သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဖမ္းအဆီးေတြၾကားက ႏိုင္ငံတဝန္း ဆႏၵျပပြဲမ်ား


ကခ်င္ျပည္နယ္ ဖားကန္႔ တိုင္းရင္းသားလူမ်ိဳးေပါင္းစံု သပိတ္စစ္ေၾကာင္းျမင္ကြင္း။ (ဓာတ္ပုံ - SK - ေမ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕မွာ လံုၿခံဳေရးတင္းၾကပ္ထားလို႔ လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပမႈေတြ မလုပ္ႏိုင္ခဲ့တဲ့ ဆႏၵျပစစ္ေၾကာင္း တခ်ဳိ႕ ဒီေန႔ေတာ့ ျပန္ထြက္လာၿပီး စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပပဲြေတြ ပံုမွန္လုပ္ေနတဲ့ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ လံုၿခံဳေရး ပိုၿပီး တင္းၾကပ္လာတာေၾကာင့္ေရာ အဖမ္းအဆီးေတြ မ်ားလာတာေၾကာင့္ပါ ခ်ီတက္ဆႏၵျပပဲြေတြ လုပ္ဖုိ႔ ခက္ခဲလာတယ္လို႔ ဆႏၵျပေခါင္းေဆာင္ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မဆုမြန္က ေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕ေနရာစံုမွာ စစ္ေကာင္စီတပ္ဖဲြ႔ဝင္ေတြက အရပ္ဝတ္ေတြနဲ႔ လွည့္လည္ေစာင့္ၾကည့္ေနတဲ့အတြက္ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပပြဲေတြ မလုပ္ႏိုင္ခဲ့ၾကေပမဲ့ ဒီကေန႔မွာေတာ့ ၿမိဳ႕နယ္အလိုက္ သပိတ္တခ်ိဳ႕နဲ႔ ညီညာဆင္ႏဲႊ ရန္ကုန္တိုက္ပြဲဆိုတဲ့ သပိတ္စစ္ေၾကာင္းေတြ ျပန္ထြက္လာၾကပါတယ္။ လံုၿခံဳေရးအေျခအေနကို ႀကိဳတင္ေလ့လာထားၿပီး အခ်ိန္တိုအတြင္း ေဘးကင္းေအာင္ ဆႏၵျပခဲ့ၾကရတာျဖစ္တယ္လို႔ ေတာင္ဒဂုံၿမိဳ႕နယ္ သပိတ္ေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ သိသေလာက္ဆိုရင္ ဒီေန႔ ေတာင္ဒဂုံမွာ ရွိတယ္။ ဘုရင့္ေနာင္လမ္းေပၚမွာဆိုရင္ ညီညာဆင္ႏဲႊ ရန္ကုန္တိုက္ပြဲ သပိတ္စစ္ေၾကာင္းရွိတယ္။ အဲ့ဒီႏွစ္ေၾကာင္းေတာ့ သိရတယ္။ ေတာင္ဒဂုံမွာဆိုရင္ေတာ့ ရပ္ကြက္ေတြထဲမွာေပါ့ ရပ္ကြက္သပိတ္ပဲ က်င္းပခဲ့တာပါဗ်။ အင္အားကေတာ့ အမ်ားႀကီးေတာ့ မပါလာဘူး။ လူငယ္ေတြခ်ည္းပဲ ျဖစ္တဲ့အတြက္ အင္အားက ၁၅၊ ၁၆ ေလာက္နဲ႔ က်န္တာကေတာ့ ျပည္သူေတြက ႀကိဳဆိုတာေတြ ရွိတယ္။ ျပည္သူေတြ ရင္ထဲကေနၿပီးေတာ့ ဒါ အာဏာရွင္စနစ္ကို ေတာ္လွန္တဲ့အေနနဲ႔ လက္ ၃ ေခ်ာင္းေထာင္တာမ်ိဳးေတြ၊ လက္ခုပ္တီးၿပီး ႀကိဳဆိုတာမ်ိဳးေတြ ရွိခဲ့ပါတယ္ဗ်။ ဒီေန႔ကေတာ့ က်ေနာ္တို႔ ႀကိဳတင္ကင္းလွည့္ ၾကည့္ထားတာေပါ့ေနာ္။ ၾကည့္ၿပီးေတာ့ သူတို႔ရဲ႕ လႈပ္ရွားမႈေတြကို က်ေနာ္တို႔ ၾကည့္တယ္။ သူတို႔ လစ္ဟာသြားမယ့္ အေျခအေနမ်ိဳးေတြမွာ က်ေနာ္တို႔ သပိတ္စစ္ေၾကာင္းကို ထြက္ခဲ့တာေပါ့။”

