကတော့ ကျနော်လည်းပြောရခက်တယ်ပေါ့နော်။”

လက်ရှိအချိန်မှာ ရခိုင်အမျိုးသားပါတီက ဒေါ်အေးနုစိန်နဲ့ အရင်အစိုးရလက်ထက်က ရခိုင်တိုင်းရင်းရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဇော်အေးမောင် တို့ကတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေသူတွေဟာ သူတို့သဘောဆန္ဒ အလျောက် ပူးပေါင်းနေသူတွေဖြစ်ပြီး ပါတီက ထုတ်မထုတ်ဆိုတာကိုတော့ ဗဟိုကော် မတီအစည်းအဝေးခေါ်ယူပြီးတော့ ဆုံးဖြတ်ရမှာဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG