[Zawgyi/Unicode]
ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္၊ လီဒိုလမ္းမႀကီးေပၚမွာ႐ွိတဲ့ ယုဇနကုမၸဏီပိုင္ အေဆာက္အဦးေတြကို KIA ကခ်င္လက္နက္ကိုင္အဖဲြ႔က ဖ်က္ဆီးခဲ့ပါတယ္။ ယုဇနကုမၸဏီအေပၚ KIA က ျပစ္မွတ္ထားၿပီး ဒုတိယအႀကိမ္ တို္က္ခိုက္တာျဖစ္ပါတယ္။ တခါ ျမစ္ႀကီးနား- ပူတာအိုလမ္းက ဆြမ္ပရာဘြမ္ၿမိဳ႕နယ္မွာလည္း ဆီတင္ယာဥ္ ၂ စီးကို KIA က မီးရိႈ႕ခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုခင္ေမာင္စိုးမင္းက ေျပာျပပါမယ္။
မတ္လ ဒုတိယပတ္က စတင္ခဲ့တဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ကခ်င္လက္နက္ကိုင္ KIA အၾကား တုိက္ပဲြေတြဟာ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသေတြမွာ ေနရာအေတာ္မ်ားမ်ားကို ပ်ံ႕ႏွံ႔လာေနပါတယ္။ ဗုဒၶဟူးေန႔ကေတာ့ ဖားကန္႔နဲ႔ ဆြမ္ပရာဘြမ္ၿမိဳ႔နယ္ေတြမွာ KIA က တုိက္ခိုက္ဖ်က္ဆီးမႈေတြ ႐ွိခဲ့ပါတယ္။ ဖ်က္ဆီးခံရတဲ့ ယုဇနကုမၸဏီပိုင္ အေဆာက္အဦးဟာ ဖားကန္႔ၿမိဳ ႔နယ္ လီဒိုလမ္းမၾကီးေပၚက ရွဒူဇြပ္ရြာအနီး ဘန္ေကာက္ရြာမွာရိွၿပီး KIA က ည ၉ နာရီေလာက္က ဖ်က္ဆီးခဲ့တာျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။
“ယုဇနကုမၸဏီအေဆာက္အဦးေတြ ဖ်က္ဆီးတယ္ေပါ့။ စက္ရံုေတြ၊ ၀န္းထဲက အေဆာက္အဦေတြေပါ့။ အရင္ တစ္ခါတုန္းကေတာ့ မီးရိႈ႔တာေပါ့။ အကုန္မေလာင္ဘူးေပါ့ေနာ္။ ကား တခ်ိဳ႔ရယ္ အေဆာက္အဦး တခ်ိဳ ႔ရယ္ေပါ့။ အခုကေတာ့ အေဆာက္အဦးေတြ အကုန္လံုးနီးပါးေပါ့ဗ်ာ။ အထဲကေရာ၊ လမ္းေဘးကေရာ ပ်က္ဆီးသြားတယ္ေပါ့။”
ဒီလုိ KIA က ၀င္ေရာက္ ဖ်က္ဆီးခ်ိန္မွာ ရွဒူဇြပ္အေျခစိုက္ စစ္တပ္က လက္နက္ၾကီးနဲ႔ ပစ္ခတ္တာရိွေပမဲ့ တုိက္ပဲြျဖစ္ပြားတာေတာ့ မရိွခဲ့ပါဘူး။ ယုဇနကုမၸဏီဟာ ဟူးေကာင္းခ်ိဳင့္၀ွမ္းေဒသအတြင္း ပေလာပီနံစိုက္ပ်ိဳးေရးစီမံကိန္းကို ေဆာင္ရြက္ရာမွာ ေဒသခံေတြရဲ့ ဘိုးဘြားပိုင္ေျမ ဧက သိန္းနဲ႔ခ်ီ သိမ္းယူခဲ့တယ္ဆုိၿပီး ေဒသခံေတြနဲ႔ ကုမၸဏီအၾကားမွာ ျပႆနာေတြ ရိွခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလ ၁ ရက္ေန႔က ပထမတစ္ႀကိမ္ KIA က တိုက္ခုိက္ခဲ့တာျဖစ္ၿပီး ယုဇနကုမၸဏီရဲ႕ ဂိုေဒါင္ ၄ ခု၊ ကုမၸဏီကားနဲ႔ စက္ယႏၱယားယာဥ္ ၂၀ ေက်ာ္ ဖ်က္ဆီးခံခဲ့ရေၾကာင္း KNG ေခၚ ကခ်င္သတင္းဌာနက ေဖာ္ျပပါတယ္။ ပထမအၾကိမ္တုိက္ခုိက္စဥ္ကေတာ့ ယုဇနကုမၸဏီ အေဆာက္အဦးမွာ စစ္တပ္က ၀င္ေရာက္စခန္းခ်မႈ ႐ွိတဲ့အတြက္ တိုက္ခိုက္ခဲ့တာလို႔ KIA ဘက္က ေျပာဆိုခဲ့ပါတယ္။
ဆြမ္ပရာဘြမ္ၿမိဳ ႔နယ္အတြင္းမွာလည္း ဗုဒၶဟူးေန႔ ေန႔ခင္းက ျမစ္ၾကီးနားကေန ပူတာအုိကို သြားတဲ့ စက္သံုးဆီတင္ကားႏွစ္စီးကို KIA က မီးရိႈ ႔ဖ်က္ဆီးခဲ့ေၾကာင္း ပူတာအိုေဒသခံတစ္ဦးက ေျပာပါတယ္။
“မေန႔က ဟုတ္တယ္တဲ့။ မုိင္ေထာင္နဲ႔ သိပ္မေ၀းတဲ့ေနရာမွာ။ မီးရိႈ႕လိုက္တယ္တဲ့။ ဓါတ္ဆီကား ၂ စီးလို႔ ေျပာတယ္။ ၂ စီး။ ခဏခဏ လာလိုက္၊ ျပန္သြားလိုက္၊ လာလိုက္၊ ျပန္သြားလိုက္ အဲဒီလိုနဲ႔ ေန႔တုိင္းလိုလိုေပါ့ေနာ္။ အဲဒီလို ျဖစ္လို႔ ရိႈ႔လိုက္တာဆိုၿပီးမွ အဲဒီလိုေျပာၾကတယ္တဲ့ ရြာက လူေတြက။”
ကခ်င္သတင္း မီဒီယာေတြမွာေတာ့ တပ္မေတာ္ပိုင္ စက္သံုးဆီအျဖစ္ ယူဆၿပီး KIA က မီးရိႈ႔ခဲ့တာျဖစ္ေၾကာင္းနဲ႔ မီးမရိႈ႔႕ခင္မွာ လက္နက္ငယ္နဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ ကားနဲ႔အတူလိုက္ပါလာသူ ၄ ဦးအနက္၂ ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ေဖာ္ျပပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကလည္း KIA က လားရိႈး - မူဆယ္ ျပည္ေထာင္စုလမ္းမၾကီးေပၚမွာ ဆီေဘာက္ဆာ ၇ စီးကို တိုက္ခိုက္ဖ်က္ဆီးခဲ့သလို ကန္ပိုက္တီး - ၀ိုင္းေမာ္- ျမစ္ၾကီးနားလမ္းမွာလည္း ၃ စီး တိုက္ခိုက္ခဲ့ပါတယ္။
စစ္ေကာင္စီရဲ႕ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဒီလို ဆီသယ္ယာဥ္ေတြကို တိုက္ခိုက္ေနတာနဲ႔ ပတ္သက္ၿပီး တံု႔ျပန္ထားပါတယ္။
“ဒီဟာနဲ႔ ပတ္သက္ၿပီး က်ေနာ္တုိ႔လည္း သတင္းထုတ္ျပန္ထားတာ ရိွတယ္။ တပ္မေတာ္ရဲ့ ဆီတင္ကားေတြ မဟုတ္ပါဘူးဗ်ာ။ ဘယ္ကုမၸဏီပိုင္တဲ့ ဆီတင္ကားေတြ ျဖစ္တယ္ဆုိတာလည္း က်ေနာ္တုိ႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ကုမၸဏီပိုင္တဲ့ ဆီတင္ကားေတြ ျဖစ္တယ္။ ၿပီးရင္သူတုိ႔ အသံုးျပဳေနတာကေတာ့ ေဒသခံျပည္သူ လူထုသြားလာ ဆက္သြယ္ေရးအတြက္ ေရာင္းခ်ေနတဲ့ ဆီဆိုင္ေတြရဲ့ ဆီတင္ကားေတြပဲ ျဖစ္တယ္။ ဒီလိုမ်ိဳးလုပ္တာ ကေတာ့ COVID 19 ကာလမွာ လမ္းပန္းဆက္သြယ္မႈ ခက္ခဲတာေရာ၊ ကုန္ေစ်းႏႈန္းၾကီးျမင့္တာေတြေရာ ျဖစ္လာတဲ့အထဲမွာ ဒီလုိမ်ိဳးျဖစ္လာတဲ့အတြက္ ေဒသခံျပည္သူလူထုေတြ အတြက္ ပိုၿပီးေတာ့မွာ ၀န္ထုပ္၀န္ပိုး ျဖစ္ေစတယ္လုိ႔ပဲ ေျပာခ်င္ပါတယ္။”
KIA ရဲ႕ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မႈးၾကီး ေနာ္ဘူကေတာ့-
“ ဒီတပ္မေတာ္ဘက္ကနဲ႔လည္း က်ေနာ္တို႔ ခဏခဏ ေျပာေနတယ္။ ျပည္သူပိုင္ ကုမၸဏီေတြ၊ သူသံုးေနတဲ့ ကားေတြမွာ စစ္သားေတြ၊ စစ္လက္နက္ေတြ၊ စစ္ကိရိယာေတြ၊ စစ္နဲ႔ ပတ္သက္တဲ့ဟာေတြ သယ္တာ ရိွပါတယ္။ ခဏခဏ က်ေနာ္တုိ႔ ေတြ႔ပါတယ္။ အဲဒါေၾကာင့္လည္း မွားၿပီးမွ ပစ္ႏိုင္တယ္ ဒါကလည္း။ ေနာက္တစ္ခုကေတာ့ သူတုိ႔က ဘယ္ေတာ့မွ ၀န္မခံဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ သူတို႔ ထုတ္ျပန္တဲ့ သတင္းေတြကို က်ေနာ္တို႔က ေထာက္ခံလုိ႔ေတာ့ မရဘူးေနာ္။ က်ေနာ္ အဲဒီ ၂ ခ်က္ ေျပာခ်င္ပါတယ္။”
ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း တပ္မေတာ္နဲ႔ KIA အၾကားမွာ တုိက္ပဲြျပင္းထန္ခဲ့တဲ့ မိုးေမာက္နဲ႔ မန္စီၿမိဳ ႔နယ္ေတြမွာေတာ့ ဒီရက္ပိုင္းအတြင္းမွာ တိုက္ပဲြေတြ ၿငိမ္သက္ေနေၾကာင္း၊ စစ္ေကာင္စီဘက္ကေတာ့ စစ္အင္အား တုိးခ်ဲ႕တာေတြ ရိွေနၿပီး အေျခအေနက တင္းမာေနဆဲ ရိွေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။
[Unicode Version]
ယုဇနကုမ္ပဏီပိုင် အဆောက်အဦး KIA တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီးပေါ်မှာရှိတဲ့ ယုဇနကုမ္ပဏီပိုင် အဆောက်အဦးတွေကို KIA ကချင်လက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခဲ့ပါတယ်။ ယုဇနကုမ္ပဏီအပေါ် KIA က ပြစ်မှတ်ထားပြီး ဒုတိယအကြိမ် တိုက်ခိုက်တာဖြစ်ပါတယ်။ တခါ မြစ်ကြီးနား- ပူတာအိုလမ်းက ဆွမ်ပရာဘွမ်မြို့နယ်မှာလည်း ဆီတင်ယာဉ် ၂ စီးကို KIA က မီးရှို့ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။
မတ်လ ဒုတိယပတ်က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲတွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ နေရာအတော်များများကို ပျံ့နှံ့လာနေပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ဖားကန့်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာ KIA က တိုက်ခိုက်ဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ ဖျက်ဆီးခံရတဲ့ ယုဇနကုမ္ပဏီပိုင် အဆောက်အဦးဟာ ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်က ရှဒူဇွပ်ရွာအနီး ဘန်ကောက်ရွာမှာရှိပြီး KIA က ည ၉ နာရီလောက်က ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
“ယုဇနကုမ္ပဏီအဆောက်အဦးတွေ ဖျက်ဆီးတယ်ပေါ့။ စက်ရုံတွေ၊ ဝန်းထဲက အဆောက်အဦတွေပေါ့။ အရင် တစ်ခါတုန်းကတော့ မီးရှို့တာပေါ့။ အကုန်မလောင်ဘူးပေါ့နော်။ ကား တချို့ရယ် အဆောက်အဦး တချို့ရယ်ပေါ့။ အခုကတော့ အဆောက်အဦးတွေ အကုန်လုံးနီးပါးပေါ့ဗျာ။ အထဲကရော၊ လမ်းဘေးကရော ပျက်ဆီးသွားတယ်ပေါ့။”
ဒီလို KIA က ဝင်ရောက် ဖျက်ဆီးချိန်မှာ ရှဒူဇွပ်အခြေစိုက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာရှိပေမဲ့ တိုက်ပွဲဖြစ်ပွားတာတော့ မရှိခဲ့ပါဘူး။ ယုဇနကုမ္ပဏီဟာ ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း ပလောပီနံစိုက်ပျိုးရေးစီမံကိန်းကို ဆောင်ရွက်ရာမှာ ဒေသခံတွေရဲ့ ဘိုးဘွားပိုင်မြေ ဧက သိန်းနဲ့ချီ သိမ်းယူခဲ့တယ်ဆိုပြီး ဒေသခံတွေနဲ့ ကုမ္ပဏီအကြားမှာ ပြဿနာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ပထမတစ်ကြိမ် KIA က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယုဇနကုမ္ပဏီရဲ့ ဂိုဒေါင် ၄ ခု၊ ကုမ္ပဏီကားနဲ့ စက်ယန္တယားယာဉ် ၂၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း KNG ခေါ် ကချင်သတင်းဌာနက ဖော်ပြပါတယ်။ ပထမအကြိမ်တိုက်ခိုက်စဉ်ကတော့ ယုဇနကုမ္ပဏီ အဆောက်အဦးမှာ စစ်တပ်က ဝင်ရောက်စခန်းချမှု ရှိတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ KIA ဘက်က ပြောဆိုခဲ့ပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်းမှာလည်း ဗုဒ္ဓဟူးနေ့ နေ့ခင်းက မြစ်ကြီးနားကနေ ပူတာအိုကို သွားတဲ့ စက်သုံးဆီတင်ကားနှစ်စီးကို KIA က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ဟုတ်တယ်တဲ့။ မိုင်ထောင်နဲ့ သိပ်မဝေးတဲ့နေရာမှာ။ မီးရှို့လိုက်တယ်တဲ့။ ဓါတ်ဆီကား ၂ စီးလို့ ပြောတယ်။ ၂ စီး။ ခဏခဏ လာလိုက်၊ ပြန်သွားလိုက်၊ လာလိုက်၊ ပြန်သွားလိုက် အဲဒီလိုနဲ့ နေ့တိုင်းလိုလိုပေါ့နော်။ အဲဒီလို ဖြစ်လို့ ရှို့လိုက်တာဆိုပြီးမှ အဲဒီလိုပြောကြတယ်တဲ့ ရွာက လူတွေက။”
ကချင်သတင်း မီဒီယာတွေမှာတော့ တပ်မတော်ပိုင် စက်သုံးဆီအဖြစ် ယူဆပြီး KIA က မီးရှို့ခဲ့တာဖြစ်ကြောင်းနဲ့ မီးမရှို့ခင်မှာ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကားနဲ့အတူလိုက်ပါလာသူ ၄ ဦးအနက်၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း KIA က လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆီဘောက်ဆာ ၇ စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့သလို ကန်ပိုက်တီး - ဝိုင်းမော်- မြစ်ကြီးနားလမ်းမှာလည်း ၃ စီး တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီလို ဆီသယ်ယာဉ်တွေကို တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ထားပါတယ်။
“ဒီဟာနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း သတင်းထုတ်ပြန်ထားတာ ရှိတယ်။ တပ်မတော်ရဲ့ ဆီတင်ကားတွေ မဟုတ်ပါဘူးဗျာ။ ဘယ်ကုမ္ပဏီပိုင်တဲ့ ဆီတင်ကားတွေ ဖြစ်တယ်ဆိုတာလည်း ကျနော်တို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကုမ္ပဏီပိုင်တဲ့ ဆီတင်ကားတွေ ဖြစ်တယ်။ ပြီးရင်သူတို့ အသုံးပြုနေတာကတော့ ဒေသခံပြည်သူ လူထုသွားလာ ဆက်သွယ်ရေးအတွက် ရောင်းချနေတဲ့ ဆီဆိုင်တွေရဲ့ ဆီတင်ကားတွေပဲ ဖြစ်တယ်။ ဒီလိုမျိုးလုပ်တာ ကတော့ COVID 19 ကာလမှာ လမ်းပန်းဆက်သွယ်မှု ခက်ခဲတာရော၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေရော ဖြစ်လာတဲ့အထဲမှာ ဒီလိုမျိုးဖြစ်လာတဲ့အတွက် ဒေသခံပြည်သူလူထုတွေ အတွက် ပိုပြီးတော့မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ပဲ ပြောချင်ပါတယ်။”
KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူကတော့-
“ ဒီတပ်မတော်ဘက်ကနဲ့လည်း ကျနော်တို့ ခဏခဏ ပြောနေတယ်။ ပြည်သူပိုင် ကုမ္ပဏီတွေ၊ သူသုံးနေတဲ့ ကားတွေမှာ စစ်သားတွေ၊ စစ်လက်နက်တွေ၊ စစ်ကိရိယာတွေ၊ စစ်နဲ့ ပတ်သက်တဲ့ဟာတွေ သယ်တာ ရှိပါတယ်။ ခဏခဏ ကျနော်တို့ တွေ့ပါတယ်။ အဲဒါကြောင့်လည်း မှားပြီးမှ ပစ်နိုင်တယ် ဒါကလည်း။ နောက်တစ်ခုကတော့ သူတို့က ဘယ်တော့မှ ဝန်မခံဘူးပေါ့နော်။ အဲဒါကြောင့် သူတို့ ထုတ်ပြန်တဲ့ သတင်းတွေကို ကျနော်တို့က ထောက်ခံလို့တော့ မရဘူးနော်။ ကျနော် အဲဒီ ၂ ချက် ပြောချင်ပါတယ်။”
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တပ်မတော်နဲ့ KIA အကြားမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးမောက်နဲ့ မန်စီမြို့နယ်တွေမှာတော့ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ငြိမ်သက်နေကြောင်း၊ စစ်ကောင်စီဘက်ကတော့ စစ်အင်အား တိုးချဲ့တာတွေ ရှိနေပြီး အခြေအနေက တင်းမာနေဆဲ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။