ဆႏၵျပအင္အားမ်ားတဲ့ မံု႐ြာၿမိဳ႕မွာလည္း စစ္တပ္က ေစာင့္ၾကည့္ေနတဲ့ၾကားက မုံ႐ြာပင္မစစ္ေၾကာင္းနဲ႔ တကၠသိုလ္ေက်ာင္းသူ၊ ေက်ာင္းသားစုေပါင္း အင္အား ၃၀၀ ေလာက္နဲ႔ ဒီကေန႔မွာ အေရာင္စုံစာ႐ြက္ေပၚမွာ စစ္ကြၽန္ပညာေရး အလိုမရွိစတဲ့ စာသားေတြ ေရးသားကိုင္ေဆာင္ၿပီး လွည့္လည္ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ ၿဖိဳခြဲ ဖမ္းဆီးမႈေတြ စစ္တပ္က လုပ္ေနတဲ့ၾကားက သူတို႔ဘာေၾကာင့္ အခုထိ လမ္းေပၚထြက္ဆႏၵျပရသလဲဆိုတာကို မုံ႐ြာလူထုသပိတ္တိုက္ပြဲ ဦးေဆာင္ေကာ္မတီအဖြဲ႕ဝင္ ကိုခန႔္ေဝၿဖိဳးက အခုလို ေျပာပါတယ္။

“လမ္းမေပၚမွာ သူတို႔ဆန႔္က်င္တဲ့ သပိတ္စစ္ေၾကာင္းေတြကို သူတို႔ကလည္း ထိန္းသိမ္းဖို႔ ၿဖိဳခြင္းဖို႔ၾက ေတာ့ သူတို႔မွာလည္း အခက္အခဲေတြ ရွိတယ္ေပါ့ေနာ္။ သူတို႔အေနနဲ႔ ဒီကိစၥကို ကိုင္တြယ္ရခက္တယ္ေပါ့ေနာ္။ တကယ္လို႔ သူတို႔ ကိုင္တြယ္လိုက္တယ္ဆိုရင္လည္း အၾကမ္းပတမ္းနဲ႔ဆိုေတာ့ သူတို႔ ဒီျပည္သူရဲ႕ အျမင္မွာေရာ ႏိုင္ငံတကာမ်က္ႏွာမွာေရာ သူတို႔နာမည္က ပိုပိုပ်က္တယ္ေပ့ါေနာ္။ အဲဒီအတြက္က်ေနာ္တို႔ အဲ့ဒါအျပင္ ေနာက္တစ္ခုက စစ္ေၾကာင္းေတြက ထြက္ရွိေနတာ သူတို႔ကို အခုခ်ိန္ထိ က်ေနာ္တို႔က အႏိုင္မခံ အရႈံးမေပးစိတ္ဓာတ္နဲ႔ေပါ့ေနာ္။ ဆန႔္က်င္ေနတယ္။ က်ေနာ္တို႔ ဘယ္ေတာ့မွ သူတို႔အုပ္ခ်ဳပ္ေနသ၍ကေတာ့ အၿမဲတမ္းပဲ ဆန႔္က်င္ေနမယ္ဆိုတဲ့ဟာ ဖိႏွိပ္မႈေတြၾကားထဲကေန အခုခ်ိန္ထိထြက္ေနတာဗ်။”

စစ္အာဏာသိမ္းၿပီးကတည္းက ေန႔စဥ္မျပတ္ ဆႏၵျပပဲြေတြ႐ွိတဲ့ ျမန္မာႏိုင္ငံေတာင္ပိုင္းက ထားဝယ္ၿမိဳ႕မွာလည္း ညေန ၄ နာရီေလာက္မွာ တပ္ေပါင္းစု သပိတ္စစ္ေၾကာင္း ထြက္ပါတယ္။ သပိတ္စစ္ေၾကာင္းေတြ အဖမ္းအဆီးနဲ႔ ၿဖိဳခြဲခံရတာမ်ိဳးေတြ မျဖစ္ဖို႔ စစ္ေကာင္စီတပ္ေတြရဲ႕ လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ၿပီးမွ ထြက္ရတာျဖစ္တယ္လို႔ သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။ ဒီကေန႔ မနက္ပိုင္းက ၾကက္စားျပင္ရပ္ကြက္ကို စစ္ကား ၈ စီးနဲ႔ စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ စစ္ေဆးတာေတြ လုပ္ခဲ့ၿပီး တစ္ဦးကို ဖမ္းဆီးသြားတယ္လို႔လည္း သူက ေျပာပါတယ္။

“မနက္တုန္းက ၾကက္စားျပင္ကို စစ္ကား ၈ စီးေလာက္ဆင္းလာၿပီးေတာ့ေပါ့ေနာ္။ ရွာေဖြတာေတြ၊ စစ္ေဆးေမးျမန္းတာေတြ လုပ္တယ္ေပါ့ေနာ္။ အဲ့ဒီမွာ က်ေနာ္တို႔ ျပည္သူတစ္ဦး အဖမ္းခံရတယ္။ သူက ၾကက္ေျခနီတပ္ဖြဲ႕မွဴးလည္းျဖစ္တယ္။ ၿပီးေတာ့ ခုလက္ရွိ ထားဝယ္မွာက COVID 19 ကုသေနတဲ့ ေဆး႐ုံရဲ႕ တာဝန္ခံဆရာလည္းျဖစ္တယ္။ ၿပီးေတာ့ ရပ္႐ြာအေရးမွာ ေဆာင္႐ြက္ေနတဲ့သူ ျဖစ္တယ္။ ဘာေၾကာင့္ဖမ္းသြားသလဲဆိုတာေတာ့ အတိအက်မသိရေသးဘူး။ က်ေနာ္တို႔ သပိတ္ေၾကာင္းက ၄ နာရီခြဲထြက္ပါတယ္။ အင္အားက ၅၀၊ ၆၀ ေလာက္ေတာ့ ပါမယ္ဗ်။ တပ္ေပါင္းစုသပိတ္စစ္ေၾကာင္းနဲ႔ ထားဝယ္လူငယ္မ်ား ေတာ္လွန္ေရး လႈပ္ရွားမႈ သပိတ္ေကာ္မတီဆိုၿပီးေတာ့ ႏွစ္ခု ပူးေပါင္းၿပီးေတာ့ ထြက္မွာပါဗ်။”

ေန႔စဥ္ သပိတ္စစ္ေၾကာင္း ေလးေၾကာင္းေလာက္ ထြက္ေလ့ရွိတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာ ဒီေန႔မွာေတာ့ စုရပ္ေနရာမွာ စစ္ေကာင္စီတပ္ေတြက အဆင္သင့္ ေစာင့္ဆိုင္းေနတာေၾကာင့္ စစ္ေၾကာင္းတစ္ေၾကာင္း မထြက္ႏိုင္ခဲ့ပါဘူး။စစ္တပ္က ေန႔ေန႔ညည ရွာေဖြဖမ္းဆီးေနတာေၾကာင့္ ကေလးၿမိဳ႕နယ္မွာဒီရက္ပိုင္းမွာ လူ ၁၀ ဦးေလာက္အဖမ္းခံထားရပါတယ္။ ဒီကေန႔မွာလည္း မင္းတပ္ စစ္ေျပးဒုကၡသည္ ျပည္သူေတြအတြက္ အလႉေငြလာထုတ္သူတစ္ဦးကိုလည္း ဖမ္းဆီးသြားတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ညေတြမဟုတ္ဘဲနဲ႔ ေန႔လယ္ေတြ မနက္ပိုင္းေတြမွာကို အဖမ္းအဆီးေတြ တအားမ်ားတယ္ ဒီဖမ္းမိတဲ့ လူေတြနဲ႔ ဆက္စပ္ၿပီးေတာ့ေပါ့ေနာ္။ ဒီေလာေလာဆယ္မွာ လူ ၁၀ေယာက္ေက်ာ္မွာေပါ့ေနာ္... ဒီကေလးၿမိဳ႕ ရာစႀကိဳဆိုတဲ့ ႐ြာမွာဆိုရင္ ၅ ေယာက္ဖမ္းတယ္။ ေနာက္တားဟန္ဘက္မွာလည္း ဖမ္းတယ္ေပါ့ေနာ္။ ဒီေန႔မနက္ဆိုရင္ မင္းတပ္ကေနၿပီးမွ ကေလးၿမိဳ႕မွာ စစ္ေရွာင္ေတြအတြက္ ဒီရိကၡာေတြဘာေတြ အလႉခံဖို႔လာတဲ့ လူေတာင္ သတင္းရလို႔ ဖမ္းသြားတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ၿမိဳ႕သာရပ္ကြက္မွာဆိုရင္ ၃ ေယာက္ဖမ္းတယ္။ အဲ့ဒီလိုမ်ိဳးေပါ့ေနာ္အဖမ္းအဆီးေတြ တအားမ်ားတယ္။”

ေန႔စဥ္ဆႏၵျပေနတဲ့ မႏၲေလးၿမိဳ႕မွာလည္း တပ္ေပါင္းစုစစ္ေၾကာင္း၊ သံဃာ့သပိတ္စစ္ေၾကာင္းေတြအျပင္ ဆႏၵျပသပိတ္စစ္ေၾကာင္းေတြ အရင္ေန႔ကထက္ ပိုမ်ားလာပါတယ္။ တကသသပိတ္စစ္ေၾကာင္း၊ ပညာေရးသပိတ္ေတြနဲ႔ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေအာင္ေျမသာစံနဲ႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေတြမွာပါ ဒီကေန႔ သပိတ္စစ္ေၾကာင္းေတြ လမ္းေပၚထြက္ဆႏၵျပၾကပါတယ္။ ဖားကန္႔မွာလည္း အရင္ေန႔ကထက္အင္အား ပိုမ်ားၿပီး လမ္းေပၚထြက္ၾကသလို ကေလးၿမိဳ႕မွာလည္း လူနဲ႔ခ်ီ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆိုင္းဘုတ္ ေတြကိုင္ေဆာင္ လမ္းေလွ်ာက္ခ်ီတက္ၾကပါတယ္။ မုံ႐ြာ၊ ေလာင္းလုံ၊ ပခုကၠဴ၊ မိုးေကာင္း၊ ၿမိဳင္နဲ႔ ယင္းမာပင္ၿမိဳ႕ေတြမွာလည္း ေပ်ာက္ၾကားသပိတ္၊ ႐ြာတြင္းသပိတ္၊ ေစ်းသပိတ္ေတြ ဆင္ႏႊဲၾကပါတယ္။ တန္႔ဆည္၊ ပုဂံ၊ ေညာင္ဦး၊ ဘုတလင္ၿမိဳ႕ေတြမွာလည္း လူတစ္ခ်ိဳ႕လမ္းလွ်ာက္ခ်ီတက္ဆႏၵျပၾကပါတယ္။ ရန္ကုန္ၿမိဳ႕အပါအဝင္ ၿမိဳ႕တခ်ဳိ႕မွာ ဗုံးေပါက္ကြဲမႈေတြ၊ မေပါက္ကြဲေသးတဲ့ ဗုံး ႐ွာေဖြ ေတြ႔႐ွိတာလည္း ဒီေန႔ ႐ွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အဖမ်းအဆီးတွေကြားက နိုင်ငံတဝန်း ဆန္ဒပြပွဲများ

ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားလို့ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုတွေ မလုပ်နိုင်ခဲ့တဲ့ ဆန္ဒပြစစ်ကြောင်း တချို့ ဒီနေ့တော့ ပြန်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေ ပုံမှန်လုပ်နေတဲ့ မြို့တော်တော်များများမှာ လုံခြုံရေး ပိုပြီး တင်းကြပ်လာတာကြောင့်ရော အဖမ်းအဆီးတွေ များလာတာကြောင့်ပါ ချီတက်ဆန္ဒပြပွဲတွေ လုပ်ဖို့ ခက်ခဲလာတယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က ပြောပြပါမယ်။

ရန်ကုန်မြို့နေရာစုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ လှည့်လည်စောင့်ကြည့်နေတဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပွဲတွေ မလုပ်နိုင်ခဲ့ကြပေမဲ့ ဒီကနေ့မှာတော့ မြို့နယ်အလိုက် သပိတ်တချို့နဲ့ ညီညာဆင်နွဲှ ရန်ကုန်တိုက်ပွဲဆိုတဲ့ သပိတ်စစ်ကြောင်းတွေ ပြန်ထွက်လာကြပါတယ်။ လုံခြုံရေးအခြေအနေကို ကြိုတင်လေ့လာထားပြီး အချိန်တိုအတွင်း ဘေးကင်းအောင် ဆန္ဒပြခဲ့ကြရတာဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ် သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ သိသလောက်ဆိုရင် ဒီနေ့ တောင်ဒဂုံမှာ ရှိတယ်။ ဘုရင့်နောင်လမ်းပေါ်မှာဆိုရင် ညီညာဆင်နွဲှ ရန်ကုန်တိုက်ပွဲ သပိတ်စစ်ကြောင်းရှိတယ်။ အဲ့ဒီနှစ်ကြောင်းတော့ သိရတယ်။ တောင်ဒဂုံမှာဆိုရင်တော့ ရပ်ကွက်တွေထဲမှာပေါ့ ရပ်ကွက်သပိတ်ပဲ ကျင်းပခဲ့တာပါဗျ။ အင်အားကတော့ အများကြီးတော့ မပါလာဘူး။ လူငယ်တွေချည်းပဲ ဖြစ်တဲ့အတွက် အင်အားက ၁၅၊ ၁၆ လောက်နဲ့ ကျန်တာကတော့ ပြည်သူတွေက ကြိုဆိုတာတွေ ရှိတယ်။ ပြည်သူတွေ ရင်ထဲကနေပြီးတော့ ဒါ အာဏာရှင်စနစ်ကို တော်လှန်တဲ့အနေနဲ့ လက် ၃ ချောင်းထောင်တာမျိုးတွေ၊ လက်ခုပ်တီးပြီး ကြိုဆိုတာမျိုးတွေ ရှိခဲ့ပါတယ်ဗျ။ ဒီနေ့ကတော့ ကျနော်တို့ ကြိုတင်ကင်းလှည့် ကြည့်ထားတာပေါ့နော်။ ကြည့်ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ ကြည့်တယ်။ သူတို့ လစ်ဟာသွားမယ့် အခြေအနေမျိုးတွေမှာ ကျနော်တို့ သပိတ်စစ်ကြောင်းကို ထွက်ခဲ့တာပေါ့။”

ဆန္ဒပြအင်အားများတဲ့ မုံရွာမြို့မှာလည်း စစ်တပ်က စောင့်ကြည့်နေတဲ့ကြားက မုံရွာပင်မစစ်ကြောင်းနဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားစုပေါင်း အင်အား ၃၀၀ လောက်နဲ့ ဒီကနေ့မှာ အရောင်စုံစာရွက်ပေါ်မှာ စစ်ကျွန်ပညာရေး အလိုမရှိစတဲ့ စာသားတွေ ရေးသားကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဖြိုခွဲ ဖမ်းဆီးမှုတွေ စစ်တပ်က လုပ်နေတဲ့ကြားက သူတို့ဘာကြောင့် အခုထိ လမ်းပေါ်ထွက်ဆန္ဒပြရသလဲဆိုတာကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုခန့်ဝေဖြိုးက အခုလို ပြောပါတယ်။

“လမ်းမပေါ်မှာ သူတို့ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို သူတို့ကလည်း ထိန်းသိမ်းဖို့ ဖြိုခွင်းဖို့ကြ တော့ သူတို့မှာလည်း အခက်အခဲတွေ ရှိတယ်ပေါ့နော်။ သူတို့အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ရခက်တယ်ပေါ့နော်။ တကယ်လို့ သူတို့ ကိုင်တွယ်လိုက်တယ်ဆိုရင်လည်း အကြမ်းပတမ်းနဲ့ဆိုတော့ သူတို့ ဒီပြည်သူရဲ့ အမြင်မှာရော နိုင်ငံတကာမျက်နှာမှာရော သူတို့နာမည်က ပိုပိုပျက်တယ်ပေ့ါနော်။ အဲဒီအတွက်ကျနော်တို့ အဲ့ဒါအပြင် နောက်တစ်ခုက စစ်ကြောင်းတွေက ထွက်ရှိနေတာ သူတို့ကို အခုချိန်ထိ ကျနော်တို့က အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ပေါ့နော်။ ဆန့်ကျင်နေတယ်။ ကျနော်တို့ ဘယ်တော့မှ သူတို့အုပ်ချုပ်နေသ၍ကတော့ အမြဲတမ်းပဲ ဆန့်ကျင်နေမယ်ဆိုတဲ့ဟာ ဖိနှိပ်မှုတွေကြားထဲကနေ အခုချိန်ထိထွက်နေတာဗျ။”

စစ်အာဏာသိမ်းပြီးကတည်းက နေ့စဉ်မပြတ် ဆန္ဒပြပွဲတွေရှိတဲ့ မြန်မာနိုင်ငံတောင်ပိုင်းက ထားဝယ်မြို့မှာလည်း ညနေ ၄ နာရီလောက်မှာ တပ်ပေါင်းစု သပိတ်စစ်ကြောင်း ထွက်ပါတယ်။ သပိတ်စစ်ကြောင်းတွေ အဖမ်းအဆီးနဲ့ ဖြိုခွဲခံရတာမျိုးတွေ မဖြစ်ဖို့ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီးမှ ထွက်ရတာဖြစ်တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ကြက်စားပြင်ရပ်ကွက်ကို စစ်ကား ၈ စီးနဲ့ စစ်ကောင်စီတပ်တွေက ဝင်ရောက် စစ်ဆေးတာတွေ လုပ်ခဲ့ပြီး တစ်ဦးကို ဖမ်းဆီးသွားတယ်လို့လည်း သူက ပြောပါတယ်။

“မနက်တုန်းက ကြက်စားပြင်ကို စစ်ကား ၈ စီးလောက်ဆင်းလာပြီးတော့ပေါ့နော်။ ရှာဖွေတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်ပေါ့နော်။ အဲ့ဒီမှာ ကျနော်တို့ ပြည်သူတစ်ဦး အဖမ်းခံရတယ်။ သူက ကြက်ခြေနီတပ်ဖွဲ့မှူးလည်းဖြစ်တယ်။ ပြီးတော့ ခုလက်ရှိ ထားဝယ်မှာက COVID 19 ကုသနေတဲ့ ဆေးရုံရဲ့ တာဝန်ခံဆရာလည်းဖြစ်တယ်။ ပြီးတော့ ရပ်ရွာအရေးမှာ ဆောင်ရွက်နေတဲ့သူ ဖြစ်တယ်။ ဘာကြောင့်ဖမ်းသွားသလဲဆိုတာတော့ အတိအကျမသိရသေးဘူး။ ကျနော်တို့ သပိတ်ကြောင်းက ၄ နာရီခွဲထွက်ပါတယ်။ အင်အားက ၅၀၊ ၆၀ လောက်တော့ ပါမယ်ဗျ။ တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ ထားဝယ်လူငယ်များ တော်လှန်ရေး လှုပ်ရှားမှု သပိတ်ကော်မတီဆိုပြီးတော့ နှစ်ခု ပူးပေါင်းပြီးတော့ ထွက်မှာပါဗျ။”

နေ့စဉ် သပိတ်စစ်ကြောင်း လေးကြောင်းလောက် ထွက်လေ့ရှိတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီနေ့မှာတော့ စုရပ်နေရာမှာ စစ်ကောင်စီတပ်တွေက အဆင်သင့် စောင့်ဆိုင်းနေတာကြောင့် စစ်ကြောင်းတစ်ကြောင်း မထွက်နိုင်ခဲ့ပါဘူး။စစ်တပ်က နေ့နေ့ညည ရှာဖွေဖမ်းဆီးနေတာကြောင့် ကလေးမြို့နယ်မှာဒီရက်ပိုင်းမှာ လူ ၁၀ ဦးလောက်အဖမ်းခံထားရပါတယ်။ ဒီကနေ့မှာလည်း မင်းတပ် စစ်ပြေးဒုက္ခသည် ပြည်သူတွေအတွက် အလှူငွေလာထုတ်သူတစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညတွေမဟုတ်ဘဲနဲ့ နေ့လယ်တွေ မနက်ပိုင်းတွေမှာကို အဖမ်းအဆီးတွေ တအားများတယ် ဒီဖမ်းမိတဲ့ လူတွေနဲ့ ဆက်စပ်ပြီးတော့ပေါ့နော်။ ဒီလောလောဆယ်မှာ လူ ၁၀ယောက်ကျော်မှာပေါ့နော်... ဒီကလေးမြို့ ရာစကြိုဆိုတဲ့ ရွာမှာဆိုရင် ၅ ယောက်ဖမ်းတယ်။ နောက်တားဟန်ဘက်မှာလည်း ဖမ်းတယ်ပေါ့နော်။ ဒီနေ့မနက်ဆိုရင် မင်းတပ်ကနေပြီးမှ ကလေးမြို့မှာ စစ်ရှောင်တွေအတွက် ဒီရိက္ခာတွေဘာတွေ အလှူခံဖို့လာတဲ့ လူတောင် သတင်းရလို့ ဖမ်းသွားတယ်ပေါ့နော်။ နောက်ပြီးတော့ မြို့သာရပ်ကွက်မှာဆိုရင် ၃ ယောက်ဖမ်းတယ်။ အဲ့ဒီလိုမျိုးပေါ့နော်အဖမ်းအဆီးတွေ တအားများတယ်။”

နေ့စဉ်ဆန္ဒပြနေတဲ့ မန္တလေးမြို့မှာလည်း တပ်ပေါင်းစုစစ်ကြောင်း၊ သံဃာ့သပိတ်စစ်ကြောင်းတွေအပြင် ဆန္ဒပြသပိတ်စစ်ကြောင်းတွေ အရင်နေ့ကထက် ပိုများလာပါတယ်။ တကသသပိတ်စစ်ကြောင်း၊ ပညာရေးသပိတ်တွေနဲ့ ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာစံနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာပါ ဒီကနေ့ သပိတ်စစ်ကြောင်းတွေ လမ်းပေါ်ထွက်ဆန္ဒပြကြပါတယ်။ ဖားကန့်မှာလည်း အရင်နေ့ကထက်အင်အား ပိုများပြီး လမ်းပေါ်ထွက်ကြသလို ကလေးမြို့မှာလည်း လူနဲ့ချီ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်းဘုတ် တွေကိုင်ဆောင် လမ်းလျှောက်ချီတက်ကြပါတယ်။ မုံရွာ၊ လောင်းလုံ၊ ပခုက္ကူ၊ မိုးကောင်း၊ မြိုင်နဲ့ ယင်းမာပင်မြို့တွေမှာလည်း ပျောက်ကြားသပိတ်၊ ရွာတွင်းသပိတ်၊ ဈေးသပိတ်တွေ ဆင်နွှဲကြပါတယ်။ တန့်ဆည်၊ ပုဂံ၊ ညောင်ဦး၊ ဘုတလင်မြို့တွေမှာလည်း လူတစ်ချို့လမ်းလျှာက်ချီတက်ဆန္ဒပြကြပါတယ်။ ရန်ကုန်မြို့အပါအဝင် မြို့တချို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်ကွဲသေးတဲ့ ဗုံး ရှာဖွေ တွေ့ရှိတာလည်း ဒီနေ့ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG